အမည္ခံ အမည္ငွားကို ဂရန္ထုတ္ေပးႏုိင္ပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
852 Views

အမည္ခံ အမည္ငွားကို ဂရန္ထုတ္ေပးႏုိင္ပါသလား

Knowledge | Posted by Hnin Ei Khin

### Zawgyi Version ###

''အမည္ခံ၊ အမည္ငွားကို ဂရန္ ထုတ္ေပးတာရွိပါသလား''ဟု မိတ္ေဆြတစ္ဦးက ေမးျမန္းေဆြးေႏြးလာ ပါသည္။

''အမည္ခံ၊ အမည္ငွားဟူသည္ ပစၥည္းတစ္ခုကုိ ဝယ္ရာ၌ ေငြစုိက္ ထုတ္ေပးသူက ပစၥည္းလႊဲေျပာင္းရရွိ သူ၏အက်ဳိးအတြက္ ေငြေပးေခ်ျခင္း မဟုတ္လွ်င္ ပစၥည္းလႊဲေျပာင္းရသူမွာ ေငြေပးေခ်သူ၏ အမည္ငွားအျဖစ္ သာရွိတယ္လုိ႔ ယုံၾကည္အပ္ႏွံျခင္း အက္ဥပေဒ (The Trusts Act) မွာ ျပ႒ာန္းထားပါတယ္''

''ဒါဆုိရင္ အမည္ငွားနဲ႔ ဝယ္ထားတဲ့ ေျမကြက္ေတြမွာ ဂရန္အမည္ ေပါက္ရသြားႏုိင္တယ္ေပါ့''

''အမည္ငွားစနစ္ကုိ က်င့္သုံးတာကေတာ့ အေရာင္းအဝယ္ကိစၥ ေတြမွာ ေဆာင္ရြက္ၾကတာ ေတြ႔ရတယ္။ ဂရန္ေလွ်ာက္တဲ့ ကိစၥမွာေတာ့ သူငယ္ခ်င္းေျပာသလုိ အမည္ခံ အမည္ငွားကုိ ဂရန္ထုတ္ေပးတာ မရွိပါဘူး။ အခု ဘယ္လုိကိစၥနဲ႔ ႀကံဳ ေတြ႔ေနလုိ႔လဲ''

''ဂရန္ေျမကြက္တစ္ကြက္၊ အိမ္ ေတာ့ပါတယ္ေပါ့။ ခုိင္ခုိင္ခန္႔ခန္႔ ေတာ့ မဟုတ္ဘူး။ ဝယ္ျဖစ္ရင္ေတာ့ အိမ္အသစ္ျပန္ေဆာက္ၾကမယ္လုိ႔ စိတ္ကူးရွိထားတယ္။ ဒါနဲ႔ သြား ေရာက္ၾကည့္ၿပီး စုံစမ္းလုိက္ေတာ့ ကန္႔ကြက္သူရွိေနတာ သိရတယ္''

''သူငယ္ခ်င္းတုိ႔က စရန္ေငြေပးၿပီးလုိ႔ ကန္႔ကြက္ရန္ရွိမရွိ သတင္းစာမွာ ထည့္လိုက္လုိ႔လား''

''ဒီလုိမဟုတ္ဘူး။ ေရာင္းမယ္လုိ႔ သတင္းၾကားတာနဲ႔ ကန္႔ကြက္ထား တာျဖစ္မယ္လုိ႔ အိမ္ပြဲစားက ေျပာ တာပဲ''

''ကန္႔ကြက္ထားတာသိလ်က္နဲ႔ ဝယ္ဖုိ႔ ေျမကြက္ကို သြားၾကည့္တာလား''

''ပထမ ဆက္သြယ္ေပးသူက ေသခ်ာမသိဘူး။ ေနာက္မွ သူ႔ရဲ႕ မိတ္ေဆြက တစ္ဆင့္သိရတာ''

''ကန္႔ကြက္ထားပုံေလးေျပာျပပါဦး၊ ေရာင္းမယ္ဆုိတဲ့ သူက ဂရန္အမည္ေပါက္ပဲ မဟုတ္လား''

''ဂရန္အမည္ေပါက္ျဖစ္တဲ့ ခင္ပြန္းက ဆုံးသြားတာ တစ္ႏွစ္ေလာက္ရွိၿပီ။ အဲဒါ ဇနီးျဖစ္သူက စီးပြားေရး လုပ္ခ်င္တယ္ဆုိၿပီး ေရာင္းတာလုိ႔ သိရတယ္''

''ကန္႔ကြက္သူက ဘယ္သူလဲ'' ''ကြယ္လြန္သူရဲ႕ အစ္မအရင္းက ကန္႔ကြက္တာ။ ဒီေျမကြက္ကို အစ္မျဖစ္သူက ေငြစုိက္ထုတ္ဝယ္ထားၿပီး ေမာင္ျဖစ္သူ မိသားစုကုိ ခြင့္ ျပဳခ်က္နဲ႔ ထားတယ္ေျပာတယ္။ ေနာက္ပုိင္း ေမာင္ျဖစ္သူက ႏုိင္ငံျခား သေဘၤာတက္ဖုိ႔ ပစၥည္းပိုင္ဆုိင္ ခြင့္ျပရမယ္ဆုိၿပီး ေမာင္ရဲ႕ အမည္နဲ႔ အေရာင္းအဝယ္ စာခ်ဳပ္ျပဳလုပ္ခဲ့တယ္။ ဂရန္ေလွ်ာက္ေတာ့လည္း ေမာင္ရဲ႕ အမည္နဲ႔ ေလွ်ာက္ထားၿပီး ရခဲ့တယ္ေျပာတာပဲ။ ဒါေၾကာင့္ အစ္မျဖစ္သူက သူပုိင္တယ္ဆုိၿပီး ကန္႔ကြက္တာ''

''ေမာင္ျဖစ္သူ အမည္နဲ႔ အမည္ငွားအျဖစ္ ဝယ္ခဲ့တယ္လုိ႔ ေျပာခ်င္တာေပါ့။ ဒါေပမယ့္ ဂရန္အမည္ ေပါက္ရထားတယ္ဆုိေတာ့''

''အမႈျဖစ္မယ့္ အေျခအေနရွိေနမလားလုိ႔ ဒီလုိကိစၥမ်ဳိးဆုိရင္ ဂရန္ကုိ ျပန္လည္႐ုပ္သိမ္းႏုိင္သလားဆုိတာေတြ ဗဟုသုတအျဖစ္ သိခ်င္လုိ႔ လာေဆြးေႏြးတာ သူငယ္ခ်င္း''

''ပထမဦးဆုံး ဂရန္ဆုိတာကို နားလည္ထားဖုိ႔လုိတယ္။ ဂရန္ခ် ေပးျခင္းနဲ႔ ပတ္သက္လုိ႔ ေအာက္ ျမန္မာျပည္မွာရွိတဲ့ ေျမမ်ားကုိ ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ ေက်းရြာ ေျမမ်ား အက္ဥပေဒအရ ေဆာင္ရြက္ေပးတာျဖစ္တယ္။ ၿမိဳ႕ေျမအျဖစ္ အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ၿပီးတဲ့ ၿမိဳ႕မ်ားမွာ လူေနထုိင္ရန္နဲ႔ စက္မႈ လုပ္ငန္းလုပ္ကိုင္ရန္အတြက္ အငွားဂရန္သက္တမ္း အႏွစ္ ၃ဝ ခြင့္ျပဳတယ္။ ႏွစ္သုံးဆယ္ျပည့္တုိင္း ေနာက္ထပ္အႏွစ္သုံးဆယ္စီနဲ႔ စုစုေပါင္း ႏွစ္ကုိးဆယ္အထိ လဲလွယ္ခြင့္ရွိတဲ့ အစုိးရမွ ခြင့္ျပဳထုတ္ေပးေသာ ေျမ ငွားစာခ်ဳပ္ကုိ ဂရန္လုိ႔ေခၚေၾကာင္း ဥပေဒမွာ ျပ႒ာန္းထားတယ္''

''ဂရန္အမည္ေပါက္ကပဲ လႊဲ ေျပာင္းေရာင္းခ်ခြင့္ရွိတယ္ မဟုတ္လား''

''မွန္ပါတယ္။ ေအာက္ျမန္မာ ျပည္ ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ား အက္ဥပေဒမွာ ဂရန္ (ေျမငွားစာခ်ဳပ္) ထုတ္ေပးျခင္းသည္ဆုိင္ရာေျမတြင္ ဂရန္ရသူအား အက်ဳိးခံစားခြင့္ေပး ျခင္းျဖစ္သည္။ ထုိေျမကုိ အေမြဆက္ ခံခြင့္ရွိသည္။ ဂရန္ရသူက လႊဲေျပာင္း ခြင့္လည္းရွိသည္''လုိ႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ အေရာင္းအဝယ္ ျပဳရာမွာ ဂရန္အမည္ေပါက္သူ ဒါမွမဟုတ္ ဂရန္အမည္ေပါက္သူရဲ႕ အေမြဆက္ခံသူမ်ားက ေဆာင္ရြက္ ခြင့္ရွိမွာ ျဖစ္ပါတယ္''

''အမည္ခံ၊ အမည္ငွားကို ဂရန္ ထုတ္ေပးထားရင္ ဘယ္လုိသိႏုိင္မလဲ''

''ဂရန္စာခ်ဳပ္တြင္ မပါရွိေသာ အျခားသူတစ္ဦး၏ အက်ဳိးငွာ အမည္ခံ၊ အမည္ငွားအား ေျမဂရန္ထုတ္ေပး ျခင္းမရွိေၾကာင္းႏွင့္ တရား႐ုံးသည္ ေျမငွားဂရန္ စာခ်ဳပ္အရ ခံစားခြင့္ ျပဳထားသူကို ေျမမပုိင္၊ အျခားသူမ်ားပုိင္သည္ဟု စီရင္ဆုံးျဖတ္ခြင့္မရွိေၾကာင္း၊ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးဝင္းႏုိင္ႏွင့္ ဦးခ်စ္ေမာင္ပါ ေလးဦး၊ ၂ဝ၁၅ ခုႏွစ္ ျမန္မာႏုိင္ငံ စီရင္ထုံး စာမ်က္ႏွာ ၂ဝ၁၉ အမႈမွာ ေလ့လာေတြ႔ရွိရပါတယ္''

''အမွန္တကယ္ အမည္ငွားနဲ႔ ဝယ္ထားတဲ့ စာခ်ဳပ္ကိုျပၿပီး ဂရန္ေလွ်ာက္ခဲ့လုိ႔ အမည္ေပါက္ခဲ့ရင္ နစ္နာမႈမရွိႏုိင္ဘူးလား''

''ဒါကေတာ့ တရား႐ုံးက ဆုံးျဖတ္ရမယ့္ ကိစၥရပ္ျဖစ္လာတယ္။ အမည္ငွားစနစ္နဲ႔ အေရာင္းအဝယ္ျပဳ ရန္အေၾကာင္းရွိမရွိ။ အမွန္တကယ္ ေငြထုတ္ေပးခဲ့ျခင္းရွိ မရွိ၊ စာခ်ဳပ္ စာတမ္းမ်ားနဲ႔ပစၥည္း မည္သူ႔လက္ဝယ္ရွိ မရွိစတဲ့ အခ်က္ေတြေပၚ စိစစ္ ၿပီး တရား႐ုံးက ဆုံးျဖတ္ေပးသြားမွာ ျဖစ္ပါတယ္''

''အခု ေရာင္းမယ္ဆုိတဲ့ ေျမကြက္က ေမာင္ျဖစ္သူ ကြယ္လြန္သြားမွ ကန္႔ကြက္တယ္ဆုိေတာ့''

''မွန္ပါတယ္။ ကာယကံရွင္ရွိေနစဥ္မွာ ေျပာဆုိညိႇႏႈိင္း ေဆာင္ရြက္ၾက မယ္ဆုိရင္ေတာ့ ပိုၿပီး အဆင္ေျပတာေပါ့။ အခု အေျခအေနမ်ဳိးကေတာ့ တရား႐ုံးမွာ အမႈရင္ဆုိင္ရမယ့္ အေျခအေနမ်ဳိးျဖစ္လုိ႔ စြန္႔စားၿပီး မဝယ္သင့္ဘူးလုိ႔ပဲ အႀကံေပးခ်င္တယ္ သူငယ္ခ်င္း''ဟု ေဆြးေႏြးလုိက္ ပါသည္။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

''အမည်ခံ၊ အမည်ငှားကို ဂရန် ထုတ်ပေးတာရှိပါသလား''ဟု မိတ်ဆွေတစ်ဦးက မေးမြန်းဆွေးနွေးလာ ပါသည်။

''အမည်ခံ၊ အမည်ငှားဟူသည် ပစ္စည်းတစ်ခုကို ဝယ်ရာ၌ ငွေစိုက် ထုတ်ပေးသူက ပစ္စည်းလွှဲပြောင်းရရှိ သူ၏အကျိုးအတွက် ငွေပေးချေခြင်း မဟုတ်လျှင် ပစ္စည်းလွှဲပြောင်းရသူမှာ ငွေပေးချေသူ၏ အမည်ငှားအဖြစ် သာရှိတယ်လို့ ယုံကြည်အပ်နှံခြင်း အက်ဥပဒေ (The Trusts Act) မှာ ပြဋ္ဌာန်းထားပါတယ်''

''ဒါဆိုရင် အမည်ငှားနဲ့ ဝယ်ထားတဲ့ မြေကွက်တွေမှာ ဂရန်အမည် ပေါက်ရသွားနိုင်တယ်ပေါ့''

''အမည်ငှားစနစ်ကို ကျင့်သုံးတာကတော့ အရောင်းအဝယ်ကိစ္စ တွေမှာ ဆောင်ရွက်ကြတာ တွေ့ရတယ်။ ဂရန်လျှောက်တဲ့ ကိစ္စမှာတော့ သူငယ်ချင်းပြောသလို အမည်ခံ အမည်ငှားကို ဂရန်ထုတ်ပေးတာ မရှိပါဘူး။ အခု ဘယ်လိုကိစ္စနဲ့ ကြုံ တွေ့နေလို့လဲ''

''ဂရန်မြေကွက်တစ်ကွက်၊ အိမ် တော့ပါတယ်ပေါ့။ ခိုင်ခိုင်ခန့်ခန့် တော့ မဟုတ်ဘူး။ ဝယ်ဖြစ်ရင်တော့ အိမ်အသစ်ပြန်ဆောက်ကြမယ်လို့ စိတ်ကူးရှိထားတယ်။ ဒါနဲ့ သွား ရောက်ကြည့်ပြီး စုံစမ်းလိုက်တော့ ကန့်ကွက်သူရှိနေတာ သိရတယ်''

''သူငယ်ချင်းတို့က စရန်ငွေပေးပြီးလို့ ကန့်ကွက်ရန်ရှိမရှိ သတင်းစာမှာ ထည့်လိုက်လို့လား''

''ဒီလိုမဟုတ်ဘူး။ ရောင်းမယ်လို့ သတင်းကြားတာနဲ့ ကန့်ကွက်ထား တာဖြစ်မယ်လို့ အိမ်ပွဲစားက ပြော တာပဲ''

''ကန့်ကွက်ထားတာသိလျက်နဲ့ ဝယ်ဖို့ မြေကွက်ကို သွားကြည့်တာလား''

''ပထမ ဆက်သွယ်ပေးသူက သေချာမသိဘူး။ နောက်မှ သူ့ရဲ့ မိတ်ဆွေက တစ်ဆင့်သိရတာ''

''ကန့်ကွက်ထားပုံလေးပြောပြပါဦး၊ ရောင်းမယ်ဆိုတဲ့ သူက ဂရန်အမည်ပေါက်ပဲ မဟုတ်လား''

''ဂရန်အမည်ပေါက်ဖြစ်တဲ့ ခင်ပွန်းက ဆုံးသွားတာ တစ်နှစ်လောက်ရှိပြီ။ အဲဒါ ဇနီးဖြစ်သူက စီးပွားရေး လုပ်ချင်တယ်ဆိုပြီး ရောင်းတာလို့ သိရတယ်''

''ကန့်ကွက်သူက ဘယ်သူလဲ'' ''ကွယ်လွန်သူရဲ့ အစ်မအရင်းက ကန့်ကွက်တာ။ ဒီမြေကွက်ကို အစ်မဖြစ်သူက ငွေစိုက်ထုတ်ဝယ်ထားပြီး မောင်ဖြစ်သူ မိသားစုကို ခွင့် ပြုချက်နဲ့ ထားတယ်ပြောတယ်။ နောက်ပိုင်း မောင်ဖြစ်သူက နိုင်ငံခြား သင်္ဘောတက်ဖို့ ပစ္စည်းပိုင်ဆိုင် ခွင့်ပြရမယ်ဆိုပြီး မောင်ရဲ့ အမည်နဲ့ အရောင်းအဝယ် စာချုပ်ပြုလုပ်ခဲ့တယ်။ ဂရန်လျှောက်တော့လည်း မောင်ရဲ့ အမည်နဲ့ လျှောက်ထားပြီး ရခဲ့တယ်ပြောတာပဲ။ ဒါကြောင့် အစ်မဖြစ်သူက သူပိုင်တယ်ဆိုပြီး ကန့်ကွက်တာ''

''မောင်ဖြစ်သူ အမည်နဲ့ အမည်ငှားအဖြစ် ဝယ်ခဲ့တယ်လို့ ပြောချင်တာပေါ့။ ဒါပေမယ့် ဂရန်အမည် ပေါက်ရထားတယ်ဆိုတော့''

''အမှုဖြစ်မယ့် အခြေအနေရှိနေမလားလို့ ဒီလိုကိစ္စမျိုးဆိုရင် ဂရန်ကို ပြန်လည်ရုပ်သိမ်းနိုင်သလားဆိုတာတွေ ဗဟုသုတအဖြစ် သိချင်လို့ လာဆွေးနွေးတာ သူငယ်ချင်း''

''ပထမဦးဆုံး ဂရန်ဆိုတာကို နားလည်ထားဖို့လိုတယ်။ ဂရန်ချ ပေးခြင်းနဲ့ ပတ်သက်လို့ အောက် မြန်မာပြည်မှာရှိတဲ့ မြေများကို အောက်မြန်မာပြည်မြို့နှင့် ကျေးရွာ မြေများ အက်ဥပဒေအရ ဆောင်ရွက်ပေးတာဖြစ်တယ်။ မြို့မြေအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးတဲ့ မြို့များမှာ လူနေထိုင်ရန်နဲ့ စက်မှု လုပ်ငန်းလုပ်ကိုင်ရန်အတွက် အငှားဂရန်သက်တမ်း အနှစ် ၃ဝ ခွင့်ပြုတယ်။ နှစ်သုံးဆယ်ပြည့်တိုင်း နောက်ထပ်အနှစ်သုံးဆယ်စီနဲ့ စုစုပေါင်း နှစ်ကိုးဆယ်အထိ လဲလှယ်ခွင့်ရှိတဲ့ အစိုးရမှ ခွင့်ပြုထုတ်ပေးသော မြေ ငှားစာချုပ်ကို ဂရန်လို့ခေါ်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထားတယ်''

''ဂရန်အမည်ပေါက်ကပဲ လွှဲ ပြောင်းရောင်းချခွင့်ရှိတယ် မဟုတ်လား''

''မှန်ပါတယ်။ အောက်မြန်မာ ပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေမှာ ဂရန် (မြေငှားစာချုပ်) ထုတ်ပေးခြင်းသည်ဆိုင်ရာမြေတွင် ဂရန်ရသူအား အကျိုးခံစားခွင့်ပေး ခြင်းဖြစ်သည်။ ထိုမြေကို အမွေဆက် ခံခွင့်ရှိသည်။ ဂရန်ရသူက လွှဲပြောင်း ခွင့်လည်းရှိသည်''လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အရောင်းအဝယ် ပြုရာမှာ ဂရန်အမည်ပေါက်သူ ဒါမှမဟုတ် ဂရန်အမည်ပေါက်သူရဲ့ အမွေဆက်ခံသူများက ဆောင်ရွက် ခွင့်ရှိမှာ ဖြစ်ပါတယ်''

''အမည်ခံ၊ အမည်ငှားကို ဂရန် ထုတ်ပေးထားရင် ဘယ်လိုသိနိုင်မလဲ''

''ဂရန်စာချုပ်တွင် မပါရှိသော အခြားသူတစ်ဦး၏ အကျိုးငှာ အမည်ခံ၊ အမည်ငှားအား မြေဂရန်ထုတ်ပေး ခြင်းမရှိကြောင်းနှင့် တရားရုံးသည် မြေငှားဂရန် စာချုပ်အရ ခံစားခွင့် ပြုထားသူကို မြေမပိုင်၊ အခြားသူများပိုင်သည်ဟု စီရင်ဆုံးဖြတ်ခွင့်မရှိကြောင်း၊ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးဝင်းနိုင်နှင့် ဦးချစ်မောင်ပါ လေးဦး၊ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၂ဝ၁၉ အမှုမှာ လေ့လာတွေ့ရှိရပါတယ်''

''အမှန်တကယ် အမည်ငှားနဲ့ ဝယ်ထားတဲ့ စာချုပ်ကိုပြပြီး ဂရန်လျှောက်ခဲ့လို့ အမည်ပေါက်ခဲ့ရင် နစ်နာမှုမရှိနိုင်ဘူးလား''

''ဒါကတော့ တရားရုံးက ဆုံးဖြတ်ရမယ့် ကိစ္စရပ်ဖြစ်လာတယ်။ အမည်ငှားစနစ်နဲ့ အရောင်းအဝယ်ပြု ရန်အကြောင်းရှိမရှိ။ အမှန်တကယ် ငွေထုတ်ပေးခဲ့ခြင်းရှိ မရှိ၊ စာချုပ် စာတမ်းများနဲ့ပစ္စည်း မည်သူ့လက်ဝယ်ရှိ မရှိစတဲ့ အချက်တွေပေါ် စိစစ် ပြီး တရားရုံးက ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်''

''အခု ရောင်းမယ်ဆိုတဲ့ မြေကွက်က မောင်ဖြစ်သူ ကွယ်လွန်သွားမှ ကန့်ကွက်တယ်ဆိုတော့''

''မှန်ပါတယ်။ ကာယကံရှင်ရှိနေစဉ်မှာ ပြောဆိုညှိနှိုင်း ဆောင်ရွက်ကြ မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ အခု အခြေအနေမျိုးကတော့ တရားရုံးမှာ အမှုရင်ဆိုင်ရမယ့် အခြေအနေမျိုးဖြစ်လို့ စွန့်စားပြီး မဝယ်သင့်ဘူးလို့ပဲ အကြံပေးချင်တယ် သူငယ်ချင်း''ဟု ဆွေးနွေးလိုက် ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service