ကြန္ကရစ္ဘယ္လုိေရာစပ္မလဲ ??? - Property Knowledge in Myanmar from iMyanmarHouse.com
13256 Views

ကြန္ကရစ္ဘယ္လုိေရာစပ္မလဲ ???

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

ကြန္ကရစ္ ေကာင္းေကာင္းရရွိႏိုင္ရန္ ေရာသည္႔ ပစၥည္းမ်ားကို အခ်ိဳးမွန္ေရာစပ္ရသည္။

ေလာေလာလတ္လတ္ ေရာစပ္ထားေသာ ကြန္ကရစ္မွာ သြန္းပံု (mould) ထဲသို႔ လြယ္ကူစြာ ေလာင္းႏိုင္သည္။ ေလာေလာလတ္လတ္ ေရာထားေသာ ကြန္ကရစ္၏ ဂုဏ္သတၱိကို လုပ္ကိုင္ႏိုင္စြမ္း (workability) ဟု ေခၚသည္။

ကြန္ကရစ္အခ်ိဳးတြင္ ပါဝင္ေသာ ေရ၏ အေလးခ်ိန္ႏွင္႔ ဆက္စပ္ေနေသာ အခ်ိဳးအစားကို ေရဘိလပ္ေျမအခ်ိဳး (Water Cement Ratio) ဟု ေခၚသည္။ တစ္ခါတစ္ရံ အေလးခ်ိန္ႏွင့္ေပးႏိုင္သည္။

ေရဘိလပ္ေျမအခ်ိဳး = ေရအေလးခ်ိန္/ဘိလပ္ေျမအေလးခ်ိန္ (5 gal/ Bag)

ကြန္ကရစ္တြင္ ပါဝင္ေသာ ဘိလပ္ေျမထဲသို႔ ေရထည္႔သည္႔ အခ်ိဳးအစားမွာ ကြန္ကရစ္၏ အားကို အႀကီးမားဆံုး လႊမ္းမိုးမႈရွိသည္။ ေရမွာ ဘိလပ္ေျမႏွင္႔ ဓာတုတံု႔ျပန္မႈ ျဖစ္ေစသည္႔ အျပင္ ဘိလပ္ေျမကိုေရာစာမ်ား အၾကားရွိ အေပါက္မ်ားထဲသို႔ ေခ်ာဆီသဖြယ္ ဝင္ေရာက္သယ္ေဆာင္ေပးသည္။ ေရႏွင္႔ ဘိလပ္ေျမအခ်ိဳး ၀.၅ မွ ဝ.၆ သည္ အနိမ္႔ဆံုး လုပ္ကိုင္ႏိုင္စြမ္းျဖစ္ေစရန္ ေသခ်ာသည္။

ေရဘိလပ္ေျမ အခ်ိဳး ပိုမ်ားပါက ကြန္ကရစ္၏ အားကိုေလ်ာ႔ေစသည္။ ဘိလပ္ေျမ၊ သဲႏွင္႔ ေက်ာက္စရစ္ သို႔မဟုတ္ ေရာစာတို႔၏ အခ်ိဳးကိုအေလးခ်ိန္ႏွင္႔ ထုထည္ႏွစ္မ်ိဳးလံုးျဖင္႔ ေဖာ္ျပၾကသည္။

သံကူ ကြန္ကရစ္မ်ားတြင္ ၁း၂း၄ ျဖင္႔ ေရာစပ္ၿပီး ေရမစိမ္႔ဝင္ေစရန္ႏွင္႔ အလြန္အားေကာင္းေသာကြန္ကရစ္မ်ားကို ၁း၁း၂ ႏွင္႔ ၁း၁.၅း၃ အသံုးျပဳေရာစပ္၍ အားမလိုေသာ ကြန္ကရစ္မ်ားအတြက္ ၁း၃း၆ ႏွင္႔ ၁း၄း၈ အခ်ိဳး ေဖ်ာ္စပ္ၾကသည္။

မည္သည္႔ ကြန္ကရစ္မဆို ေလပါဝင္မႈ ရွိသည္။ ေသခ်ာစြာသိပ္သည္းမႈ ေပးထားေသာ ကြန္ကရစ္တြင္ ထုထည္အားျဖင္႔ ၂% ေအာက္ ပါဝင္ႏိုင္ၿပီး ေလပါဝင္မႈနွင္႔ ပက္သက္သည္႔ ဂုဏ္သတၱိအခ်ိဳ႕မွာ ေအာက္ပါအတိုင္း ျဖစ္သည္။

(က) အကယ္၍ ကြန္ကရစ္အေပ်ာ႔အမာ (consistency) ႏွင္႔ ေရာစာအရြယ္အစားမ်ား ေရာစပ္ပံုကို ပံုေသထားခဲ႔လွ်င္ ဘိလပ္ေျမႏွင္႔ အျခားေသးငယ္သည္႔ အမႈန္မ်ားပါဝင္မႈ အခ်ိဳးအစား နည္းေလေလ၊ ေလပါဝင္မႈမ်ားေလေလ ျဖစ္သည္။

(၂) ကြန္ကရစ္အေရာ၏ အခ်ိဳးအစား ပါဝင္ပံုႏွင္႔ ေရာစာ၏ သြင္ျပင္လကၡဏာမ်ားကို မူေသထားခဲ႔လွ်င္ ေဖ်ာ္ၿပီးစ ကြန္ကရစ္ မာခဲေလေလ သို႔မဟုတ္ ကြန္ကရစ္ အအိနည္းေလေလ ေလပါဝင္မႈမ်ားေလေလ ျဖစ္သည္။

(၃) ေလခိုေအာင္းမႈသည္ ကြန္ကရစ္အေရာတစ္ခုကို ေပ်ာ႔ေပ်ာင္းေစ၍ လုပ္ကိုင္ရ လြယ္ကူေစသည္။

ေလပါဝင္မႈသည္ သဘာဝအေလ်ာက္ ခိုေနေသာေလ သို႔မဟုတ္ ပိတ္မိေနေသာေလပါဝင္မႈႏွင္႔သာ ပက္သက္၍ ေလခိုဓာတုပစၥည္းထည့္ျပီး တမင္တကာ ေလခိုေအာင္းေစရန္ ျပဳလုပ္ထားေသာ ေလႏွင္႔ မတူညီေပ။

Credit : Myanmar Builders Guide

 

### Unicode Version ###

ကွန်ကရစ် ကောင်းကောင်းရရှိနိုင်ရန် ရောသည့် ပစ္စည်းများကို အချိုးမှန်ရောစပ်ရသည်။

လောလောလတ်လတ် ရောစပ်ထားသော ကွန်ကရစ်မှာ သွန်းပုံ (mould) ထဲသို့ လွယ်ကူစွာ လောင်းနိုင်သည်။ လောလောလတ်လတ် ရောထားသော ကွန်ကရစ်၏ ဂုဏ်သတ္တိကို လုပ်ကိုင်နိုင်စွမ်း (workability) ဟု ခေါ်သည်။

ကွန်ကရစ်အချိုးတွင် ပါဝင်သော ရေ၏ အလေးချိန်နှင့် ဆက်စပ်နေသော အချိုးအစားကို ရေဘိလပ်မြေအချိုး (Water Cement Ratio) ဟု ခေါ်သည်။ တစ်ခါတစ်ရံ အလေးချိန်နှင့်ပေးနိုင်သည်။

ရေဘိလပ်မြေအချိုး = ရေအလေးချိန်/ဘိလပ်မြေအလေးချိန် (5 gal/ Bag)

ကွန်ကရစ်တွင် ပါဝင်သော ဘိလပ်မြေထဲသို့ ရေထည့်သည့် အချိုးအစားမှာ ကွန်ကရစ်၏ အားကို အကြီးမားဆုံး လွှမ်းမိုးမှုရှိသည်။ ရေမှာ ဘိလပ်မြေနှင့် ဓာတုတုံ့ပြန်မှု ဖြစ်စေသည့် အပြင် ဘိလပ်မြေကိုရောစာများ အကြားရှိ အပေါက်များထဲသို့ ချောဆီသဖွယ် ဝင်ရောက်သယ်ဆောင်ပေးသည်။ ရေနှင့် ဘိလပ်မြေအချိုး ဝ.၅ မှ ဝ.၆ သည် အနိမ့်ဆုံး လုပ်ကိုင်နိုင်စွမ်းဖြစ်စေရန် သေချာသည်။

ရေဘိလပ်မြေ အချိုး ပိုများပါက ကွန်ကရစ်၏ အားကိုလျော့စေသည်။ ဘိလပ်မြေ၊ သဲနှင့် ကျောက်စရစ် သို့မဟုတ် ရောစာတို့၏ အချိုးကိုအလေးချိန်နှင့် ထုထည်နှစ်မျိုးလုံးဖြင့် ဖော်ပြကြသည်။

သံကူ ကွန်ကရစ်များတွင် ၁း၂း၄ ဖြင့် ရောစပ်ပြီး ရေမစိမ့်ဝင်စေရန်နှင့် အလွန်အားကောင်းသောကွန်ကရစ်များကို ၁း၁း၂ နှင့် ၁း၁.၅း၃ အသုံးပြုရောစပ်၍ အားမလိုသော ကွန်ကရစ်များအတွက် ၁း၃း၆ နှင့် ၁း၄း၈ အချိုး ဖျော်စပ်ကြသည်။

မည်သည့် ကွန်ကရစ်မဆို လေပါဝင်မှု ရှိသည်။ သေချာစွာသိပ်သည်းမှု ပေးထားသော ကွန်ကရစ်တွင် ထုထည်အားဖြင့် ၂% အောက် ပါဝင်နိုင်ပြီး လေပါဝင်မှုနှင့် ပက်သက်သည့် ဂုဏ်သတ္တိအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) အကယ်၍ ကွန်ကရစ်အပျော့အမာ (consistency) နှင့် ရောစာအရွယ်အစားများ ရောစပ်ပုံကို ပုံသေထားခဲ့လျှင် ဘိလပ်မြေနှင့် အခြားသေးငယ်သည့် အမှုန်များပါဝင်မှု အချိုးအစား နည်းလေလေ၊ လေပါဝင်မှုများလေလေ ဖြစ်သည်။

(၂) ကွန်ကရစ်အရော၏ အချိုးအစား ပါဝင်ပုံနှင့် ရောစာ၏ သွင်ပြင်လက္ခဏာများကို မူသေထားခဲ့လျှင် ဖျော်ပြီးစ ကွန်ကရစ် မာခဲလေလေ သို့မဟုတ် ကွန်ကရစ် အအိနည်းလေလေ လေပါဝင်မှုများလေလေ ဖြစ်သည်။

(၃) လေခိုအောင်းမှုသည် ကွန်ကရစ်အရောတစ်ခုကို ပျော့ပျောင်းစေ၍ လုပ်ကိုင်ရ လွယ်ကူစေသည်။

လေပါဝင်မှုသည် သဘာဝအလျောက် ခိုနေသောလေ သို့မဟုတ် ပိတ်မိနေသောလေပါဝင်မှုနှင့်သာ ပက်သက်၍ လေခိုဓာတုပစ္စည်းထည့်ပြီး တမင်တကာ လေခိုအောင်းစေရန် ပြုလုပ်ထားသော လေနှင့် မတူညီပေ။

Credit : Myanmar Builders Guide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service