အိမ္ခန္း၊ ဆိုင္ခန္းငွားရမ္းလွ်င္ လုပ္ငန္းလိုင္စင္လုပ္ရန္ လိုအပ္သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
3379 Views

အိမ္ခန္း၊ ဆိုင္ခန္းငွားရမ္းလွ်င္ လုပ္ငန္းလိုင္စင္လုပ္ရန္ လိုအပ္သလား။

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

မိမိပိုင္အိမ္ခန္း၊ ဆိုင္ခန္းေတြျဖစ္တဲ့ မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းကိုငွားရမ္းျခင္းလုပ္ငန္း လုပ္ကိုင္မည္ဆိုလွ်င္ လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားရမွာျဖစ္ပါသည္။ လုပ္ငန္းလိုင္စင္ျပဳလုပ္ရမွာက ငွားရမ္းကာလအနည္း အမ်ားနဲ႕သက္ဆုိင္ျခင္း မရွိပါဘူး။ မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္းကိုငွားရမ္းျခင္းလုပ္ကုိင္သည္ဆိုတာႏွင့္ လုပ္ငန္းလိုင္စင္လုပ္ရမွာျဖစ္ပါတယ္။

အိမ္ငွားရမ္းျခင္းလုပ္ငန္းလိုင္စင္ကို သက္ဆုိင္ရာၿမိဳ႕နယ္စည္ပင္တြင္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ အိမ္ငွားရမ္းျခင္းလုပ္ငန္းလိုင္စင္ကို သတ္မွတ္ေလွ်ာက္လႊာနဲ႔ ေလွ်ာက္ထားရမွာျဖစ္တယ္။ ေလွ်ာက္လႊာနဲ႔အတူ အိမ္ၿခံေျမပိုင္ဆိုင္ေၾကာင္း အေထာက္အထားစာခ်ဳပ္၊ ပိုင္ရွင္နဲ႔ ငွားရမ္းသူတို႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံစာ၊ ေလွ်ာက္ထားသူအိမ္ရွင္ရဲ႕ မွတ္ပံုတင္မိတၱဴနဲ႔ အိမ္ေထာင္စုဇယားမိတၱဴ၊ ပတ္စပို႔ ဓာတ္ပံုသံုးပံုတို႔ လိုအပ္မွာျဖစ္ပါတယ္။ အိမ္ရွင္၊ အိမ္ငွားစာခ်ဳပ္ခ်ဳပ္ဆိုၿပီး ရက္ေပါင္း ၆၀ အတြင္း ေလွ်ာက္ထားရမွာပါ။ လိုင္စင္မဲ့စစ္ေဆး ေတြ႔ရွိရင္ စည္ပင္ဥပေဒအရ ဒဏ္ရိုက္ႏိုင္ပါတယ္။ ဒဏ္ရိုက္ၿပီးလို႔မွ လုပ္ငန္းလိုင္စင္ဆက္လက္ မလုပ္ ေဆာင္ဘူးဆိုရင္ တရားစြဲဆိုျခင္းခံရႏုိင္ပါသည္။

ငွားရမ္းျခင္းအတြက္ တံဆိပ္ေခါင္းခြန္ကို အျပည့္ထမ္းေဆာင္ၿပီးခ်ဳပ္ဆိုလွ်င္ တရား၀င္စာခ်ဳပ္စာတမ္း တစ္ေစာင္ျဖစ္ပါတယ္။

ငွားရမ္းသည့္ အေျခပစၥည္းတည္ရွိရာ ၿမိဳ႕နယ္အခြန္ရံုးတြင္ စာခ်ဳပ္မခ်ဳပ္ဆိုမီ (၁)ရက္ႀကိဳတင္၍ တံဆိပ္ေခါင္းခြန္ ေပးေဆာင္ရမွာျဖစ္ပါတယ္။ ေပးေဆာင္ရမည့္ တံဆိပ္ေခါင္းခြန္ ႏႈန္းထားမ်ားမွာ ေအာက္ပါ အတိုင္းျဖစ္ပါသည္။ ငွားရမ္းကာလသည္ (၁)ႏွစ္ထက္ မပိုလွ်င္ (ငွားရမ္းခရေငြ၏ ၀.၅%)၊ ငွားရမ္းကာလသည္ (၃)ႏွစ္ထက္ မပိုလွ်င္ (ပ်မ္းမွ်ငွားရမ္းခရေငြ၏ ၀.၅%)၊ ငွားရမ္းကာလသည္ (၃)ႏွစ္ထက္ပုိလွ်င္ (ပ်ဥ္းမွ် ငွားရမ္းခရေငြ၏ ၂%)၊ အငွားစာခ်ဳပ္မွာ ထာ၀စဥ္ျဖစ္သည့္ သေဘာသက္ေရာက္လွ်င္ (ပထမႏွစ္ ၅၀ အတြက္ ေပးရမည့္ ငွားရမ္းခေငြ၏ ၅ပံု ၁ပံုအေပၚ ၂%)၊ အငွားစာခ်ဳပ္မွာ ထာ၀စဥ္ျဖစ္သည့္ သေဘာသက္ေရာက္လွ်င္ (ပထမႏွစ္ ၅၀ အတြက္ ေပးရမည့္ ငွားရမ္းခေငြ၏ ၅ပံု ၁ပံုအေပၚ ၂%)၊ အငွားစာခ်ဳပ္မွာ စေပၚေငြပါလွ်င္ (အငွား စာခ်ဳပ္တြင္ ေပးေဆာင္ရမည္ျဖစ္သည့္ တံဆိပ္ေခါင္းခြန္အျပင္ ထိုစာခ်ဳပ္တြင္ ေဖာ္ျပထားသည့္ စေပၚေငြအေပၚ တံဆိပ္ေခါင္းခြန္မွာ ၂%) ျဖင့္ တံဆိပ္ေခါင္းခြန္က်သင့္မွာျဖစ္ပါတယ္။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕

### Unicode Version ###

မိမိပိုင်အိမ်ခန်း၊ ဆိုင်ခန်းတွေဖြစ်တဲ့ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်မည်ဆိုလျှင် လုပ်ငန်းလိုင်စင် လျှောက်ထားရမှာဖြစ်ပါသည်။ လုပ်ငန်းလိုင်စင်ပြုလုပ်ရမှာက ငှားရမ်းကာလအနည်း အများနဲ့သက်ဆိုင်ခြင်း မရှိပါဘူး။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ငှားရမ်းခြင်းလုပ်ကိုင်သည်ဆိုတာနှင့် လုပ်ငန်းလိုင်စင် လုပ်ရမှာဖြစ်ပါတယ်။

အိမ်ငှားရမ်းခြင်းလုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာ မြို့နယ်စည်ပင်တွင် လျှောက်ထားရမှာဖြစ်ပါတယ်။ အိမ်ငှားရမ်းခြင်းလုပ်ငန်းလိုင်စင်ကို သတ်မှတ်လျှောက်လွှာနဲ့ လျှောက်ထားရမှာဖြစ်တယ်။ လျှောက်လွှာနဲ့အတူ အိမ်ခြံမြေပိုင်ဆိုင်ကြောင်း အထောက်အထားစာချုပ်၊ ပိုင်ရှင်နဲ့ ငှားရမ်းသူတို့ချုပ်ဆိုထားတဲ့စာချုပ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ လျှောက်ထားသူအိမ်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယားမိတ္တူ၊ ပတ်စပို့ ဓာတ်ပုံသုံးပုံတို့ လိုအပ်မှာဖြစ်ပါတယ်။ အိမ်ရှင်၊ အိမ်ငှား စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမှာပါ။ လိုင်စင်မဲ့စစ်ဆေး တွေ့ရှိရင် စည်ပင်ဥပဒေအရ ဒဏ်ရိုက်နိုင်ပါတယ်။ ဒဏ်ရိုက်ပြီးလို့မှ လုပ်ငန်းလိုင်စင်ဆက်လက် မလုပ် ဆောင်ဘူးဆိုရင် တရားစွဲဆိုခြင်းခံရနိုင်ပါသည်။

ငှားရမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန်ကို အပြည့်ထမ်းဆောင်ပြီးချုပ်ဆိုလျှင် တရားဝင်စာချုပ်စာတမ်း တစ်စောင်ဖြစ်ပါတယ်။

ငှားရမ်းသည့် အခြေပစ္စည်းတည်ရှိရာ မြို့နယ်အခွန်ရုံးတွင် စာချုပ်မချုပ်ဆိုမီ (၁)ရက်ကြိုတင်၍ တံဆိပ်ခေါင်းခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။ ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန် နှုန်းထားများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ ငှားရမ်းကာလသည် (၁)နှစ်ထက် မပိုလျှင် (ငှားရမ်းခရငွေ၏ ဝ.၅%)၊ ငှားရမ်းကာလသည် (၃)နှစ်ထက် မပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ဝ.၅%)၊ ငှားရမ်းကာလသည် (၃)နှစ်ထက်ပိုလျှင် (ပျဉ်းမျှ ငှားရမ်းခရငွေ၏ ၂%)၊ အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့် သဘောသက်ရောက်လျှင် (ပထမနှစ် ၅၀ အတွက် ပေးရမည့် ငှားရမ်းခငွေ၏ ၅ပုံ ၁ပုံအပေါ် ၂%)၊ အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့် သဘောသက်ရောက်လျှင် (ပထမနှစ် ၅၀ အတွက် ပေးရမည့် ငှားရမ်းခငွေ၏ ၅ပုံ ၁ပုံအပေါ် ၂%)၊ အငှားစာချုပ်မှာ စပေါ်ငွေပါလျှင် (အငှား စာချုပ်တွင် ပေးဆောင်ရမည်ဖြစ်သည့် တံဆိပ်ခေါင်းခွန်အပြင် ထိုစာချုပ်တွင် ဖော်ပြထားသည့် စပေါ်ငွေအပေါ် တံဆိပ်ခေါင်းခွန်မှာ ၂%) ဖြင့် တံဆိပ်ခေါင်းခွန်ကျသင့်မှာဖြစ်ပါတယ်။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service