‘‘ ပါမစ္ေပ်ာက္ ’’ ၊‘‘ဂရန္သစ္ ’’ေလွ်ာက္လို႔ ရေပမဲ့ ရတက္မေအးနုိင္တာ က ‘‘ေျမခ်ပါမစ္ မူရင္း’’ လက္၀ယ္ရွိသူေတြ - Property Knowledge in Myanmar from iMyanmarHouse.com
2588 Views

‘‘ ပါမစ္ေပ်ာက္ ’’ ၊‘‘ဂရန္သစ္ ’’ေလွ်ာက္လို႔ ရေပမဲ့ ရတက္မေအးနုိင္တာ က ‘‘ေျမခ်ပါမစ္ မူရင္း’’ လက္၀ယ္ရွိသူေတြ

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

လက္ဖက္ရည္ဆုိုင္ မွာထိုင္ျပီးတုိင္ပင္ၾကစို႔ ခုတေလာ အိမ္ၿခံေျမ အေရာင္းအဝယ္ေအးသြားေပမဲ့ အိမ္ျခံေျမအက်ိဳးေဆာင္ ပြဲစားမ်ားထိုင္ေနက် လက္ဖက္ရည္ဆုိုင္မွာေတာ ့…..ပုံမွန္ ထိုင္ေနၾက၊ ေဆြးေႏြးက်၊ တုိုင္ပင္က်ဆဲ ရွိပါတယ္။ အကြက္လွေၾကာင္း၊ ေစ်းတန္ေၾကာင္း၊ အခ်ိဳအေခ်ာင္ေစ်းျဖစ္ေၾကာင္း ေရာင္းလိုသူခ်င္း အျပန္အလွန္ ေထာက္ခံေနၾကေပမယ့္ ထုံးစံအတုိုင္း ဝယ္သူမဆင္းတာေတြ႕ရသျဖင့္ တစ္ေနကုန္ ထိုင္ေနၾက။မနက္ပို္င္းတစ္ပိုင္းထိုင္ျပီးျပန္က်ကိုေတြ႕ရပါတယ္။

ေအးသြားတာက‘‘ေျမ’’၊စည္ေနတာက‘‘ျမိဳ႕ေတာ္ခန္းမ’’

အိမ္ျခံေျမ အေရာင္းအ၀ယ္ ေစ်းကြက္ျငိမ္ ေနတဲ့အခါ၊ အိမ္ျခံေျမ အေရာင္း အဝယ္ ကုမၼဏီထူေထာင္ထား သူမ်ားကေတာ့ ျငိမ္ျငိမ္မေန လွဳပ္ရွားေနၾကတယ္။ ဘယ္မွာ..လွဳပ္ရွားေနၾကလဲ ဆုိေတာ့ ရန္ကုန္ျမိဳ႕ေတာ္ခန္းမ မွာေလ။ဘာလုပ္ေနၾကတာပါလိမ့္….ဟုစုံစမ္းၾကမိတယ္။

မူရင္းေပ်ာက္လို႔ဂရန္သစ္ေလွ်ာက္

ရန္ကုန္ျမိဳ ့ေတာ္ခန္းမ၊ ျမိဳ႕ျပစီမံကိန္းနဲ႔ေျမစီမံခန္႔ခြဲမွဳ ဌာနမွာ ေျမခ်ပါမစ္ကေန ဂရန္သစ္ေလွ်ာက္သူမ်ား၊ ဂရန္သစ္ရလို႔လာထုတ္ၾကသူမ်ားကို ေတြ႔ရပါတယ္။ အခ်ိဳ႕ကလည္းမိမိ အမည္ေပါက္ဂရန္ေပ်ာက္သြားလို႔၊ အမည္ေပါက္ဂရန္မိတၱဴ ျပန္ေလွ်ာက္ၾကတာကိုလဲ ေတြ႔ရပါတယ္။ ၿမိဳ႕ေတာ္ခန္းမမွာ စည္ကားေနရျခင္း အေၾကာင္းထဲမွာ လူအမ်ား စိတ္၀င္စားဆုံးက…ေျမခ်ပါမစ္ ေပ်ာက္ဆုံးသြားလို ့….ပါမစ္ေပ်ာက္… ဂရန္သစ္ ေလွ်ာက္ခ်င္ေနၾကတဲ့ သူေတြပါဘဲ။ ပါမစ္ ေပ်ာက္လို႔ဂရန္သစ္ ေလ်ွာက္ထားတဲ့ကိစၥေတြကလည္း ယခင္က ေခတၱဆုိင္းငံထားတယ္လို ့သိရပါတယ္။ သို႔ေသာ္ မၾကာေသးခင္ကမွ ျမိဳ႕ေတာ္ခန္းမမွာရွိတဲ့၊ ေျမစီမံခန္႔ခြဲမွဳ ဌာနမွာပါမစ္ေပ်ာက္၊ ဂရန္သစ္ေလ်ွာက္လို႔ရျပီ ၾကားတာနဲ႔၊ ဂရန္သစ္ေလ်ွာက္ဖို႔ လူေတြမ်ားလာရျခင္း ျဖစ္ပါတယ္။

ဟိုတုန္းက ပါမစ္ေပ်ာက္ရင္ ရပ္ကြက္/ ရဲစခန္းေထာက္ခံခ်က္/တရားရုံး က်မ္းက်ိန္လႊာလိုအပ္။ ပါမစ္ေပ်ာက္လို႔ ဂရန္သစ္ေလ်ွာက္ရင္ ယခင္ကေတာ့ ေျမကြက္ရွိတဲ့ ရပ္ကြက္က ေျမခ်ပါမစ္ တကယ္ေပ်ာက္ဆံုးေၾကာင္း ေထာက္ခံစာ၊ ရပ္ကြက္ေထာက္ခံခ်က္အရ ရဲစခန္းက ဆက္လက္ေထာက္ခံခ်က္တို႔ကို ေရးေပးရတယ္။ ထို႔အတူ ….အဆိုပါ ေျမခ်ပါမစ္ တကယ္ေပ်ာက္ဆုံးသည္မွာ မွန္ကန္ေၾကာင္း တရားရုံးက်မ္းက်ိန္လည္း တပါတည္းတင္ျပရတယ္။

ယခုျမိဳ႕နယ္ စည္ပင္ေထာက္ခံခ်က္လိုပါတယ္။ ယခုအခါ ပါမစ္ေပ်ာက္ ဂရန္သစ္ ေလ်ွာက္ရင္ေတာ့ ေျမကြက္ တည္ရွိရာ၊ ျမိဳ႕နယ္စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမွဴးရဲ ့ေပ်ာက္ဆုံးေၾကာင္း ေထာက္ခံခ်က္ကလည္းလိုအပ္တဲ့ အေၾကာင္းသိရပါတယ္။ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံမွာ ေၾကြးက်န္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ေတာ့ လုပ္ဖူးတယ္။ ပါမစ္ေပ်ာက္ဆုံးေၾကာင္း ေထာက္ခံခ်က္လုပ္ရမယ္ ဆုိတာကေတာ့ အခုမွ ထပ္မံသိရတဲ့ ဗဟုသုတအသစ္ပါ။

ပါမစ္ေပ်ာက္မ်ားသို႔ ဂရန္သစ္ ထုတ္ေပးရန္ ေနာက္ဆက္တြဲေတြ ေပၚလာႏိုင္သလို။ ယခုလို ပါမစ္ေပ်ာက္ ဂရန္အသစ္ ေလ်ွာက္ထားျခင္းကို လက္ခံေဆာင္ရြက္ေပးတဲ့ ေျမစီမံခန္႔ခြဲမွဳဌာန အေနနဲ႔ တာ၀န္ၾကီးလိမ့္မယ္လို႔ စာေရးသူ ထင္ပါတယ္။ ယေန႔အိမ္ျခံေျမ အေရာင္းအ၀ယ္ေလာကမွာ ၾကားသိေနရတဲ့ စကားေတြအရ ေျမခ်ပါမစ္ အေရာင္းအဝယ္လုပ္တဲ့အခါ တျခမ္းထိုးစနစ္ အရာင္းအ၀ယ္ လုပ္ၾကတာကိုမၾကာခဏ ေတြ ့ရတက္ပါတယ္။

တျခမ္းထိုစနစ္နဲ႔ အေရာင္းအ၀ယ္လုပ္တယ္ဆိုရင္ စာခ်ဳပ္အဆက္အစပ္မ်ားတက္ပါတယ္။ အဆင့္ဆင့္ ေရာင္း၀ယ္တာ မွန္ေသာ္လည္း ေရာင္းသူမ်ားမွာ ေျမခ်ပါမစ္ကိုသာ ေပးလိုက္တာပါ။ ေျမခ်ပါမစ္မူရင္းကို ျပန္ေရာင္းတဲ့အခါပါမစ္မိတၱဴကူးယူျပီးသိမ္းထားေလ့ရွိၾကပါတယ္။

ပါမစ္အေရာင္းအဝယ္မ်ားတဲ့ျမိဳ႕ေတြသတိရွိၾကေလ

ဥပမာ။ ။ဒဂုံဆိပ္ကမ္းျမိဳ ့နယ္က ပဲခူးျမစ္လမ္း ၊ ကေနာင္မင္းသားၾကီး လမ္းေ ဘး၀ဲယာ ကေျမကြက္ေတြ ဆိုရင္ သိန္း(၅၀၀)၊ ကေန သိန္း(၁၀၀၀) အထက္ မွာ ရွိေန ပါတယ္။ ေနရာကလဲ ေကာင္းတယ္။

လူတုိင္းသေဘာက်တဲ့ ေနရာလဲျဖစ္ေတာ့ ခဏခဏ အေရာင္းအ၀ယ္ျဖစ္ၾကပါတယ္။ ဝယ္ေရာင္းသမား ေတြလဲ ေျမခ်ပါမစ္ဆုိရင္ အၾကိဳက္ဆုံးျဖစ္တယ္။ အစထဲကအေရာင္းအဝယ္ေစ်းကစားဖို႔ ဝယ္ထားတာ ျဖစ္ေလေတာ့ ဘယ္သူမွဂရန္အမည္ေပါက္မလုပ္ခ်င္ၾကဘူး။

ပါမစ္ေပ်ာက္ဂရန္သစ္ေလ်ွာက္လို႔ရေပမယ့္ရတက္မေအးရတာပါမစ္မူရင္းကိုင္သူေတြ

ေရာင္းထြက္ရင္လည္းေနရာေကာင္းေတြဆုိေတာ့ ပါမစ္မိတၱဴေတြ သိမ္းထား တက္ ၾကတယ္။ အခ်ိဳ႕ကလဲ ယုံၾကည္ရတဲ့ ပြဲစားေတြကို ေရာင္းေပးဖို႔ ပါမစ္မိတၱဴေတြ ေပးတက္ၾကတာမ်ိဳးလဲရွိတယ္။ ဒီလိုပါမစ္ေတြက ရုိးသားတဲ့သူေတြဆီမွာရွိေနတယ္ဆိုရင္ ဘာမွအေရးမၾကီးေပမယ့္။ မရုိးမသားမသမာသူေတြရဲ့ လက္ထဲမ်ား ေရာက္သြားရင္ အေတြးသစ္ စိတ္ကူးသစ္ေတြေပၚသြားျပီး ပါမစ္ေပ်ာက္ျဖင့္ ဂရန္သစ္ေလ်ွာက္သြားခဲ့ရင္ မလိုလားအပ္တဲ့ ျပသနာေတြျဖစ္ျပီး တရားရုံးတက္ျပီး ေျဖရွင္းရတာမ်ိဳးေတြလဲ ေပၚလာနိုင္ပါတယ္။

ပါမစ္ေပ်ာက္ျဖင့္ ေလွ်ာက္ထားသည့္ ဂရန္သစ္၏ အားနည္းခ်က္

တစ္ခုသတိျပဳသိထားရမွာကေတာ့ ပါမစ္ေပ်ာက္ျဖင့္ ဂရန္ေလွ်ာက္ထားသည့္အခါ ငွာနမွထုတ္ေပးသည့္ ေျမငွားစာခ်ဳပ္ဂရန္၏ေနာက္ဆံုးစာမ်က္ႏွာတြင္ ငွာနမွစာတစ္ကြက္ထူးျခားစြာ႐ိုက္ေပးလိုက္ပါတယ္။ ထိုအရာက ̏ ပါမစ္ေပ်ာက္ဆံုးေၾကာင္း တင္ျပေလွ်ာက္ထားခဲ့ၿပီး ယခုဂရန္သစ္ထုတ္ယူျခင္းႏွင့္ပတ္သက္၍ တစ္ဦး တစ္ေယာက္မွ ၎ေျမကြက္၏ပါမစ္မူရင္းတင္ျပေလွ်ာက္ထားျခင္းေပၚေပါက္ခဲ့ပါက ယခုထုတ္ေပးသည့္ဂရန္ အား ပယ္ဖ်က္မည္ကို သိရွိပါသည္ ̋ ဆိုသည့္စာကြက္ကို ဂရန္ေလွ်ာက္ထားသူအား လက္မွတ္ထိုးခိုင္းသည့္ အတြက္ ပါမစ္ေပ်ာက္ျဖင့္ ေလွ်ာက္ထားသည့္ ဂရန္မ်ားကို ဘဏ္တြင္ ေခ်းေငြေလွ်ာက္ထားသည့္အခါ ဘဏ္မ်ားအေနျဖင့္ လက္မခံရဲသည့္အေနအထား ျဖစ္ေနတြက္အတြက္ ေျမပိုင္ရွင္မ်ားအတြက္ စိတ္မေကာင္း စရာ အားနည္းခ်က္တစ္ခုျဖစ္ေနပါတယ္။

ပါမစ္အမွန္ေပ်ာက္သူေတြအတြက္ဝမ္းသာစရာ

အမွန္ တကယ္ပါမစ္ေပ်ာက္လို ့ ဂရန္သစ္ ေလ်ွာက္ဖို႔ ေစာင့္စားေနတဲ့သူေတြ အတြက္ေတာ့ ‘‘အေရွ႕က ေနဝန္း ထြက္သည့္ပမာ’’ ဝမ္းသာေနၾကမွာပါ၊ ယေန ့အခ်ိန္သမယကို လူအမ်ားေစာင့္စားေနတာၾကာပါျပီ။ ဒါေၾကာင့္ ေျမေပၚမွာအိမ္ေဆာက္ေနရေသာ္လည္း ပိုင္ဆိုင္မွဳအေထာက္အထား မရွိေသးသူမ်ား ေနာင္ေရးစိတ္ေအးရဖို႔ အေရးမိမိအမည္ေပါက္ အနွစ္ ၆၀ ဂရန္ေျမငွားစာခ်ဳပ္ လက္၀ယ္ထားကိုင္ႏုိင္ဖို ့ရန္ကုန္ျမိဳ့ေတာ္ခန္းမ ျမိဳ႕ျပ စီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမွဳဌာနမွာ အျမန္သြားေရာက္ စုံစမ္းၾကပါလို ့ သတင္းေကာင္းပါးလိုက္္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

လက်ဖက်ရည်ဆိုင် မှာထိုင်ပြီးတိုင်ပင်ကြစို့ ခုတလော အိမ်ခြံမြေ အရောင်းအဝယ်အေးသွားပေမဲ့ အိမ်ခြံမြေအကျိုးဆောင် ပွဲစားများထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာတော့…..ပုံမှန် ထိုင်နေကြ၊ ဆွေးနွေးကျ၊ တိုင်ပင်ကျဆဲ ရှိပါတယ်။ အကွက်လှကြောင်း၊ ဈေးတန်ကြောင်း၊ အချိုအချောင်ဈေးဖြစ်ကြောင်း ရောင်းလိုသူ ချင်း အပြန်အလှန် ထောက်ခံနေကြပေမယ့် ထုံးစံအတိုင်း ဝယ်သူမဆင်းတာတွေ့ရသဖြင့် တစ်နေကုန် ထိုင်နေကြ။မနက်ပိုင်းတစ်ပိုင်းထိုင်ပြီးပြန်ကျကိုတွေ့ရပါတယ်။

အေးသွားတာက‘‘မြေ’’၊စည်နေတာက‘‘မြို့တော်ခန်းမ’’

အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ငြိမ် နေတဲ့အခါ၊ အိမ်ခြံမြေ အရောင်း အဝယ် ကုမ္မဏီထူထောင်ထား သူများကတော့ ငြိမ်ငြိမ်မနေ လှုပ်ရှားနေကြတယ်။ ဘယ်မှာ..လှုပ်ရှားနေကြလဲ ဆိုတော့ ရန်ကုန်မြို့တော်ခန်းမ မှာလေ။ဘာလုပ်နေကြတာပါလိမ့်….ဟုစုံစမ်းကြမိတယ်။

မူရင်းပျောက်လို့ဂရန်သစ်လျှောက်

ရန်ကုန်မြို့တော်ခန်းမ၊ မြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှု ဌာနမှာ မြေချပါမစ်ကနေ ဂရန်သစ်လျှောက်သူများ၊ ဂရန်သစ်ရလို့လာထုတ်ကြသူများကို တွေ့ရပါတယ်။ အချို့ကလည်းမိမိ အမည်ပေါက်ဂရန်ပျောက်သွားလို့၊ အမည်ပေါက်ဂရန်မိတ္တူ ပြန်လျှောက်ကြတာကိုလဲ တွေ့ရပါတယ်။ မြို့တော်ခန်းမမှာ စည်ကားနေရခြင်း အကြောင်းထဲမှာ လူအများ စိတ်ဝင်စားဆုံးက…မြေချပါမစ် ပျောက်ဆုံးသွားလို့….ပါမစ်ပျောက်… ဂရန်သစ် လျှောက်ချင်နေကြတဲ့ သူတွေပါဘဲ။ ပါမစ် ပျောက်လို့ဂရန်သစ် လျှောက်ထားတဲ့ကိစ္စတွေကလည်း ယခင်က ခေတ္တဆိုင်းငံထားတယ်လို့သိရပါတယ်။ သို့သော် မကြာသေးခင်ကမှ မြို့တော်ခန်းမမှာရှိတဲ့၊ မြေစီမံခန့်ခွဲမှု ဌာနမှာပါမစ်ပျောက်၊ ဂရန်သစ်လျှောက်လို့ရပြီ ကြားတာနဲ့၊ ဂရန်သစ်လျှောက်ဖို့ လူတွေများလာရခြင်း ဖြစ်ပါတယ်။

ဟိုတုန်းက ပါမစ်ပျောက်ရင် ရပ်ကွက်/ ရဲစခန်းထောက်ခံချက်/တရားရုံး ကျမ်းကျိန်လွှာလိုအပ်။ ပါမစ်ပျောက်လို့ ဂရန်သစ်လျှောက်ရင် ယခင်ကတော့ မြေကွက်ရှိတဲ့ ရပ်ကွက်က မြေချပါမစ် တကယ်ပျောက်ဆုံးကြောင်း ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံချက်အရ ရဲစခန်းက ဆက်လက်ထောက်ခံချက်တို့ကို ရေးပေးရတယ်။ ထို့အတူ ….အဆိုပါ မြေချပါမစ် တကယ်ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးကျမ်းကျိန်လည်း တပါတည်းတင်ပြရတယ်။

ယခုမြို့နယ် စည်ပင်ထောက်ခံချက်လိုပါတယ်။ ယခုအခါ ပါမစ်ပျောက် ဂရန်သစ် လျှောက်ရင်တော့ မြေကွက် တည်ရှိရာ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရဲ့ပျောက်ဆုံးကြောင်း ထောက်ခံချက်ကလည်းလိုအပ်တဲ့ အကြောင်းသိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှာ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်တော့ လုပ်ဖူးတယ်။ ပါမစ်ပျောက်ဆုံးကြောင်း ထောက်ခံချက်လုပ်ရမယ် ဆိုတာကတော့ အခုမှ ထပ်မံသိရတဲ့ ဗဟုသုတအသစ်ပါ။

ပါမစ်ပျောက်များသို့ ဂရန်သစ် ထုတ်ပေးရန် နောက်ဆက်တွဲတွေ ပေါ်လာနိုင်သလို။ ယခုလို ပါမစ်ပျောက် ဂရန်အသစ် လျှောက်ထားခြင်းကို လက်ခံဆောင်ရွက်ပေးတဲ့ မြေစီမံခန့်ခွဲမှုဌာန အနေနဲ့ တာဝန်ကြီးလိမ့်မယ်လို့ စာရေးသူ ထင်ပါတယ်။ ယနေ့အိမ်ခြံမြေ အရောင်းအဝယ်လောကမှာ ကြားသိနေရတဲ့ စကားတွေအရ မြေချပါမစ် အရောင်းအဝယ်လုပ်တဲ့အခါ တခြမ်းထိုးစနစ် အရာင်းအဝယ် လုပ်ကြတာကိုမကြာခဏ တွေ့ရတက် ပါတယ်။

တခြမ်းထိုစနစ်နဲ့ အရောင်းအဝယ်လုပ်တယ်ဆိုရင် စာချုပ်အဆက်အစပ်များတက်ပါတယ်။ အဆင့်ဆင့် ရောင်းဝယ်တာ မှန်သော်လည်း ရောင်းသူများမှာ မြေချပါမစ်ကိုသာ ပေးလိုက်တာပါ။ မြေချပါမစ်မူရင်းကို ပြန်ရောင်းတဲ့အခါပါမစ်မိတ္တူကူးယူပြီးသိမ်းထားလေ့ရှိကြပါတယ်။

ပါမစ်အရောင်းအဝယ်များတဲ့မြို့တွေသတိရှိကြလေ

ဥပမာ။ ။ဒဂုံဆိပ်ကမ်းမြို့နယ်က ပဲခူးမြစ်လမ်း ၊ ကနောင်မင်းသားကြီး လမ်းေ ဘးဝဲယာ ကမြေကွက်တွေ ဆိုရင် သိန်း(၅၀၀)၊ ကနေ သိန်း(၁၀၀၀) အထက် မှာ ရှိနေ ပါတယ်။ နေရာကလဲ ကောင်းတယ်။

လူတိုင်းသဘောကျတဲ့ နေရာလဲဖြစ်တော့ ခဏခဏ အရောင်းအဝယ်ဖြစ်ကြပါတယ်။ ဝယ်ရောင်းသမား တွေလဲ မြေချပါမစ်ဆိုရင် အကြိုက်ဆုံးဖြစ်တယ်။ အစထဲကအရောင်းအဝယ်ဈေးကစားဖို့ ဝယ်ထားတာ ဖြစ်လေတော့ ဘယ်သူမှဂရန်အမည်ပေါက်မလုပ်ချင်ကြဘူး။

ပါမစ်ပျောက်ဂရန်သစ်လျှောက်လို့ရပေမယ့်ရတက်မအေးရတာပါမစ်မူရင်းကိုင်သူတွေ

ရောင်းထွက်ရင်လည်းနေရာကောင်းတွေဆိုတော့ ပါမစ်မိတ္တူတွေ သိမ်းထား တက် ကြတယ်။ အချို့ကလဲ ယုံကြည်ရတဲ့ ပွဲစားတွေကို ရောင်းပေးဖို့ ပါမစ်မိတ္တူတွေ ပေးတက်ကြတာမျိုးလဲရှိတယ်။ ဒီလိုပါမစ်တွေက ရိုးသားတဲ့သူတွေဆီမှာရှိနေတယ်ဆိုရင် ဘာမှအရေးမကြီးပေမယ့်။ မရိုးမသားမသမာသူတွေရဲ့ လက်ထဲများ ရောက်သွားရင် အတွေးသစ် စိတ်ကူးသစ်တွေပေါ်သွားပြီး ပါမစ်ပျောက်ဖြင့် ဂရန်သစ်လျှောက်သွားခဲ့ရင် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်ပြီး တရားရုံးတက်ပြီး ဖြေရှင်းရတာမျိုးတွေလဲ ပေါ်လာနိုင်ပါတယ်။

ပါမစ်ပျောက်ဖြင့် လျှောက်ထားသည့် ဂရန်သစ်၏ အားနည်းချက်

တစ်ခုသတိပြုသိထားရမှာကတော့ ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားသည့်အခါ ငှာနမှထုတ်ပေးသည့် မြေငှားစာချုပ်ဂရန်၏နောက်ဆုံးစာမျက်နှာတွင် ငှာနမှစာတစ်ကွက်ထူးခြားစွာရိုက်ပေးလိုက်ပါတယ်။ ထိုအရာက ̏ ပါမစ်ပျောက်ဆုံးကြောင်း တင်ပြလျှောက်ထားခဲ့ပြီး ယခုဂရန်သစ်ထုတ်ယူခြင်းနှင့်ပတ်သက်၍ တစ်ဦး တစ်ယောက်မှ ၎င်းမြေကွက်၏ပါမစ်မူရင်းတင်ပြလျှောက်ထားခြင်းပေါ်ပေါက်ခဲ့ပါက ယခုထုတ်ပေးသည့်ဂရန် အား ပယ်ဖျက်မည်ကို သိရှိပါသည် ̋ ဆိုသည့်စာကွက်ကို ဂရန်လျှောက်ထားသူအား လက်မှတ်ထိုးခိုင်းသည့် အတွက် ပါမစ်ပျောက်ဖြင့် လျှောက်ထားသည့် ဂရန်များကို ဘဏ်တွင် ချေးငွေလျှောက်ထားသည့်အခါ ဘဏ်များအနေဖြင့် လက်မခံရဲသည့်အနေအထား ဖြစ်နေတွက်အတွက် မြေပိုင်ရှင်များအတွက် စိတ်မကောင်း စရာ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။

ပါမစ်အမှန်ပျောက်သူတွေအတွက်ဝမ်းသာစရာ

အမှန် တကယ်ပါမစ်ပျောက်လို့ ဂရန်သစ် လျှောက်ဖို့ စောင့်စားနေတဲ့သူတွေ အတွက်တော့ ‘‘အရှေ့က နေဝန်း ထွက်သည့်ပမာ’’ ဝမ်းသာနေကြမှာပါ၊ ယနေ့အချိန်သမယကို လူအများစောင့်စားနေတာကြာပါပြီ။ ဒါကြောင့် မြေပေါ်မှာအိမ်ဆောက်နေရသော်လည်း ပိုင်ဆိုင်မှုအထောက်အထား မရှိသေးသူများ နောင်ရေးစိတ်အေးရဖို့ အရေးမိမိအမည်ပေါက် အနှစ် ၆၀ ဂရန်မြေငှားစာချုပ် လက်ဝယ်ထားကိုင်နိုင်ဖို့ရန်ကုန်မြို့တော်ခန်းမ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ အမြန်သွားရောက် စုံစမ်းကြပါလို့ သတင်းကောင်းပါးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service