မႏၲေလးတိုင္းေဒသႀကီးအတြင္း ခြင့္ျပဳခ်က္မရွိဘဲ အေဆာက္အအံုေဆာက္လုပ္ျခင္းအတြက္ မည္သို႔ အေရးယူခံရႏိုင္သလဲ - Property Knowledge in Myanmar from iMyanmarHouse.com
4717 Views

မႏၲေလးတိုင္းေဒသႀကီးအတြင္း ခြင့္ျပဳခ်က္မရွိဘဲ အေဆာက္အအံုေဆာက္လုပ္ျခင္းအတြက္ မည္သို႔ အေရးယူခံရႏိုင္သလဲ

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

၂၀၁၄ ခုႏွစ္တြင္ျပဌာန္းထားသည့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာဥပေဒအရ ေကာ္မတီပိုင္နက္တြင္ အေဆာက္အအံုေဆာက္လုပ္ျခင္းအတြက္ အေဆာက္အအံုေဆာက္လုပ္ခြင့္ ခြင့္ျပဳခ်က္ေလွ်ာက္ထား၍ ေဆာက္လုပ္ရမွာျဖစ္ၿပီး ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ျခင္းအတြက္ ေအာက္ပါအတိုင္းဥပေဒျပဌာန္းထားၿပီး အေရးယူေဆာင္ရြက္လွ်က္ရွိပါသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ပုဒ္မ-၁၀၄(က) တြင္ မည္သူမဆို ေကာ္မတီ၏ခြင့္ျပဳခ်က္မရွိဘဲ ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း အေဆာက္အအံုေဆာက္လုပ္ျခင္းလုပ္ငန္းလုပ္ကိုင္ျခင္းမျပဳရ၊ အားေပးကူညီျခင္း မျပဳရ။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ပုဒ္မ-၁၁၈ တြင္ ပုဒ္မ-၁၀၄(က) ပါ တားျမစ္ခ်က္တစ္ရပ္ရပ္ကို ျဖစ္ေစ၊ ၎ႏွင့္ သက္ဆိုင္သည့္ ျပဌာန္းခ်က္၊ နည္းဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ထံုးလုပ္နည္း၊ အမိန္႔ႏွင့္ ၫႊန္ၾကားခ်က္မ်ား ကိုျဖစ္ေစ လိုက္နာရန္ပ်က္ကြက္ေၾကာင္း၊ ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆံုးေငြဒဏ္ေလးေသာင္းမွ အမ်ားဆံုးေငြဒဏ္ ေလးသိန္းအထိျဖစ္ေစ၊ ေထာင္ဒဏ္ (၆) လအထိ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ရမည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ပုဒ္မ-၁၁၉ တြင္ ပုဒ္မ ၁၁၈ အရ ျပစ္ဒဏ္ခ်မွတ္ျခင္းခံရသူ သည္ အဆိုပါျပဌာန္းခ်က္ကိုဆက္လက္၍ ေဖာက္ဖ်က္က်ဴးလြန္လွ်င္ သို႔မဟုတ္ လိုက္နာရန္ပ်က္ကြက္လွ်င္ ထိုသူကို ဆက္လက္ေဖာက္ဖ်က္က်ဴးလြန္ျခင္း သို႔မဟုတ္ ပ်က္ကြက္ျခင္းျပဳသည့္ေန႔အသီးသီးအတြက္ တစ္ေန႔လွ်င္အနည္းဆံုး ေငြဒဏ္က်ပ္သံုးေသာင္းမွ အမ်ားဆံုးေငြဒဏ္က်ပ္တစ္သိန္းအထိျဖစ္ေစ၊ ေထာင္ဒဏ္(၆)လ အထိျဖစ္ေစ ခ်မွတ္ရမည္။

အထက္ပါအတိုင္း ဥပေဒျပဌာန္းထားသည့္အတြက္ ပုဒ္မ-၁၀၄ (က) ကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း အတြက္ ပုဒ္မ-၁၁၈ တြင္ျပဌာန္းထားသည့္ ျပစ္ဒဏ္အတိုင္း ဒဏ္ေငြေပးေဆာင္ရမွာျဖစ္ၿပီး တရား၀င္ ေဆာက္လုပ္ခြင့္တင္ၿပီးမွသာ ဆက္လက္ေဆာက္လုပ္ရမွာျဖစ္ပါတယ္။ တရား၀င္ေဆာက္လုပ္ခြင့္တင္ျခင္းမ်ား လုပ္ေဆာင္ျခင္းမရွိဘဲ ဆက္လက္က်ဴးလြန္ပါက ပုဒ္မ-၁၁၉ တြင္ျပဌာန္းထားသည့္ ျပစ္ဒဏ္အတိုင္း အေရးယူ ခံရမွာျဖစ္ပါတယ္။

မႏၲေလးတိုင္း ေဒသႀကီးစည္ပင္သာယာေရးအဖြဲ႕မ်ား၊ အေဆာက္အအံုဆိုင္ရာနည္းဥပေဒ ပုဒ္မ- ၁၈ အရ ခြင့္ျပဳခ်က္မရွိဘဲ အေဆာက္အအံုတစ္ခုခု အသစ္ေဆာက္လုပ္ျခင္းအား ေတြ႕ရွိပါက ဆက္လက္ ေဆာင္ရြက္ျခင္းမျပဳရန္ ပထမအႀကိမ္တားျမစ္စာေပးပို႔ရမည္။ ပထမအႀကိမ္ တားျမစ္စာေပးပို႔ၿပီး ရက္သတၱပတ္ အတြင္း လိုက္နာေဆာင္ရြက္မႈမရွိဘဲ ဆက္လက္ေဆာင္ရြက္ျခင္းအားေတြ႕ရွိပါက ဒုတိယအႀကိမ္တားျမစ္စာ ေပးပို႔ရမည္။ ဒုတိယအႀကိမ္ တားျမစ္စာေပးပို႔ၿပီး ရက္သတၱပတ္အတြင္း လိုက္နာေဆာင္ရြက္မႈမရွိဘဲ ဆက္လက္ေဆာင္ရြက္ျခင္းအားေတြ႕ရွိပါက အထက္တြင္ ေဖာ္ျပထားသည့္အတိုင္း တရားစြဲဆိုေဆာင္ရြက္ ႏိုင္သည့္အျပင္ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားသည့္အေဆာက္အအံုကို တစ္လအတြင္း ၿဖိဳဖ်က္ရန္ ၫႊန္ၾကားႏိုင္သည္။

အကယ္၍ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဥပေဒပုဒ္မ-၁၁၄တြင္ ဤဥပေဒအရခ်မွတ္ သည့္ စီမံခန္႔ခြဲမႈဆိုင္ရာ ဆံုးျဖတ္ခ်က္ကို မေက်နပ္ပါက ယင္းဆံုးျဖတ္ခ်က္ခ်သည့္ေန႔မွ ရက္ေပါင္း (၃၀) အတြင္း ၀န္ႀကီးထံ အယူခံ၀င္ႏိုင္သည္။ ၀န္ႀကီး၏ဆံုးျဖတ္ခ်က္သည္ အတည္ျဖစ္ေစရမည္ဟု ျပဌာန္းထားပါသည္။ ထို႔အတြက္ေၾကာင့္ ေကာ္မတီ၏ ဆံုးျဖတ္ခ်က္အား မေက်နပ္ပါက အယူခံ၀င္ႏိုင္ေၾကာင္း ျပဌာန္းထားပါတယ္။

ထို႔အတြက္ေၾကာင့္ အေဆာက္အအံုေဆာက္လုပ္ရာတြင္ သက္ဆိုင္ရာၿမိဳ႕နယ္စည္ပင္တြင္ အေဆာက္ အအံုေဆာက္လုပ္ခြင့္ ေလွ်ာက္ထားၿပီးမွသာ ေဆာက္လုပ္ၾကရန္ သတိေပးအပ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

### Unicode Version ###

၂၀၁၄ ခုနှစ်တွင်ပြဌာန်းထားသည့် မန္တလေးမြို့တော်စည်ပင်သာယာဥပဒေအရ ကော်မတီပိုင်နက်တွင် အဆောက်အအုံဆောက်လုပ်ခြင်းအတွက် အဆောက်အအုံဆောက်လုပ်ခွင့် ခွင့်ပြုချက်လျှောက်ထား၍ ဆောက်လုပ်ရမှာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းအတွက် အောက်ပါအတိုင်းဥပဒေပြဌာန်းထားပြီး အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၁၀၄(က) တွင် မည်သူမဆို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရ၊ အားပေးကူညီခြင်း မပြုရ။

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၁၁၈ တွင် ပုဒ်မ-၁၀၄(က) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ၎င်းနှင့် သက်ဆိုင်သည့် ပြဌာန်းချက်၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်ကြောင်း၊ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးငွေဒဏ်လေးသောင်းမှ အများဆုံးငွေဒဏ် လေးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ပုဒ်မ-၁၁၉ တွင် ပုဒ်မ ၁၁၈ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ သည် အဆိုပါပြဌာန်းချက်ကိုဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့်နေ့အသီးသီးအတွက် တစ်နေ့ လျှင်အနည်းဆုံး ငွေဒဏ်ကျပ်သုံးသောင်းမှ အများဆုံးငွေဒဏ်ကျပ်တစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ်(၆)လ အထိဖြစ်စေ ချမှတ်ရမည်။

အထက်ပါအတိုင်း ဥပဒေပြဌာန်းထားသည့်အတွက် ပုဒ်မ-၁၀၄ (က) ကို ဖောက်ဖျက်ကျူးလွန်ခြင်း အတွက် ပုဒ်မ-၁၁၈ တွင်ပြဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး တရားဝင် ဆောက်လုပ်ခွင့်တင်ပြီးမှသာ ဆက်လက်ဆောက်လုပ်ရမှာဖြစ်ပါတယ်။ တရားဝင်ဆောက်လုပ်ခွင့်တင်ခြင်းများ လုပ်ဆောင်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ပါက ပုဒ်မ-၁၁၉ တွင်ပြဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း အရေးယူ ခံရမှာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ၊ အဆောက်အအုံဆိုင်ရာနည်းဥပဒေ ပုဒ်မ- ၁၈ အရ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတစ်ခုခု အသစ်ဆောက်လုပ်ခြင်းအား တွေ့ရှိပါက ဆက်လက် ဆောင်ရွက်ခြင်းမပြုရန် ပထမအကြိမ်တားမြစ်စာပေးပို့ရမည်။ ပထမအကြိမ် တားမြစ်စာပေးပို့ပြီး ရက်သတ္တပတ် အတွင်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်ခြင်းအားတွေ့ရှိပါက ဒုတိယအကြိမ်တားမြစ်စာ ပေးပို့ရမည်။ ဒုတိယအကြိမ် တားမြစ်စာပေးပို့ပြီး ရက်သတ္တပတ်အတွင်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်ခြင်းအားတွေ့ရှိပါက အထက်တွင် ဖော်ပြထားသည့်အတိုင်း တရားစွဲဆိုဆောင်ရွက် နိုင်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့်အဆောက်အအုံကို တစ်လအတွင်း ဖြိုဖျက်ရန် ညွှန်ကြားနိုင်သည်။

အကယ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၁၁၄တွင် ဤဥပဒေအရချမှတ် သည့် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းဆုံးဖြတ်ချက်ချသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ဝန်ကြီးထံ အယူခံဝင်နိုင်သည်။ ဝန်ကြီး၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်စေရမည်ဟု ပြဌာန်းထားပါသည်။ ထို့အတွက်ကြောင့် ကော်မတီ၏ ဆုံးဖြတ်ချက်အား မကျေနပ်ပါက အယူခံဝင်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

ထို့အတွက်ကြောင့် အဆောက်အအုံဆောက်လုပ်ရာတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင် အဆောက် အအုံဆောက်လုပ်ခွင့် လျှောက်ထားပြီးမှသာ ဆောက်လုပ်ကြရန် သတိပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service