ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား - Property Knowledge in Myanmar from iMyanmarHouse.com
417 Views

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား

Knowledge | Posted by Zarni Kyaw

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား ….. အိပ်စက်ချိန်ဆိုရင် သက်သောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ လူသားတို့အတွက် အဆင်ပြေတဲ့ အိပ်စပ်ပုံကတော့ လဲလျောင်းအိပ်စက်ပုံ ဖြစ်ပါတယ်။ ရပ်လျက်နဲ့တစ်ခုခုကို မှီပြီးဖြစ်စေ၊ ခုံမှာထိုင်ပြီးဖြစ်စေ အိပ်စက်မယ်ဆိုရင် သင့်ကြွက်သားများဟာ သင့်ကိုယ်နေဟန်ထားကို သက်သောင့်သက်သာဖြစ်အောင် လိုက်ပါထိန်းညှိနေရလို့ အိပ်စက်ဖို့ ခက်ခဲပါလိမ့်မယ်။

ဒါ့အပြင် REM လို့ခေါ်တဲ့ အိပ်စက်ခြင်းကနဦးအဆင့်ကို စတင်နိုင်ဖို့ လဲလျောင်းအိပ်စက်ဖို့ လိုအပ်ပါတယ်။ အဆိုပါအဆင့်မှာ ကြွက်သားများလည်း မလှုပ်ရှားတော့ပါဘူး။ လူအများစုဟာ မွေ့ရာပေါ်မှာ၊ ခုတင်ပေါ်မှာ အိပ်စက်ကြပေမယ့် နောက်ပိုင်းမှာ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းဟာ ခေတ်စားလာပါတယ်။

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား

သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ရာခုတင်မျိုးမရှိရင် ပုခက်ပေါ်အိပ်ခြင်းက အကောင်းဆုံးပဲလို့ ညွှန်းလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်း ဖြစ်ပါတယ်။ ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

အကျိုးကျေးဇူးများ

ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်ခြင်း

ကြိုးပုခက်ရဲ့လှုပ်ရှားမှုဟာ လူကို ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။ သုတေသနတစ်ခုမှာ လူ ၁၂ ဦးကို နှစ်ဖွဲ့ခွဲပြီး ရိုးရိုးအိပ်ရာပေါ်မှာနဲ့ ကြိုးပုခက်ပေါ်မှာ အသီးသီးအိပ်စက်စေပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့ ဦးနှောက်လှိုင်းများကို လေ့လာရာမှာ ကြိုးပုခက်ပေါ် အိပ်စက်သူများဟာ အိပ်စက်ခြင်းဒုတိယအဆင့်ကို ရောက်ဖို့ ပိုမိုမြန်ဆန်ကြောင်း တွေ့ရပါတယ်။ သဘောကတော့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ပိုမြန်သွားတဲ့ သဘောပါပဲ။ ကလေးများကို ငယ်စဉ်မှာ ပုခက်နဲ့သိပ်တာ ဒီသဘောပါပဲ။

 

ဖိအားများကို လျော့နည်းသက်သာစေခြင်း

ရိုးရိုးမွေ့ရာပေါ်အိပ်စက်ရင် ပုခုံး၊ ကျော၊ တင်ပါး စတဲ့နေရာတွေမှာ ဖိအားပိုမိုသက်ရောက်နိုင်ပါတယ်။ အဆိုပါနေရာတွေမှာ နာကျင်ကိုက်ခဲရင် ပိုဆိုးစေနိုင်ပါတယ်။ ကြိုးပုခက်ပေါ် အိပ်မယ်ဆိုရင်တော့ အဆိုပါနေရာတွေအပေါ် ဖိအားသက်ရောက်မှုကို သက်သာစေပါတယ်။ ထိတွေ့တဲ့ မျက်နှာပြင်အနေအထားအရ တစ်ကိုယ်လုံးအပေါ်ကို ဖိအားက မျှတစွာ သက်ရောက်သွားစေပါတယ်။

ပိုးမွှားများရန်မှ ကာကွယ်ခြင်း

ဒါကတော့ တောတွင်းစခန်းချ ဒါမှမဟုတ် ပျော်ပွဲစားထွက်ချိန်မျိုးအတွက် ရည်ရွယ်ပါတယ်။ တောတွင်း ဒါမှမဟုတ် မြက်ခင်းပြင်ပေါ်တဲထိုးအိပ်တဲ့အခါ ပိုးမွှားများကြောင့် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ကြိုးပုခက်ဆင်ပြီး အိပ်ရင် ပိုးမွှားများရဲ့ဒဏ်ကနေ အတော်လေးသက်သာသွားနိုင်ပါတယ်။ အခန်းထဲမှာဆိုရင်တောင် ကြိုးပုခက်နဲ့အိပ်တဲ့အခါ မြေပြင်ပေါ်က ပိုးမွှားများရဲ့ ဒဏ်ကို အတော်လေးသက်သာစေပါလိမ့်မယ်။

ဘာဆိုးကျိုးတွေရှိသလဲ

ကြိုးပုခက်ဟာ လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ တစ်ခါတရံမှာ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေကတော့

– လည်ပင်း၊ ဇက်နာခြင်း။ အိပ်စက်ချိန်မှာ ပုံမကျရင် လည်ပင်းကို နာကျင်ကိုက်ခဲခြင်း ဖြစ်စေနိုင်ပါတယ်။

– ခါးနာခြင်း။ ခါးကွေးနေတာကြောင့် ပုံစံမမှန်ဘဲ ခါးနာတတ်ပါတယ်။

– ပုံစံပြောင်းရန် ခက်ခြင်း။ နေရာအကန့်အသတ်ကြောင့် ဘယ်ညာလှည့်ဖို့ ခက်ပါတယ်။

– ပြုတ်ကျနိုင်ခြင်း

– ဝင်ရထွက်ရ ထရခက်ခြင်း

– တောင့်တင်းခြင်း စတာတွေ ဖြစ်ပါတယ်။

 

 

ကြိုးပုခက်ပေါ် အဆင်ပြေအောင် ဘယ်လိုအိပ်မလဲ

– လည်ပင်း/ဇက်မနာအောင် ခေါင်းအုံးခံအိပ်ပါ

– ကြိုးပုခက်ကို အကျယ်ပြန့်ဆုံးအနေအထားထားရှိပြီး အိပ်ပါ

– နူးညံ့တဲ့စောင်ကို သုံးပြီး ပုခက်အတွင်း ကိုယ်နေဟန်ထားကို သက်သောင့်သက်သာဖြစ်အောင် ညှိယူပါ

– ဒူးခေါင်းအောက်မှာလည်း ခေါင်းအုံးအသေးစား သို့မဟုတ် စောင်ခေါက်ခံထားပါ

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service