ကွန်ကရစ်ဖျော်စပ်နည်း အချိုးမှန် ✅ - Property Knowledge in Myanmar from iMyanmarHouse.com
423 Views

ကွန်ကရစ်ဖျော်စပ်နည်း အချိုးမှန် ✅

Knowledge | Posted by Zarni Kyaw

ကွန်ကရစ်ဖျော်ရာမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် ဘယ်လောက်ကုန်မလဲ ❓

အကြမ်းဖျင်းလေး တွက်ကြည့်ရအောင် ....

✅ လိုချင်တဲ့ကွန်ကရစ်ရဲ့ထုထည်က ရေရောပြီးသားကွန်ကရစ်အစိုပါ။ ၁:၁:၂ ဆိုတဲ့ထုထည်အချိုးကအခြောက် ပွနေတဲ့အချိုး။ ဆိုတော့ အပွနဲ့သိပ်သည်းကွန်ကရစ်အစိုကြားက ဆက်သွယ်မှုတခုဖြစ်တဲ့ ..... wet concrete × 1.54 = dry concrete သဘောက ကွန်ကရစ်က ဖျော်ပြီးလို့ သိပ်သည်းသွားရင် ထုထည်တဝက်နီးပါးလောက်ထိကျသွားတယ်ပေါ့လေ ။ အဲ့တော့ လိုချင်တဲ့ကွန်ကရစ်အစိုကို အခြောက်အခြေအနေပြောင်းဖို့ 1.54 နဲ့မြှောက်ပါမယ် ။ 100 × 1.54 = 154 Cuft

✅ ၁၅၄ ကုဗပေရပါတယ်။ အဲ့တော့ ၁:၁:၂ အချိုးမှာ ဘိလပ်မြေဘယ်လောက် ၊ သဲဘယ်လောက် ၊ ကျောက်ဘယ်လောက်ဆိုတာကို ခန့်မှန်းကြည့်ပါမယ်။ ၁+၁+၂ = ၄

 

✅ ဘိလပ်မြေပမာဏ = (၁÷၄)×၁၅၄ = ၃၈.၅ကုဗပေ ၁၀% အလေအလွင့် = ၃၈.၅×၀.၁ = ၃.၈၅ ဘိလပ်မြေပမာဏ = ၃၈.၅+ ၃.၈၅= ၄၂ ကုဗပေ ( 50 kg ဘိလပ်မြေတအိတ်ရဲ့ထုထည်က ၁.၂ကုဗပေ လောက်ရှိပါတယ် )

ဒီတော့ ... ဘိလပ်မြေအိတ်အရေအတွက် = ၄၂÷၁.၂ = ၃၅ အိတ် သဲပမာဏ= (၁÷၄)× ၁၅၄ =၃၈.၅ ကုဗပေ ၁၀% အလေအလွင့် = ၃၈.၅×၀.၁ = ၃.၈၅

✅ သဲပမာဏ = ၃၈.၅ + ၃.၈၅ = ၄၂ ကုဗပေ ( သဲ၁ကျင်းမှာ ၁၀၀ ကုဗပေရှိပါတယ်) ဒီတော့ ... သဲကျင်းအရေအတွက် = ၄၂÷၁၀၀ = ၀.၄၂ကျင်း ( ကျင်းဝက်ခန့် ) ကျောက်ပမာဏ= (၂÷၄)×၁၅၄ = ၇၇ ကုဗပေ ၁၀% အလေအလွင့် = ၇၇×၀.၁ = ၇.၇

✅ ကျောက်ပမာဏ = ၇၇+၇.၇ = ၈၄.၇ ကုဗပေ ( ကျောက် ၁ ကျင်းမှာ ၁၀၀ ကုဗပေရှိပါတယ်) ဒီတော့ ... ကျောက်ကျင်းအရေအတွက် = ၈၄.၇÷၁၀၀ = ၀.၈၄၇ကျင်း (၁ကျင်းခန့် ) ဒီတော့ ၁:၁:၂ ထုထည်အချိုးနဲ့ ၁၀၀ ကုဗပေ ထုထည်ပမာဏရှိတဲ့ကွန်ကရစ်ရဖို့ ...... ဘိလပ်မြေ = ၃၅ အိတ်ခန့် သဲ= ကျင်းဝက်ခန့် ကျောက်= ၁ ကျင်းခန့် ကုန်မယ်လို့ ခန့်မှန်းရရှိပါတယ်။

 

❗ မှတ်ချက်အနေနဲ့ ထုထည်အချိုးထက် အလေးချိန်အချိုးနဲ့ ဖျော်စပ်သွန်းလောင်းတာက ပိုကောင်းပါတယ်။ လက်ဖျော်ထက် စက်ဖျော်က ကွန်ကရစ်မွှေရာမှာ ပိုပြီးနှံ့စပ်စေပါတယ်။

အခုမျှဝေပေးခဲ့တာက ကွန်ကရစ်ဖျော်စပ်တဲ့အခါ အချိုးအားဖြင့် ခန့်မှန်း ဘိလပ်မြေဘယ်လောက်၊ သဲဘယ်လောက်၊ ကျောက်ဘယ်လောက် ထည့်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ပြန်လည်ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service