ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
17 Jan 2025 10:30 am တွင် တင်ခဲ့သည်
986 ကြိမ် ကြည့်ရှု့ပြီး

Oracle တည်ထောင်သူ Larry Ellison သည် ကမ္ဘာတဝန်းတွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း ယခုအခါ လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ထပ်မံ ဝယ်ယူလိုက်ပြန်သည်။

Larry Ellison သည် ကန်ဒေါ်လာ ၂၀၉ ဘီလီယံ ချမ်းသာကြွယ်ဝကာ ကမ္ဘာ့စတုတ္ထမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာတွင် ရပ်တည်နေသူ ဖြစ်သည်။

[ မှတ်ချက်။ Elon Musk (ကန်ဒေါ်လာ ၄၃၇ ဘီလီယံ)၊ Jeff Bezos (ကန်ဒေါ်လာ ၂၄၃ ဘီလီယံ) နှင့် Mark Zuckerberg (ကန်ဒေါ်လာ ၂၁၄ ဘီလီယံ) ]

CoStar News ၏ ဖော်ပြချက်အရ Larry Ellison သည် လန်ဒန်ရှိ ရုံးခန်းအဆောက်အအုံကြီးကို ဟောင်ကောင် အခြေစိုက် Chinese Estates ကုမ္ပဏီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လန်ဒန်မြို့ ၁၁-၁၂ James Square တွင် တည်ရှိသော အဆောက်အအုံဖြစ်ပြီး လက်ရှိအားဖြင့် အခြေချ နေထိုင်မှု မရှိသေး။

အသက် ၈၀ ရှိပြီဖြစ်သူ Larry Ellison သည် သူ၏ လုပ်ငန်းများမှတစ်ခုအတွက် အဆိုပါအဆောက်အအုံကြီးကို ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

Chinese Estate ကုမ္ပဏီသည် အဆိုပါအဆောက်အအုံကြီးကို မလေးရှားမှ Employees Provident Fund ထံမှ ပေါင် ၁၇၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Larry Ellison သည် ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေများစွာ ဝယ်ယူပိုင်ဆိုင်ထားပြီးဖြစ်ကာ စုစုပေါင်း တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁ ဘီလီယံဖိုးခန့် ရှိသည်။

((Newport မြို့၊ Rhode Island)

(Larry Ellison က Newport မြို့မှ Beechwood စံအိမ်ကို ဝယ်ယူခဲ့ပြီး ပန်းချီပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ- @privatenewport/Instagram)

Larry Ellison သည် Newport ရှိ ယခုစံအိမ်ကို ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဝယ်ယူပြီးနောက်ပိုင်း ပန်းချီပြတိုက်အဖြစ် ပြောင်းလဲရာတွင် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခဲ့ကြောင်း Newport Daily News က ဖော်ပြသည်။

((Lake Tahoe))

 

(Cal Neva အပန်းဖြေစခန်းနှင့် ကာစီနိုကို ဖရန့် စီနာထရာက ၁၉၆၀ မှ ၁၉၆၈ အထိ ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Getty Images)

Larry Ellison သည် Tahoe ရေကန်ကြီး၏ မြောက်ဘက်ကမ်းခြေတွင် ကန်ဒေါ်လာ ၁၀၂ သန်းဖိုးခန့် စံအိမ်များ ပိုင်ဆိုင်းထားသည်။

၂၀၁၈ ခုနှစ်တွင် ဒေဝါလီခံရမည့် အခြေအနေရောက်နေသော Cal Neva အပန်းဖြေစခန်းကို ကန်ဒေါ်လာ ၃၅ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။

((Lanai Hawaii))

 

(Larry Ellison သည် ဟာဝိုင်အီကျွန်းစုရှိ Lanai ကျွန်းကိုလည်း ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Handout)

နယူးယောက်ပို့စ် သတင်း၏ ဖော်ပြချက်အရ Larry Ellison သည် Lanai ကျွန်း၏ ၉၈ ရာခိုင်နှုန်းကို ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြေဧကပေါင်း ၉၀၀၀၀ ကျယ်ဝန်းကာ Four Seasons အပန်းဖြေစခန်း ၂ ခု ပါဝင်သည်။

((Carbon Beach,Malibu))

 

(Larry Ellison သည် ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးတွင် နေအိမ်ပေါင်း ၂ ဒါဇင်ခန့် ပိုင်ဆိုင်ထားပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ မှ ၂၅၀ ကြား ရှိသည်။ ဓာတ်ပုံ-noburyokanmalibu)

 

((Woodside,California))

Larry Ellison သည် ကယ်လီဖိုးနီးယားပြည်နယ် Woodside တွင် ၂၃ ဧက ကျယ်ဝန်းသော ခြံကြီးနှင့် စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းသော စံအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး ကန်ဒေါ်လာ သန်း ၂၀၀ ခန့် သုံးစွဲကာ ပြန်လည် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

((ဆန်ဖရန်စစ္စကို))

 

(ဆန်ဖရန်စစ္စကိုတွင် Larry Ellison က စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Hand Out)

၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်း ပါဝင်သည်။

တန်ကြေးမှာ ကန်ဒေါ်လာ သန်း ၂၀ ကျော် ရှိသည်။

((Porcupine Creek,California))

 

(Larry Ellison ၏ Porcupine Creek စံအိမ်မှာ ၂၄၆ ဧက ကျယ်ဝန်းပြီး ကန်ဒေါ်လာ ၄၃ သန်း ပေးခဲ့ရသည်။ ဓာတ်ပုံ-@Lilypondluxury/Instagram)

 

((ကျိုတိုဂျပန်))

(Larry Ellison သည် ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ဘုရားကျောင်းဝန်းတစ်ခုအတွင်း သမိုင်းဝင်စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားပြီး တန်ကြေး ကန်ဒေါ်လာ ၈၆ သန်းခန့်ရှိကာ ဂျပန်အနုပညာပြတိုက်အဖြစ် ၎င်းက ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-Hand Out)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Oracle's Larry Ellison Has Just Bought A London Townhouse For $202 Million To Add To His Global Property Portfolio Photo Credit- Hand Out, @Lilypondluxury/Instagram, noburyokanmalibu, Getty Images, @privatenewport/Instagram

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service