ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
609 Views

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

Knowledge | Posted by Zarni Kyaw

အိမ်ခြံမြေကို အမွေဆိုင်တစ်ဦးတည်းသဘောနဲ့ ရောင်းချခွင့်ရှိပါသလား ဆိုတဲ့ မေးခွန်းအပါအဝင် အမေးအဖြေများကို ဒီတစ်ပတ်ဥပဒေရေးရာ ကဏ္ဍမှာထည့်သွင်းပေးထားပါတယ်။

မေးခွန်း (၁) - စွန့်လွှတ်စာချုပ်ချုပ်ဆိုရခြင်း နှင့် လျှောက်ထားရန်လိုအပ်သည့်အချက်များကို ရှင်းပြပါ။

မရွှေ့မပြောင်းနိုင်သောပစ္စည်းအား အမွေဆိုင်အချင်းချင်း (သို့) အမည်ပေါက်ပူးတွဲပိုင်ဆိုင်သူ အချင်းချင်း စွန့်လွှတ်စာချုပ်ချုပ်ဆိုသည်များရှိကြပါသည်။ ထို့သို့ချုပ်ဆိုသည့်အခါ စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ-၁၆(ခ) အရ မရွှေ့မပြောင်းပစ္စည်း တန်ဖိုးငွေ (၁)သိန်းနှင့် အထက်ရှိသော ပစ္စည်းအား စာချုပ်ချုပ်ဆိုကြခြင်း ဖြစ်လျှင် အဆိုပါစွန့်လွှတ်စာချုပ်ကို မှတ်ပုံတင်ထားရှိရန် လိုပါသည်။ စွန့်လွှတ်ခြင်းစာချုပ်အား မချုပ်ဆိုခင် မြေပုံ/မြေရာဇဝင်ကူးယူရမည်ဖြစ်ရာ အဆိုပါမြေပုံမှာ ပူးတွဲပိုင် ဆိုင်သူများသာ လျှောက်ထားနိုင်သော မြေပုံတစ်ရပ်ပင်ဖြစ်ပါသည်။

စွန့်လွှတ်စာချုပ်နှင့် မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းစာချုပ်မှာလဲ တူညီမှုမရှိပါ။ စွန့်လွှတ်စာချုပ်မှာ ပူးတွဲပိုင်ဆိုင်သူ အချင်းချင်းကြားသာ ချုပ်ဆိုခွင့်ရှိသော စာချုပ်တစ်ရပ်ဖြစ်ပြီး မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း စာချုပ်မှာမှု ပူးတွဲပိုင်ဆိုင်မှုမရှိသည့် အခြားသူတစ်ဦးတစ်ယောက်အား ပေးကမ်းခြင်းပင်ဖြစ်ပါသည်။မေတ္တာဖြင့် ပေးကမ်းခြင်းစာချုပ်ချုပ်ဆိုသည့်အခါတွင် မောင်နှမ သားချင်းများအပေါ်ပေးကမ်းခြင်းစာချုပ်နှင့် မိဘမှသား သမီးအပေါ်ပေးကမ်းခြင်းစာချုပ် ထမ်းဆောင်ရသည့်အခွန်ကွာခြားချက် ရှိပါသည်။

ထို့ကြောင့် စွန့်လွှတ်စာချုပ်ချုပ်ဆိုရာတွင် ကိုယ်စားလှယ်ဖြင့် စာချုပ်ချုပ်ဆိုခြင်းမပြုနိုင်ဘဲ ပူးတွဲပိုင် ဆိုင်သူကိုယ်တိုင်သာ စွန့်လွှတ်ခြင်းအား စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။ မိမိမှပူးတွဲပိုင်ဆိုင်သော ပစ္စည်းအား စွန့်လွှတ်စာချုပ်ချုပ်ဆိုမှုပြုလျှင် ကျန်ပူးတွဲပိုင်ဆိုင်သူမှာ အလိုအလျောက်ပစ္စည်းပေါ်တွင် အလုံးစုံပိုင်ဆိုင်မှု ရောက်ရှိသွားပါသည်။ ၎င်း၏ ဝေစုအား အခြားသူ ပူးတွဲပိုင်သူထံ အပြီးအပိုင်လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်ပါသည်။

ထို့ကြောင်း ပူးတွဲပိုင်ဆိုင်သူ အချင်းချင်းမဟုတ်ပါက စွန့်လွှတ်စာချုပ်လဲ ချုပ်ဆို၍ မရနိုင်ပါ။ စာချုပ် စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရှိထားခြင်းမရှိသော စွန့်လွှတ်ခြင်းစာချုပ်မှာ မှတ်ပုံတင်ဥပဒေပုဒ်မ - ၁၇ (၁)(ခ)အရ စွန့်လွှတ်မှု အထမမြောက်မည်မဟုတ်ပါ။ ထို့ကြောင့် စွန့်လွှတ်ခြင်းစာချုပ်တစ်စောင်ချုပ်ဆိုပါက မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။

ပိုင်ဆိုင်မှုအား အမှန်တကယ်စွန့်လွှတ်ထားခြင်းမရှိသော စွန့်လွှတ်ခြင်းတစ်ရပ်အား လိမ်လည်လှည့်ဖြားကာ တရားရုံးဒီကရီရယူလျှင် အမှုတွင် မပါဝင်သူများအပေါ်တွင် အကျိုးသက်ရောက်မှုရှိမရှိ ဆုံးဖြတ်ထား သည်ကို ဒေါ်စောစိန် (၎င်း၏ ကိုယ်စားလှယ်စာရယူသူ ဒေါ်ခင်ပြုံးလှိုင် ပါ-၈ နှင့် ဦးတိတ်စွန်ပါ - ၅) (၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီ၊ (၁၈)ရက်နေ့) အမှုတွင် တွေ့ရှိနိုင်ပါသည်။

စွန့်လွှတ်ခြင်းမြောက်မမြောက်၊ စွန့်လွှတ်ခြင်းကြောင့် စွန့်လွှတ်ပစ္စည်း ရောက်ရှိခြင်း ရှိမရှိ ဆုံးဖြတ်ရမည့် ကိစ္စသည် တရားစွဲကာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း (ဦးဝင်းဟန် (၎င်း၏ အခွင့်ရကိုယ်စားလှယ်ဦးသာပွင့်) နှင့် ဦးကျင်စော (၎င်း၏ အခွင့်အရကိုယ်စားလှယ် ဒေါ်အေးသန္တာ) (၂၀၁၅ ခုနှစ်၊ တရားမပြင်ဆင်မှု အမှတ်-၃၃၉)တွင်လဲ တွေ့ရှိနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်

မေးခွန်း (၂) - အိမ်ခြံမြေသည် အမွေဆိုင်တစ်ဦးတည်းသဘောနဲ့ ရောင်းချခွင့်ရှိပါသလား။

မိဘအမည်ပေါက် အိမ်ခြံမြေကို အမည်ပေါက်သူသေဆုံးပြီးနောက်ပိုင်း အမွေဆိုင်တစ်ဦးတည်းမှ ၎င်းသဘောဆန္ဒဖြင့် လွှဲပြောင်းရောင်းချခွင့် မရှိပါ။ မိဘသေဆုံးပြီးနောက်ပိုင်းတွင် အမွေဆက်ခံခွင့်ရှိသူ အားလုံး၏ သဘောတူညီချက်ဖြင့် မှတ်ပုံတင် စာချုပ်စာတမ်းရုံးတွင် ပိုင်ဆိုင်ကြောင်း မြွတ်ဟကြေညာစာတမ်း ဆောင် ရွက်နိုင်ရန် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူခြင်းပြုနိုင်ပါသည်။

ဂရန်အမည်ပေါက် သေဆုံးသူ၏ သေစာရင်းမူရင်း အထောက်အထားအား တင်ပြနိုင်ရပါမည်။ မြေပုံကူး ယူရာ၌ အမွေဆိုင်များစုံလင်ပါရှိရမည်ဖြစ်ကာ ကျမ်းကျိန်လွှာ ၊ ဝန်ခံကတိပြု ချက်များ တင်ပြပေးနိုင်ရပါမည်။

ထို့ပြင် လျှောက်ထားသူတို့၏ မှတ်ပုံတင်မိတ္တူ၊ မြေငှားစာချုပ် ဂရန်မိတ္တူ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး ပြီး၊ ဘိုးဘပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး)၊ မြေခွန် နောက်ဆုံးပြေစာ တို့လဲ တင်ပြနိုင်ရပါမည်။ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနမှ မြေပုံကူးဝန်ဆောင်ခအတိုင်း ပေးသွင်းရမည်ဖြစ်ကာ သတင်းစာကြေညာခြင်းပြုသည့်အခါ၌ ကန့်ကွက်သူမပေါ်ပေါက်သည့်အခါမှသာ ဌာနမှ ပိုင်ဆိုင်ကြောင်း မြေပုံထုတ်ပေးမည်ဖြစ်ပါသည်။ သတ်မှတ်ချက်များဖြင့် ကိုက်ညီမှုရှိလျှင် အမွေဆက်ခံပိုင်ဆိုင် ကြောင်းမြေပုံ/မြေရာဇဝင် (၂)စုံ ရရှိမည်ဖြစ်ပါသည်။

ပိုင်ဆိုင်ကြောင်းမြွတ်ဟ ကြေညာစာတမ်းတစ်စောင် မှတ်ပုံတင်ရုံး၌ ဆက်လက်ဆောင်ရွက်ပြီးနောက်ပိုင်းမှ လွှဲပြောင်းရောင်းချခြင်းလဲ ပြုနိုင်မည်ကာ ပိုင်ဆိုင်ကြောင်းနှင့် ရောင်းချခြင်းမြေပုံတစ်ပါတည်း ကူးယူ ဆောင်ရွက်နိုင်ပါသည်။ အမွေဆက်ခံသူများ ချန်လှပ်၍ မြေပုံကူးယူကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းဖြစ်ပါက အဆိုပါမှတ်ပုံတင်စာချုပ်မှာ ပျက်ပြယ်သောစာချုပ်ဖြစ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသော တရားရုံးတော်ထံတွင် အမွေဆက်ခံရေး အက်ဥပဒေပုဒ်မ -၁၂၄အရ အမွေထိန်းစာလက်မှတ် လျှောက်ထားကာ တရားရုံးအမိန့်ဖြင့် လွှဲပြောင်းရောင်းချခြင်းလဲ ဆောင်ရွက် ခွင့်ရှိပါသည်။

အမွေထိန်းစာ လက်မှတ်လျှောက်ထားခြင်းမှာ ကြန့်ကြာမှုရှိခဲ့ပါက မည်သည့်အတွက်ကြောင့် ကြန့်ကြာ ခဲ့ကြောင်း ဖြေရှင်းတင်ပြ ဆောင်ရွက်နိုင်ပါသည်။ အမွေထိန်းစာ လျှောက်ထားရာတွင် အငြင်းပွှားမှုများ စင်ပြိုင် လျှောက်ထားမှုများရှိပါက တရားရုံးမှ အမွေထိန်းစာထုတ်ပေးမည်မဟုတ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါ သည်။

မေးခွန်း (၃) - ပုံစံ (၇) ရှိတဲ့ လယ်ယာမြေကိုအမွေဆက်ခံရာတွင် ဆောင်ရွက်ရမည့်အချက်များကို ရှင်းပြပါ။

လယ်ယာမြေမှာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုမှ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့် စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြစ်ပါသည်။ လယ်ယာမြေအား လွှဲပြောင်းရောင်းချခြင်းပြုသည့်အခါတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-(၇)အား အမည်ပြောင်းလဲခြင်း ဆောင်ရွက်မှ တရားဝင်လုပ်ပိုင်ခွင့် နှင့် ပိုင်ဆိုင်စီမံခန့် ခွဲနိုင်သည့် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။

လယ်ယာမြေဥပဒေပုဒ်မ-၁၆ အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီး (သို့) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားပြီး အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်းခြင်းလဲ ပြုနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အမည်ပြောင်းလဲမှု ဆောင်ရွက်သည့်အခါ သတ်မှတ် ပုံစံ-(၉)လျှောက်လွှာဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုမှ အဆင့်ဆင့်တင်ပြလျှောက်ထားမှုပြုရမည်ဖြစ်ပါသည်။ မြေအမျိုးအစားများအားလဲ လက်ရှိ အသုံးပြုနေသော သီးနှံပေါ်မူတည်၍ လယ်၊ယာ၊ကိုင်းကျွန်း၊ ဥယျာဉ်၊ ဓနိမြေစသဖြင့် တိကျစွာ မြေအသုံးပြုမှုကို ဖော်ပြပေးရပါမည်။

လယ်ယာမြေအား အမွေဆက်ခံမှုဖြင့် အမည်ပြောင်းလဲခြင်းများတွင် အမွေဆက်ခံရရှိသည့် ပိုင်ဆိုင်ကြောင်း မြွတ်ဟစာချုပ်စာတမ်း (သို့) တရားရုံးအမိန့် အမွေဆက်ခံခြင်းဖြင့် လုပ်ပိုင်ခွင့်ပြုလက်မှတ်အား အမိန့်ဖြင့် လျှောက်ထားခြင်းလဲ ရှိပါသည်။

အငြင်းပွှားမှုများရှိပါက စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးက ထုတ်ပေးသော အမွေဆက်ခံခွင့်လက်မှတ်တင်ပြ ပေးနိုင်လျှင် သတ်မှတ်အခွန်ဆောင်ကာ အမည်ပြောင်းဆောင်ရွက်ခြင်း ပြုနိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service