မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဦးစွာဝယ်ပိုင်ခွင့် အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
512 Views

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဦးစွာဝယ်ပိုင်ခွင့် အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Si Thu Aung

[Unicode]

ဦးစွာဝယ်ယူနိုင်သည့် အခွင့်အရေးမှာ အမွေဆိုင် မိသားစုဝင် တစ်ဦးထံတွင်သာ ရှိပါသည်။ အမွေပုံပစ္စည်း၌ အခြားအမွေဆိုင်တစ်ဦး၏ ဝေစုကို သူစိမ်းအား မရောင်းခင် အမွေဆိုင်အချင်းချင်း ဦးစွာဝယ်ယူနိုင် သည့် အခွင့်အရေးရှိပါသည်။

အမွေဆိုင်အချင်းချင်း အမွေဝေစုအား ဝယ်ယူရန်အတွက် တောင်းဆိုနိုင်ပြီး ဘိုးဘွားအစဉ်အဆက် အမွေအနှစ်ပစ္စည်းအား လက်ဆင့်ကမ်းထားရှိနိုင်ရန် ရည်ရွယ်၍ မြန်မာဓလေ့ထုံးဥပဒေအရ ဦးစွာဝယ်ယူခွင့် အခွင့် အရေးပေးခြင်းပင်ဖြစ်ပါသည်။

ဖခင်ဖြစ်သူ သေဆုံး၍ မိခင်မှ အမွေပစ္စည်းအား ရောင်းချခြင်းမှာ သား/သမီးများမှာဦးစွာ ဝယ်ယူနိုင်သည့် အခွင့်အရေး မရရှိနိုင်သေးပါ။

အကြောင်းမှာ မိခင်ထံတွင်သာ အမွေပစ္စည်းမှာ ဆက်ခံခွင့်ရရှိပြီး သားသမီး များမှာ မိခင်နှင့် အမွေဆိုင်တန်းတူအခွင့်အရေး မရှိ၍ ဖြစ်ပါသည်။ မိခင်မရှိသည့်နောက်ပိုင်းမှာ သားသမီးများ အချင်းချင်း အမွေဆိုင်များ ဖြစ်လာကြမည်ဖြစ်ပါသည်။

အမွေအား မခွဲမပေးလိုက်မီအချိန်တွင် ဦးစွာ ဝယ်ယူလိုသူအမွေဆိုင်မှ ထိုအခွင့်အရေးအား စတင် တောင်းဆိုမှုပြုကာ အသုံးပြုရမည်ဖြစ်ပါသည်။ ထို့ပြင် သူစိမ်းအားရောင်းချသည်ကို မသိရှိပါက ဦးစွာဝယ်ယူလိုသည့် အမွေဆိုင်မှာ ကာလစည်းကမ်းသတ်(၁)နှစ်အတွင်း ထိုအခွင့်အရေးကို တောင်းဆိုမှုပြုနိုင်ပါသေးသည်။ ဦးစွာဝယ်ယူနိုင်သည့် အခွင့်အရေးမပေးဘဲ သူစိမ်းအားလွှဲပြောင်းရောင်းချသည့် အရောင်းအဝယ်အား အမွေဆိုင်တစ်ဦးမှ (၁)နစ်အတွင်း ပယ်ဖျက်ခွင့်ရှိနိုင်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ဦးစွာဝယ်ယူလိုသူ အမွေဆိုင်မှာ အမွေပစ္စည်းအား ဝယ်ယူရန် တန်ဖိုးသင့်ရာတွင်လဲ သူစိမ်းအား လွှဲပြောင်းရောင်းချလျှင် ရရှိမည့်တန်ဖိုးအတိုင်းသာ ရောင်းချမည့် အမွေဆိုင်အား ပေးအပ်ကာ ဝယ်ယူရမည်ဖြစ်ပါ သည်။ (မောင်ဘချိုနှင့်‌မောင်စံတင်၊ ၂ ရန်ကုန် ၄၃၇) ဦးစွာ ဝယ်ယူနိုင်သည့် အခွင့်အရေးကို အမွေဆိုင်များမှ ငြင်းဆိုကြပြီးဖြစ်ပါက သူစိမ်းအား ရောင်းချမှုပြုရာတွင် ထပ်မံအသိပေး ရောင်းချရန် မလိုတော့ပါ။ သို့သော် ကျန်ရှိနေသေးသော ပစ္စည်းတစ်စုံတစ်ရာအား အမွေဆိုင်များအား ဝယ်ယူရန် အသိမပေးဘဲ အသစ်ထပ်မံ ရောင်းချမှုပြုလျှင် ၎င်းအမွေဆိုင်များမှ ကန့်ကွက်ခြင်း ပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရ ဦးစြာဝယ္ပိုင္ခြင့္ အခြင့္အေရးအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

ဦးစြာဝယ္ယူႏိုင္သည့္ အခြင့္အေရးမွာ အေမြဆိုင္ မိသားစုဝင္ တစ္ဦးထံတြင္သာ ႐ွိပါသည္။ အေမြပုံပစၥည္း၌ အျခားအေမြဆိုင္တစ္ဦး၏ ေဝစုကို သူစိမ္းအား မေရာင္းခင္ အေမြဆိုင္အခ်င္းခ်င္း ဦးစြာဝယ္ယူႏိုင္ သည့္ အခြင့္အေရး႐ွိပါသည္။

အေမြဆိုင္အခ်င္းခ်င္း အေမြေဝစုအား ဝယ္ယူရန္အတြက္ ေတာင္းဆိုႏိုင္ၿပီး ဘိုးဘြားအစဥ္အဆက္ အေမြအႏွစ္ပစၥည္းအား လက္ဆင့္ကမ္းထား႐ွိႏိုင္ရန္ ရည္႐ြယ္၍ ျမန္မာဓေလ့ထုံးဥပေဒအရ ဦးစြာဝယ္ယူခြင့္ အခြင့္ အေရးေပးျခင္းပင္ျဖစ္ပါသည္။

ဖခင္ျဖစ္သူ ေသဆုံး၍ မိခင္မွ အေမြပစၥည္းအား ေရာင္းခ်ျခင္းမွာ သား/သမီးမ်ားမွာဦးစြာ ဝယ္ယူႏိုင္သည့္ အခြင့္အေရး မရ႐ွိႏိုင္ေသးပါ။

အေၾကာင္းမွာ မိခင္ထံတြင္သာ အေမြပစၥည္းမွာ ဆက္ခံခြင့္ရ႐ွိၿပီး သားသမီး မ်ားမွာ မိခင္ႏွင့္ အေမြဆိုင္တန္းတူအခြင့္အေရး မ႐ွိ၍ ျဖစ္ပါသည္။ မိခင္မ႐ွိသည့္ေနာက္ပိုင္းမွာ သားသမီးမ်ား အခ်င္းခ်င္း အေမြဆိုင္မ်ား ျဖစ္လာၾကမည္ျဖစ္ပါသည္။

အေမြအား မခြဲမေပးလိုက္မီအခ်ိန္တြင္ ဦးစြာ ဝယ္ယူလိုသူအေမြဆိုင္မွ ထိုအခြင့္အေရးအား စတင္ ေတာင္းဆိုမႈျပဳကာ အသုံးျပဳရမည္ျဖစ္ပါသည္။ ထို႔ျပင္ သူစိမ္းအားေရာင္းခ်သည္ကို မသိ႐ွိပါက ဦးစြာဝယ္ယူလိုသည့္ အေမြဆိုင္မွာ ကာလစည္းကမ္းသတ္(၁)ႏွစ္အတြင္း ထိုအခြင့္အေရးကို ေတာင္းဆိုမႈျပဳႏိုင္ပါေသးသည္။ ဦးစြာဝယ္ယူႏိုင္သည့္ အခြင့္အေရးမေပးဘဲ သူစိမ္းအားလႊဲေျပာင္းေရာင္းခ်သည့္ အေရာင္းအဝယ္အား အေမြဆိုင္တစ္ဦးမွ (၁)နစ္အတြင္း ပယ္ဖ်က္ခြင့္႐ွိႏိုင္သည္ကို ဆိုလိုျခင္းျဖစ္ပါသည္။

ဦးစြာဝယ္ယူလိုသူ အေမြဆိုင္မွာ အေမြပစၥည္းအား ဝယ္ယူရန္ တန္ဖိုးသင့္ရာတြင္လဲ သူစိမ္းအား လႊဲေျပာင္းေရာင္းခ်လွ်င္ ရ႐ွိမည့္တန္ဖိုးအတိုင္းသာ ေရာင္းခ်မည့္ အေမြဆိုင္အား ေပးအပ္ကာ ဝယ္ယူရမည္ျဖစ္ပါ သည္။ (ေမာင္ဘခ်ိဳႏွင့္‌ေမာင္စံတင္၊ ၂ ရန္ကုန္ ၄၃၇) ဦးစြာ ဝယ္ယူႏိုင္သည့္ အခြင့္အေရးကို အေမြဆိုင္မ်ားမွ ျငင္းဆိုၾကၿပီးျဖစ္ပါက သူစိမ္းအား ေရာင္းခ်မႈျပဳရာတြင္ ထပ္မံအသိေပး ေရာင္းခ်ရန္ မလိုေတာ့ပါ။ သို႔ေသာ္ က်န္႐ွိေနေသးေသာ ပစၥည္းတစ္စုံတစ္ရာအား အေမြဆိုင္မ်ားအား ဝယ္ယူရန္ အသိမေပးဘဲ အသစ္ထပ္မံ ေရာင္းခ်မႈျပဳလွ်င္ ၎အေမြဆိုင္မ်ားမွ ကန္႔ကြက္ျခင္း ျပဳႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service