" Footing တလုံး၏ အင်္ဂါရပ်များ " - Property Knowledge in Myanmar from iMyanmarHouse.com
1312 Views

" Footing တလုံး၏ အင်္ဂါရပ်များ "

Knowledge | Posted by Aye Myat Thu

[Unicode]

1. compacted grade

2. Levelling course / lean concrete /C10 or C15

3. Structural concrete C25 or C30

4. Main bar

5. Column dowel bar / starter bar

6. Kicker

7. Tie ring for starter bar

8. Side cover

9. Bottom cover

10. Starter cover

 

1. Compacted grade

Foundation ချတဲ့အခါ၊ အနည်းဆုံး အနက်ဘယ်လောက်အထိ ချ သင့်ပါသလဲ။

၁။ သာမာန် လူနေအိမ်တွေမှာ တော့၊ ၂ ပေခွဲ ၃ပေ လောက်ချကြပါတယ်။ ၂ပေခွဲ ၃ပေ ဆိုတာ top soil ဖယ်ပြီးသားဖြစ်ရပါ့မယ်။

၂။ ခြံအတွင်းမှာရှိသော၊ တနည်းအားဖြင့် footing အနီးတဝိုက်တွင်ရှိသော၊ မြေသားသည်၊ ရေစီးကြောင်းထဲ ကျမနေရပါဘူး။

၃။ အဆောက်အဦးသည် ရေစီးကြောင်းထဲ၊ ရေဝေဧရိယာထဲ၊ ကျနေပါကလည်း မြေကြီးကို ရေစားမသွားအောင်၊ လိုအပ်သော အကာအကွယ်များ ပြုလုပ်ထားရပါမည်။

၄။ ယခုအခါ drawing အတိုင်း တည်ဆောက်သည် ဆိုသော ပြဿနာ ရှိလာပါသည်။ drawing မှာတော့ footing များသည် အနိမ့်အမြင့် elevation တူညီကြပါသည်။ သို့သော် မြေအနေအထား စောင်းနေသည်များကို ကြုံတွေ့ရသောအခါ တော်ရိလျော်ရိ မြေခုပြီး foundation ချနေသဖြင့် drawing အတိုင်း တည်ဆောက်သည့် ပြဿနာ ပေါ်လာရခြင်း ဖြစ်ပါသည်။

၅။ ထိုသို့ မြေစောင်းသည့်အခါ foundation ကို၊ နက်လိုက်သည်က စိတ်ချရပါသည်။ သို့သော် ကုန်ကျ စရိတ်တော့ တက်လာပါသည်။

၆။ မြေဆွေးကိုလွှာပြီး၊ ၆" တလွှာခြင်း၊ သေသေချာချာ သိပ်သည်းအောင် ဆောင်ရွက်လို့လည်း ရနိုင်ပါသည်။ ကျွန်တော်တော့မကြိုက်ပါ။

၇။ ရွှံ့မြေတွင် အပေါ်ယံမြေလွှာမပါ depth of foundation သည် 1 meter ရှိမှသာလျှင် အဆောက်အဦးကောင်း တခုကို ရရှိနိုင်ပါသည်။ အလယ်အလပ်အားဖြင့် 0.9 meter၊ အဖျင်းဆုံး 0.75 meter ရှိသင့်ပါသည်။

၈။ ယခုအခါ ပုံစံအတိုင်းဆိုပြီး လေပေါ်ဝဲ footing များ ပြုလုပ်ကြပေရာ၊ လွန်စွာ မလျော်ကန် မလျောက်ပတ်သည်ကို တွေ့မြင်နေရပါသည်။

 

" Footing Concreting " **********************

၁။ footing concrete သွန်းလောင်းရာတွင်၊ ထိစပ်မြေသည်၊ မိုးရေဝင်လို့သော်လည်းကောင်း၊ ရေစိမ့်ထွက်သောကြောင့်သော်လည်းကောင်း၊ မြေကြီး bearing capacity ကောင်းစွာမရှိဘဲ၊ ပျော့ပြဲနေတက်ပါသည်။ ထို့အပြင် မြေကောင်းသော်လည်း ဆားပေါက်သောမြေ အချဉ်ပေါက်သော မြေများနှင့်လည်း ထိတွေ့တတ်ပါသည်။

၂။ မြေကြီးပျော့နေပါက bearing capacity တက်လာအောင်၊ hardcore ရိုက်ခြင်း၊ လိုအပ်ပါက wood pile ရိုက်ခြင်းတို့ကို ပြုရပါမည်။

၃။ ကွန်ကရစ်လောင်စဉ်အချိန်တွင်၊ ကွန်ကရစ်ထဲမှရေကို၊ မြေကြီးက စုတ်ယူခြင်း။ မြေကြီးထဲကရေကလည်း၊ ကွန်ကရစ်ထဲသို့ ဝင်ရောက် ရောနှောခြင်းတို့၊ ဖြစ်ပေါ်ပါက၊ ကွန်ကရစ်စွမ်းအားကို ထိခိုက်နိုင်သောကြောင့်၊ ကွန်ကရစ်နှင့် မြေကြီးကြားတွင်၊ လိုအပ်သော အကာအရံတခု ပြုလုပ်ပေရမည် ဖြစ်ပါသည်။

၄။ ယခုအခါ DPM ခေါ် ၊ ပလပ်စတိတ်စများကို၊ တွင်ကျယ်စွာ၊ အသုံးပြုလာကြပြီဖြစ်ပါသည်။

1. Hardcore ခင်းပါ။

2. သဲထည့်ပါ။

3. Plate compactor ရိုက်ပါ။

4. ရေလောင်းပါ။

5. သဲညှိပြီး plate compactor အချောရိုက်ပါ။

6. DPM ခင်းပါ။

7. Lean concrete လောင်းပါ။

သို့မှသာ သံဆင်ဖို့အဆင်ပြေမည် ဖြစ်ပါသည်။ DPM ခင်းသည့်အခါတွင်လည်း footing depth ထက်၊ အနည်းဆုံး ၆-လက်မပိုရမည်ဖြစ်ပြီး၊ ၎င်းကို မြေသားနံရံတွင် သံရိုက်ထားရပါမည်။ မြေပြိုမကျအောင် တူးမြေများကို ခပ်ဝေးဝေး လွတ်ရာသို့ ပုံထားရမည် ဖြစ်ပါသည်။ မြေတူးကတည်းက သပ်သပ်ရပ်ရပ် တူးဖို့လိုပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

Credit: Kyawlwin Htun

 

 

[Zawgyi]

" Footing တလုံး၏ အဂၤါရပ္မ်ား "

1. compacted grade

2. Levelling course / lean concrete /C10 or C15

3. Structural concrete C25 or C30

4. Main bar

5. Column dowel bar / starter bar

6. Kicker

7. Tie ring for starter bar

8. Side cover

9. Bottom cover

10. Starter cover

1. Compacted grade

Foundation ခ်တဲ့အခါ၊ အနည္းဆုံး အနက္ဘယ္ေလာက္အထိ ခ် သင့္ပါသလဲ။

၁။ သာမာန္ လူေနအိမ္ေတြမွာ ေတာ့၊ ၂ ေပခြဲ ၃ေပ ေလာက္ခ်ၾကပါတယ္။ ၂ေပခြဲ ၃ေပ ဆိုတာ top soil ဖယ္ၿပီးသားျဖစ္ရပါ့မယ္။

၂။ ျခံအတြင္းမွာ႐ွိေသာ၊ တနည္းအားျဖင့္ footing အနီးတဝိုက္တြင္႐ွိေသာ၊ ေျမသားသည္၊ ေရစီးေၾကာင္းထဲ က်မေနရပါဘူး။

၃။ အေဆာက္အဦးသည္ ေရစီးေၾကာင္းထဲ၊ ေရေဝဧရိယာထဲ၊ က်ေနပါကလည္း ေျမႀကီးကို ေရစားမသြားေအာင္၊ လိုအပ္ေသာ အကာအကြယ္မ်ား ျပဳလုပ္ထားရပါမည္။

၄။ ယခုအခါ drawing အတိုင္း တည္ေဆာက္သည္ ဆိုေသာ ျပႆနာ ႐ွိလာပါသည္။ drawing မွာေတာ့ footing မ်ားသည္ အနိမ့္အျမင့္ elevation တူညီၾကပါသည္။ သို႔ေသာ္ ေျမအေနအထား ေစာင္းေနသည္မ်ားကို ၾကဳံေတြ႕ရေသာအခါ ေတာ္ရိေလ်ာ္ရိ ေျမခုၿပီး foundation ခ်ေနသျဖင့္ drawing အတိုင္း တည္ေဆာက္သည့္ ျပႆနာ ေပၚလာရျခင္း ျဖစ္ပါသည္။

၅။ ထိုသို႔ ေျမေစာင္းသည့္အခါ foundation ကို၊ နက္လိုက္သည္က စိတ္ခ်ရပါသည္။ သို႔ေသာ္ ကုန္က် စရိတ္ေတာ့ တက္လာပါသည္။

၆။ ေျမေဆြးကိုလႊာၿပီး၊ ၆" တလႊာျခင္း၊ ေသေသခ်ာခ်ာ သိပ္သည္းေအာင္ ေဆာင္႐ြက္လို႔လည္း ရႏိုင္ပါသည္။ ကြၽန္ေတာ္ေတာ့မႀကိဳက္ပါ။

၇။ ႐ႊံ႕ေျမတြင္ အေပၚယံေျမလႊာမပါ depth of foundation သည္ 1 meter ႐ွိမွသာလွ်င္ အေဆာက္အဦးေကာင္း တခုကို ရ႐ွိႏိုင္ပါသည္။ အလယ္အလပ္အားျဖင့္ 0.9 meter၊ အဖ်င္းဆုံး 0.75 meter ႐ွိသင့္ပါသည္။

၈။ ယခုအခါ ပုံစံအတိုင္းဆိုၿပီး ေလေပၚဝဲ footing မ်ား ျပဳလုပ္ၾကေပရာ၊ လြန္စြာ မေလ်ာ္ကန္ မေလ်ာက္ပတ္သည္ကို ေတြ႕ျမင္ေနရပါသည္။

" Footing Concreting " ******************

၁။ footing concrete သြန္းေလာင္းရာတြင္၊ ထိစပ္ေျမသည္၊ မိုးေရဝင္လို႔ေသာ္လည္းေကာင္း၊ ေရစိမ့္ထြက္ေသာေၾကာင့္ေသာ္လည္းေကာင္း၊ ေျမႀကီး bearing capacity ေကာင္းစြာမ႐ွိဘဲ၊ ေပ်ာ့ၿပဲေနတက္ပါသည္။ ထို႔အျပင္ ေျမေကာင္းေသာ္လည္း ဆားေပါက္ေသာေျမ အခ်ဥ္ေပါက္ေသာ ေျမမ်ားႏွင့္လည္း ထိေတြ႕တတ္ပါသည္။

၂။ ေျမႀကီးေပ်ာ့ေနပါက bearing capacity တက္လာေအာင္၊ hardcore ႐ိုက္ျခင္း၊ လိုအပ္ပါက wood pile ႐ိုက္ျခင္းတို႔ကို ျပဳရပါမည္။

၃။ ကြန္ကရစ္ေလာင္စဥ္အခ်ိန္တြင္၊ ကြန္ကရစ္ထဲမွေရကို၊ ေျမႀကီးက စုတ္ယူျခင္း။ ေျမႀကီးထဲကေရကလည္း၊ ကြန္ကရစ္ထဲသို႔ ဝင္ေရာက္ ေရာေႏွာျခင္းတို႔၊ ျဖစ္ေပၚပါက၊ ကြန္ကရစ္စြမ္းအားကို ထိခိုက္ႏိုင္ေသာေၾကာင့္၊ ကြန္ကရစ္ႏွင့္ ေျမႀကီးၾကားတြင္၊ လိုအပ္ေသာ အကာအရံတခု ျပဳလုပ္ေပရမည္ ျဖစ္ပါသည္။

၄။ ယခုအခါ DPM ေခၚ ၊ ပလပ္စတိတ္စမ်ားကို၊ တြင္က်ယ္စြာ၊ အသုံးျပဳလာၾကၿပီျဖစ္ပါသည္။

1. Hardcore ခင္းပါ။

2. သဲထည့္ပါ။

3. Plate compactor ႐ိုက္ပါ။

4. ေရေလာင္းပါ။

5. သဲညႇိၿပီး plate compactor အေခ်ာ႐ိုက္ပါ။

6. DPM ခင္းပါ။

7. Lean concrete ေလာင္းပါ။

သို႔မွသာ သံဆင္ဖို႕အဆင္ေျပမည္ ျဖစ္ပါသည္။ DPM ခင္းသည့္အခါတြင္လည္း footing depth ထက္၊ အနည္းဆုံး ၆-လက္မပိုရမည္ျဖစ္ၿပီး၊ ၎ကို ေျမသားနံရံတြင္ သံ႐ိုက္ထားရပါမည္။ ေျမၿပိဳမက်ေအာင္ တူးေျမမ်ားကို ခပ္ေဝးေဝး လြတ္ရာသို႔ ပုံထားရမည္ ျဖစ္ပါသည္။ ေျမတူးကတည္းက သပ္သပ္ရပ္ရပ္ တူးဖို႕လိုပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit to Photo

Credit: Kyawlwin Htun

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service