အမှိုက် - Property Knowledge in Myanmar from iMyanmarHouse.com
679 Views

အမှိုက်

Knowledge | Posted by Si Thu Aung

[Unicode]

ကျွန်တော်တို့တိုက်က ရှစ်လွှာတိုက်ခန်းဖြစ်သည်။ရင်ခွဲတိုက်မဟုတ်သဖြင့် မျက်နှာချင်းဆိုင် အခန်းတို့မရှိ။ ကိုယ့်အိမ်ရှေ့ လှေကားဧရိယာကို အသန့်ရှင်းဆုံးဖြစ်အောင်ထားသည်။

အမှိုက်သရိုက်တို့ ကင်းစင်သည်။ပိုးမျှင်တို့ကို မကြာမကြာရှင်းပေးသဖြင့် အိမ်အဝင်မျက်နှာသာက ဖြတ်သွားဖြတ်လာသူတွေအတွက်လည်း စိတ်ကြည်နူးစေမည်။ အနံ့အသက်တိုးလည်း ကင်းစေသည်။ ကိုယ်တက်ခဲ့ရသည့် လှေကားတစ်လျှောက်ကို အတတ်နိုင်ဆုံး သန့်ရှင်းရေးလုပ်ပေးထားသဖြင့် သန့်ရှင်းနေသည်။

ဒါကအောက်ထပ်ရှိအခန်းတွေ လူမနေခင်ကတော့ သန့်ရှင်းမှုနှင့် အနံ့အသက်တို့ကောင်းသေးသည်။ အောက်ထပ်အခန်းတို့ကို အလုပ်ခန်းတွေအဖြစ်ငှားပြီးသည့်နောက်တွင် အဆင်းအတက်လှေကား၏ အနေအထားသည် တစ်မျိုးတဖုံပြောင်းလဲသွားသည်။ တိုက်ခန်းနေသူတိုင်းသည် မိမိတို့သက်ဆိုင်ရာ အခန်းနှင့် အခန်းရှေ့ဧရိယာတို့ ကို သန့်ရှင်းမှုတာဝန်ယူရမှာသည် သီးခြား အမိန့်ထုတ်ရမည့်ကိစ္စမဟုတ်ပေ။အိမ်တိုင်း လုပ်ဆောင်ရမည့် ဝတ္တရားသာဖြစ်သည်။

အလုပ်ရုံးခန်းဖွင့်ထားသည့်အတွက် လူအဝင်အထွက်တွေကများသည်။အခန်းနေသူက မလုပ်သော်လည်း ဧည့်သည်များက အခန်းရှေ့ လှေကားမျက်နှာစာကို သတိမထားလျှင် လုပ်ချင်သလိုလုပ်သွားတတ်သည်။ တစ်ယောက်ယောက်က စက္ကူတစ်စ၊တစ်ရှူးတစ်စကို ထိုလှေကားဧရိယာတွင်ပစ်လိုက်ပါက ချက်ချင်း ရှင်းရင်ရှင်း။ထိုသို့မဟုတ်ဘဲ အမှိုက်တစ်စကို မရှင်းဘဲထားလိုက်လျှင် နောက်ရက်များတွင် ကွမ်းတံတွေး၊နှပ်ချီး၊ ချွဲသလိပ်နှင့်သုံးပြီးသား Mask များပါစွန့်ပစ်လာသည့် အထိ အမှိုက်တို့များလာပါသည်။

ထိုအထပ်တို့တွင် အမြဲနေထိုင်သူများပင် ဖြတ်သွားဖြတ်လာ အဆင်းအတက်လုပ်သည့်အခါတိုင်း ထိုအမှိုက်တို့ စွန်ပစ်ရာနေရာရောက်လျှင် အနည်းဆုံး တံတွေးထွေးချင်စိတ်တော့ ပေါက်လာတတ်သည်။

အမှိုက်တစ်စက စသည့်ကိစ္စသည် နောက်ပိုင်း ထိုနေရာနှင့်အနီးဝန်းကျင်ကိုပါ ညစ်ပတ်စေသည့်အထိ ဖြစ်လာပါလိမ့်မည်။ထိုလှေကားတစ်လျှောက်ရှိ နေရာတိုင်းကို အမှိုက်တံတွေးတို့ စွန့်ပစ်လို့ရသည်ဟု ထင်လာကြသည်။

နောက်ပိုင်းကြာလာသည့်အခါ လှေကားဧရိယာရှိလေထုသည် အနံ့ဆိုးတို့ဖြင့် ညစ်ညမ်းသွားတော့သည်။

ထို့အတူပါပဲ ကျွန်တော်တို့ရဲ့ဦးခေါင်းအတွင်း တနည်းအားဖြင့် ဦးနှောက်အတွင်းကိုလည်း အမှိုက်များကို မိမိတို့ကိုယ်တိုင်ထည့်မိတတ်ကြပါသည်။ထည့်လိုက်မှန်း မသိလိုက်ဘဲ တစ်စတစ်စထည့်လိုက်မိခြင်းဖြစ်သည်။

အလိုမကျခြင်း၊အစဉ်မပြေခြင်းတွေကနေ ဦးနှောက်မှာ မကောင်းသော အတွေးအမြင်အမှိုက်တို့ တစ်စတစ်စ စုပုံလာစေသည်။ဦးနှောက်မှာ ထိုသို့မကောင်းသော အတွေးအမှိုက်တို့များလာခြင်းက အတွေးအမြင်ကောင်းတို့ ဖြစ်ပေါ်လာဖို့ ကိုလည်း အဟန့်အတားဖြစ်စေလေသည်။ဘဝရှေ့ရေးကိုလည်း မတွေးနိုင်တော့၊ မဂ်ဖိုအရေးကို လည်း မကျင့်ကြံနိုင်တော့ပေ။

ထို့ကြောင့် လူ့ပတ်ဝန်းကျင်တွင် ရုပ်ဝတ္ထုအမှိုက်သရိုက်တို့ကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ကျွန်တော်တို့ နေ့စဉ်ရှင်းလင်းဖို့လုပ်ဆောင်နေရလျှင် ဘဝတိုးတက်ဖို့ အတွက် အဓိကကျလှသော ဦးနှောက်နှင့်နှလုံးသားတွင် ထင်ဟပ်ကပ်ငြိဖြစ်လာနိုင်သည့် အမှတ်မှား၊အတွေးမှား၊အမြင်မှားဖြစ်သော အမှိုက်တို့ကို တစ်စအတင်မခံဘဲ ဖြစ်ပေါ်လာတိုင်း ချက်ခြင်းရှင်းလင်းဖို့ လိုအပ်လှပါကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အမႈိက္

ကၽြန္ေတာ္တို႔တိုက္က ရွစ္လႊာတိုက္ခန္းျဖစ္သည္။ရင္ခြဲတိုက္မဟုတ္သျဖင့္ မ်က္ႏွာခ်င္းဆိုင္ အခန္းတို႔မရွိ။ ကိုယ့္အိမ္ေရွ႕ ေလွကားဧရိယာကို အသန္႔ရွင္းဆုံးျဖစ္ေအာင္ထားသည္။

အမႈိက္သရိုက္တို႔ ကင္းစင္သည္။ပိုးမွ်င္တို႔ကို မၾကာမၾကာရွင္းေပးသျဖင့္ အိမ္အဝင္မ်က္ႏွာသာက ျဖတ္သြားျဖတ္လာသူေတြအတြက္လည္း စိတ္ၾကည္နူးေစမည္။ အနံ႔အသက္တိုးလည္း ကင္းေစသည္။ ကိုယ္တက္ခဲ့ရသည့္ ေလွကားတစ္ေလွ်ာက္ကို အတတ္ႏိုင္ဆုံး သန္႔ရွင္းေရးလုပ္ေပးထားသျဖင့္ သန္႔ရွင္းေနသည္။

ဒါကေအာက္ထပ္ရွိအခန္းေတြ လူမေနခင္ကေတာ့ သန္႔ရွင္းမႈႏွင့္ အနံ႔အသက္တို႔ေကာင္းေသးသည္။ ေအာက္ထပ္အခန္းတို႔ကို အလုပ္ခန္းေတြအျဖစ္ငွားၿပီးသည့္ေနာက္တြင္ အဆင္းအတက္ေလွကား၏ အေနအထားသည္ တစ္မ်ိဳးတဖုံေျပာင္းလဲသြားသည္။ တိုက္ခန္းေနသူတိုင္းသည္ မိမိတို႔သက္ဆိုင္ရာ အခန္းႏွင့္ အခန္းေရွ႕ဧရိယာတို႔ ကို သန္႔ရွင္းမႈတာဝန္ယူရမွာသည္ သီးျခား အမိန္႔ထုတ္ရမည့္ကိစၥမဟုတ္ေပ။အိမ္တိုင္း လုပ္ေဆာင္ရမည့္ ဝတၱရားသာျဖစ္သည္။

အလုပ္ရုံးခန္းဖြင့္ထားသည့္အတြက္ လူအဝင္အထြက္ေတြကမ်ားသည္။အခန္းေနသူက မလုပ္ေသာ္လည္း ဧည့္သည္မ်ားက အခန္းေရွ႕ ေလွကားမ်က္ႏွာစာကို သတိမထားလွ်င္ လုပ္ခ်င္သလိုလုပ္သြားတတ္သည္။ တစ္ေယာက္ေယာက္က စကၠဴတစ္စ၊တစ္ရွဴးတစ္စကို ထိုေလွကားဧရိယာတြင္ပစ္လိုက္ပါက ခ်က္ခ်င္း ရွင္းရင္ရွင္း။ထိုသို႔မဟုတ္ဘဲ အမႈိက္တစ္စကို မရွင္းဘဲထားလိုက္လွ်င္ ေနာက္ရက္မ်ားတြင္ ကြမ္းတံေတြး၊ႏွပ္ခ်ီး၊ ခၽြဲသလိပ္ႏွင့္သုံးၿပီးသား Mask မ်ားပါစြန္႔ပစ္လာသည့္ အထိ အမႈိက္တို႔မ်ားလာပါသည္။

ထိုအထပ္တို႔တြင္ အျမဲေနထိုင္သူမ်ားပင္ ျဖတ္သြားျဖတ္လာ အဆင္းအတက္လုပ္သည့္အခါတိုင္း ထိုအမႈိက္တို႔ စြန္ပစ္ရာေနရာေရာက္လွ်င္ အနည္းဆုံး တံေတြးေထြးခ်င္စိတ္ေတာ့ ေပါက္လာတတ္သည္။

အမႈိက္တစ္စက စသည့္ကိစၥသည္ ေနာက္ပိုင္း ထိုေနရာႏွင့္အနီးဝန္းက်င္ကိုပါ ညစ္ပတ္ေစသည့္အထိ ျဖစ္လာပါလိမ့္မည္။ထိုေလွကားတစ္ေလွ်ာက္ရွိ ေနရာတိုင္းကို အမႈိက္တံေတြးတို႔ စြန္႔ပစ္လို႔ရသည္ဟု ထင္လာၾကသည္။

ေနာက္ပိုင္းၾကာလာသည့္အခါ ေလွကားဧရိယာရွိေလထုသည္ အနံ႔ဆိုးတို႔ျဖင့္ ညစ္ညမ္းသြားေတာ့သည္။

ထို႔အတူပါပဲ ကၽြန္ေတာ္တို႔ရဲ႕ဦးေခါင္းအတြင္း တနည္းအားျဖင့္ ဦးေႏွာက္အတြင္းကိုလည္း အမႈိက္မ်ားကို မိမိတို႔ကိုယ္တုိင္ထည့္မိတတ္ၾကပါသည္။ထည့္လိုက္မွန္း မသိလိုက္ဘဲ တစ္စတစ္စထည့္လိုက္မိျခင္းျဖစ္သည္။

အလိုမက်ျခင္း၊အစဥ္မေျပျခင္းေတြကေန ဦးေႏွာက္မွာ မေကာင္းေသာ အေတြးအျမင္အမႈိက္တို႔ တစ္စတစ္စ စုပုံလာေစသည္။ဦးေႏွာက္မွာ ထိုသို႔မေကာင္းေသာ အေတြးအမႈိက္တို႔မ်ားလာျခင္းက အေတြးအျမင္ေကာင္းတို႔ ျဖစ္ေပၚလာဖို႔ ကိုလည္း အဟန္႔အတားျဖစ္ေစေလသည္။ဘဝေရွ႕ေရးကိုလည္း မေတြးႏိုင္ေတာ့၊ မဂ္ဖိုအေရးကို လည္း မက်င့္ၾကံႏိုင္ေတာ့ေပ။

ထို႔ေၾကာင့္ လူ႔ပတ္ဝန္းက်င္တြင္ ရုပ္ဝတၳဳအမႈိက္သရိုက္တို႔ကို သန္႔သန္႔ရွင္းရွင္းျဖစ္ေအာင္ ကၽြန္ေတာ္တို႔ ေန႔စဥ္ရွင္းလင္းဖို႔လုပ္ေဆာင္ေနရလွ်င္ ဘဝတိုးတက္ဖို႔ အတြက္ အဓိကက်လွေသာ ဦးေႏွာက္ႏွင့္ႏွလုံးသားတြင္ ထင္ဟပ္ကပ္ၿငိျဖစ္လာႏိုင္သည့္ အမွတ္မွား၊အေတြးမွား၊အျမင္မွားျဖစ္ေသာ အမႈိက္တို႔ကို တစ္စအတင္မခံဘဲ ျဖစ္ေပၚလာတိုင္း ခ်က္ျခင္းရွင္းလင္းဖို႔ လိုအပ္လွပါေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service