ကြိတ်မှန်ရွက် - Property Knowledge in Myanmar from iMyanmarHouse.com
3055 Views

ကြိတ်မှန်ရွက်

Knowledge | Posted by Hnin Ei Khin

[Unicode]

 

အမာရွတ် သက်သာစေဖို့၊ ဆံပင်သန်စေဖို့၊ မျက်ခုံးမွေးနက်အောင်ဆိုပြီး အသုံးပြုကြတဲ့ ကြိတ်မှန်ရွက်က ထွေထွေထူးထူး ပြောစရာမလိုအောင် သိထားပြီး ဖြစ်ပေမယ့် ဒီနည်းလမ်းတွေအပြင် အခြား ဘယ်လို အသုံးဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကြိတ်မှန်ရွက် ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကြိတ်မှန်ရွက် ဆိုတာ

ကြိတ်မှန်ရွက်လို့ ဆိုပေမယ့် တကယ်ကတော့ ကြိတ်မှန်ပင် တစ်ပင်လုံး ပဉ္စ ငါးပါးစလုံးက ဆေးဖက်ဝင်တာပါ။ ကြိတ်မှန်ပင်ကို ဆေးဖက်ဝင် တိုင်းရင်းဆေးဝါးအနေနဲ့ အာရှဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် ဆံသားနဲ့ အရေပြားအတွက် အသုံးပြုကြတာပါ။ အသည်းကျန်းမာစေဖို့ အသုံးပြုကြတာတွေလည်း ရှိပါတယ်။ နေကြာမျိုးရင်းပင် တစ်မျိုးဖြစ်ပြီး False Daisy လို့လည်း သိကြပါတယ်။ သိပ္ပံ နာမည်က Eclipta prostrata ပါ။

တော်တော်များများကတော့ ကြိတ်မှန်ရွက်ဟာ အိန္ဒိယတိုက် မျိုးရင်းပင်လို့ ယုံကြည်ကြပါတယ်။ အပူပိုင်းနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။ ဘရာဇီး၊ ထိုင်း၊ တရုတ်နိုင်ငံတွေမှာ ပေါက်ရောက်ကြသလို မြန်မာနိုင်ငံမှာလည်း အလေ့ကျသဘောနဲ့ ပေါက်ရောက်ပါတယ်။ နေကြာပန်းလို ပန်းသေးသေးလေး ပွင့်တတ်ပြီး အရောင်ကတော့ နေရာဒေသကို လိုက်လို့ အနီ၊ အပြာ၊အဝါ၊ နို့နှစ်ရောင်ဆိုပြီး အမျိုးမျိုး ကွဲပြားပါတယ်။ အရွက်လေးတွေက စိမ်းပြီး ရှည်မြောမြောလေးတွေပါ။ ရွက်ဆိုင်လေးတွေ ပေါက်တာပါ။ ရိုးတံက နီနီလေးနဲ့ ကျစ်ကျစ်လေးပါ။

အသုံးပြုပုံများ

ကြိတ်မှန်ရွက်ကို ဘယ်လို အသုံးပြုကြသလဲ။ ဘာတွေအတွက် အသုံးပြုကြသလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

အသည်း ကျန်းမာစေတယ်

ကြိတ်မှန်ရွက်ကို အသည်းရောင်တာအတွက် အသုံးပြုကြပါတယ်။ အသည်းကျန်းမာစေပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ အသည်းရောင်တာက နောက်ပိုင်းမှာ အသားတွေပါ ဝါလာစေပါတယ်။ ကြိန်မှန်ရွက်ကတော့ အသည်းကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့လို့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ယုံကြည်ခဲ့ကြတာပါ။

အစာအိမ် ကျန်းမာစေတယ်

ကြိတ်မှန်ရွက်ရဲ့ ကျန်းမာရေး အာနိသင် တစ်ရပ်က အစာခြေစနစ် နဲ့ အစာအိမ်ကို ကျန်းမာစေတာပါ။ အစာမကြေတာ၊ ဝမ်းချုပ်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ကြိတ်မှန်ရွက်မှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်

ကြိတ်မှန်ရွက် သတ္တုရည်က ကင်ဆာကုသမှုအတွက် အထောက်အကူပြုနိုင်ပါတယ်။ ကြိတ်မှန်ရွက်က ကင်ဆာဆဲလ်တွေ ပွားတာကို လျှော့ချပေးနိုင်ပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်တာကို ဟန့်တားပေးပါတယ်။ ဆဲလ်တွေ ကွဲပွားတာ သန္ဓေပြောင်းတာတွေ မဖြစ်အောင် တားဆီးပေးပါတယ်။

အူမကြီးရောင်တာကို သက်သာစေနိုင်တယ်

ကြိတ်မှန်ရွက်ကို လိပ်ခေါင်းရောဂါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရောင်ကျစေနိုင်သလို အကိုက်အခဲ သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ဆံသားကျန်းမာစေတယ်

ဆံပင်ပါးတာ၊ ဦးရေပြား ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးပြီး ဦးရေပြားခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆံပင်အသစ်ပေါက်စေဖို့လည်း ထောက်ကူပေ းနိုင်ပါတယ်။ ဆံပင်ကို အဖျားကနေ အရင်းအထိ အားဖြည့်ပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ကြိတ်မှန်ရွက်မှာ ဘက်တီးရီးယားတွေ နဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်နေတာကိုလည်း ထိထိရောက်ရောက် သက်သာစေပါတယ်။ ဆီးအိမ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

အသက်ရှူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ချောင်းဆိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့လည်း ကြိတ်မှန်ရွက်ကို အသုံးပြုကြပါတယ်။ ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်အောင် ထောက်ကူပေးပါတယ်။ အသက်ရှူလမ်းကြောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပါတယ်။

မျက်လုံးကျန်းမာစေတယ်

ကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြိတ်မှန်ရွက်က မျက်လုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေတာက မျက်လုံးကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေတိမ်ဖြစ်တာ၊ အတွင်းတိမ်ဖြစ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကျန်းမာစေပါတယ်။

အသားအရေ ကျန်းမာစေတယ်

မီးပူလောင်၊ ဆီပူလောင်တာကြောင့် အရေပြားမှာ အမာရွတ် ကျန်းမာတွေကို သက်သာစေဖို့လည်း ကြိတ်မှန်ရွက် သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုး

ဘေးထွက်ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။

သတိပြုရန် အချက်များ

ကြိတ်မှန်ရွက်ကို အရေပြားပေါ်မှာ ဦးရေပြားမှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

ကြိတ်မှန်ရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ႀကိတ္မွန္႐ြက္

 

အမာ႐ြတ္ သက္သာေစဖို႔၊ ဆံပင္သန္ေစဖို႔၊ မ်က္ခုံးေမြးနက္ေအာင္ဆိုၿပီး အသုံးျပဳၾကတဲ့ ႀကိတ္မွန္႐ြက္က ေထြေထြထူးထူး ေျပာစရာမလိုေအာင္ သိထားၿပီး ျဖစ္ေပမယ့္ ဒီနည္းလမ္းေတြအျပင္ အျခား ဘယ္လို အသုံးဝင္လဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။ ႀကိတ္မွန္႐ြက္ ဘယ္လိုမ်ား ေဆးဖက္ဝင္လဲဆိုတာကို အတူတူ ၾကည့္လိုက္ရေအာင္ေနာ္။

ႀကိတ္မွန္႐ြက္ ဆိုတာ

ႀကိတ္မွန္႐ြက္လို႔ ဆိုေပမယ့္ တကယ္ကေတာ့ ႀကိတ္မွန္ပင္ တစ္ပင္လုံး ပၪၥ ငါးပါးစလုံးက ေဆးဖက္ဝင္တာပါ။ ႀကိတ္မွန္ပင္ကို ေဆးဖက္ဝင္ တိုင္းရင္းေဆးဝါးအေနနဲ႔ အာ႐ွေဒသမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း မ်ားစြာကတည္းက အသုံးျပဳခဲ့ၾကပါတယ္။ အထူးသျဖင့္ ဆံသားနဲ႔ အေရျပားအတြက္ အသုံးျပဳၾကတာပါ။ အသည္းက်န္းမာေစဖို႔ အသုံးျပဳၾကတာေတြလည္း ႐ွိပါတယ္။ ေနၾကာမ်ိဳးရင္းပင္ တစ္မ်ိဳးျဖစ္ၿပီး False Daisy လို႔လည္း သိၾကပါတယ္။ သိပၸံ နာမည္က Eclipta prostrata ပါ။

ေတာ္ေတာ္မ်ားမ်ားကေတာ့ ႀကိတ္မွန္႐ြက္ဟာ အိႏၵိယတိုက္ မ်ိဳးရင္းပင္လို႔ ယုံၾကည္ၾကပါတယ္။ အပူပိုင္းႏိုင္ငံေတြမွာ ေပါက္ေရာက္ပါတယ္။ ဘရာဇီး၊ ထိုင္း၊ တ႐ုတ္ႏိုင္ငံေတြမွာ ေပါက္ေရာက္ၾကသလို ျမန္မာႏိုင္ငံမွာလည္း အေလ့က်သေဘာနဲ႔ ေပါက္ေရာက္ပါတယ္။ ေနၾကာပန္းလို ပန္းေသးေသးေလး ပြင့္တတ္ၿပီး အေရာင္ကေတာ့ ေနရာေဒသကို လိုက္လို႔ အနီ၊ အျပာ၊အဝါ၊ ႏို႔ႏွစ္ေရာင္ဆိုၿပီး အမ်ိဳးမ်ိဳး ကြဲျပားပါတယ္။ အ႐ြက္ေလးေတြက စိမ္းၿပီး ႐ွည္ေျမာေျမာေလးေတြပါ။ ႐ြက္ဆိုင္ေလးေတြ ေပါက္တာပါ။ ႐ိုးတံက နီနီေလးနဲ႔ က်စ္က်စ္ေလးပါ။

အသုံးျပဳပုံမ်ား

ႀကိတ္မွန္႐ြက္ကို ဘယ္လို အသုံးျပဳၾကသလဲ။ ဘာေတြအတြက္ အသုံးျပဳၾကသလဲဆိုတာကို ဆက္ၾကည့္လိုက္ရေအာင္ေနာ္။

အသည္း က်န္းမာေစတယ္

ႀကိတ္မွန္႐ြက္ကို အသည္းေရာင္တာအတြက္ အသုံးျပဳၾကပါတယ္။ အသည္းက်န္းမာေစၿပီး အသည္းရဲ႕ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစပါတယ္။ အသည္းေရာင္တာက ေနာက္ပိုင္းမွာ အသားေတြပါ ဝါလာေစပါတယ္။ ႀကိန္မွန္႐ြက္ကေတာ့ အသည္းကို က်န္းမာေစဖို႔ ေထာက္ကူေပးႏိုင္တဲ့လို႔ လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက ယုံၾကည္ခဲ့ၾကတာပါ။

အစာအိမ္ က်န္းမာေစတယ္

ႀကိတ္မွန္႐ြက္ရဲ႕ က်န္းမာေရး အာနိသင္ တစ္ရပ္က အစာေျခစနစ္ နဲ႔ အစာအိမ္ကို က်န္းမာေစတာပါ။ အစာမေၾကတာ၊ ဝမ္းခ်ဳပ္တာေတြကို သက္သာေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။ ႀကိတ္မွန္႐ြက္မွာ အစာေျခစနစ္ကို က်န္းမာေစတဲ့ ေအာ္ဂဲနစ္ျဒပ္ေပါင္းမ်ားစြာ ပါဝင္ေနပါတယ္။

ကင္ဆာျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္တယ္

ႀကိတ္မွန္႐ြက္ သတၱဳရည္က ကင္ဆာကုသမႈအတြက္ အေထာက္အကူျပဳႏိုင္ပါတယ္။ ႀကိတ္မွန္႐ြက္က ကင္ဆာဆဲလ္ေတြ ပြားတာကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ကင္ဆာဆဲလ္ေတြ ျဖစ္ေပၚတာကို ဟန္႔တားေပးပါတယ္။ ဆဲလ္ေတြ ကြဲပြားတာ သေႏၶေျပာင္းတာေတြ မျဖစ္ေအာင္ တားဆီးေပးပါတယ္။

အူမႀကီးေရာင္တာကို သက္သာေစႏိုင္တယ္

ႀကိတ္မွန္႐ြက္ကို လိပ္ေခါင္းေရာဂါ သက္သာေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။ အေရာင္က်ေစႏိုင္သလို အကိုက္အခဲ သက္သာေစႏိုင္ပါတယ္။ လိပ္ေခါင္းေၾကာင့္ နာက်င္ေရာင္ရမ္းတာကို သက္သာေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။

ဆံသားက်န္းမာေစတယ္

ဆံပင္ပါးတာ၊ ဦးေရျပား ေဗာက္ထတာ၊ ဆံပင္ကြၽတ္တာေတြကို သက္သာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ ဦးေရျပားကို အစိုဓာတ္ ထိန္းေပးၿပီး ဦးေရျပားေျခာက္ေသြ႕မႈ ကင္းေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ ဆံပင္အသစ္ေပါက္ေစဖို႔လည္း ေထာက္ကူေပ းႏိုင္ပါတယ္။ ဆံပင္ကို အဖ်ားကေန အရင္းအထိ အားျဖည့္ေပးပါတယ္။

ဆီးလမ္းေၾကာင္း ပိုးဝင္တာကို သက္သာေစတယ္

ႀကိတ္မွန္႐ြက္မွာ ဘက္တီးရီးယားေတြ နဲ႔ ပိုးမႊားေတြကို ဖယ္႐ွားေပးႏိုင္တဲ့ အာနိသင္ေတြ႐ွိပါတယ္။ ဆီးလမ္းေၾကာင္း ပိုးမဝင္ေအာင္ ကာကြယ္ေပးႏိုင္သလို ဆီးလမ္းေၾကာင္း ပိုးဝင္ေနတာကိုလည္း ထိထိေရာက္ေရာက္ သက္သာေစပါတယ္။ ဆီးအိမ္ က်န္းမာေစဖို႔လည္း ေထာက္ကူေပးပါတယ္။

အသက္႐ွဴလမ္းေၾကာင္း က်န္းမာေစတယ္

အသက္႐ွဴလမ္းေၾကာင္း က်န္းမာေရးျပႆနာေတြ ျဖစ္ၾကတဲ့ ေခ်ာင္းဆိုးတာလိုမ်ိဳး က်န္းမာေရးျပႆနာေတြ သက္သာေစဖို႔လည္း ႀကိတ္မွန္႐ြက္ကို အသုံးျပဳၾကပါတယ္။ ဘက္တီးရီးယားေတြ ဝင္ေရာက္ကူးစက္တာမ်ိဳး မျဖစ္ေအာင္ ေထာက္ကူေပးပါတယ္။ အသက္႐ွဴလမ္းေၾကာင္းထဲက ခြၽဲသလိပ္ေတြကို ဖယ္႐ွားေပးပါတယ္။

မ်က္လုံးက်န္းမာေစတယ္

ကယ္လ္႐ိုတင္း ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ႀကိတ္မွန္႐ြက္က မ်က္လုံးေတြကို က်န္းမာေစႏိုင္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝစြာပါဝင္ေနတာက မ်က္လုံးကို ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ေရတိမ္ျဖစ္တာ၊ အတြင္းတိမ္ျဖစ္တာေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ အသက္အ႐ြယ္ေၾကာင့္ ျဖစ္တဲ့ အျမင္အာ႐ုံ ျပႆနာေတြကို က်န္းမာေစပါတယ္။

အသားအေရ က်န္းမာေစတယ္

မီးပူေလာင္၊ ဆီပူေလာင္တာေၾကာင့္ အေရျပားမွာ အမာ႐ြတ္ က်န္းမာေတြကို သက္သာေစဖို႔လည္း ႀကိတ္မွန္႐ြက္ သတၱဳရည္ကို အသုံးျပဳေပးလို႔ ရပါတယ္။ အေရျပားေပၚမွာ တိုက္႐ိုက္ အသုံးျပဳေပးလို႔ ရပါတယ္။

ေဘးထြက္ဆိုးက်ိဳး

ေဘးထြက္ဆိုးက်ိဳးရယ္လို႔ ႀကီးႀကီးမားမား မ႐ွိပါဘူး။ တစ္ခု သတိထားရမွာကေတာ့ အလြန္အကြၽံ မသုံးဖို႔ပါ။ အရင္က သုံးဖူးၿပီး ဓာတ္မတည့္ျပႆနာျဖစ္ဖူးရင္လည္း ထပ္မသုံးသင့္ပါ။

သတိျပဳရန္ အခ်က္မ်ား

ႀကိတ္မွန္႐ြက္ကို အေရျပားေပၚမွာ ဦးေရျပားမွာ တိုက္႐ိုက္အသုံးျပဳတာက ျပႆနာ မ႐ွိေပမယ့္ ေသာက္မယ္ဆိုရင္ေတာ့ ေရာဂါအခံ႐ွိသူေတြ က်န္းမာေရး ျပႆနာ တစ္ရပ္ရပ္ေၾကာင့္ ေဆးေသာက္ေနရမယ္။ ကိုယ္ဝန္ေဆာင္ျဖစ္မယ္။ ႏို႔တိုက္မိခင္ ျဖစ္မယ္ဆိုရင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္ေစခ်င္ပါတယ္။

ႀကိတ္မွန္႐ြက္နဲ႔ ပတ္သက္ၿပီး ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို ဆက္လက္ေလ့လာဖို႔ လိုပါေသးတယ္။ သဘာဝေဆးဖက္ဝင္ဆိုေပမယ့္ ဓာတုေဗဒနည္းအရ သန္႔စင္ထားျခင္း မ႐ွိရင္ ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ ျဖစ္ႏိုင္တာကို သိထားရန္ လိုအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service