တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
1570 Views

တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချပေးသွားမည်

[Unicode]

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရန်ကုန်မြို့မှာ ဩဂုတ် ၃ ရက်ကစပြီး သက်သာတဲ့ဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချ ပေးသွားမယ်လို့ ပြောကြောင်း ဝမ်းနယူးသတင်းမှ သိရပါတယ်။

အဆိုပါ တစ်အိမ်ထောင် ဆန်တစ်အိတ်နှုန်းကို ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဝါးတန်းဆိပ်ကမ်းနယ်မြေမှာ နေ့စဉ်မနက်(၉)နာရီ ကနေ ညနေ(၃)နာရီခွဲအထိ ရောင်းချပေးသွားမှာဖြစ်ပြီး ယခုရောင်းချမည့်ဆန်များမှာ အပြင်လက်လီပေါက်ဈေးထက်သက်သာကြောင်းလည်း သိရသည်။

တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းရောင်းချမှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ရောင်းချပေးခြင်းဖြစ်ကြောင်း အဆိုပါသတင်းအရသိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရောင်းချပေးမယ့် ဆန်ဈေးနှုန်းတွေကတော့ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် ၅၂,၀၀၀ ကနေ ကျပ် ၅၅,၀၀၀ ကြား၊ ကြားပျံတစ်အိတ်ကို ကျပ် ၅၅,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ်၇၅,၀၀၀ ကနေ ကျပ် ၇၇,၀၀၀ ကြား၊ ရက်(၉၀)အမျိုးအစား တစ်အိတ်ကို ကျပ် ၃၅,၀၀၀ ကနေ ကျပ် ၃၇,၀၀၀ ကြား ရောင်းချပေးသွားမှာဖြစ်ကြောင်း အဆိုပါသတင်းအရ သိရပါတယ်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 







Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service