အိမ်သာအထ မှာ မူးသွားတာ ဘာကြောင့်လဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
5389 Views

အိမ်သာအထ မှာ မူးသွားတာ ဘာကြောင့်လဲ။

Knowledge | Posted by Hnin Ei Khin

[Unicode]

အိမ်သာသွားတုန်းကအကောင်း ပြန်လည်းထရော ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတာကို ကြုံဖူးမှာပါ။ မူးမေ့သွားတော့မတတ် ခံလိုက်ရတာကြောင့် စိတ်ထဲမှာ တော်တော်ကြောက်သွားမှာပါ။ ဒီလို ဖြစ်ရတာ ဘာကြောင့်လဲ။ တော်ကြာ အိမ်သာအထ မှာ မူးရာကနေ အသက်ပါပါသွားရင် ဘယ်လိုလုပ်မလဲ။

အိမ်သာအထ မှာ မူးသွားရတဲ့ အကြောင်းရင်း

အိမ်သာအထ မှာ မူးသွားရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ တချို့ကလည်း အိမ်သာအထမှမဟုတ် ဘယ်အချိန်မှာမဆို ဖြစ်နိုင်တာတွေလည်း ရှိပါတယ်။

Vasovagal reflex

အာရုံကြောစနစ်တစ်ခုလို့ပဲ အလွယ်ပြောရအောင်ပါ။ ဒီဟာက လူတိုင်းမှာ ရှိပါတယ်။ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။

Vasovagal reflexဆိုတာ ခန္ဓာကိုယ်မှာ ရှိတဲ့ vagus nerveကို လှုံ့ဆော်တဲ့ စနစ်တစ်ခုပါ။ သူက အာရုံကြောစနစ်အပြင် နှလုံးနဲ့ သွေးလှည့်ပတ်မှုအပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် vagus nerveကို လှုံ့ဆော်လိုက်တဲ့အခါ ဦးနှောက်ကို အချက်ပြတဲ့အတွက် ရုတ်တရက် သွေးပေါင်နဲ့ နှလုံးခုန်နှုန်းတွေ ထိုးကျပြီး မူးမေ့ချင်သလို ဖြစ်လာပါတယ်။

Vasovagal မှာ Vaso ဆိုတာ သွေးကြောပါ။ Vagalဆိုတာ vagus nerve ဆိုလိုတာပါ။ လူတိုင်းမှာ ရှိပေမယ့် တချို့သူတွေမှာ ပိုပြီး sensitiveဖြစ်ပါတယ်။

ဒါနဲ့ အိမ်သာတက်တာနဲ့ ဘာဆိုင်လဲဆိုတော့ အထူးသဖြင့် ဝမ်းချုပ်တဲ့သူတွေက ဝမ်းညှစ်တဲ့အခါ vagus nerve ကို လှုံ့ဆော်သလို ဖြစ်သွားပါတယ်။ တချို့ဆို လည်ပင်းကြောတွေပါ တင်းလာတဲ့အတွက် လည်ပင်းနားမှာရှိတဲ့ ဖိအား receptorsတွေကို လှုံ့ဆော်လိုက်သလို ဖြစ်တဲ့အတွက် ခုနကပြောတဲ့ Vasovagal reflex လည်သွားပြီး သွေးပေါင်တွေကျ မူးလာတာ ဖြစ်ပါတယ်။

ဝမ်းချုပ်နေလို့

ဝမ်းချုပ်တဲ့အခါ အသက်ကို ပြင်းပြင်း ရှူ၊ အသက်အောင့်ပြီး ဝမ်းကို အားရပါးရ ညှစ်လေ့ရှိပါတယ်။ ဒါကြောင့် ကြွက်သားတွေ တင်းလာပြီး နှလုံးကို သွေးပြန်ရောက်တာ နည်းသွားပါတယ်။ ဒါကြောင့် သွေးပေါင်ကျပြီး မူးလာပါတယ်။

ရေဓာတ်ဆုံးရှုံးတာ

အထူးသဖြင့် ဝမ်းသွားနေတဲ့သူတွေဆိုရင် ခဏခဏ အိမ်သာဝင်ရတဲ့အခါ ရေဓာတ်ဆုံးရှုံးပြီး သွေးပမာဏ နည်းလာပါတယ်။ ဒါကြောင့် မူးလာပါတယ်။ ဒါ့ပြင် နွေရာသီလိုမျိုးမှာ အိမ်သာက အလုံပိတ်တက်ရတဲ့အတွက် ချွေးထွက်များပြီး မူးတာလည်း ဖြစ်နိုင်ပါတယ်။

သွေးဝမ်းသွားတာ

လိပ်ခေါင်းရောဂါရှိတဲ့သူ၊ အူမကြီးသွေးယိုတတ်တဲ့သူတွေကလည်း သွေးက နည်းနည်းနဲ့ ခဏခဏ ထွက်နေဦးတော့။ ကြာလာရင် သွေးအားနည်းပြီး မူးလာမှာပါ။ တချို့ဆို သွေးဝမ်းသွားတဲ့အခါ အိမ်သာထဲမှာ တစ်ခါတည်း ပမာဏအများကြီး သွားလိုက်တဲ့အတွက် ပြန်လည်းထရော မူးနေတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလို ရေဓာတ်ဆုံးရှုံးတာ၊ သွေးဝမ်းသွားတာတွေကျ အိမ်သာအထမှာမှ မဟုတ်ပါဘူး။ ဘယ်အချိန်မှာမဆို မူးတတ်ပါတယ်။

အိမ်သာအထ မှာ မူးတာရဲ့ နောက်ဆက်တွဲ

မူးတာရဲ့ နောက်ဆက်တွဲကတော့ မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တာပါ။

အထမှာ မူးပြီး ချော်လဲမယ်။ ဒီကနေမှ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တာမျိုး။ အိမ်သာထဲမှာ လူမသိ၊ သူမသိ သတိလစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အိမ်သာအထမှာ မမူးအောင် ဘယ်လိုကာကွယ်ကြမလဲ။

Vasovagal reflex

သူက ပုံမှန်ရှိပြီးသား အာရုံကြောစနစ်ဖြစ်နေတဲ့အတွက် ကာကွယ်လို့ မရပါဘူး။ တစ်ခုရှိတာက ဒီလိုမျိုး ရုတ်တရက် ကြုံလာရပြီဆိုရင် အောက်ပါနည်းလမ်းကို လုပ်ကြည့်ပါ။

-ထလို့ မူးနေပြီဆိုရင် ချက်ချင်း ပြန်ထိုင်ချလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို လိမ်ထားလိုက်ပါ။ လက်သီးဆုပ်ပြီး လက်နဲ့ လက်မောင်းက ကြွက်သားတွေကို တင်းထားလိုက်ပါ။

-ခေါင်းကို ရှေ့နည်းနည်း ငိုက်ထားပါ။

-ဒီလို လုပ်တာက နှလုံးကို သွေးတွေ ပြန်ရောက်စေလို့ သွေးပေါင်ချိန် ပြန်တက်လာပါလိမ့်မယ်။

-စိတ်မလှုပ်ရှားပါနဲ့။ ဒီလိုဖြစ်တဲ့အချိန်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိပါတယ်။ အတတ်နိုင်ဆုံး သတိလေးကပ်ထားပါ။

ဝမ်းမချုပ်အောင် နေထိုင်စားသောက်ပါ။

ဝမ်းချုပ်တာက လိပ်ခေါင်းအပါအဝင် ခုလိုမျိုး ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လို့ တတ်နိုင်သမျှ ဝမ်းမချုပ်အောင်နေပါ။ ရေများများသောက်ပါ။ အထိုင်မများပါစေနဲ့။ အသီးအရွက်များများစားပါ။

ရေဓာတ်ပြန်ဖြည့်ပါ။

အထူးသဖြင့် ဝမ်းလျှောနေတဲ့ အချိန်ဆို ဓာတ်ဆားသောက်ဖို့ မမေ့ပါနဲ့။ ရေဓာတ်ဆုံးရှုံးလို့ မူးနေတာတစ်မျိုး၊ ပိုတက်စီယမ်တွေ နည်းသွားလို့ ခြေမခိုင်တာတစ်မျိုးနဲ့ အိမ်သာထဲမှာတင် လဲသွားပါလိမ့်မယ်။ နွေရာသီဆိုရင်လည်း အိမ်သာထဲမှာ အကြာကြီးမထိုင်ပါနဲ့။

သွေးဝမ်းသွားတာ

ဒီလိုမျိုး အူလမ်းကြောင်း ရောဂါတွေ ရှိနေရင်တော့ ရောဂါကို မွေးမထားဘဲ အမြန်လေး ကုသစေချင်ပါတယ်။ အိမ်သာထဲမှာ မူးတာအပြင် တခြားနောက်ဆက်တွဲ ဆိုးကျိုးတွေပါ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါ။

ဘာအကြောင်းရင်းမှာ မရှိဘဲ မူးမူးနေရင်တော့ Vasovagal reflexကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ ဖြစ်တုန်းခဏကို မေ့မလဲအောင် ထိန်းနိုင်ရင် ရပါပြီ။ ဒါပေမယ့် အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ မူးနေမယ်။ ပြန်ကောင်းဖို့လည်း ကြာနေမယ်ဆိုရင်တော့ တခြားရောဂါကြောင့်လား (ဥပမာ နှလုံးခုန်မမှန်တာ) ဆိုတာ သိဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 Credit: i hellosayarwon

 

 

[Zawgyi]

အိမ္သာအထ မွာ မူးသြားတာ ဘာေၾကာင့္လဲ။

 

အိမ္သာသြားတုန္းကအေကာင္း ျပန္လည္းထေရာ ေခါင္းထဲမွာ မိုက္ခနဲျဖစ္သြားတာကို ၾကဳံဖူးမွာပါ။ မူးေမ့သြားေတာ့မတတ္ ခံလိုက္ရတာေၾကာင့္ စိတ္ထဲမွာ ေတာ္ေတာ္ေၾကာက္သြားမွာပါ။ ဒီလို ျဖစ္ရတာ ဘာေၾကာင့္လဲ။ ေတာ္ၾကာ အိမ္သာအထ မွာ မူးရာကေန အသက္ပါပါသြားရင္ ဘယ္လိုလုပ္မလဲ။

အိမ္သာအထ မွာ မူးသြားရတဲ့ အေၾကာင္းရင္း

အိမ္သာအထ မွာ မူးသြားရတဲ့ အေၾကာင္းရင္းေတြက အမ်ားႀကီး ႐ွိပါတယ္။ တခ်ိဳ႕ကလည္း အိမ္သာအထမွမဟုတ္ ဘယ္အခ်ိန္မွာမဆို ျဖစ္ႏိုင္တာေတြလည္း ႐ွိပါတယ္။

Vasovagal reflex

အာ႐ုံေၾကာစနစ္တစ္ခုလို႔ပဲ အလြယ္ေျပာရေအာင္ပါ။ ဒီဟာက လူတိုင္းမွာ ႐ွိပါတယ္။ ပုံမွန္ျဖစ္စဥ္တစ္ခုပါပဲ။

Vasovagal reflexဆိုတာ ခႏၶာကိုယ္မွာ ႐ွိတဲ့ vagus nerveကို လႈံ႕ေဆာ္တဲ့ စနစ္တစ္ခုပါ။ သူက အာ႐ုံေၾကာစနစ္အျပင္ ႏွလုံးနဲ႔ ေသြးလွည့္ပတ္မႈအေပၚမွာပါ သက္ေရာက္မႈ ႐ွိပါတယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ vagus nerveကို လႈံ႕ေဆာ္လိုက္တဲ့အခါ ဦးေႏွာက္ကို အခ်က္ျပတဲ့အတြက္ ႐ုတ္တရက္ ေသြးေပါင္နဲ႔ ႏွလုံးခုန္ႏႈန္းေတြ ထိုးက်ၿပီး မူးေမ့ခ်င္သလို ျဖစ္လာပါတယ္။

Vasovagal မွာ Vaso ဆိုတာ ေသြးေၾကာပါ။ Vagalဆိုတာ vagus nerve ဆိုလိုတာပါ။ လူတိုင္းမွာ ႐ွိေပမယ့္ တခ်ိဳ႕သူေတြမွာ ပိုၿပီး sensitiveျဖစ္ပါတယ္။

ဒါနဲ႔ အိမ္သာတက္တာနဲ႔ ဘာဆိုင္လဲဆိုေတာ့ အထူးသျဖင့္ ဝမ္းခ်ဳပ္တဲ့သူေတြက ဝမ္းညႇစ္တဲ့အခါ vagus nerve ကို လႈံ႕ေဆာ္သလို ျဖစ္သြားပါတယ္။ တခ်ိဳ႕ဆို လည္ပင္းေၾကာေတြပါ တင္းလာတဲ့အတြက္ လည္ပင္းနားမွာ႐ွိတဲ့ ဖိအား receptorsေတြကို လႈံ႕ေဆာ္လိုက္သလို ျဖစ္တဲ့အတြက္ ခုနကေျပာတဲ့ Vasovagal reflex လည္သြားၿပီး ေသြးေပါင္ေတြက် မူးလာတာ ျဖစ္ပါတယ္။

ဝမ္းခ်ဳပ္ေနလို႔

ဝမ္းခ်ဳပ္တဲ့အခါ အသက္ကို ျပင္းျပင္း ႐ွဴ၊ အသက္ေအာင့္ၿပီး ဝမ္းကို အားရပါးရ ညႇစ္ေလ့႐ွိပါတယ္။ ဒါေၾကာင့္ ႂကြက္သားေတြ တင္းလာၿပီး ႏွလုံးကို ေသြးျပန္ေရာက္တာ နည္းသြားပါတယ္။ ဒါေၾကာင့္ ေသြးေပါင္က်ၿပီး မူးလာပါတယ္။

ေရဓာတ္ဆုံး႐ႈံးတာ

အထူးသျဖင့္ ဝမ္းသြားေနတဲ့သူေတြဆိုရင္ ခဏခဏ အိမ္သာဝင္ရတဲ့အခါ ေရဓာတ္ဆုံး႐ႈံးၿပီး ေသြးပမာဏ နည္းလာပါတယ္။ ဒါေၾကာင့္ မူးလာပါတယ္။ ဒါ့ျပင္ ေႏြရာသီလိုမ်ိဳးမွာ အိမ္သာက အလုံပိတ္တက္ရတဲ့အတြက္ ေခြၽးထြက္မ်ားၿပီး မူးတာလည္း ျဖစ္ႏိုင္ပါတယ္။

ေသြးဝမ္းသြားတာ

လိပ္ေခါင္းေရာဂါ႐ွိတဲ့သူ၊ အူမႀကီးေသြးယိုတတ္တဲ့သူေတြကလည္း ေသြးက နည္းနည္းနဲ႔ ခဏခဏ ထြက္ေနဦးေတာ့။ ၾကာလာရင္ ေသြးအားနည္းၿပီး မူးလာမွာပါ။ တခ်ိဳ႕ဆို ေသြးဝမ္းသြားတဲ့အခါ အိမ္သာထဲမွာ တစ္ခါတည္း ပမာဏအမ်ားႀကီး သြားလိုက္တဲ့အတြက္ ျပန္လည္းထေရာ မူးေနတာမ်ိဳး ျဖစ္တတ္ပါတယ္။

ဒီလို ေရဓာတ္ဆုံး႐ႈံးတာ၊ ေသြးဝမ္းသြားတာေတြက် အိမ္သာအထမွာမွ မဟုတ္ပါဘူး။ ဘယ္အခ်ိန္မွာမဆို မူးတတ္ပါတယ္။

အိမ္သာအထ မွာ မူးတာရဲ႕ ေနာက္ဆက္တြဲ

မူးတာရဲ႕ ေနာက္ဆက္တြဲကေတာ့ မေတာ္တဆ ထိခိုက္မႈေတြ ျဖစ္ႏိုင္တာပါ။

အထမွာ မူးၿပီး ေခ်ာ္လဲမယ္။ ဒီကေနမွ မေတာ္တဆ ထိခိုက္မႈေတြ ျဖစ္တာမ်ိဳး။ အိမ္သာထဲမွာ လူမသိ၊ သူမသိ သတိလစ္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အိမ္သာအထမွာ မမူးေအာင္ ဘယ္လိုကာကြယ္ၾကမလဲ။

Vasovagal reflex

သူက ပုံမွန္႐ွိၿပီးသား အာ႐ုံေၾကာစနစ္ျဖစ္ေနတဲ့အတြက္ ကာကြယ္လို႔ မရပါဘူး။ တစ္ခု႐ွိတာက ဒီလိုမ်ိဳး ႐ုတ္တရက္ ၾကဳံလာရၿပီဆိုရင္ ေအာက္ပါနည္းလမ္းကို လုပ္ၾကည့္ပါ။

-ထလို႔ မူးေနၿပီဆိုရင္ ခ်က္ခ်င္း ျပန္ထိုင္ခ်လိုက္ပါ။ ေျခေထာက္ႏွစ္ဖက္ကို လိမ္ထားလိုက္ပါ။ လက္သီးဆုပ္ၿပီး လက္နဲ႔ လက္ေမာင္းက ႂကြက္သားေတြကို တင္းထားလိုက္ပါ။

-ေခါင္းကို ေ႐ွ႕နည္းနည္း ငိုက္ထားပါ။

-ဒီလို လုပ္တာက ႏွလုံးကို ေသြးေတြ ျပန္ေရာက္ေစလို႔ ေသြးေပါင္ခ်ိန္ ျပန္တက္လာပါလိမ့္မယ္။

-စိတ္မလႈပ္႐ွားပါနဲ႔။ ဒီလိုျဖစ္တဲ့အခ်ိန္မွာ ဘယ္ေလာက္ေ

ၾကာက္ဖို႔ေကာင္းလဲဆိုတာ သိပါတယ္။ အတတ္ႏိုင္ဆုံး သတိေလးကပ္ထားပါ။

ဝမ္းမခ်ဳပ္ေအာင္ ေနထိုင္စားေသာက္ပါ။

ဝမ္းခ်ဳပ္တာက လိပ္ေခါင္းအပါအဝင္ ခုလိုမ်ိဳး က်န္းမာေရး ျပႆနာေတြ ျဖစ္ႏိုင္လို႔ တတ္ႏိုင္သမွ် ဝမ္းမခ်ဳပ္ေအာင္ေနပါ။ ေရမ်ားမ်ားေသာက္ပါ။ အထိုင္မမ်ားပါေစနဲ႔။ အသီးအ႐ြက္မ်ားမ်ားစားပါ။

ေရဓာတ္ျပန္ျဖည့္ပါ။

အထူးသျဖင့္ ဝမ္းေလွ်ာေနတဲ့ အခ်ိန္ဆို ဓာတ္ဆားေသာက္ဖို႔ မေမ့ပါနဲ႔။ ေရဓာတ္ဆုံး႐ႈံးလို႔ မူးေနတာတစ္မ်ိဳး၊ ပိုတက္စီယမ္ေတြ နည္းသြားလို႔ ေျခမခိုင္တာတစ္မ်ိဳးနဲ႔ အိမ္သာထဲမွာတင္ လဲသြားပါလိမ့္မယ္။ ေႏြရာသီဆိုရင္လည္း အိမ္သာထဲမွာ အၾကာႀကီးမထိုင္ပါနဲ႔။

ေသြးဝမ္းသြားတာ

ဒီလိုမ်ိဳး အူလမ္းေၾကာင္း ေရာဂါေတြ ႐ွိေနရင္ေတာ့ ေရာဂါကို ေမြးမထားဘဲ အျမန္ေလး ကုသေစခ်င္ပါတယ္။ အိမ္သာထဲမွာ မူးတာအျပင္ တျခားေနာက္ဆက္တြဲ ဆိုးက်ိဳးေတြပါ ျဖစ္လာႏိုင္တဲ့အတြက္ေၾကာင့္ပါ။

ဘာအေၾကာင္းရင္းမွာ မ႐ွိဘဲ မူးမူးေနရင္ေတာ့ Vasovagal reflexေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါက မ်ားေသာအားျဖင့္ အႏၲရာယ္မ႐ွိပါဘူး။ ျဖစ္တုန္းခဏကို ေမ့မလဲေအာင္ ထိန္းႏိုင္ရင္ ရပါၿပီ။ ဒါေပမယ့္ အေၾကာင္းရင္း မယ္မယ္ရရ မ႐ွိဘဲ ခဏခဏ မူးေနမယ္။ ျပန္ေကာင္းဖို႔လည္း ၾကာေနမယ္ဆိုရင္ေတာ့ တျခားေရာဂါေၾကာင့္လား (ဥပမာ ႏွလုံးခုန္မမွန္တာ) ဆိုတာ သိဖို႔ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service