အိမ်ဆောက်သင့်သည့် နေ့သားအလိုက်အကျိုးပေးနေ့ရက်နှင့် ဆောင်ရန်ရှောင်ရန်များ - Property Knowledge in Myanmar from iMyanmarHouse.com
2505 Views

အိမ်ဆောက်သင့်သည့် နေ့သားအလိုက်အကျိုးပေးနေ့ရက်နှင့် ဆောင်ရန်ရှောင်ရန်များ

Knowledge | Posted by Hnin Ei Khin

[Unicode]

အိမ်ဆောက်ရင် မြန်မာ့ရိုးရာမှာသတ်မှတ်ထားတဲ့ ဒီစနစ်တွေကို ကျင့်သုံးလိုက်ပါ ...

အိမ်ဆောက်ရမယ့်လတန်ခူးလ အိမ်ဆောက်ပါက...... ကြွယ်ဝအံ့ ကဆုန်လအိမ်ဆောက်ပါက ဆန်ရေစပါးပေါများအံ့ဝါခေါင်လအိမ်ဆောက်ပါက ပစ္စည်းဥစ္စာတိုးပွားအံ့ နတ်တော်လအိမ်ဆောက်ပါက ကျော်စောထင်ရှားအံ့ ပြာသိုလအိမ်ဆောက်ပါက ချီးမွမ်းခံရအံ့

တပေါင်းလအိမ်ဆောက်ပါကချမ်းသာအံ့ တနင်္ဂနွေနေ့ဆင်းရဲအံ့တနင်္လာနေ့ (၂)လမြောက်သည်နှင့်ချမ်းသာအံ့ အင်္ဂါနေ့ မီးလောင်အံ့၊လာဘ်ရအံ့ဗုဒ္ဓဟူးနေ့ ရံခါချမ်းသာ၊ရံခါဆင်းရဲ(၄)လ-နှစ်တို့တွင်ချမ်းသာအံ့

ကြာသပတေးနေ့ချမ်းသာအံ့၊ရောဂါကင်းအံ့ သောကြာနေ့ရံခါအေးချမ်း၊ရံခါပူလောင်၊(၃)လမြောက်တွင်ချမ်းသာအံ့ စနေနေ့ သူတစ်ပါးညှင်းဆဲ့အံ့၊(၄)လ-နှစ်တို့တွင်ချမ်းသာအံ့

တနင်္ဂနွေသားသမီး တနင်္ဂနွေနေ့ဆောက်ပါကအောင်မြင်အံ့ တနင်္လာနေ့ဆောက်ပါက ဆင်းရဲအံ့ အင်္ဂါနေ့ဆောက်ပါက ပြီးစီးအံ့ ဗုဒ္ဓဟူးနေ့ဆောက်ပါက လာဘ်ရအံ့ ကြာသပတေးနေ့ဆောက်ပါက ဒဏ်သင့်အံ့ သောကြာနေ့ဆောက်ပါက အမှုများအံ့ စနေနေ့ဆောက်ပါက ထင်ပေါ်စန်းထအံ့

တနင်္လာသားသမီး တနင်္လာနေ့ဆောက်ပါက အောင်မြင်အံ့ အင်္ဂါနေ့ဆောက်ပါက ဆင်းရဲအံ့ဗုဒ္ဓဟူးနေ့ဆောက်ပါက ပြီးစီးအံ့ ကြာသပတေးနေ့ဆောက်ပါက လာဘ်ရအံ့ သောကြာနေ့ဆောက်ပါကဒဏ်သင့်အံ့ စနေနေ့ဆောက်ပါက အမှုများအံ့ တနင်္ဂနွေနေ့ဆောက်ပါက ထင်ပေါ်စန်းထအံ့

အင်္ဂါသားသမီး အင်္ဂါနေ့ဆောက်ပါက အောင်မြင်အံ့ ဗုဒ္ဓဟူးနေ့ဆောက်ပါက ဆင်းရဲအံ့ ကြာသပတေးနေ့ဆောက်ပါက ပြီးစီးအံ့သောကြာနေ့ဆောက်ပါက လာဘ်ရအံ့စနေနေ့ဆောက်ပါက ဒဏ်သင့်အံ့တနင်္ဂနွေနေ့ ဆောက်ပါက အမှုများအံ့တနင်္လာနေ့ဆောက်ပါက ထင်ပေါ်စန်းထအံ့

ဗုဒ္ဓဟူးသားသမီး ဗုဒ္ဓဟူးဆောက်ပါက အောင်မြင်အံ့၊ ကြာသပတေးဆောက်ပါက ဆင်းရဲအံ့ ၊ သောကြာနေ့ဆောက်ပါက ပြီးစီးအံ့ စနေနေ့ဆောက်ပါက လာဘ်ရအံ့တနင်္ဂနွေနေ့ဆောက်ပါက ဒဏ်သင့်အံ့တနင်္လာနေ့ ဆောက်ပါက အမှုများအံ့အင်္ဂါနေ့ဆောက်ပါက ထင်ပေါ်စန်းထအံ့

ကြာသပတေးသားသမီး ကြာသပတေးနေ့ဆောက်ပါက အောင်မြင်အံ့သောကြာနေ့ဆောက်ပါက ဆင်းရဲအံ့စနေနေ့ဆောက်ပါက ပြီးစီးအံ့တနင်္ဂနွေနေ့ဆောက်ပါက လာဘ်ရအံ့တနင်္လာနေ့ဆောက်ပါက ဒဏ်သင့်အံ့ အင်္ဂါနေ့ ဆောက်ပါက အမှုများအံ့ ဗုဒ္ဓဟူးနေ့ဆောက်ပါက ထင်ပေါ်စန်းထအံ့

သောကြာသားသမီး သောကြာနေ့ဆောက်ပါက အောင်မြင်အံ့စနေနေ့ဆောက်ပါက ဆင်းရဲအံ့ တနင်္ဂနွေနေ့ဆောက်ပါက ပြီးစီးအံ့ တနင်္လာနေ့ဆောက်ပါက လာဘ်ရအံ့ အင်္ဂါနေ့ဆောက်ပါကဒဏ်သင့်အံ့ ဗုဒ္ဓဟူးနေ့ ဆောက်ပါက အမှုများအံ့ ကြာသပတေးနေ့ဆောက်ပါက ထင်ပေါ်စန်းထအံ့

စနေသားသမီး စနေနေ့ဆောက်ပါက အောင်မြင်အံ့... တနင်္ဂနွေနေ့ဆောက်ပါက ဆင်းရဲအံ့တနင်္လာနေ့ဆောက်ပါက ပြီးစီးအံ့အင်္ဂါနေ့ဆောက်ပါက လာဘ်ရအံ့ဗုဒ္ဓဟူးနေ့ဆောက်ပါက ဒဏ်သင့်အံ့ကြာသပတေးနေ့ ဆောက်ပါက အမှုများအံ့သောကြာနေ့ဆောက်ပါက ထင်ပေါ်စန်းထအံ့ အိမ်အကျယ်အ၀န်းဧရိယာ အဆိုး-အကောင်းအလျားနှင့်အနံကိုပေါင်းပါ (၃)ဖြင့်မြှောက်ပါရလဒ်ကို (၈)ဖြင့်စားပါ။အကြွင်းကို အောက်ပါအတိုင်းဟောချက်ထုတ်ပါ။(၁)ကြွင်း ကုန်သည်အိမ် (၂)ကြွင်းကျွန်အစေခံအိမ် (၃)ကြွင်း မင်းအကြီးအကဲအိမ် (၄)ကြွင်းမုဆိုးအိမ် (၅)ကြွင်း သူဌေး၊သူကြွယ်အိမ် (၆)ကြွင်း သူခိုးအိမ်

(၇)ကြွင်း အမတ်အိမ် (၀)ကြွင်း ပြည့်တန်ဆာအိမ်(မွန်ရိုးရာဓလေ့မူ)အခြား အချက်များစွာကျန်ရှိနေသော်လည်းအခါပေးပညာရှင်ဖြင့် ညှိနှိုင်းတွက်ချက်ရမည့် အခန်းကဏ္ဍဖြစ်သဖြင့် ဖော်ပြပေးနိုင်ခြင်း မရှိပါ။

ယခုကဆုန်လအတွင်းအိမ်ဆောက်ပန္နက်တင် အတွက် တွက်ချက်အခါတောင်းသူများရှိသဖြင့်နေအိမ်တိုက်တာဆောက်လုပ်မှု သုတေသနစာတမ်းများ ပြန်ကြည့်ရချိန်အများအတွက် သတိပြုနိုင်မည့်အချက်များအားပညာဒါနအဖြစ် ဖော်ပြပေးအပ်ပါသည်။ ယခုခေတ်အခါနေအိမ်ဆောက်လုပ်မှုတွင်အခါကောင်းနှင့်မဆောက်မိပါကနှောင့်နှေးကြန့်ကြာခြင်း၊ကန်ထရိုက်လိမ်ညာခံရခြင်းများပတ်ဝန်းကျင်တွင် မကြာခဏတွေ့မြင်ကြားသိနေရပါသည်။ဗုဒ္ဓဘာသာဝင်ဖြစ်ပါကအိမ်မဆောက်မှီရဟန်းသံဃာ(၅)ပါးဖြင့်မြေသန့်မင်္ဂလာဦးစွာဆောင်ရွက်ပါ။အခါကောင်း၊ရက်ကောင်းရွေးပြီးအောင်အတိတ်နမိတ် ကျက်သရေမင်္ဂလာအဖြာဖြာဖြင့်ပန္နက်တော်တင်ပြီး စတင်တည်ဆောက်ပါ။ထိုအိမ်များတွင် နေထိုင်သည်နှင့်ရန်သူမျိုးငါးပါးဘေးမှကင်းဝေးစေလျက်…အကျိုးထူးစီးပွားဖြစ်ထွန်းစေပါသည်။နေအိမ်များကို ပြီးစလွယ်၊ဖြစ်သလိုမြေမသန့်ပန္နတ်မတင်ပဲ မဆောက်သင့်ပါကြောင်းအသိပေးတင်ပြအပ်ပါသည်။

အိမ်သစ်ဆောက်ဖို့ ရည်မှန်းထားသူများ ကဆုန်လအချိန်မမှီတော့ပြီမို့ ဝါခေါင်လအတွက် အိမ်ဆောက်ဖို့ကြိုတင်ပြင်ဆင်ထားနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဦးဇေယျာကို (နက္ခတ်ဥယျာဉ်)

 

 

[Zawgyi]


 


















 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service