သစ်ချသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
4178 Views

သစ်ချသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

Knowledge | Posted by Shwe Zin Win

[Unicode]

အင်္ဂလိပ်အမည် - Chestnut

သိပ္ပံအမည် - Eleocharis dulcis

“သစ်ချသီးလှော် ပူပူလေး” ဆိုတဲ့ ဈေးသည်တွေရဲ့ အသံကို ရပ်ကွက်တွေထဲမှာ တဖန် ကြားလာရပြန်ပါပြီ။

ရာသီစာဖြစ်တဲ့ သစ်ချသီးကို မစားဖူးတဲ့သူတော့ အတော်ရှားမယ်ထင်ပါတယ်။ သစ်ချသီးကို ပြုတ်စားလို့လည်း ရပေမဲ့ အများအားဖြင့်တော့ လှော်စားကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် သစ်ချသီးအမှုန့်ကို ပေါင်မုန့်၊ အကင်၊ အစားအသောက် ပေါင်းတာမျိုးတွေနဲ့ ကြော်တဲ့နေရာတွေမှာလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ သူ့ရဲ့အရသာဟာ အစေ့အဆန်တွေရဲ့ သဘာဝအတိုင်း စိမ့်စိမ့်လေးနဲ့ အတော်လေး စားလို့ကောင်းပါတယ်။

သစ်ချသီးဟာ အခွံမာသီးတွေရဲ့ သဘာဝအတိုင်း ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေရှိနေတာကြောင့် ပုံမှန်စားသုံးပေးသင့်တဲ့ အခွံမာသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

စားလို့ကောင်းရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူ ပြုပေးနိုင်တာကြောင့် ယခုဆောင်းပါးကနေတဆင့် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်သော အာဟာရဓာတ်များ

အမျှင်ဓာတ်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်စ်၊ ပိုက်တက်စီယမ်၊ ဆိုဒီယမ်၊ ဗီတာမင် စီ၊ ဖောလိတ် (folate)၊ ဗီတာမင် အေ စတဲ့ အာဟာရဓာတ်တွေ အများဆုံးပါဝင်နေပြီး အခြားသော အာဟာရဓာတ်များစွာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဦးနှောက်ရဲ့ လုပ်ဆောင်ချက်များကို တိုးတက်ကောင်းမွန်စေခြင်း

သစ်ချသီး စားသုံးခြင်းကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ သိမြင်နိုင်စွမ်းတွေကို တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။ ဒီအခွံမာသီးမှာ ဗီတာမင် ဘီ အုပ်စုဖြစ်တဲ့ ဖောလိတ် (folate)၊ ရွိုင်ဘိုဖလာဗင် (riboflavin) နဲ့ သိုင်ယာမင် (thiamin) ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး အာရုံကြောဆိုင်ရာဖွံ့ဖြိုးမှုတွေနဲ့ လုပ်ဆောင်ချက်တွေကို အထောက်အကူပြုပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ချသီးမှာပါဝင်နေတဲ့ ပိုတက်စီယမ်ဓာတ်ဟာ ဦးနှောက်ဆီကို သွေးစီးဆင်းမှုတိုးစေနိုင်ပြီး အာရုံကြောစနစ်များကို ကောင်းမွန်စေကာ အာရုံစူးစိုက်မှုနဲ့ မှတ်ဥာဏ်များကိုလည်း တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကိုယ်ခံအား ကောင်းစေခြင်း

ဗီတာမင် စီနဲ့ အခြားသော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ မြင့်မားစွာပါဝင်နေခြင်းဟာ ကိုယ်ခံစွမ်းအားကောင်းစေဖို့ အထောက်အကူပြုပေးနိုင်တာ ဖြစ်ပါတယ်။ သစ်ချသီးကို ပြုတ်ပြီးစားမယ်ဆိုရင်တော့ ဗီတာမင် စီဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဗီတာမင် စီဓာတ်တွေဟာ သွေးဖြူဥတွေ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးရုံသာမက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်လည်း လုပ်ဆောင်ပေးကာ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားတွေကိုလည်း ဆန့်ကျင်ပေးနိုင်တာကြောင့် ဖျားနာမှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား ထိန်းညှိပေးခြင်း

ပိုတက်စီယမ်ဓာတ်တွေဟာ သွေးဖိအားလျှော့ချရာမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်း ရေတွေရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ဆိုဒီယမ်ရဲ့အာနိသင်ကို လျော့နည်းစေပါတယ်။ ၎င်းရဲ့ ရလဒ်အနေနဲ့ သွေးစီးဆင်းမှုကို တိုးမြှင့်စေပြီး သွေးကြောကျဥ်းတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ပြီး နှလုံးတိုက်ခိုက်ခံရတာမျိုးတွေနဲ့ လေဖြတ်ခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

အရိုးအဆစ်များအတွက် ကောင်းစေခြင်း

သစ်ချသီးမှာ ပါဝင်တဲ့ ကော့ပါးဓာတ်ဟာ အရိုးအဆစ်များအတွက် တိုက်ရိုက်အကျိုးပြုမှု နည်းပေမယ့် ကော့ပါးဓာတ်ဟာ အရိုးများကြီးထွားဖွံ့ဖြိုးဖို့နဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် အရေးကြီးတဲ့ သံဓာတ်တွေကို စုပ်ယူပေးရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ်ဓာတ်ဟာလည်း အရိုးတွင်း သတ္တုဓာတ်တွေတိုးပွားလာစေဖို့ ကူညီပေးနိုင်ပြီး အခြားသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သစ်ချသီး ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးအဆစ်များ ကျန်းမာစေပြီး အရိုးပွရောဂါမျိုးတွေကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ လျော့နည်းစေခြင်း

သစ်ချသီးဟာ အမျှင်ဓာတ်အများဆုံးပါဝင်နေတဲ့ အခွံမာသီး တစ်မျိုးဖြစ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်တွေဟာ အစာခြေလမ်းကြောင်း အတွင်းမှာရှိတဲ့ အစာများကို ရွေ့လျားလှုပ်ရှားစေနိုင်တဲ့ ကြွက်သားလှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးနိုင်ပြီး အူလမ်းကြောင်းအတွင်း ရောင်ရမ်းခြင်းတွေနဲ့ မအီမသာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီအမျှင်ဓာတ်‌တွေဟာ စားသုံးလိုက်တဲ့ အစားအစာတွေထဲကနေ အာဟာရဓာတ် စုပ်ယူတဲ့နေရာမှာလည်း ကူညီပေးနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိစေမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]

သစ္ခ်သီးကေန ရ႐ွိႏိုင္တဲ့ က်န္းမာေရးဆိုင္ရာေကာင္းက်ိဳးမ်ား

အဂၤလိပ္အမည္ - Chestnut

သိပၸံအမည္ - Eleocharis dulcis

“သစ္ခ်သီးေလွာ္ ပူပူေလး” ဆိုတဲ့ ေဈးသည္ေတြရဲ႕ အသံကို ရပ္ကြက္ေတြထဲမွာ တဖန္ ၾကားလာရျပန္ပါၿပီ။

ရာသီစာျဖစ္တဲ့ သစ္ခ်သီးကို မစားဖူးတဲ့သူေတာ့ အေတာ္႐ွားမယ္ထင္ပါတယ္။ သစ္ခ်သီးကို ျပဳတ္စားလို႔လည္း ရေပမဲ့ အမ်ားအားျဖင့္ေတာ့ ေလွာ္စားၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ သစ္ခ်သီးအမႈန္႔ကို ေပါင္မုန္႔၊ အကင္၊ အစားအေသာက္ ေပါင္းတာမ်ိဳးေတြနဲ႔ ေၾကာ္တဲ့ေနရာေတြမွာလည္း အသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။ သူ႕ရဲ႕အရသာဟာ အေစ့အဆန္ေတြရဲ႕ သဘာဝအတိုင္း စိမ့္စိမ့္ေလးနဲ႔ အေတာ္ေလး စားလို႔ေကာင္းပါတယ္။

သစ္ခ်သီးဟာ အခြံမာသီးေတြရဲ႕ သဘာဝအတိုင္း က်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးေတြ႐ွိေနတာေၾကာင့္ ပုံမွန္စားသုံးေပးသင့္တဲ့ အခြံမာသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

စားလို႔ေကာင္း႐ုံတင္မကဘဲ က်န္းမာေရးအတြက္လည္း မ်ားစြာအေထာက္အကူ ျပဳေပးႏိုင္တာေၾကာင့္ ယခုေဆာင္းပါးကေနတဆင့္ မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။

ပါဝင္ေသာ အာဟာရဓာတ္မ်ား

အမွ်င္ဓာတ္၊ ပ႐ိုတင္း၊ ကာဗိုဟိုက္ဒရိတ္၊ ကယ္လ္စီယမ္၊ မဂၢနီစီယမ္၊ ေဖာ့စေဖာရပ္စ္၊ ပိုက္တက္စီယမ္၊ ဆိုဒီယမ္၊ ဗီတာမင္ စီ၊ ေဖာလိတ္ (folate)၊ ဗီတာမင္ ေအ စတဲ့ အာဟာရဓာတ္ေတြ အမ်ားဆုံးပါဝင္ေနၿပီး အျခားေသာ အာဟာရဓာတ္မ်ားစြာလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္မ်ားကို တိုးတက္ေကာင္းမြန္ေစျခင္း

သစ္ခ်သီး စားသုံးျခင္းေၾကာင့္ ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ သိျမင္ႏိုင္စြမ္းေတြကို တိုးတက္ေကာင္းမြန္ ေစႏိုင္ပါတယ္။ ဒီအခြံမာသီးမွာ ဗီတာမင္ ဘီ အုပ္စုျဖစ္တဲ့ ေဖာလိတ္ (folate)၊ ႐ြိဳင္ဘိုဖလာဗင္ (riboflavin) နဲ႔ သိုင္ယာမင္ (thiamin) ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္ေနၿပီး အာ႐ုံေၾကာဆိုင္ရာဖြံ႕ၿဖိဳးမႈေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြကို အေထာက္အကူျပဳေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သစ္ခ်သီးမွာပါဝင္ေနတဲ့ ပိုတက္စီယမ္ဓာတ္ဟာ ဦးေႏွာက္ဆီကို ေသြးစီးဆင္းမႈတိုးေစႏိုင္ၿပီး အာ႐ုံေၾကာစနစ္မ်ားကို ေကာင္းမြန္ေစကာ အာ႐ုံစူးစိုက္မႈနဲ႔ မွတ္ဥာဏ္မ်ားကိုလည္း တိုးတက္ေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။

ကိုယ္ခံအား ေကာင္းေစျခင္း

ဗီတာမင္ စီနဲ႔ အျခားေသာ ဓာတ္တိုးဆန္႔က်င္ ပစၥည္းေတြ ျမင့္မားစြာပါဝင္ေနျခင္းဟာ ကိုယ္ခံစြမ္းအားေကာင္းေစဖို႔ အေထာက္အကူျပဳေပးႏိုင္တာ ျဖစ္ပါတယ္။ သစ္ခ်သီးကို ျပဳတ္ၿပီးစားမယ္ဆိုရင္ေတာ့ ဗီတာမင္ စီဓာတ္ေတြ ဆုံး႐ႈံးသြားႏိုင္ပါတယ္။ ဗီတာမင္ စီဓာတ္ေတြဟာ ေသြးျဖဴဥေတြ ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပး႐ုံသာမက ဓာတ္တိုးဆန္႔က်င္ပစၥည္းအျဖစ္လည္း လုပ္ေဆာင္ေပးကာ ကိုယ္တြင္းအဂၤါေတြကို ထိခိုက္ေစႏိုင္တဲ့ အႏၲရာယ္႐ွိပစၥည္းေတြကို ဖယ္႐ွားေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေရာဂါပိုးမႊားေတြကိုလည္း ဆန္႔က်င္ေပးႏိုင္တာေၾကာင့္ ဖ်ားနာမႈေတြမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးဖိအား ထိန္းညႇိေပးျခင္း

ပိုတက္စီယမ္ဓာတ္ေတြဟာ ေသြးဖိအားေလွ်ာ့ခ်ရာမွာ အေရးပါတဲ့ သတၱဳဓာတ္တစ္မ်ိဳး ျဖစ္ပါတယ္။ ပိုတက္စီယမ္ဓာတ္ဟာ ခႏၶာကိုယ္တြင္း ေရေတြရဲ႕လႈပ္႐ွားမႈကို ထိန္းခ်ဳပ္ေပးႏိုင္ၿပီး ဆိုဒီယမ္ရဲ႕အာနိသင္ကို ေလ်ာ့နည္းေစပါတယ္။ ၎ရဲ႕ ရလဒ္အေနနဲ႔ ေသြးစီးဆင္းမႈကို တိုးျမႇင့္ေစၿပီး ေသြးေၾကာက်ဥ္းတာမ်ိဳးေတြကိုလည္း ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေသြးဖိအားကို ထိန္းညႇိေပးႏိုင္ၿပီး ႏွလုံးတိုက္ခိုက္ခံရတာမ်ိဳးေတြနဲ႔ ေလျဖတ္ျခင္းတို႔ကေန ကာကြယ္ေပးႏိုင္ပါတယ္။

အ႐ိုးအဆစ္မ်ားအတြက္ ေကာင္းေစျခင္း

သစ္ခ်သီးမွာ ပါဝင္တဲ့ ေကာ့ပါးဓာတ္ဟာ အ႐ိုးအဆစ္မ်ားအတြက္ တိုက္႐ိုက္အက်ိဳးျပဳမႈ နည္းေပမယ့္ ေကာ့ပါးဓာတ္ဟာ အ႐ိုးမ်ားႀကီးထြားဖြံ႕ၿဖိဳးဖို႔နဲ႔ ခုခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္ဖို႔အတြက္ အေရးႀကီးတဲ့ သံဓာတ္ေတြကို စုပ္ယူေပးရာမွာ ကူညီေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ မဂၢနီစီယမ္ဓာတ္ဟာလည္း အ႐ိုးတြင္း သတၱဳဓာတ္ေတြတိုးပြားလာေစဖို႔ ကူညီေပးႏိုင္ၿပီး အျခားေသာ က်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးေတြကိုလည္း ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သစ္ခ်သီး ပုံမွန္စားသုံးေပးျခင္းျဖင့္ အ႐ိုးအဆစ္မ်ား က်န္းမာေစၿပီး အ႐ိုးပြေရာဂါမ်ိဳးေတြကိုလည္း ကာကြယ္ေပးမွာ ျဖစ္ပါတယ္။

အစာေျခလမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ား ေလ်ာ့နည္းေစျခင္း

သစ္ခ်သီးဟာ အမွ်င္ဓာတ္အမ်ားဆုံးပါဝင္ေနတဲ့ အခြံမာသီး တစ္မ်ိဳးျဖစ္ၿပီး အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြကို ေလ်ာ့နည္းသက္သာေစမွာ ျဖစ္ပါတယ္။ အမွ်င္ဓာတ္ေတြဟာ အစာေျခလမ္းေၾကာင္း အတြင္းမွာ႐ွိတဲ့ အစာမ်ားကို ေ႐ြ႕လ်ားလႈပ္႐ွားေစႏိုင္တဲ့ ႂကြက္သားလႈပ္႐ွားမႈေတြကို လႈံ႕ေဆာ္ေပးႏိုင္ၿပီး အူလမ္းေၾကာင္းအတြင္း ေရာင္ရမ္းျခင္းေတြနဲ႔ မအီမသာျဖစ္ျခင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဒီအမွ်င္ဓာတ္‌ေတြဟာ စားသုံးလိုက္တဲ့ အစားအစာေတြထဲကေန အာဟာရဓာတ္ စုပ္ယူတဲ့ေနရာမွာလည္း ကူညီေပးႏိုင္တာေၾကာင့္ ခႏၶာကိုယ္အတြက္ မ်ားစြာအက်ိဳး႐ွိေစမွာ ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service