မီးဖိုချောင်သုံးဓားတွေကို ဒီနည်းလမ်း (၃) ခုနဲ့ ထိန်းသိမ်းကြမယ် - Property Knowledge in Myanmar from iMyanmarHouse.com
2815 Views

မီးဖိုချောင်သုံးဓားတွေကို ဒီနည်းလမ်း (၃) ခုနဲ့ ထိန်းသိမ်းကြမယ်

Knowledge | Posted by Si Thu Aung

[Unicode]

အစားအစာပြင်ဆင်ချက်ပြုတ်ရာမှာ လွယ်ကူမြန်ဆန်စေဖို့ မီးဖိုချောင်သုံးဓားတွေဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်နော်။ အရည်အသွေးကောင်းတဲ့ မီးဖိုချောင်သုံးဓားတွေဟာ တန်ဖိုးမနည်းလှတာမို့ စနစ်တကျထိန်းသိမ်းသုံးစွဲတတ်ဖို့လိုပါတယ်။ ဒါကြောင့် မီးဖိုချောင်သုံးဓားတွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

 

 

သန့်ရှင်းစေခြင်း

ဓားတွေကို တာရှည်သုံးချင်တယ်ဆိုရင် အသုံးပြုပြီးချိန်တိုင်း အမြဲသန့်စင်ပေးဖို့လိုပါတယ်။ အသားငါးလှီးပြီးတဲ့အခါ ဓားကိုပြန်မသန့်ရှင်းဘဲ အချိန်အကြာကြီးပစ်ထားတာမျိုးမလုပ်သင့်ပါဘူး။ ဆပ်ပြာ၊ ဖော့ဖတ်၊ အစိမ်းဖတ်လေးတွေနဲ့ ပွတ်တိုက်သန့်ရှင်းပေးပါ။ တချို့သော စေးကပ်တဲ့အရာတွေကို လှီးတယ်ဆိုရင်တော့ ရေနွေး၊ မုန့်ဖုတ်ဆိုဒါတွေနဲ့စိမ်ပြီး သန့်ရှင်းပေးနိုင်ပါတယ်။

 

ထားသိုသိမ်းဆည်းခြင်း၊ လှီးဖြတ်ခြင်း

 

ဓားတွေဟာလည်း ဟင်းသီးဟင်းရွက်တွေလိုပဲ ထားသိုသိမ်းဆည်းပုံမှန်ကန်ဖို့လိုပါတယ်။ ဓားတွေကို ရေခြောက်အောင်မသုတ်ဘဲ အံဆွဲထဲထည့်သိမ်းတာ၊ လေဝင်လေထွက်မရှိတဲ့ ဘူးတွေ၊ ပုလင်းတွေထဲကို ရေစက်လက်နဲ့ ထည့်ထားတာမျိုးလုံးဝမလုပ်သင့်ပါဘူး။ အကောင်းဆုံးက ရေခြောက်အောင်သုတ်ပြီး ဓားအိမ်ထဲကိုစနစ်တကျပြန်ထည့်သင့်ပါတယ်။ ဆန်ထည့်ထားတဲ့ ခွက်ထဲကိုလည်း ထိုးစိုက်ထားနိုင်ပါတယ်။

အစားအစာတွေကို လှီးဖြတ်တဲ့အခါမှာလည်း အဆင်ပြေရာတစ်ခုခုပေါ်တင်ပြီး လှီးဖြတ်တာမျိုးမလုပ်သင့်ပါဘူး။ စဉ်းတီတုံးပေါ်တင်ပြီး လှီးဖြတ်တာက ဓားတွေကိုပျက်စီးမှုနည်းစေပါတယ်။ အကောင်းဆုံးကတော့ သစ်သားစဉ်းတီတုံးဖြစ်ပါတယ်။

အချိန်မှန်ဓားသွေးပေးခြင်း

ဓားတုံးတုံးကြီးတွေသုံးရတာ အရမ်းစိတ်ညစ်ဖို့ကောင်းပါတယ်နော်။ ဓားတုံးနေရင် အသားငါး၊ အသီးအနှံလှီးတဲ့အခါတိုင်း ကိုယ်လိုချင်တဲ့ပုံမထွက်တာ၊ မလိုအပ်ဘဲ အားစိုက်နေရတာမျိုးကြုံရပါတယ်။ ဒါကြောင့် ဓားတွေကိုအချိန်မှန်မှန် သွေးပေးသင့်ပါတယ်။ ဓားသွေးတဲ့အခါမှာ ဓားသွေးကျောက်ကိုပဲ အသုံးပြုပေးပါ။ ဓားဓားချင်းပွတ်တာမျိုး၊ ကြွေပန်းကန်စောင်းမှာပွတ်သွေးတာမျိုးနဲ့ တခြားသောအလွယ်လိုက်တဲ့ နည်းလမ်းတွေက ဓားတွေကိုမြန်မြန်ပျက်စီးစေပါတယ်။ ဒါကြောင့် ဓားသွေးကျောက်ဝယ်ပြီး တစ်လနှစ်ကြိမ်ခန့် ဓားသွေးဖို့ကို အကြံပြုချင်ပါတယ်။ ကိုယ်ကဓားသွေးမကျွမ်းကျင်ရင်တော့ ကျွမ်းကျင်တဲ့သူဆီကိုအပ်တာက ပိုအဆင်ပြေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: howtocook

 

 

[Zawgyi]


 


သန့်ရှင်းစေခြင်း










Credit: howtocook

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service