သင့်ရဲ့ Laptop ပေါ်ကို အရည်တစ်ခုခု မှောက်သွားခဲ့ရင် ဒီအချက် (၁၁) ချက်ကို ချက်ချင်းပြုလုပ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
2123 Views
သင့်ရဲ့ Laptop ပေါ်ကို အရည်တစ်ခုခု မှောက်သွားခဲ့ရင် ဒီအချက် (၁၁) ချက်ကို ချက်ချင်းပြုလုပ်ပါ
Knowledge | Posted by Shwe Zin Win
[Unicode]
Laptop ပေါ်ကို အရည်တစ်ခုခု မှောက်ကျသွားရင် စက်တစ်ခုလုံး ဆယ်မရနိုင်အောင်အထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ရေမှောက်ကျသွားတာနဲ့ ချက်ချင်းမှာပဲ ဒီအချက်တွေ ပြုလုပ်နိုင်ရင် သင့်ရဲ့ laptop ကို ပြန်သုံးလို့ ရနိုင်မှာပါ။
လိုအပ်သောပစ္စည်းများ........
- အဝတ်စခြောက်
- တစ်ရှူး
- တဘက်စ
၁။ ရေတွေက laptop ပေါ် မှောက်ကျကျချင်းမှာပဲ စက်ကို ချက်ချင်းပိတ်လိုက်ပါ။ ကြိုးတပ်ထားတာတွေကို ဖြုတ်လိုက်ပြီး power ခလုပ်ကို ၅ စက္ကန့်ကနေ ၇ စက္ကန့်လောက်အထိ ဖိထားပါ။ မြန်မြန်လုပ်နိုင်လေ laptop အတွက် ပိုကောင်းလေပါပဲ။
၂။ အဲဒီနောက်မှာ laptop ရဲ့နောက်ဖုံးကိုဖွင့်ပြီး ဓာတ်ခဲကို ဖြုတ်လိုက်ပါ။
၃။ USB drives တွေအားလုံးနဲ့ laptop မှာတပ်ထားသမျှ ကြိုးတွေကို ဖြုတ်လိုက်ပါ။ laptop ထဲကို လျှပ်စစ်တစ်ခုခု စီးမဝင်နေဖို့ အရေးကြီးတာပါ။ Laptop က အရမ်းပူလာရင် ဒါမှမဟုတ် ညှော်နံ့တွေထွက်လာရင်၊ ပုံမှန်မဟုတ်သလို သတိထားမိရင် သွားမထိလိုက်ပါနဲ့။ အထူးသဖြင့် လက်က ရေစိုနေရင်၊ ရေစိုနေတဲ့အဝတ်အစားဝတ်ထားရင် ပိုပြီးတောင် မထိသင့်ပါဘူး။
၄။ ရေတွေစုပ်ယူသွားအောင် ပိတ်စခြောက်လေးနဲ့ laptop မျက်နှာပြင်ပေါ်ကို တို့ပေးပါ။
၅။ ပြီးနောက် ရေတွေ ထွက်ကျလာအောင် laptop ကို ဇောက်ထိုးပြုလုပ်လိုက်ပါ။ ပိတ်စလေးတစ်ခုကို laptop ရဲ့အောက်မှာ ထားလိုက်ပါ။
၆။ ရေတွေအားလုံး ထွက်သွားအောင်လို့ အဲဒီအနေအထားအတိုင်း ၂၄ နာရီခန့်ထားပါ။ အကြာကြီး မစောင့်နိုင်ဘူးဆိုရင် အနည်းဆုံး ၄ နာရီတော့ စောင့်ပါ။
၇။ laptop ကို ဆန်ပုံးထဲထည့်ပြီး အခြောက်မခံသင့်ပါဘူး။
၈။ ၂၄ နာရီထားပြီးနောက်မှာ laptop ကို ဖွင့်လိုက်ပါ။ ကြီးကြီးမားမား ထိခိုက်သွားတာမရှိရင် laptop က ချက်ချင်းအလုပ်ပြန်လုပ်ပါတယ်။
၉။ အဲဒီနောက်မှာ laptop ကို ပြုပြင်တဲ့ဆိုင် ပို့လိုက်ပါ။ ရေတွေ အငွေ့ပြန်သွားပြီးနောက် စက်ထဲက အပိုင်းအစ သေးသေးလေးတွေကို တဖြည်းဖြည်းချင်း ထိခိုက်သွားစေနိုင်ပါတယ်။
၁၀။ ဓာတ်ခဲက ရေနဲ့ထိသွားတယ် ဆိုရင် အသစ်ဝယ်သင့်ပါတယ်။ အဟောင်းကိုပဲ ပြန်သုံးမယ် ဆိုရင်လည်း စိတ်ချရမှာ မဟုတ်ပါဘူး။
၁၁။ laptop နဲ့ပတ်သက်ပြီး မူမမှန်တာ တစ်ခုခု ဖြစ်လာရင် ကိုယ်တိုင်မလုပ်ဘဲ ကျွမ်းကျင်သူနဲ့သာ တိုင်ပင်သင့်ပါတယ်။
Desktop တွေမှာ keyboard ပေါ်မှာ ရေမှောက်ကျသွားရင် လဲလှယ်လိုက်လို့ ရပါတယ်။ Laptop တွေက Desktop တွေနဲ့ မတူဘဲ keyboard က စက်နဲ့တိုက်ရိုက်ဆက်သွယ်ထားတာကြောင့် ပိုပြီးထိခိုက်မှုတွေ ရှိလာစေမှာပါ။
ရေကြောင့် speaker, trackpad နဲ့အခြားပစ္စည်းတွေလည်း ပျက်သွားနိုင်တာကြောင့် ရေမမှောက်ကျအောင် ဂရုစိုက်တာက အကောင်းဆုံးပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Zombie (lovemedia)
[Zawgyi]
- အဝတ်စခြောက်
- တစ်ရှူး
- တဘက်စ
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
MIngalardon Garden City
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service