အဲကွန်းကို အမြင့်ဆုံးဖွင့်ထားပေမယ့် နေ့လည်ဖက်မှာ မအေးရတဲ့ အကြောင်းရင်း - Property Knowledge in Myanmar from iMyanmarHouse.com
1125 Views

အဲကွန်းကို အမြင့်ဆုံးဖွင့်ထားပေမယ့် နေ့လည်ဖက်မှာ မအေးရတဲ့ အကြောင်းရင်း

Knowledge | Posted by Aye Myat Thu

[Unicode]

ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေ နေ့လည်ရောက်ရင် မအေးတာက ပြင်အပူချိန်က အဲကွန်းစက်အများစုရဲ့ ဒီဇိုင်းအပူချိန် ကျော်ကိုကျော်နေလို့ပါ။ အဲကွန်းအောက်ဒိုးက အရိပ်ထဲရှိမနေတဲ့ စက်အများစုက စက်ဖွင့်ထားပေမယ့် နေ့လည်၁၂နာရီကနေ ညနေ၄နာရီလောက်ကြား မအေးတတ်ပါ။ ညပိုင်းကြရင် ပြန်အေးပါလိမ့်မယ်။ (ညပိုင်းထိ ပြန်မအေးရင်တော့ ကျွမ်းကျင်သူသာ ခေါ်ပါတော့)

မီးအားနိမ့်တဲ့ နေရာတွေဆိုရင် အပူချိန် အရမ်းမြင့်ချိန်မှာ ဖွင့်ရင် စက်ပျက်တာတွေပါ ဖြစ်နိုင်ပါတယ်။ တချို့ကလဲ စက်က အပူချိန်များလွန်းလို့ စက်မအေးရင် ပိုအေးအောင်ဆိုပြီး ရီမုတ်ကို 16’C ထိ လွဲမှားစွာ ထားတတ်ကြပါတယ်။ ရီမုတ်ကို အပူချိန်နိမ့်ထားလို့လည်း စက်ကပိုအေးတာမဟုတ်ပါ။ ရီမုတ်က အပူချိန်က အခန်းရဲ့အပူချိန်ကို ကိုယ်လိုချင်တဲ့အနေအထား အပူချိန်ကို ချိန်ပေးတာပါ။ စက်ကိုပိုအေးအောင် မလုပ်ပေးနိုင်ပါ။ ရီမုတ်က အပူချိန်ကို နှိမ့်ထားလေလေ မလိုအပ်ပဲ မီတာခပိုကုန်တာပဲ အဖတ်တင်မှာပါ။

အကောင်းဆုံးထားသင့်တဲ့ အပူချိန်က 22’C နဲ့ 25’C ကြားပါ။ စက်ကောင်းနေရင် အေးပါတယ်။ တကယ်လို့ ဒီရာသီမှာစက်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်လို့ အခန်းအပူချိန် နိမ့်ထားမိရင် မတော်တဆ အပြင်ကပြန်လာချိန် အဲဒီအခန်းထဲ ဝင်မိရင် အပူချိန်ကွာဟချက်က… 40’C ..ကနေ 20’C အောက် အခန်းထဲရောက်သွားလို့ ခန္ဓာကိုယ်အတွက် အပူချိန် အပြောင်းအလဲများလွန်းလို့ မလိုလားအပ်တဲ့ ပြဿ နာဖြစ်ပြီး ဖျားတာနာတာဖြစ်နိုင်ပါတယ်။

အခုအချိန်မှာ စက်ကပူလွန်းလို့ အလုပ်မလုပ်နိုင်ရင် ခဏတနာရီလောက် အနားပေးပြီးမှ ပြန်ဖွင့်ပါ။ ဒါမှမဟုတ် Fan Mode ပဲ High ထားပြီး ဖွင့်ထားပါ။ ညပိုင်းထိ ပြန်မအေးတော့ရင်ဖြစ်စေ၊ အဲကွန်းအောက်ဒိုးက ကျနေဘက်မှာ မရှိပဲ အရိပ်ထဲမှာ ရှိနေလျှက်နဲ့ မအေးတော့ရင်ဖြစ်စေ အဲကွန်းကို ဆားဗစ်လုပ်ပါ။တတ်ကျွမ်းသူနဲ့ စစ်ဆေးပါ။ ဆားဗစ်မလုပ်လို့ ညစ်ပတ်နေပြီး အပူထုတ်အားကျလို့ အခန်းထဲမှာ အပူချိန်မကျပဲ စက်ကမအေးတာလဲ ဖြစ်နိုင်သလို ဂက်စ်နည်းလို့ စက်ချွတ်ယွင်းနေလို့လည်း ဖြစ်နိုင်လို့ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကိုနန္ဒမိုး

 

[Zawgyi] အဲကြန္းကို အျမင့္ဆုံးဖြင့္ထားေပမယ့္ ေန႔လည္ဖက္မွာ မေအးရတဲ့ အေၾကာင္းရင္း

 

ပုံမွန္အေျခအေနမွာေအးေနတဲ့အဲကြန္းေတြ ေန႔လည္ေရာက္ရင္ မေအးတာက ျပင္အပူခ်ိန္က အဲကြန္းစက္အမ်ားစုရဲ႕ ဒီဇိုင္းအပူခ်ိန္ ေက်ာ္ကိုေက်ာ္ေနလို႔ပါ။ အဲကြန္းေအာက္ဒိုးက အရိပ္ထဲရွိမေနတဲ့ စက္အမ်ားစုက စက္ဖြင့္ထားေပမယ့္ ေန႔လည္၁၂နာရီကေန ညေန၄နာရီေလာက္ၾကား မေအးတတ္ပါ။ ညပိုင္းၾကရင္ ျပန္ေအးပါလိမ့္မယ္။ (ညပိုင္းထိ ျပန္မေအးရင္ေတာ့ ကြၽမ္းက်င္သူသာ ေခၚပါေတာ့)

မီးအားနိမ့္တဲ့ ေနရာေတြဆိုရင္ အပူခ်ိန္ အရမ္းျမင့္ခ်ိန္မွာ ဖြင့္ရင္ စက္ပ်က္တာေတြပါ ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ကလဲ စက္က အပူခ်ိန္မ်ားလြန္းလို႔ စက္မေအးရင္ ပိုေအးေအာင္ဆိုၿပီး ရီမုတ္ကို 16’C ထိ လြဲမွားစြာ ထားတတ္ၾကပါတယ္။ ရီမုတ္ကို အပူခ်ိန္နိမ့္ထားလို႔လည္း စက္ကပိုေအးတာမဟုတ္ပါ။ ရီမုတ္က အပူခ်ိန္က အခန္းရဲ႕အပူခ်ိန္ကို ကိုယ္လိုခ်င္တဲ့အေနအထား အပူခ်ိန္ကို ခ်ိန္ေပးတာပါ။ စက္ကိုပိုေအးေအာင္ မလုပ္ေပးႏိုင္ပါ။ ရီမုတ္က အပူခ်ိန္ကို ႏွိမ့္ထားေလေလ မလိုအပ္ပဲ မီတာခပိုကုန္တာပဲ အဖတ္တင္မွာပါ။

အေကာင္းဆုံးထားသင့္တဲ့ အပူခ်ိန္က 22’C နဲ႔ 25’C ၾကားပါ။ စက္ေကာင္းေနရင္ ေအးပါတယ္။ တကယ္လို႔ ဒီရာသီမွာစက္က ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္လို႔ အခန္းအပူခ်ိန္ နိမ့္ထားမိရင္ မေတာ္တဆ အျပင္ကျပန္လာခ်ိန္ အဲဒီအခန္းထဲ ဝင္မိရင္ အပူခ်ိန္ကြာဟခ်က္က… 40’C ..ကေန 20’C ေအာက္ အခန္းထဲေရာက္သြားလို႔ ခႏၶာကိုယ္အတြက္ အပူခ်ိန္ အေျပာင္းအလဲမ်ားလြန္းလို႔ မလိုလားအပ္တဲ့ ျပႆ နာျဖစ္ၿပီး ဖ်ားတာနာတာျဖစ္ႏိုင္ပါတယ္။

အခုအခ်ိန္မွာ စက္ကပူလြန္းလို႔ အလုပ္မလုပ္ႏိုင္ရင္ ခဏတနာရီေလာက္ အနားေပးၿပီးမွ ျပန္ဖြင့္ပါ။ ဒါမွမဟုတ္ Fan Mode ပဲ High ထားၿပီး ဖြင့္ထားပါ။ ညပိုင္းထိ ျပန္မေအးေတာ့ရင္ျဖစ္ေစ၊ အဲကြန္းေအာက္ဒိုးက က်ေနဘက္မွာ မရွိပဲ အရိပ္ထဲမွာ ရွိေနလွ်က္နဲ႔ မေအးေတာ့ရင္ျဖစ္ေစ အဲကြန္းကို ဆားဗစ္လုပ္ပါ။တတ္ကြၽမ္းသူနဲ႔ စစ္ေဆးပါ။ ဆားဗစ္မလုပ္လို႔ ညစ္ပတ္ေနၿပီး အပူထုတ္အားက်လို႔ အခန္းထဲမွာ အပူခ်ိန္မက်ပဲ စက္ကမေအးတာလဲ ျဖစ္ႏိုင္သလို ဂက္စ္နည္းလို႔ စက္ခြၽတ္ယြင္းေနလို႔လည္း ျဖစ္ႏိုင္လို႔ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ကိုနႏၵမိုး

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service