တရားဝင်ပိုင်ဆိုင်မှုကို လွှဲပြောင်းနည်း (၅) ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
1149 Views

တရားဝင်ပိုင်ဆိုင်မှုကို လွှဲပြောင်းနည်း (၅) ရပ်

Knowledge | Posted by Shwe Zin Win

[Unicode]

မရွှေ့ပြောင်းနိုင်သောပစ္စည်းဆိုသောစကားရပ်ထဲမှာမြေပါဝင်တယ်ဆိုတာ အတိအလင်းသတ်မှတ်ထားတယ်။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းမှာ ပါဝင်တဲ့မြေကို လွှဲပြောင်းမှုနည်းလမ်း(၅)ခုရှိပါတယ်။

၁။ ရောင်းချခြင်းဖြင့် လွှဲပြောင်းမှု

၂။ ပေါင်နှံခြင်းဖြင့် လွှဲပြောင်းမှု

၃။ ငှားရမ်းခြင်းဖြင့် လွှဲပြောင်းမှု

၄။ လဲလှယ်ခြင်းဖြင့် လွှဲပြောင်းမှု

၅။ ပေးကမ်းခြင်းဖြင့် လွှဲပြောင်းမှု

ရောင်းချခြင်းဖြင့် လွှဲပြောင်းမှုဆိုတာ မြေယာတစ်ခုရဲ့ပိုင်ဆိုင်မှုတန်ဖိုးကို အဖိုးစားနားငွေပေးချေပြီး ပိုင်ဆိုင်မှုအပြည့်အဝလွှဲပြောင်းရယူခြင်းဖြစ်တယ်။ အရောင်းအဝယ်ပြုလုပ်ရာမှာ ရောင်းချသည့်  မြေကွက်  ရဲ့ တန်ဖိုးသည် ကျပ် ၁၀၀ နဲ့ ၁၀၀ အထက်ဖြစ်လျှင် မှတ်ပုံတင်စာချုပ်ဖြင့် တရားဝင်ချုပ်ဆိုရပါမည်။

၁၉၈၇ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၁)အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ မြေပိုင်ဆိုင်မှုကို နိုင်ငံခြားသားများအားအပြီးအပိုင်လွှဲပြောင်းခြင်းကို တားမြစ် ကန့်သတ်ထားပါတယ်။ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေများ အလွှဲအပြောင်းစာချုပ်များကို စာချုပ်စာတမ်းမှတ်ပုံတင်ဌာနက တရားဝင်မှတ်ပုံတင်ခွင့်ပြုပါတယ်။

ပေါင်နှံခြင်းဖြင့်လွှဲပြောင်းမှုတွင် အိမ်ခြံမြေ  ​ပေါင်နှံရာမှာ စာချုပ်စာတမ်းရုံးတွင် တရားဝင်မှတ်ပုံတင်ဖို့လည်း လိုအပ်တယ်လို့သိရပါတယ်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းရောင်းဝယ်၊ ပေါင်နှံ၊ပေးကမ်း လှူဒါန်း၊ စွန့်လွှတ်တာတွေစတဲ့အရာတွေကို ပြုလုပ်တဲ့အခါ အိမ်မြေ၊ ဥယျာဉ်ခြံမြေ၊ လယ်မြေတွေရဲ့ တန်ဖိုးတစ်ရပ်ကို အခွန်ဦးစီးဌာန ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့ဆုံးဖြတ်ချက်များအရ ကျပ်၁၀၀အထက်ဖြစ်လျှင် မှတ်ပုံတင်ရန် စာချုပ်စာတမ်းရုံးမှာ ပြဌာန်းထားတာရှိပါတယ်။

အိမ်ခြံမြေဝယ်ရန် အလို့ငှာ ဘဏ်ကနေငွေချေး  တဲ့အခါ မြေပုံ၊မြေရာဇဝင်က အရေးပါတဲ့အချက် တစ်ခုဖြစ်ပါတယ်။ မရွှေ့ပြောင်းနိုင်သောအိမ်ခြံမြေကိုတရားဝင် မှတ်ပုံတင်ပြီးပေါင်နှံမယ်ဆိုလျှင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ်များမှအပ တခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ ဘဏ်ငွေချေးရန် သက်ဆိုင်ရာဦးစီးဌာနတွေမှာ မြေပုံ၊မြေရာဇဝင် ထုတ်ပေးဖို့ လျှောက်ထားရပါမယ်။ ထိုသို့ လျှောက်ထားမှသာ ဘဏ်တခုခုတွင် ငွေချေးခြင်းဖြစ်စေ၊ ပေါင်နှံခြင်းဖြစ်စေ မြေပိုင်ဆိုင်မှု အထောက်အထားခိုင်မာမှသာ ချေးငွေရရှိပါမယ်။

ငှားရမ်းခြင်း  ဖြင့် လွှဲပြောင်းမှုတွင် အိမ်ခြံမြေတိုက်ခန်း အဆောက်အဦးတို့ကို ပိုင်ဆိုင်သူက အခြားတစ်ဦး တစ်ယောက်ကို အဖိုးစားနားတစ်ခုဖြင့် ကတိခံဝန်ချက်များလိုက်နာစေပြီး ဌားရမ်းခြင်းဖြင့်လည်း လွှဲပြောင်း ထားနိုင်ပါသည်။ ထိုလွဲပြောင်းမှုသည် စာချုပ်စာတမ်းပေါ်ရှိ ကာလအကန့်အသတ်တစ်ခုအထိသာ အကျုံးဝင်ပါ သည်။ ထိုလွှဲပြောင်းမှုသည် ပိုင်ဆိုင်မှု အပြီးသတ်မဟုတ်ပါ။ ပိုင်ဆိုင်မှုရှိသူ၏ ယာယီခွင့်ပြုချက်အရ နေထိုင်ခွင့် မျှသာ ဖြစ်သည်။ ပေးကမ်းခြင်းဖြင့် လွှဲပြောင်းမှုတွင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းသာမက ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကိုပါ မေတ္တာဖြင့်ပေးကမ်းခြင်းပြုနိုင်သည်။ အရာဝတ္တု ဒြပ်ရှိသည့်ပစ္စည်းကိုသာ ပေးနိုင်သည်

ထို့ပြင် ပေးကမ်းချိန်၌ ထိုပစ္စည်းသည် တည်ရှိပြီးဖြစ်နေရမည်။ နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် သို့မဟုတ် ရရှိလာမည့်ပစ္စည်းကို ပေးကမ်းခြင်းမပြုနိုင်။ အလားတူပင် အတိအကျဖော်ပြခြင်း မပြုနိုင်သည့် ပစ္စည်းသည်လည်း မေတ္တာဖြင့် ပေး နိုင်သော ပစ္စည်းတစ်ရပ်မဖြစ်နိုင်။ (ပုဒ်မ ၁၂၂ နှင့် ၁၂၄အရ) မေတ္တာဖြင့်ပေးခြင်းတွင် လိုအပ်သောအချက်များမှာ -

ပေးသူနှင့် လက်ခံသူရှိရမည်။ ပေးကမ်းသော ပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရန်လိုသည်။

ပေးသူက မိမိ အလိုအလျောက် အဖိုးစားနားမရှိဘဲ ပေးခြင်းဖြစ်ရမည်။ ပေးသူက မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရမည်။ ပေးသောပစ္စည်းကို လက်ခံသူက ပေးသူ အသက်ရှင်ဆဲ ပေးနိုင်သည့် အခြေအနေရှိစဉ် လက်ခံရမည်။ (၂ဝဝ၁ ခုနှစ်၊ မတစ၊ ၃၉၂)(၂ဝဝ၇ ခုနှစ်၊ မတစ၊ ၅၂)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တရား၀င္ပိုင္ဆိုင္မႈကို လဲႊေျပာင္းနည္း (၅) ရပ္

မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းဆိုေသာစကားရပ္ထဲမွာေျမပါ၀င္တယ္ဆိုတာ အတိအလင္းသတ္မွတ္ထားတယ္။ မေရႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမွာ ပါ၀င္တဲ့ေျမကို လႊဲေျပာင္းမႈနည္းလမ္း(၅)ခုရွိပါတယ္။

၁။ ေရာင္းခ်ျခင္းျဖင့္ လႊဲေျပာင္းမႈ

၂။ ေပါင္ႏွံျခင္းျဖင့္ လႊဲေျပာင္းမႈ

၃။ ငွားရမ္းျခင္းျဖင့္ လႊဲေျပာင္းမႈ

၄။ လဲလွယ္ျခင္းျဖင့္ လႊဲေျပာင္းမႈ

၅။ ေပးကမ္းျခင္းျဖင့္ လႊဲေျပာင္းမႈ

ေရာင္းခ်ျခင္းျဖင့္ လႊဲေျပာင္းမႈဆိုတာ ေျမယာတစ္ခုရဲ႕ပိုင္ဆိုင္မႈတန္ဖိုးကို အဖိုးစားနားေငြေပးေခ်ၿပီး ပိုင္ဆိုင္မႈအျပည့္အ၀လႊဲေျပာင္းရယူျခင္းျဖစ္တယ္။ အေရာင္းအ၀ယ္ျပဳလုပ္ရာမွာ ေရာင္းခ်သည့္ ေျမကြက္ ရဲ႕ တန္ဖိုးသည္ က်ပ္ ၁၀၀ နဲ႕ ၁၀၀ အထက္ျဖစ္လွ်င္ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ တရား၀င္ခ်ဳပ္ဆိုရပါမည္။

၁၉၈၇ခုႏွစ္ ျပည္သူ႔လႊတ္ေတာ္ ဥပေဒအမွတ္(၁)အရ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒအရ ေျမပိုင္ဆိုင္မႈကို ႏိုင္ငံျခားသားမ်ားအားအၿပီးအပိုင္လႊဲေျပာင္းျခင္းကို တားျမစ္ ကန္႔သတ္ထားပါတယ္။ ဘိုးဘြားပိုင္ေျမ၊ ဂရန္ေျမမ်ား အလႊဲအေျပာင္းစာခ်ဳပ္မ်ားကို စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဌာနက တရား၀င္မွတ္ပုံတင္ခြင့္ျပဳပါတယ္။

ေပါင္ႏွံျခင္းျဖင့္လႊဲေျပာင္းမႈတြင္ အိမ္ျခံေျမ ​ေပါင္ႏွံရာမွာ စာခ်ဳပ္စာတမ္း႐ုံးတြင္ တရား၀င္မွတ္ပုံတင္ဖို႔လည္း လိုအပ္တယ္လို႔သိရပါတယ္။ မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းေရာင္း၀ယ္၊ ေပါင္ႏွံ၊ေပးကမ္း လွဴဒါန္း၊ စြန္႔လႊတ္တာေတြစတဲ့အရာေတြကို ျပဳလုပ္တဲ့အခါ အိမ္ေျမ၊ ဥယ်ာဥ္ျခံေျမ၊ လယ္ေျမေတြရဲ႕ တန္ဖိုးတစ္ရပ္ကို အခြန္ဦးစီးဌာန ကာလတန္ဖိုးစိစစ္ သတ္မွတ္ေရးအဖြဲ႔ဆုံးျဖတ္ခ်က္မ်ားအရ က်ပ္၁၀၀အထက္ျဖစ္လွ်င္ မွတ္ပုံတင္ရန္ စာခ်ဳပ္စာတမ္း႐ုံးမွာ ျပဌာန္းထားတာရွိပါတယ္။

အိမ္ျခံေျမ၀ယ္ရန္  အလို႔ငွာ  ဘဏ္ကေန ေငြေခ်း တဲ့အခါ ေျမပုံ၊ေျမရာဇ၀င္က အေရးပါတဲ့အခ်က္ တစ္ခုျဖစ္ပါတယ္။ မေရႊ႕ေျပာင္းႏိုင္ေသာအိမ္ျခံေျမကိုတရား၀င္ မွတ္ပုံတင္ၿပီးေပါင္ႏွံမယ္ဆိုလွ်င္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ၿမိဳ႕နယ္မ်ားမွအပ တျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးေတြမွာ ဘဏ္ေငြေခ်းရန္ သက္ဆိုင္ရာဦးစီးဌာနေတြမွာ ေျမပုံ၊ေျမရာဇ၀င္ ထုတ္ေပးဖို႔ ေလွ်ာက္ထားရပါမယ္။ ထိုသို႔ ေလွ်ာက္ထားမွသာ ဘဏ္တခုခုတြင္ ေငြေခ်းျခင္းျဖစ္ေစ၊ ေပါင္ႏွံျခင္းျဖစ္ေစ ေျမပိုင္ဆိုင္မႈ အေထာက္အထားခိုင္မာမွသာ ေခ်းေငြရရွိပါမယ္။

ငွားရမ္းျခင္း ျဖင့္ လႊဲေျပာင္းမႈတြင္ အိမ္ျခံေျမတိုက္ခန္း အေဆာက္အဦးတို႕ကို ပိုင္ဆိုင္သူက အျခားတစ္ဦး တစ္ေယာက္ကို အဖိုးစားနားတစ္ခုျဖင့္ ကတိခံ၀န္ခ်က္မ်ားလိုက္နာေစၿပီး ဌားရမ္းျခင္းျဖင့္လည္း လဲႊေျပာင္း ထားႏိုင္ပါသည္။ ထိုလြဲေျပာင္းမႈသည္ စာခ်ဳပ္စာတမ္းေပၚရွိ ကာလအကန္႔အသတ္တစ္ခုအထိသာ အက်ဳံး၀င္ပါ သည္။ ထိုလႊဲေျပာင္းမႈသည္ ပိုင္ဆိုင္မႈ အၿပီးသတ္မဟုတ္ပါ။ ပိုင္ဆိုင္မႈရွိသူ၏ ယာယီခြင့္ျပဳခ်က္အရ ေနထိုင္ခြင္႔ မွ်သာ ျဖစ္သည္။ ေပးကမ္းျခင္းျဖင့္ လႊဲေျပာင္းမႈတြင္ မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းသာမက ေရႊ႕ေျပာင္းႏိုင္သည့္ ပစၥည္းကိုပါ ေမတၱာျဖင့္ေပးကမ္းျခင္းျပဳႏိုင္သည္။ အရာ၀တၱဳ ျဒပ္ရွိသည့္ပစၥည္းကိုသာ ေပးႏိုင္သည္။

ထို႔ျပင္ ေပးကမ္းခ်ိန္၌ ထိုပစၥည္းသည္ တည္ရွိၿပီးျဖစ္ေနရမည္။ ေနာင္တစ္ခ်ိန္တြင္ ေပၚေပါက္လာမည့္ သို႔မဟုတ္ ရရွိလာမည့္ပစၥည္းကို ေပးကမ္းျခင္းမျပဳႏိုင္။ အလားတူပင္ အတိအက်ေဖာ္ျပျခင္း မျပဳႏိုင္သည့္ ပစၥည္းသည္လည္း ေမတၱာျဖင့္ ေပး ႏိုင္ေသာ ပစၥည္းတစ္ရပ္မျဖစ္ႏိုင္။ (ပုဒ္မ ၁၂၂ ႏွင့္ ၁၂၄အရ) ေမတၱာျဖင့္ေပးျခင္းတြင္ လိုအပ္ေသာအခ်က္မ်ားမွာ -

ေပးသူႏွင့္ လက္ခံသူရွိရမည္။ ေပးကမ္းေသာ ပစၥည္းသည္ လက္ရွိပစၥည္းျဖစ္ရန္လိုသည္။

ေပးသူက မိမိ အလိုအေလ်ာက္ အဖိုးစားနားမရွိဘဲ ေပးျခင္းျဖစ္ရမည္။ ေပးသူက မိမိပိုင္ပစၥည္းကို လႊဲေျပာင္းေပးရမည္။ ေပးေသာပစၥည္းကို လက္ခံသူက ေပးသူ အသက္ရွင္ဆဲ ေပးႏိုင္သည့္ အေျခအေနရွိစဥ္ လက္ခံရမည္။ (၂ဝဝ၁ ခုႏွစ္၊ မတစ၊ ၃၉၂)(၂ဝဝ၇ ခုႏွစ္၊ မတစ၊ ၅၂)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service