တရားရုံးရှိ စစ်ဆေးလျက်ရှိသော အမှုတစ်မှုအတွက် သက်သေဆင့်ခေါ်ခြင်း (သမ္မာန်စာ) အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1617 Views

တရားရုံးရှိ စစ်ဆေးလျက်ရှိသော အမှုတစ်မှုအတွက် သက်သေဆင့်ခေါ်ခြင်း (သမ္မာန်စာ) အကြောင်း

Knowledge | Posted by Zarni Kyaw

[Unicode]

သက်သေဆင့်ခေါ်ခြင်းဆိုသည်မှာ တရားရုံးတွင် စစ်ဆေးလျက်ရှိသည့် အမှုတစ်မှုအတွက် သက်သေခံရန် တရားရုံးသို့ မပျက်မကွက်လာရောက်ရန် အကြောင်းကြားစာကို ဆိုလိုသည်။

သက်သေဆင့်ခေါ်ရာတွင် သက်သေထံ သမ္မာန်စာပို့ခြင်းနည်းလမ်းဖြင့် ဆင့်ခေါ်ပါသည်။ ထိုသို့ ဆင့်ခေါ်ရာတွင် ရာဇဝတ်မှုသက်သေဆင့်ခေါ်ခြင်းနှင့် တရာမမှုသက်သေဆင့်ခေါ်ခြင်း ဆင့်ခေါ်ပုံခြင်း မတူညီသလို သက်သေ၏တာဝန်ဝတ္တရားများ မတူညီပါ။

ရာဇဝတ်မှုသက်သေဆင့်ခေါ်ပုံမှာ ရဲအရေးပိုင်သောအမှုတွေမှာ တရားရုံးကိုအမှုတွဲရောက်ရှိလာပြီးတဲ့ နောက် တရားရုံးက သက်သေစာရင်းမှာ ပါဝင်တဲ့သက်သေတွေကို သမ္မာန်စာနှင့် ဆင့်ခေါ်ပါသည်။ သမ္မာန်စာ ကို (၂)စောင်ရေးသားဖြည့်သွင်းပြီး တရားရုံးတံဆိပ်ရိုက်နှိပ်၍ တာဝန် ရှိသူ လက်မှတ်ရေးထိုးပါသည်။ အဆိုပါ သမ္မာန်စာကို တရားရုံးမှ သက်ဆိုင်ရာရဲစခန်းသို့ ပေးပို့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးက သက်သေအဖြစ် ဆင့်ခေါ်ခံရသူထံ သမ္မာန်စာ(၁)စောင်ကို ပေးအပ်ပြီး ကျန်တစ်စောင်တွင် လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးရ ပါသည်။ သမ္မာန်စာမှာ ရုံးအမည်၊ အမှုနံပါတ်၊ လာရောက်ရမည့်ရုံးချိန်းရက်နှင့် နာရီကို ဖော်ပြထားပါသည်။

သက်သေအဖြစ်ဆင့်ခေါ်ခံရသူ လက်မှတ်ရေးထိုးထားသည့် သမ္မာန်စာကို ရုံးချိန်းအမီ ရုံးကိုပြန်ပို့ရပါသည်။ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးထားမှသာ သမ္မာန်စာအတည်ဖြစ်မှာပါ။ အကယ်၍ ဆင့်ခေါ် ခံရသူသည် ခရီးသွားနေခြင်း၊ တနယ်တကျေးသို့ ပြောင်းရွှေ့သွားခြင်းမျိုးဖြစ်ပါက သမ္မာန်စာအတည်မဖြစ်နိုင်ပါ။ သမ္မာန်စာအတည်ဖြစ်ပါလျက် တစ်ကြိမ်လဲ မလာ၊ နှစ်ကြိမ်လဲ မလာပါက တရားရုံးက ဝရမ်းထုတ်ဆင့် ခေါ်ယူနိုင်ပါသည်။ အမှုအတွက် သက်သေသာဖြစ်သော်လည်း တရားရုံး၏ ဆင့်ခေါ်ခြင်းကို လျစ်လျူရှုပါက ဝရမ်းထုတ်ဆင့်ခံရမှာဖြစ်ပါသည်။

တရားမမှုတွင် သက်သေအဖြစ်အဆင့်ခံရန် သမ္မာန်စာကို တရားရုံးက ဆင့်ခေါ်ခြင်း မဆောင်ရွက်ပါ။ တရားလိုပြသက်သေအဖြစ် သက်သေထွက်ဆိုရန် ဆင့်ခေါ်ရန်တာဝန်မှာ တရားလိုတွင် တာဝန် ရှိပြီး တရားပြိုင်ပြသက်သေအဖြစ် သက်သေထွက်ဆိုရန် ဆင့်ခေါ်ရန်တာဝန်မှာ တရားပြိုင်၏ တာဝန်ဖြစ်သည်။ တရားမမှုတွင် သက်သေသည် တစ်ကြိမ်လဲ မလာ၊ နှစ်ကြိမ်လဲ မလာပါက တရားရုံးမှ အမှုစစ်ဆေးခြင်းအား နှောင့်နှေး ကြန့်ကြာမှုမရှိစေရန် သက်သေပယ်ခြင်းကို ဆောင်ရွက်စေပါသည်။ တရားမမှု သက်သေသည် တရားရုံးသို့ လာရောက်ထွက်ဆိုခြင်း မရှိသည့်အပေါ် အရေးယူဆောင်ရွက်ခြင်းမရှိပါ။ တရားလို၊ တရားပြိုင်များအတွက် သက်သေအထောက်အထား မရရှိခြင်းသာဖြစ်နိုင်ပါသည်။

ထို့ကြောင့် သက်သေဆင့်ခေါ်ခြင်း (သမ္မာန်စာ) လာရောက်ချအပ်ခြင်းခံရပါကလည်း ကြောက်လန့် ထိပ်လန့်ခြင်း မဖြစ်ပေါ်စေရန်နှင့် သမ္မာန်စာအကြောင်း ဗဟုသုတသိရှိထားခြင်းဖြင့် မည်သို့ ဆောင်ရွက်ရမည်ကို သိရှိနိုင်စေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တရား႐ံုး႐ွိ စစ္ေဆးလ်က္႐ွိေသာ အမႈတစ္မႈအတြက္ သက္ေသဆင့္ေခၚျခင္း (သမၼာန္စာ) အေၾကာင္း

သက္ေသဆင့္ေခၚျခင္းဆိုသည္မွာ တရား႐ံုးတြင္ စစ္ေဆးလ်က္႐ွိသည့္ အမႈတစ္မႈအတြက္ သက္ေသခံရန္ တရား႐ံုးသို႔ မပ်က္မကြက္လာေရာက္ရန္ အေၾကာင္းၾကားစာကို ဆိုလိုသည္။

သက္ေသဆင့္ေခၚရာတြင္ သက္ေသထံ သမၼာန္စာပို႔ျခင္းနည္းလမ္းျဖင့္ ဆင့္ေခၚပါသည္။ ထိုသို႔ ဆင့္ေခၚရာတြင္ ရာဇဝတ္မႈသက္ေသဆင့္ေခၚျခင္းႏွင့္ တရာမမႈသက္ေသဆင့္ေခၚျခင္း ဆင့္ေခၚပံုျခင္း မတူညီသလို သက္ေသ၏တာဝန္ဝတၱရားမ်ား မတူညီပါ။

ရာဇဝတ္မႈသက္ေသဆင့္ေခၚပံုမွာ ရဲအေရးပိုင္ေသာအမႈေတြမွာ တရား႐ံုးကိုအမႈတြဲေရာက္႐ွိလာၿပီးတဲ့ ေနာက္ တရား႐ံုးက သက္ေသစာရင္းမွာ ပါဝင္တဲ့သက္ေသေတြကို သမၼာန္စာႏွင့္ ဆင့္ေခၚပါသည္။ သမၼာန္စာ ကို (၂)ေစာင္ေရးသားျဖည့္သြင္းၿပီး တရား႐ံုးတံဆိပ္႐ိုက္ႏွိပ္၍ တာဝန္ ႐ွိသူ လက္မွတ္ေရးထိုးပါသည္။ အဆိုပါ သမၼာန္စာကို တရား႐ံုးမွ သက္ဆိုင္ရာရဲစခန္းသို႔ ေပးပို႔ၿပီး ရဲတပ္ဖြဲ႕ဝင္တစ္ဦးဦးက သက္ေသအျဖစ္ ဆင့္ေခၚခံရသူထံ သမၼာန္စာ(၁)ေစာင္ကို ေပးအပ္ၿပီး က်န္တစ္ေစာင္တြင္ လက္ခံရ႐ွိေၾကာင္း လက္မွတ္ေရးထုိးရ ပါသည္။ သမၼာန္စာမွာ ႐ံုးအမည္၊ အမႈနံပါတ္၊ လာေရာက္ရမည့္႐ံုးခ်ိန္းရက္ႏွင့္ နာရီကို ေဖာ္ျပထားပါသည္။

သက္ေသအျဖစ္ဆင့္ေခၚခံရသူ လက္မွတ္ေရးထုိးထားသည့္ သမၼာန္စာကို ႐ံုးခ်ိန္းအမီ ႐ံုးကိုျပန္ပို႔ရပါသည္။ လက္ခံရ႐ွိေၾကာင္း လက္မွတ္ေရးထုိးထားမွသာ သမၼာန္စာအတည္ျဖစ္မွာပါ။ အကယ္၍ ဆင့္ေခၚ ခံရသူသည္ ခရီးသြားေနျခင္း၊ တနယ္တေက်းသို႔ ေျပာင္းေ႐ႊ႕သြားျခင္းမ်ိဳးျဖစ္ပါက သမၼာန္စာအတည္မျဖစ္ႏိုင္ပါ။ သမၼာန္စာအတည္ျဖစ္ပါလ်က္ တစ္ႀကိမ္လဲ မလာ၊ ႏွစ္ႀကိမ္လဲ မလာပါက တရား႐ံုးက ဝရမ္းထုတ္ဆင့္ ေခၚယူႏိုင္ပါသည္။ အမႈအတြက္ သက္ေသသာျဖစ္ေသာ္လည္း တရား႐ံုး၏ ဆင့္ေခၚျခင္းကို လ်စ္လ်ဴ႐ႈပါက ဝရမ္းထုတ္ဆင့္ခံရမွာျဖစ္ပါသည္။

တရားမမႈတြင္ သက္ေသအျဖစ္အဆင့္ခံရန္ သမၼာန္စာကို တရား႐ံုးက ဆင့္ေခၚျခင္း မေဆာင္႐ြက္ပါ။ တရားလိုျပသက္ေသအျဖစ္ သက္ေသထြက္ဆိုရန္ ဆင့္ေခၚရန္တာဝန္မွာ တရားလိုတြင္ တာဝန္ ႐ွိၿပီး တရားၿပိဳင္ျပသက္ေသအျဖစ္ သက္ေသထြက္ဆိုရန္ ဆင့္ေခၚရန္တာဝန္မွာ တရားၿပိဳင္၏ တာဝန္ျဖစ္သည္။ တရားမမႈတြင္ သက္ေသသည္ တစ္ႀကိမ္လဲ မလာ၊ ႏွစ္ႀကိမ္လဲ မလာပါက တရား႐ံုးမွ အမႈစစ္ေဆးျခင္းအား ေႏွာင့္ေႏွး ၾကန္႔ၾကာမႈမ႐ွိေစရန္ သက္ေသပယ္ျခင္းကို ေဆာင္႐ြက္ေစပါသည္။ တရားမမႈ သက္ေသသည္ တရား႐ံုးသို႔ လာေရာက္ထြက္ဆိုျခင္း မ႐ွိသည့္အေပၚ အေရးယူေဆာင္႐ြက္ျခင္းမ႐ွိပါ။ တရားလို၊ တရားၿပိဳင္မ်ားအတြက္ သက္ေသအေထာက္အထား မရ႐ွိျခင္းသာျဖစ္ႏိုင္ပါသည္။

ထို႔ေၾကာင့္ သက္ေသဆင့္ေခၚျခင္း (သမၼာန္စာ) လာေရာက္ခ်အပ္ျခင္းခံရပါကလည္း ေၾကာက္လန္႔ ထိပ္လန္႔ျခင္း မျဖစ္ေပၚေစရန္ႏွင့္ သမၼာန္စာအေၾကာင္း ဗဟုသုတသိ႐ွိထားျခင္းျဖင့္ မည္သုိ႔ ေဆာင္႐ြက္ရမည္ကို သိ႐ွိႏိုင္ေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service