သင် မသိသေးတဲ့ သခွားသီးရဲ့ အသုံးဝင်ပုံများ - Property Knowledge in Myanmar from iMyanmarHouse.com
830 Views

သင် မသိသေးတဲ့ သခွားသီးရဲ့ အသုံးဝင်ပုံများ

Knowledge | Posted by Si Thu Aung

[Unicode]

ရေဓာတ်ကြွယ်ဝတဲ့ သခွားသီးက ကျန်းမားရေးအတွက်လည်း အသုံးဝင်တဲ့အပြင် အလှအပအတွက်လည်း အသုံးတည့်တဲ့ ​ဟင်းသီးဟင်းရွက်အမျိုးအနွယ်ဝင်တစ်ခုပါပဲ။သခွားသီးရဲ့ အခွံက အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီကာ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီလီကာဓာတ်က ကြွက်သားတစ်သျှူး ၊ ကြွက်သားနှင့် အရိုးစပ်ကြားရှိ အရွတ်ကြောလုံး အရွတ်များနဲ့ အရိုးများ ကျန်းမားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။

သခွားသီးဖျော်ရည်သောက်သုံးခြင်းက အသားအရေကြည်လင်မှုကို တိုးမြှင့်ပေးပြီး အသားအရေ တောက်ပစေကာ အစိုဓာတ်ရရှိအောင်လည်း ကူညီပံ့ပိုးပေးပါလိမ့်မယ်။

သခွားသီးက ဘယ်လိုနည်းမျိုးစုံနဲ့ အသုံးတည့်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အေးမြလန်းဆန်းဖို့အတွက် သခွားသီး ရေခဲချောင်းလုပ်စားပါ

ပူအိုက်တဲ့နေ့မှာ ချွေးအရမ်းထွက်လို့ ရေဓာတ်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်ပါသလား၊ သခွားသီးရေခဲချောင်းလေး လုပ်စားကြည့်လိုက်ပါ။ အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

 

ရေချိုးခန်းထဲက မှန်များ ရေငွေ့ရိုက်ခြင်းမှ ကင်းဝေးဖို့ရန်အတွက်

သခွားသီးကို ခပ်ထူထူလေးလှီးပြီး မှန်ပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ရေချိုးခန်းက အနံ့အသက်လေး မွှေးနေမှာဖြစ်ပြီး မှန်ပေါ်မှာ ရေငွေ့ရိုက်မှာ မဟုတ်တော့ပါဘူး။

အရက်နာကျခြင်း ကင်းဝေဖို့အတွက်

ညဘက်မှာ သူငယ်ချင်းနဲ့ တပျော်တပါး သောက်စားပျော်ပါးကြတာ အရှိန်လွန်သွားလို့ မနက်ပိုင်းမှာ ခေါင်းမထောင်နိုင်အောင် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြုကြည့်လိုက်ပါ။ ညအိပ်ယာမဝင်ခင်မှာ သခွားသီး တစ်လုံးလောက် စားပေးလိုက်ပါ။ သခွားသီးမှာ ရေဓာတ်ကြွယ်ဝတဲ့အပြင် ဗီတာမင် ဘီ၊ သကြားဓာတ်နဲ့ လျှပ်လိုက်ပျော်ရည်တို့က ကုန်ဆုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

သခွားသီးထမင်းလိပ် လုပ်စားပါ

သပ်သပ်လွတ်သမားများအတွက် အသားမပါတဲ့ ထမင်းလိပ်လုပ်စားချင်တယ်ဆိုရင်သခွားသီးထမင်းလိပ်ကို နံပါတ်တစ် ဦးစားပေးအနေနဲ့ ပြုလုပ်စားသုံးပေးလိုက်ပါ။ ပြုလုပ်ပုံပြုလုပ်နည်းတွေကလည်း ရိုးရှင်းလွယ်ကူတာကြောင့် အိမ်ရှင်မတို့အကြိုက်နဲ့ တပ်တူကျမှာ အမှန်ပါဘဲ။

ပုရွတ်ဆိတ်များကို မောင်းထုတ်နိုင်ဖို့

ပုရွတ်ဆိတ်တွေက အိမ်ထဲမှာ စားစရာ သောက်စရာတွေနားမှာ မဖိတ်ခေါ်ပါဘဲနဲ့ လာရောက်နေပြီဆိုရင်တော့ သခွားသီးအခွံလေးတွေ ချထားလိုက်ပါ။ နောက်တစ်နေ့မိုးလင်းတာနဲ့ ပုရွတ်ဆိတ်တွေ ရှိတော့မှာမဟုတ်ပါဘူး။

ပေါင်းစပ်အသားအရေ ပိုင်ရှင်များအတွက် သဘာဝမျက်နှာပေါင်းတင်ဆေး

သခွားသီး တစ်ဝက်နဲ့ သဘာဝဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်တို့ကို ဖျော်စက်ထဲထည့်ပြီး သမအောင် ကြိတ်ချေလိုက်ပါ။ ရလာတဲ့ အနှစ်များကို မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ အကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ထပ်မံပြီးတော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်မယ်ဆိုရင် ကြည်လင်ချောမွတ်တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 Credit: myfoodmyanmar

 

[Zawgyi]







 














Credit: myfoodmyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service