နှစ်ဦးအမည်ပေါက်ပူးတွဲပိုင်ဆိုင်သည့် မြေကို တစ်ဦးတည်းက ရောင်းချခြင်းသည် တရားဝင်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
787 Views

နှစ်ဦးအမည်ပေါက်ပူးတွဲပိုင်ဆိုင်သည့် မြေကို တစ်ဦးတည်းက ရောင်းချခြင်းသည် တရားဝင်သလား။

Knowledge | Posted by Shwe Zin Win

[Unicode]

နှစ်ဦးအမည်ပေါက် ပူးတွဲပိုင်ဆိုသည့်မြေကို တစ်ဦးတည်းက ရောင်းချရာတွင် ကျန်တစ်ဦးက ရောင်းချ ခြင်းကို သဘောတူခြင်းမရှိ၍ ရောင်းသူ၏ ဝေစုထက်ဝက်အတွက်သာ အတည်ဖြစ်သည်။ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၁၅ အရ ဝယ်သူသည် ရောင်းသူ၏ အကျိုးသက်ဆိုင်ခွင့်ဖြစ်သော ဥပစာ၏ထက်ဝက်ကို ဥပစာတစ်ခုလုံးအတွက် ဝယ်ရန် သဘောတူထားသည့် ငွေဖြင့် ဝယ်ယူရန် သဘောတူပါက သီးခြားဆောင်ရွက်စေသည့် ဒီကရီရရှိနိုင်မည်ဖြစ်သည်။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၁၅ အရ သက်သာခွင့်ပေးရန်မှာ တရားလိုသည် ရောင်းဖိုး ငွေအားလုံးကို ပေးချေ၍ ရောင်းရန်ပဋိညာဉ်ပြုသူ၏ ဝေစုကိုသာ ရယူရန် လိုလားရမည့်အပြင် နောက် ထပ်ဆောင်ရွက်ရန် တောင်းဆိုချက်များနှင့် လျော်ကြေးရခွင့် အရပ်ရပ်တို့ကို စွန့်လွတ်ခြင်းရှိရန် လိုအပ်သည်။ (ဒေါ်ခင်စန်းမြင့်(ခ)ဒေါ်ညိုညိုစန်းနှင့် ဒေါ်ကေကေစန်း(ခ)မတွတ်၊ ၂၀၁၁ခုနှစ်၊ မတစ၊ စာ-၂၄)

အကယ်၍ ဝယ်သူသည် ရောင်းဖိုးငွေအားလုံးကို ပေးချေခြင်း မပြုလုပ်ရသေးသည့် အခြေအနေတွင် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၁၅ ပါ ပြဋ္ဌာန်းချက်အတိုင်း သီးခြားဆောင်ရွက်စေသည့် ဒီကရီကို မရနိုင်ပါ။ အဆိုပါ အခြေအနေမျိုးတွင် အချင်းဖြစ် မြေနှင့် အဆောက်အအုံ၏ ထက်ဝက်ကို ခွဲခြမ်းစိတ်ပိုင်း၍ လက်ရောက်ပေးအပ်စေခြင်းထက် ရောင်းကြေးငွေ၏ (၂)ဆကို လျော်ကြေးအဖြစ် ပေးစေရန်သာ ဆောင်ရွက် နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပူးတွဲအမည်ပေါက်ပိုင်ဆိုင်သည့် အိမ်ခြံမြေအဆောက်အဦတစ်ခုခုကို ဝယ်ယူမည်ဆိုပါက အမည်ပေါက်ပိုင်ဆိုင်သူအားလုံး လက်မှတ်ရေးထိုးရောင်းချမှသာ ဥပစာတစ်ခုလုံးကို တရားဝင် ရောင်းချခြင်းဖြစ်ပြီး ဥပစာတစ်ခုလုံးကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသား ဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏွစ္ဦးအမည္ေပါက္ပူးတြဲပိုင္ဆိုင္သည့္ ေျမကို တစ္ဦးတည္းက ေရာင္းခ်ျခင္းသည္ တရားဝင္သလား။

ႏွစ္ဦးအမည္ေပါက္ ပူးတြဲပိုင္ဆိုသည့္ေျမကို တစ္ဦးတည္းက ေရာင္းခ်ရာတြင္ က်န္တစ္ဦးက ေရာင္းခ် ျခင္းကို သေဘာတူျခင္းမ႐ွိ၍ ေရာင္းသူ၏ ေဝစုထက္ဝက္အတြက္သာ အတည္ျဖစ္သည္။ သီးျခားသက္သာခြင့္အက္ဥပေဒပုဒ္မ ၁၅ အရ ဝယ္သူသည္ ေရာင္းသူ၏ အက်ိဳးသက္ဆိုင္ခြင့္ျဖစ္ေသာ ဥပစာ၏ထက္ဝက္ကို ဥပစာတစ္ခုလုံးအတြက္ ဝယ္ရန္ သေဘာတူထားသည့္ ေငြျဖင့္ ဝယ္ယူရန္ သေဘာတူပါက သီးျခားေဆာင္႐ြက္ေစသည့္ ဒီကရီရ႐ွိႏိုင္မည္ျဖစ္သည္။

သီးျခားသက္သာခြင့္အက္ဥပေဒပုဒ္မ ၁၅ အရ သက္သာခြင့္ေပးရန္မွာ တရားလိုသည္ ေရာင္းဖိုး ေငြအားလုံးကို ေပးေခ်၍ ေရာင္းရန္ပဋိညာဥ္ျပဳသူ၏ ေဝစုကိုသာ ရယူရန္ လိုလားရမည့္အျပင္ ေနာက္ ထပ္ေဆာင္႐ြက္ရန္ ေတာင္းဆိုခ်က္မ်ားႏွင့္ ေလ်ာ္ေၾကးရခြင့္ အရပ္ရပ္တို႔ကို စြန္႔လြတ္ျခင္း႐ွိရန္ လိုအပ္သည္။ (ေဒၚခင္စန္းျမင့္(ခ)ေဒၚညိဳညိဳစန္းႏွင့္ ေဒၚေကေကစန္း(ခ)မတြတ္၊ ၂၀၁၁ခုႏွစ္၊ မတစ၊ စာ-၂၄)

အကယ္၍ ဝယ္သူသည္ ေရာင္းဖိုးေငြအားလုံးကို ေပးေခ်ျခင္း မျပဳလုပ္ရေသးသည့္ အေျခအေနတြင္ သီးျခားသက္သာခြင့္အက္ဥပေဒပုဒ္မ ၁၅ ပါ ျပ႒ာန္းခ်က္အတိုင္း သီးျခားေဆာင္႐ြက္ေစသည့္ ဒီကရီကို မရႏိုင္ပါ။ အဆိုပါ အေျခအေနမ်ိဳးတြင္ အခ်င္းျဖစ္ ေျမႏွင့္ အေဆာက္အအုံ၏ ထက္ဝက္ကို ခြဲျခမ္းစိတ္ပိုင္း၍ လက္ေရာက္ေပးအပ္ေစျခင္းထက္ ေရာင္းေၾကးေငြ၏ (၂)ဆကို ေလ်ာ္ေၾကးအျဖစ္ ေပးေစရန္သာ ေဆာင္႐ြက္ ႏိုင္မည္ျဖစ္သည္။

ထို႔ေၾကာင့္ ပူးတြဲအမည္ေပါက္ပိုင္ဆိုင္သည့္ အိမ္ျခံေျမအေဆာက္အဦတစ္ခုခုကို ဝယ္ယူမည္ဆိုပါက အမည္ေပါက္ပိုင္ဆိုင္သူအားလုံး လက္မွတ္ေရးထိုးေရာင္းခ်မွသာ ဥပစာတစ္ခုလုံးကို တရားဝင္ ေရာင္းခ်ျခင္းျဖစ္ၿပီး ဥပစာတစ္ခုလုံးကို ပိုင္ဆိုင္မည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသား ေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service