ငါးအရေခွံ စားကြလား........ - Property Knowledge in Myanmar from iMyanmarHouse.com
1264 Views

ငါးအရေခွံ စားကြလား........

Knowledge | Posted by Shwe Zin Win

[Unicode]

ငါးက လူတိုင်း မစားသလို ငါးစားတဲ့သူတိုင်းလည်း ငါးအရေခွံ မစားကြပါဘူး။ ဒီထဲမှာမှ သင်က ငါးလည်းစားတယ်။ ငါးအရေခွံလည်းစားတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်သူတစ်ဦး ဖြစ်ဖို့များပါတယ်။

အကြောင်းကတော့ ငါးကလည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ငါးအရေခွံကလည်း ကျန်းမာရေးကို အကျိုးများစေလို့ပါ။ ဒီတစ်ခေါက်တော့ ငါးအရေခွံ စားတာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ငါးအရေခွံမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ……

ငါးအရေခွံမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

* ပရိုတင်း

* ကယ်လ်လိုရီ

* ဆိုဒီယမ်

* အဆီ

* omega-3 fatty acids

* ဗီတာမင် D

* ဗီတာမင် E

* အိုင်အိုဒင်း

* selenium

* taurine တို့ ပါဝင်နေပါတယ်။ ရေချိုငါးတွေမှာ မပါတတ်ပေမယ့် ပင်လယ်ငါးတွေမှာတော့ အရေပြားမှာ ပြဒါးပါဝင်နေတာကြောင့် သေချာလေး ဆေးကြောသန့်စင်ပြီးမှ စားတာ အကောင်းဆုံး ဖြစ်မှာပါ။

ငါးအရေခွံ စားရင်းရမယ့် ကျန်းမာရေး

ငါးအရေခွံစားတာက ကျန်းမာရေးကို အခုလို အထောက်အကူ ပြုပေးပါတယ်။

ပရိုတင်း ပြည့်ဝစေတယ်

ငါးအရေခွံမှာ နေ့စဉ် ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်း ပါဝင်နေပါတယ်။ ခန္ဓာကိုယ်က ကြွက်သားတွေရဲ့ တစ်ရှူးတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကြီးထွားမှု တန့်တာ မဖြစ်စေဖို့ ထောက်ကူပေးသလို သံဓာတ် အားမနည်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကိုလည်း ကျစေနိုင်ပါတယ်။

ငါးအရေခွံမှာပါတဲ့ ပရိုတင်းက ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

Omega-3 fatty Acids ကြွယ်ဝတယ်

ငါး အထူးသဖြင့် ပင်လယ်ငါးတွေက omega-3 fatty acids ကြွယ်ဝပါတယ်။ ဒီလို ကြွယ်ဝစွာ ပါဝင်နေမှုက နှလုံး ကျန်းမာစေနိုင်သလို ကိုယ်ဝန်ဆောင်တွေမှာလည်း မိခင်ရော ကလေးပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုလည်း ကောင်းစေနိုင်ပါတယ်။

အရေပြားပြဿနာလည်း ကင်းစေနိုင်ပါတယ်။

အရေပြား ကျန်းမာစေနိုင်တယ်

ငါးစားတာက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ငါးအရေခွံက ကော်လာဂျင် ကြွယ်ဝသလို ဗီတာမင် E လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေ တင်းရင်းစေနိုင်ပါတယ်။ အရေးအကြောင်းကင်းစေပြီး အရေပြားကို ခြောက်သွေ့မှုကင်းလို့ ကျန်းမာစေမှာပါ။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု ကင်းစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ နှင်းခူလိုမျိုး အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

အာဟာရပြည့်ဝစေနိုင်တယ်

ငါးအရေခွံက ငါးအသားထက် အာဟာရ ပိုများပါတယ်။ အာဟာရကြွယ်ဝမှုနဲ့အတူ အကျိုးပြုအဆီ ပါဝင်မှုလည်း ပိုများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို လုံလောက် ပြည့်ဝစွာ ရရှိစေဖို့ဆိုရင် ငါးအရေခွံ စားပေးလို့ ရပါတယ်။

သန်စွမ်းကျန်းမာစေတယ်

ငါးအရေခွံက ကော်လာဂျင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရေပြား ကျန်းမာစေသလို အရိုးအကြောစနစ်မှာပါဝင်တဲ့ အရိုးတွေ၊ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အဆစ်တွေကို သက်သာစေနိုင်ပါတယ်။

ကြွက်သားတွေကို သန်မာစေနိုင်သလို သွေးကြောတွေ၊ သွားဖုံး၊ မျက်လုံးတွေ၊ ခြေသည်းလက်သည်း၊ ဆံပင်တွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရွယ်တင်စေနိုင်သလို ကျန်းမာသန်စွမ်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။

ကဲ…… ငါးအရေခွံ စားရင်း အခုလို အကျိုးကျေးဇူးလေးတွ ရမှာဆိုတော့ ငါးဟင်းပဲစားစား ငါးကြော်ပဲစားစား အရေခွံပါ ပါအောင်စားနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ငါးအေရခြံ စားၾကလား........

ငါးက လူတိုင္း မစားသလို ငါးစားတဲ့သူတိုင္းလည္း ငါးအေရခြံ မစားၾကပါဘူး။ ဒီထဲမွာမွ သင္က ငါးလည္းစားတယ္။ ငါးအေရခြံလည္းစားတယ္ဆိုရင္ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားတတ္သူတစ္ဦး ျဖစ္ဖို႔မ်ားပါတယ္။

အေၾကာင္းကေတာ့ ငါးကလည္း က်န္းမာေစဖို႔ ေထာက္ကူေပးသလို ငါးအေရခြံကလည္း က်န္းမာေရးကို အက်ိဳးမ်ားေစလို႔ပါ။ ဒီတစ္ေခါက္ေတာ့ ငါးအေရခြံ စားတာက က်န္းမာေရးအတြက္ ဘယ္လို အေထာက္အကူျပဳလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

ငါးအေရခြံမွာ ဘယ္လို အာဟာရေတြ ပါဝင္ေနလဲ ……

ငါးအေရခြံမွာ အခုလို အာဟာရေတြ ပါဝင္ေနပါတယ္။

* ပ႐ိုတင္း

* ကယ္လ္လိုရီ

* ဆိုဒီယမ္

* အဆီ

* omega-3 fatty acids

* ဗီတာမင္ D

* ဗီတာမင္ E

* အိုင္အိုဒင္း

* selenium

* taurine တို႔ ပါဝင္ေနပါတယ္။ ေရခ်ိဳငါးေတြမွာ မပါတတ္ေပမယ့္ ပင္လယ္ငါးေတြမွာေတာ့ အေရျပားမွာ ျပဒါးပါဝင္ေနတာေၾကာင့္ ေသခ်ာေလး ေဆးေၾကာသန္႔စင္ၿပီးမွ စားတာ အေကာင္းဆုံး ျဖစ္မွာပါ။

ငါးအေရခြံ စားရင္းရမယ့္ က်န္းမာေရး

ငါးအေရခြံစားတာက က်န္းမာေရးကို အခုလို အေထာက္အကူ ျပဳေပးပါတယ္။

ပ႐ိုတင္း ျပည့္ဝေစတယ္

ငါးအေရခြံမွာ ေန႔စဥ္ က်န္းမာေစဖို႔အတြက္ လိုအပ္တဲ့ ပ႐ိုတင္း ပါဝင္ေနပါတယ္။ ခႏၶာကိုယ္က ႂကြက္သားေတြရဲ႕ တစ္႐ွဴးေတြ ျဖစ္ေပၚေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ႀကီးထြားမႈ တန္႔တာ မျဖစ္ေစဖို႔ ေထာက္ကူေပးသလို သံဓာတ္ အားမနည္းေစဖို႔လည္း ေထာက္ကူေပးပါတယ္။ ခႏၶာကိုယ္မွာ ေရာင္ရမ္းတာေတြကိုလည္း က်ေစႏိုင္ပါတယ္။

ငါးအေရခြံမွာပါတဲ့ ပ႐ိုတင္းက ကိုယ္ခံအား ေကာင္းေစဖို႔လည္း ေထာက္ကူေပးႏိုင္ပါတယ္။

Omega-3 fatty Acids ႂကြယ္ဝတယ္

ငါး အထူးသျဖင့္ ပင္လယ္ငါးေတြက omega-3 fatty acids ႂကြယ္ဝပါတယ္။ ဒီလို ႂကြယ္ဝစြာ ပါဝင္ေနမႈက ႏွလုံး က်န္းမာေစႏိုင္သလို ကိုယ္ဝန္ေဆာင္ေတြမွာလည္း မိခင္ေရာ ကေလးပါ က်န္းမာေစဖို႔ ေထာက္ကူေပးပါတယ္။ ဦးေႏွာက္နဲ႔ မွတ္ဉာဏ္စြမ္းရည္ကိုလည္း ေကာင္းေစႏိုင္ပါတယ္။

အေရျပားျပႆနာလည္း ကင္းေစႏိုင္ပါတယ္။

အေရျပား က်န္းမာေစႏိုင္တယ္

ငါးစားတာက အေရျပားကို က်န္းမာေစႏိုင္ပါတယ္။ ငါးအေရခြံက ေကာ္လာဂ်င္ ႂကြယ္ဝသလို ဗီတာမင္ E လည္း ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ အေရျပားကို ေရဓာတ္ျဖည့္ေပးႏိုင္သလို အသားအေရ တင္းရင္းေစႏိုင္ပါတယ္။ အေရးအေၾကာင္းကင္းေစၿပီး အေရျပားကို ေျခာက္ေသြ႕မႈကင္းလို႔ က်န္းမာေစမွာပါ။

ဓာတ္တိုးဆန္႔က်င္ အာနိသင္ ႂကြယ္ဝတာေၾကာင့္ အေရျပားကို ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္မႈ ကင္းေစႏိုင္ပါတယ္။ အေရျပားမွာျဖစ္တတ္တဲ့ ႏွင္းခူလိုမ်ိဳး အေရျပား ျပႆနာေတြကို သက္သာေစႏိုင္ပါတယ္။

အာဟာရျပည့္ဝေစႏိုင္တယ္

ငါးအေရခြံက ငါးအသားထက္ အာဟာရ ပိုမ်ားပါတယ္။ အာဟာရႂကြယ္ဝမႈနဲ႔အတူ အက်ိဳးျပဳအဆီ ပါဝင္မႈလည္း ပိုမ်ားပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရေတြကို လုံေလာက္ ျပည့္ဝစြာ ရ႐ွိေစဖို႔ဆိုရင္ ငါးအေရခြံ စားေပးလို႔ ရပါတယ္။

သန္စြမ္းက်န္းမာေစတယ္

ငါးအေရခြံက ေကာ္လာဂ်င္ ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အေရျပား က်န္းမာေစသလို အ႐ိုးအေၾကာစနစ္မွာပါဝင္တဲ့ အ႐ိုးေတြ၊ အ႐ြတ္ေတြ၊ အ႐ြတ္တြဲေတြ၊ အဆစ္ေတြကို သက္သာေစႏိုင္ပါတယ္။

ႂကြက္သားေတြကို သန္မာေစႏိုင္သလို ေသြးေၾကာေတြ၊ သြားဖုံး၊ မ်က္လုံးေတြ၊ ေျခသည္းလက္သည္း၊ ဆံပင္ေတြကိုလည္း က်န္းမာသန္စြမ္းေစႏိုင္ပါတယ္။ အ႐ြယ္တင္ေစႏိုင္သလို က်န္းမာသန္စြမ္းေစဖို႔လည္း ေထာက္ကူေပးႏိုင္မွာပါ။

ကဲ…… ငါးအေရခြံ စားရင္း အခုလို အက်ိဳးေက်းဇူးေလးတြ ရမွာဆိုေတာ့ ငါးဟင္းပဲစားစား ငါးေၾကာ္ပဲစားစား အေရခြံပါ ပါေအာင္စားေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service