အမည်ပြောင်းဖို့မခက် စည်ပင်တိုက်ခန်း ဝယ်ရတဲ့ အားသာချက် - Property Knowledge in Myanmar from iMyanmarHouse.com
1125 Views

အမည်ပြောင်းဖို့မခက် စည်ပင်တိုက်ခန်း ဝယ်ရတဲ့ အားသာချက်

Knowledge | Posted by Zarni Kyaw

[Unicode]

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ အဆောက်အအုံ (ယာ/အုံ) ဌာနက ပိုင်ဆိုင်တဲ့ ကွန်ဒိုတိုက်ခန်းတွေ ဝယ်တဲ့အခါ မြေချပါမစ် မြေငှားဂရန်စာအုပ်တွေဝယ်တာမျိုးနဲ့ မတူပါဘူး။ တမူးထူးတယ်လို့ ဆိုရမှာပေါ့။

မြေချပါမစ် မှန်/မမှန် စစ်ဆေးနည်း

မြေချပါမစ်ဝယ်မယ်ဆိုရင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတာများတဲ့အတွက် စရန်ငွေချမယ်ဆိုတာနဲ့ အိုးအိမ်ရုံးမှာ ပြေးစစ်ကြရတယ်။ မှန်ကန်တယ်လို့အဖြေရရင် မြို့တော်ခန်းမကို ပြေးရပြန်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီပါမစ်တွေကို အိုးအိမ်က မြို့တော်စည်ပင်ကို လွှဲပြီးနေလို့ပါဘဲ။ မြို့တော်စည်ပင်ရဲ့ မြို့မြေစာရင်းမှာလည်း အိုးအိမ်မှာစစ်ခဲ့တဲ့အတိုင်း မြေတိုင်းရပ်ကွက်၊ မြေကွက်အမှတ်နဲ့ မြေအကျယ်၊ မြေအမည်ပေါက်တွေ မှန်တယ်ဆိုမှ စရန်ငွေပေးရဲကြတယ် မဟုတ်လား။

မြေငှားဂရန်ဆိုရင်လည်း စည်ပင်မှာပြေးစစ်ရတာပဲ

အဲဒီလိုဘဲ "မြေငှားဂရန်"ကို ဝယ်မယ်ဆိုရင် မြေအမည်ပေါက် မှန်/မမှန်၊ "ကန့်ကွက်သူရှိ/မရှိ" နဲ့ " ဘဏ်ငွေချေး" မြေပုံများ ထုတ်ထားလေမလား၊ "အရောင်းမြေပုံ" များကူးထားလေသလား.....စသဖြင့် စိုးရိမ်ပူပန်ရတော့ မဝယ်မီကတည်းကိုက မြို့တော်စည်ပင်မှာ ပြေးစစ်ကြည့်ရတော့တာပေါ့။ ဘဏ်ငွေချေးမရှိဘူး၊ မြေပုံကူးတာမရှိဘူး၊ အရှုပ်အရှင်းလည်းမရှိဘူး ဝယ်လို့ရတယ်ဆိုကာမှ ဝယ်သူက ဝယ်ရဲတာပေါ့လေ။

မြေချ/ပါမစ်/ဂရန်နဲ့မတူ တိုက်ခန်းဆိုရင် နေထိုင်ခွင့်စာချုပ်က အရေးကြီး

ဟော.....စည်ပင်တိုက်ခန်းတွေ၊ ကွန်ဒိုတွေ ဝယ်တဲ့အခါ ပါမစ်မြေနဲ့ဂရန်မြေလို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားစစ်ရတာမျိုး မဟုတ်ဘဲ အင်ဂျင်နီယာ အဆောက်အအုံ (ယာ/အုံ) ဌာနမှာ သွားစုံစမ်း စစ်ဆေးရတာပါ။ ဘာကြောင့်လည်းဆိုတော့ စည်ပင်ပိုင်မြေပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦဖြစ်လို့ပါဘဲ၊ အင်ဂျင်နီယာဌာနက ပိုင်တဲ့ အဆောက်အအုံတွေဆိုရင် "အဆောက်အအုံနေထိုင်ခွင့်လက်မှတ်" တွေထုတ်ပေးထားတာကို တွေ့ရပါတယ်။

ယခုလို အဆောက်အအုံနေထိုင်ခွင့်စာချုပ် အကြောင်း သိရှိရသလောက် ရေးသားနေစဉ်မှာဘဲ အွန်လိုင်းကတစ်ဆင့် သိရှိတဲ့ မိတ်ဆွေ"ကိုအေးကျော်"တစ်ယောက် လမ်းမတော်မြို့နယ်၊ ညောင်ပင်လေးဈေး အပေါ်ထပ်က ကွန်ဒိုတိုက်ခန်းတစ်ခန်းကို ဝယ်ယူလိုသဖြင့် အရောင်းအဝယ်စာချုပ်ပေးဖို့ "မောင်ကောင်းဖေ"ကို ကမ်းလှမ်းလာပါတယ်။

ညောင်ပင်လေးဈေးအပေါ်က ကွန်ဒိုတိုက်/ဝယ်သူ ကြိုက်မှကြိုက်

ညောင်ပင်လေးဈေး အပေါ်ထပ်မှာက ကွန်ဒိုတိုက် (၃)တိုက် တွေ့ရပါတယ်။ အထပ်မြင့်အဆောက်အဦတွေ ဖြစ်တာကြောင့် ဓါတ်လှေကားတွေလည်း တက်ဆင်ထားပါတယ်။ တိုက်ခန်းတွေကို Aအဆောင်၊ Bအဆောင်၊ C အဆောင် ဆိုပြီး ခွဲခြားပေးထားတယ်လို့လည်း ဆိုပါတယ်။ (၈)ထပ်တိုက်များ ဖြစ်ပါတယ်။ မြေညီထပ်မှာတော့ ဈေးဆိုင်ခန်းတွေလည်းရှိလို့ လူစည်ကားလှပါတယ်။ အောက်ထပ်မှာ ဈေးရောင်းပြီး အပေါ်ထပ်မှာ လူနေထိုင်ဖို့ စီစဉ်ပေးထားတဲ့သဘော ဖြစ်ပါတယ်။

အွန်လိုင်းရဲ့သဘော ရောင်းသူ/ဝယ်သူတွေ့မှ စရန်ငွေစကားပြော

စရန်ငွေပေးတဲ့နေ့မှာမှ ရောင်းသူ၊ဝယ်သူ၊ ပွဲစားနဲ့ စာချုပ်ပေးတဲ့ရှေ့နေမောင်ကောင်းဖေ တို့ မျက်နှာစုံညီ တွေ့ကြရတာပေါ့။ ရောင်းသူဘက်ကလည်း ကွန်ဒိုတိုက်ခန်းနဲ့ ပတ်သတ်တဲ့ စာရွတ်စာတမ်းတွေကို ဝယ်သူကိုထုတ်ပြတယ်လေ။ စာရွတ်စာတမ်းတွေဆိုတော့ စာချုပ်အဆက်အစပ်တွေ အများကြီးလို့ ထင်ထားတာ။ တကယ်ပြတော့ ရောင်းသူ "ဒေါ်လှလှနွယ်" ရဲ့အမည်ပေါက်၊ ညောင်ပင်လေးဈေးအိမ်ရာ၊ (၅)လွှာရဲ့အခန်း(......) အဆောက်အအုံရဲ့ နေထိုင်ခွင့်စာချုပ် (မူရင်း) တစ်ခုထဲဘဲတွေ့လိုက်ရတယ်။

သူမအမည်ပေါက်နေပြီးသားဆိုတော့လည်း ရှင်းနေတာပေါ့။ တကယ်တော့ ဒီကွန်ဒိုတိုက်ခန်းက "ဒေါ်လှလှနွယ်"အနေနဲ့ ပထမဦးဆုံး အမည်ပေါက် ရထားတာမဟုတ်ပါဘူး။ အနည်းဆုံး (၃)ဦးလောက်အထိ လက်ဆင့်ကမ်းရောင်းပြီးမှ "ဒေါ်လှလှနွယ်" က အမည်ဖောက်ထားတာပါ။

အမည်ပြောင်းဖို့မခက် စည်ပင်တိုက်ခန်း ဝယ်ရတဲ့ အားသာချက်

အခု "ကိုအေးကျော်" တို့ဝယ်ပြီးရင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ အဆောက်အအုံ (ယာ/အုံ) ဌာနမှာ အရောင်းအဝယ်စာချုပ်ပြပြီး "အဆောက်အအုံနေထိုင်ခွင့်စာချုပ်" မှာ တိုက်ခန်းဝယ်ယူသူအဖြစ် "ကိုအေးကျော်" ကလက်မှတ်ရေးထိုးရပါတယ်။ အသိသက်သေ(၁) နေရာမှာ တိုက်ခန်းရောင်းသူ "ဒေါ်လှလှနွယ်" က လက်မှတ်ရေးထိုးပေးပါတယ်။ ဒီလိုအမည်ပြောင်းတဲ့အခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှူးနဲ့ လက်ထောက်ဌာနမှူးရဲ့ ရှေ့မှာ လက်မှတ်ရေးထိုးရပါတယ်။ ပြီးတော့ နာမည်ပြောင်းခ ဝန်ဆောင်ခ ပေးသွင်းလိုက်မယ်ဆိုရင်တော့ ဝယ်သူအမည်ပေါက် တိုက်ခန်း ဖြစ်သွားပါတယ်။ မြေခွန်ကတော့ တစ်နှစ် (၂)သောင်းကျော်လောက် ပေးရတယ်လို့ သိရပါတယ်။

ဒီလို ရှင်းရှင်းလင်းလင်း စုံစမ်းသိရှိလိုက်တော့မှ ဝယ်သူ" ကိုအေးကျော်"လည်း စိတ်ချမ်းသာသွားပြီး စရန်ပေးစာချုပ်ချုပ်ဆိုကြပါတယ်။ ရောင်းသူကလည်း နေထိုင်ခွင့်စာချုပ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေမိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပေးပါတယ်။ စရန်ပေးစာချုပ်ပြီးနောက်မှာ မြို့တော်ခန်းမ (ယာ/အုံ) ကို သွားရောက်စုံစမ်းတဲ့အခါ ရောင်းသူပြောပြတဲ့အတိုင်း ဖြစ်တဲ့အတွက် နာမည်ပြောင်းဖို့ ကြိုတင်အကြောင်းကြားခဲ့ပါတယ်။ အပြီးစာချုပ်ချုပ်ရမယ့် ရက်မတိုင်မီ ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြေငြာပါတယ်။ ကန့်ကွက်မည့်သူမရှိတဲ့အတွက် (၇)ရက်ပြည့်တာနဲ့ အပြီးငွေချေလိုက်ပါတယ်။

ငွေချေပြီးတာနဲ့ အပြီးစာချုပ်နဲ့အတူ "အဆောက်အအုံနေထိုင်ခွင့်စာချုပ်" ၊ ရောင်းသူ/ဝယ်သူ မှတ်ပုံတင်၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ယူဆောင်သွားပြီး (ယာ/အုံ) ဌာနမှာ အမည်ပြောင်းတင်လိုက်ပါတယ်။ တစ်ပတ်လောက်အကြာမှာ ဝယ်သူအမည်ပေါက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် "အဆောက်အအုံနေထိုင်ခွင့်စာချုပ်" ကို ထုတ်ယူရရှိခဲ့ပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အမည္ေျပာင္းဖို႔မခက္ စည္ပင္တိုက္ခန္း ဝယ္ရတဲ့ အားသာခ်က္

 

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာ အေဆာက္အအုံ (ယာ/အုံ) ဌာနက ပိုင္ဆိုင္တဲ့ ကြန္ဒိုတိုက္ခန္းေတြ ဝယ္တဲ့အခါ ေျမခ်ပါမစ္ ေျမငွားဂရန္စာအုပ္ေတြဝယ္တာမ်ိဳးနဲ႔ မတူပါဘူး။ တမူးထူးတယ္လို႔ ဆိုရမွာေပါ့။

ေျမခ်ပါမစ္ မွန္/မမွန္ စစ္ေဆးနည္း

ေျမခ်ပါမစ္ဝယ္မယ္ဆိုရင္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက ထုတ္ေပးထားတာမ်ားတဲ့အတြက္ စရန္ေငြခ်မယ္ဆိုတာနဲ႔ အိုးအိမ္႐ုံးမွာ ေျပးစစ္ၾကရတယ္။ မွန္ကန္တယ္လို႔အေျဖရရင္ ၿမိဳ႕ေတာ္ခန္းမကို ေျပးရျပန္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အဲဒီပါမစ္ေတြကို အိုးအိမ္က ၿမိဳ႕ေတာ္စည္ပင္ကို လႊဲၿပီးေနလို႔ပါဘဲ။ ၿမိဳ႕ေတာ္စည္ပင္ရဲ႕ ၿမိဳ႕ေျမစာရင္းမွာလည္း အိုးအိမ္မွာစစ္ခဲ့တဲ့အတိုင္း ေျမတိုင္းရပ္ကြက္၊ ေျမကြက္အမွတ္နဲ႔ ေျမအက်ယ္၊ ေျမအမည္ေပါက္ေတြ မွန္တယ္ဆိုမွ စရန္ေငြေပးရဲၾကတယ္ မဟုတ္လား။

ေျမငွားဂရန္ဆိုရင္လည္း စည္ပင္မွာေျပးစစ္ရတာပဲ

အဲဒီလိုဘဲ "ေျမငွားဂရန္"ကို ဝယ္မယ္ဆိုရင္ ေျမအမည္ေပါက္ မွန္/မမွန္၊ "ကန္႔ကြက္သူ႐ွိ/မ႐ွိ" နဲ႔ " ဘဏ္ေငြေခ်း" ေျမပုံမ်ား ထုတ္ထားေလမလား၊ "အေရာင္းေျမပုံ" မ်ားကူးထားေလသလား.....စသျဖင့္ စိုးရိမ္ပူပန္ရေတာ့ မဝယ္မီကတည္းကိုက ၿမိဳ႕ေတာ္စည္ပင္မွာ ေျပးစစ္ၾကည့္ရေတာ့တာေပါ့။ ဘဏ္ေငြေခ်းမ႐ွိဘူး၊ ေျမပုံကူးတာမ႐ွိဘူး၊ အ႐ႈပ္အ႐ွင္းလည္းမ႐ွိဘူး ၀ယ္လို႔ရတယ္ဆိုကာမွ ဝယ္သူက ဝယ္ရဲတာေပါ့ေလ။

ေျမခ်/ပါမစ္/ဂရန္နဲ႔မတူ တိုက္ခန္းဆိုရင္ ေနထိုင္ခြင့္စာခ်ဳပ္က အေရးႀကီး

ေဟာ.....စည္ပင္တိုက္ခန္းေတြ၊ ကြန္ဒိုေတြ ဝယ္တဲ့အခါ ပါမစ္ေျမနဲ႔ဂရန္ေျမလို ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွာ သြားစစ္ရတာမ်ိဳး မဟုတ္ဘဲ အင္ဂ်င္နီယာ အေဆာက္အအုံ (ယာ/အုံ) ဌာနမွာ သြားစုံစမ္း စစ္ေဆးရတာပါ။ ဘာေၾကာင့္လည္းဆိုေတာ့ စည္ပင္ပိုင္ေျမေပၚမွာ ေဆာက္ထားတဲ့ အေဆာက္အဦျဖစ္လို႔ပါဘဲ၊ အင္ဂ်င္နီယာဌာနက ပိုင္တဲ့ အေဆာက္အအုံေတြဆိုရင္ "အေဆာက္အအုံေနထိုင္ခြင့္လက္မွတ္" ေတြထုတ္ေပးထားတာကို ေတြ႕ရပါတယ္။

ယခုလို အေဆာက္အအုံေနထိုင္ခြင့္စာခ်ဳပ္ အေၾကာင္း သိ႐ွိရသေလာက္ ေရးသားေနစဥ္မွာဘဲ အြန္လိုင္းကတစ္ဆင့္ သိ႐ွိတဲ့ မိတ္ေဆြ"ကိုေအးေက်ာ္"တစ္ေယာက္ လမ္းမေတာ္ၿမိဳ႕နယ္၊ ေညာင္ပင္ေလးေစ်း အေပၚထပ္က ကြန္ဒိုတိုက္ခန္းတစ္ခန္းကို ဝယ္ယူလိုသျဖင့္ အေရာင္းအဝယ္စာခ်ဳပ္ေပးဖို႔ "ေမာင္ေကာင္းေဖ"ကို ကမ္းလွမ္းလာပါတယ္။

ေညာင္ပင္ေလးေစ်းအေပၚက ကြန္ဒိုတိုက္/ဝယ္သူ ႀကိဳက္မွႀကိဳက္

ေညာင္ပင္ေလးေစ်း အေပၚထပ္မွာက ကြန္ဒိုတိုက္ (၃)တိုက္ ေတြ႕ရပါတယ္။ အထပ္ျမင့္အေဆာက္အဦေတြ ျဖစ္တာေၾကာင့္ ဓါတ္ေလွကားေတြလည္း တက္ဆင္ထားပါတယ္။ တိုက္ခန္းေတြကို Aအေဆာင္၊ Bအေဆာင္၊ C အေဆာင္ ဆိုၿပီး ခြဲျခားေပးထားတယ္လို႔လည္း ဆိုပါတယ္။ (၈)ထပ္တိုက္မ်ား ျဖစ္ပါတယ္။ ေျမညီထပ္မွာေတာ့ ေစ်းဆိုင္ခန္းေတြလည္း႐ွိလို႔ လူစည္ကားလွပါတယ္။ ေအာက္ထပ္မွာ ေစ်းေရာင္းၿပီး အေပၚထပ္မွာ လူေနထိုင္ဖို႔ စီစဥ္ေပးထားတဲ့သေဘာ ျဖစ္ပါတယ္။

အြန္လိုင္းရဲ႕သေဘာ ေရာင္းသူ/ဝယ္သူေတြ႕မွ စရန္ေငြစကားေျပာ

စရန္ေငြေပးတဲ့ေန႔မွာမွ ေရာင္းသူ၊ဝယ္သူ၊ ပြဲစားနဲ႔ စာခ်ဳပ္ေပးတဲ့ေ႐ွ႕ေနေမာင္ေကာင္းေဖ တို႔ မ်က္ႏွာစုံညီ ေတြ႕ၾကရတာေပါ့။ ေရာင္းသူဘက္ကလည္း ကြန္ဒိုတိုက္ခန္းနဲ႔ ပတ္သတ္တဲ့ စာ႐ြတ္စာတမ္းေတြကို ဝယ္သူကိုထုတ္ျပတယ္ေလ။ စာ႐ြတ္စာတမ္းေတြဆိုေတာ့ စာခ်ဳပ္အဆက္အစပ္ေတြ အမ်ားႀကီးလို႔ ထင္ထားတာ။ တကယ္ျပေတာ့ ေရာင္းသူ "ေဒၚလွလွႏြယ္" ရဲ႕အမည္ေပါက္၊ ေညာင္ပင္ေလးေစ်းအိမ္ရာ၊ (၅)လႊာရဲ႕အခန္း(......) အေဆာက္အအုံရဲ႕ ေနထိုင္ခြင့္စာခ်ဳပ္ (မူရင္း) တစ္ခုထဲဘဲေတြ႕လိုက္ရတယ္။

သူမအမည္ေပါက္ေနၿပီးသားဆိုေတာ့လည္း ႐ွင္းေနတာေပါ့။ တကယ္ေတာ့ ဒီကြန္ဒိုတိုက္ခန္းက "ေဒၚလွလွႏြယ္"အေနနဲ႔ ပထမဦးဆုံး အမည္ေပါက္ ရထားတာမဟုတ္ပါဘူး။ အနည္းဆုံး (၃)ဦးေလာက္အထိ လက္ဆင့္ကမ္းေရာင္းၿပီးမွ "ေဒၚလွလွႏြယ္" က အမည္ေဖာက္ထားတာပါ။

အမည္ေျပာင္းဖို႔မခက္ စည္ပင္တိုက္ခန္း ဝယ္ရတဲ့ အားသာခ်က္

အခု "ကိုေအးေက်ာ္" တို႔ဝယ္ၿပီးရင္လည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာ အေဆာက္အအုံ (ယာ/အုံ) ဌာနမွာ အေရာင္းအဝယ္စာခ်ဳပ္ျပၿပီး "အေဆာက္အအုံေနထိုင္ခြင့္စာခ်ဳပ္" မွာ တိုက္ခန္းဝယ္ယူသူအျဖစ္ "ကိုေအးေက်ာ္" ကလက္မွတ္ေရးထိုးရပါတယ္။ အသိသက္ေသ(၁) ေနရာမွာ တိုက္ခန္းေရာင္းသူ "ေဒၚလွလွႏြယ္" က လက္မွတ္ေရးထိုးေပးပါတယ္။ ဒီလိုအမည္ေျပာင္းတဲ့အခါ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာ (အေဆာက္အအုံ) ဌာနမႉးနဲ႔ လက္ေထာက္ဌာနမႉးရဲ႕ ေ႐ွ႕မွာ လက္မွတ္ေရးထိုးရပါတယ္။ ၿပီးေတာ့ နာမည္ေျပာင္းခ ဝန္ေဆာင္ခ ေပးသြင္းလိုက္မယ္ဆိုရင္ေတာ့ ဝယ္သူအမည္ေပါက္ တိုက္ခန္း ျဖစ္သြားပါတယ္။ ေျမခြန္ကေတာ့ တစ္ႏွစ္ (၂)ေသာင္းေက်ာ္ေလာက္ ေပးရတယ္လို႔ သိရပါတယ္။

ဒီလို ႐ွင္း႐ွင္းလင္းလင္း စုံစမ္းသိ႐ွိလိုက္ေတာ့မွ ဝယ္သူ" ကိုေအးေက်ာ္"လည္း စိတ္ခ်မ္းသာသြားၿပီး စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုၾကပါတယ္။ ေရာင္းသူကလည္း ေနထိုင္ခြင့္စာခ်ဳပ္မိတၱဴ၊ အိမ္ေထာင္စုလူဦးေရမိတၱဴ၊ မွတ္ပုံတင္မိတၱဴတို႔ကို ေပးပါတယ္။ စရန္ေပးစာခ်ဳပ္ၿပီးေနာက္မွာ ၿမိဳ႕ေတာ္ခန္းမ (ယာ/အုံ) ကို သြားေရာက္စုံစမ္းတဲ့အခါ ေရာင္းသူေျပာျပတဲ့အတိုင္း ျဖစ္တဲ့အတြက္ နာမည္ေျပာင္းဖို႔ ႀကိဳတင္အေၾကာင္းၾကားခဲ့ပါတယ္။ အၿပီးစာခ်ဳပ္ခ်ဳပ္ရမယ့္ ရက္မတိုင္မီ ကန္႔ကြက္ရန္႐ွိ/မ႐ွိ သတင္းစာေၾကျငာပါတယ္။ ကန္႔ကြက္မည့္သူမ႐ွိတဲ့အတြက္ (၇)ရက္ျပည့္တာနဲ႔ အၿပီးေငြေခ်လိုက္ပါတယ္။

ေငြေခ်ၿပီးတာနဲ႔ အၿပီးစာခ်ဳပ္နဲ႔အတူ "အေဆာက္အအုံေနထိုင္ခြင့္စာခ်ဳပ္" ၊ ေရာင္းသူ/ဝယ္သူ မွတ္ပုံတင္၊ အိမ္ေထာင္စုလူဦးေရစာရင္းတို႔ကို ယူေဆာင္သြားၿပီး (ယာ/အုံ) ဌာနမွာ အမည္ေျပာင္းတင္လိုက္ပါတယ္။ တစ္ပတ္ေလာက္အၾကာမွာ ဝယ္သူအမည္ေပါက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ "အေဆာက္အအုံေနထိုင္ခြင့္စာခ်ဳပ္" ကို ထုတ္ယူရ႐ွိခဲ့ပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေ႐ွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service