အခွန်လွတ်မြေဂရန် (သို့မဟုတ်) သာသနာ့ဂရန် လျှောက်ထားမယ်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
634 Views

အခွန်လွတ်မြေဂရန် (သို့မဟုတ်) သာသနာ့ဂရန် လျှောက်ထားမယ်ဆိုလျှင်

Knowledge | Posted by Zarni Kyaw

[Unicode]

သာသနာ့မြေကို လျှောက်ထားလိုတယ်ဆိုလျှင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါတယ်။ ဌာနမှ အောက်ပါအတိုင်း လိုအပ်သလို စစ်ဆေးဆောင်ရွက်ပြီး အခွန်လွတ်မြေဂရန် စာအုပ်ထုတ်ပေးမှာဖြစ်ပါတယ်။

အခွန်လွတ်မြေဂရန်ဆိုတာ

(က) ဝင်ငွေမရှိသော အများပြည်သူအကျိုးပြုလူမှုရေးလုပ်ငန်းများအတွက် အခွန်လွတ်မြေဂရန်၊

(ခ) ဘာသာရေး၊ သာသနာရေးအတွက် အခွန်လွတ်သာသနာမြေဂရန်၊

(ဂ) ဗန္ဓသိမ်မြေဂရန်(အခွန်လွတ်သာသနာ့မြေဂရန် သို့မဟုတ် အခွန်လွတ်သာသနာ့ မြေများ အတွက်)စသည်တို့အတွက် လျှောက်ထားခွင့်ပြုနိုင်သည်။

သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနတွင် ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လိုအပ်သည့် အချက်အလက်တွေကတော့-

(က) လျှောက်ထားမြေအား ရရှိခဲ့သည့်အထောက်အထားများ (ဥပမာ- မြေဝယ်စာချုပ်၊ လှူဒါန်း/ပေးကမ်း စာချုပ်၊ တရားရုံးဆုံးဖြတ်ချက်မိတ္တူ၊ မြေပေးမိန့်၊ မြေချပါမစ် စသည့်) ပါရှိရမည်၊

(ခ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး လက်မှတ်ရေးထိုးထားသည့် မြေစာရင်း ပုံစံ(၁၀၅/ ၁၀၆)နှင့် ပုံစံ(သက်သေခံမြေစာရင်းပုံစံ ၁၀၅ ၌ သတ်မှတ်အခွန်တံဆိပ်ခေါင်းကပ်နှိပ်ထားရမည်) ပါရှိရမည်၊

(ဂ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်/ သာသနာဝင်ကဒ်မိတ္တူပါရှိရမည်၊

(ဃ) လျှောက်ထားမြေအတွက် နိုင်ငံတော်သို့မြေခွန်၏ အဆ(၂၀) ပေးသွင်းထားသည့် ငွေသွင်းချလံမူရင်းပါရှိရမည်၊

(င) အဆောက်အအုံရှိပါက အဆောက်အအုံ၏ရှေ့မြင်/ ဘေးမြင်ဓာတ်ပုံ (၁) ပုံစီပါရှိရမည်၊

(စ) သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်၊

(ဆ) သာသနာ့မြေအတွက် သက်ဆိုင်ရာသံဃာ့နာယကအဖွဲ့အဆင့်ဆင့်ထောက်ခံချက်နှင့် မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်သာသနာရေးဦးစီးဌာန၏ ထောက်ခံချက်များပါရှိရမည်၊ အထက်ပါအတိုင်းလျှောက်ထားလာပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး လျှောက်လွှာအားစိစစ်ပြီး အမှုတွဲပြည့်စုံပါက လျှောက်ထားချက်များမှန်ကန်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးတင်ပြရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရမည်။ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေးပို့ပြီး အောက်ပါတို့ကို စစ်ဆေးပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ နိုင်ငံတော်အစိုးရက ချထားပေးနိုင်သည့်မြေ ဖြစ်လျှင် ကန့်ကွက်လိုသူရှိ/မရှိကြော်ငြာကပ်ပြီး ကန့်ကွက်သူမရှိပါက မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြေတိုင်းစာရေးနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စိစစ်ပြန်ကြားရပါမည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှ အမိန့်ကြော်ငြာစာဖြင့် ခွင့်ပြုကြောင်းထုတ်ပြန်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်ပေးပို့ပါသည်။ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လျှောက်ထားသို့ သတ်မှတ်ဂရန်ပုံစံဖြင့် သာသနာ့ဂရန်ထုတ်ပေးပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အခြန္လြတ္ေျမဂရန္ (သို႔မဟုတ္) သာသနာ့ဂရန္ ေလွ်ာက္ထားမယ္ဆိုလွ်င္

 

သာသနာ့ေျမကို ေလွ်ာက္ထားလိုတယ္ဆိုလွ်င္ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ဌာနမွ ေအာက္ပါအတိုင္း လိုအပ္သလို စစ္ေဆးေဆာင္ရြက္ၿပီး အခြန္လြတ္ေျမဂရန္ စာအုပ္ထုတ္ေပးမွာျဖစ္ပါတယ္။

အခြန္လြတ္ေျမဂရန္ဆိုတာ

(က) ဝင္ေငြမရွိေသာ အမ်ားျပည္သူအက်ိဳးျပဳလူမႈေရးလုပ္ငန္းမ်ားအတြက္ အခြန္လြတ္ေျမဂရန္၊

(ခ) ဘာသာေရး၊ သာသနာေရးအတြက္ အခြန္လြတ္သာသနာေျမဂရန္၊

(ဂ) ဗႏၶသိမ္ေျမဂရန္(အခြန္လြတ္သာသနာ့ေျမဂရန္ သို႔မဟုတ္ အခြန္လြတ္သာသနာ့ ေျမမ်ား အတြက္)စသည္တို႔အတြက္ ေလွ်ာက္ထားခြင့္ျပဳႏိုင္သည္။

သက္ဆိုင္ရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီဌာနတြင္ ဂရန္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ လိုအပ္သည့္ အခ်က္အလက္ေတြကေတာ့-

(က) ေလွ်ာက္ထားေျမအား ရရွိခဲ့သည့္အေထာက္အထားမ်ား (ဥပမာ- ေျမဝယ္စာခ်ဳပ္၊ လွဴဒါန္း/ေပးကမ္း စာခ်ဳပ္၊ တရား႐ုံးဆုံးျဖတ္ခ်က္မိတၱဴ၊ ေျမေပးမိန္႔၊ ေျမခ်ပါမစ္ စသည့္) ပါရွိရမည္၊

(ခ) ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွဴး လက္မွတ္ေရးထိုးထားသည့္ ေျမစာရင္း ပံုစံ(၁၀၅/ ၁၀၆)ႏွင့္ ပံုစံ(သက္ေသခံေျမစာရင္းပံုစံ ၁၀၅ ၌ သတ္မွတ္အခြန္တံဆိပ္ေခါင္းကပ္ႏွိပ္ထားရမည္) ပါရွိရမည္၊

(ဂ) ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္/ သာသနာဝင္ကဒ္မိတၱဴပါရွိရမည္၊

(ဃ) ေလွ်ာက္ထားေျမအတြက္ ႏိုင္ငံေတာ္သို႔ေျမခြန္၏ အဆ(၂၀) ေပးသြင္းထားသည့္ ေငြသြင္းခ်လံမူရင္းပါရွိရမည္၊

(င) အေဆာက္အအုံရွိပါက အေဆာက္အအုံ၏ေရွ႕ျမင္/ ေဘးျမင္ဓာတ္ပံု (၁) ပံုစီပါရွိရမည္၊

(စ) သက္ဆိုင္ရာ ရပ္ကြက္/ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္ပါရွိရမည္၊

(ဆ) သာသနာ့ေျမအတြက္ သက္ဆိုင္ရာသံဃာ့နာယကအဖြဲ႕အဆင့္ဆင့္ေထာက္ခံခ်က္ႏွင့္ ၿမိဳ႕နယ္/ ခ႐ိုင္/ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္သာသနာေရးဦးစီးဌာန၏ ေထာက္ခံခ်က္မ်ားပါရွိရမည္၊ အထက္ပါအတိုင္းေလွ်ာက္ထားလာပါက ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ေလွ်ာက္လႊာအားစိစစ္ၿပီး အမႈတြဲျပည့္စံုပါက ေလွ်ာက္ထားခ်က္မ်ားမွန္ကန္ျခင္းရွိ/မရွိ ကြင္းဆင္းစစ္ေဆးတင္ျပရန္ သက္ဆိုင္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ေပးပို႔ရမည္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာနသည္ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနသို႔ အမႈတြဲေပးပို႔ၿပီး ေအာက္ပါတို႔ကို စစ္ေဆးပါသည္။

လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ ႏိုင္ငံေတာ္အစိုးရက ခ်ထားေပးႏိုင္သည့္ေျမ ျဖစ္လွ်င္ ကန္႔ကြက္လိုသူရွိ/မရွိေၾကာ္ျငာကပ္ၿပီး ကန္႔ကြက္သူမရွိပါက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးသည္ ေျမတိုင္းစာေရးႏွင့္အတူ ကြင္းဆင္းစစ္ေဆးၿပီး ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ စိစစ္ျပန္ၾကားရပါမည္။

ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တိုင္းေဒသႀကီး/ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ လည္းေကာင္း၊ တိုင္းေဒသႀကီး/ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန (ရံုးခ်ဳပ္)သို႔ ဆက္လက္တင္ျပ၍ ၫႊန္ၾကားေရးမွဴးခ်ဳပ္မွ အမိန္႔ေၾကာ္ျငာစာျဖင့္ ခြင့္ျပဳေၾကာင္းထုတ္ျပန္ၿပီး ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ျပန္လည္ေပးပို႔ပါသည္။ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ေလွ်ာက္ထားသို႔ သတ္မွတ္ဂရန္ပံုစံျဖင့္ သာသနာ့ဂရန္ထုတ္ေပးပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service