ကုလားပဲနှင့် ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
12078 Views

ကုလားပဲနှင့် ကျန်းမာရေး

Knowledge | Posted by Si Thu Aung

[Unicode]

ကုလားပဲမှာ အာဟာရဓာတ်ကြွယ်ဝစွာပါရှိပြီး အထူးသဖြင့် အသားဓာတ်နှင့် ကစီဓာတ်တို့ အဓိကပါဝင်ကြပါတယ်။ ကုလားပဲကို စျေးနှုန်းချိုသာစွာ အလွယ်တကူ ဝယ်ယူရရှိနိုင်သလို အမဲသားနဲ့ ကုလားပဲမှာ တူညီတဲ့အာဟာရဓာတ် ပါရှိတာကြောင့် ကုလားပဲကို ဆင်းရဲသား အမဲ(Poor Man’s Beef) လို့တောင် တင်စားခေါ်ရတယ်လို့ ဆိုပါတယ်။ သက်သတ်လွတ် အမြဲစားသူတွေအနေနဲ့ ကုလားပဲကို မဖြစ်မနေ စားပေးသင့်ပါတယ်။

ကုလားပဲမှာ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အသားဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ လူသားတို့အသက်ရှင်ရေးအတွက် ဒုတိယမြောက် အရေးကြီးဆုံးဓာတ်မှာ အသားဓာတ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်တောင့်တင်းရေး၊ အသားတည်ဆောက်မှု အားပေးရေး၊ သွေးသားဆူဖြိုးတိုးတက်စေရေး၊ ဦးနှောက်၊ နှလုံးအသားမျှင်များ၊ ကျောက်ကပ်နှင့် အကြောများမပျက်စီးစေရန်နဲ့ ရောဂါအလွယ်တကူ မဝင်ရောက်စေရန် ကာကွယ်ရေးလုပ်ငန်းများကို အသားဓာတ်က တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

ဒါ့အပြင် ကုလားပဲမှာ ကစီဓာတ်(ခေါ်)ကာဗိုဟိုက်ဒြိတ်လည်း ပါဝင်ပြီး ထိုဓာတ်ကို ကော်ဓာတ်လို့လည်း ခေါ်ကြပါတယ်။ ကစီဓာတ်က ခန္ဓာကိုယ်ကြီးထွားရေးအတွက် မဖြစ်မနေ လိုအပ်သကဲ့သို့ သွားလာလှုပ်ရှားမှုနှင့် အသက်ရှင်နေထိုင်မှုတို့အတွက် အင်အားအများဆုံးပေးတဲ့ ဓာတ်လည်း ဖြစ်ပါတယ်။ ထိုမျှသာမက ကုလားပဲက ပင်ပန်းနွမ်းနယ်မှုကိုပြေပျောက်စေ၍ ခန္ဓာကိုယ်ကြီးထွားမှု၊ သွေးသားညီညွှတ်မှုတို့ကိုလည်း ကစီဓာတ်က စွမ်းဆောင်ပေးပါတယ်။

မြန်မာ့ဆေးကျမ်းတွင် ကုလားပဲသည် အေး၏။ အဆီသြဇာမရှိ။ သွေး၊ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ ကြေလွယ်၏။ စဥ်းငယ်ဖန်၏။ ဝမ်းချုပ်၏။ လေကိုပျက်စေ၏။ အဖျားကိုနိုင်၏။ လို့ဆိုထားပါတယ်။ ကုလားပဲကို လှော်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ ဤအကျိုးကိုရ၏။ အစိမ်းအတိုင်းလှော်သော ကုလားပဲသည် အားကိုပြုတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အခြောက်ကိုလှော်အပ်သော ကုလားပဲသည် အဆီသြဇာမရှိ။ လေနူနာတို့ကို ပွားစေတတ်၏။ ပြုတ်၊ပေါင်းအပ်သော ကုလားပဲသည် သလိပ်သည်းခြေကို နိုင်၏။ ကုလားပဲဟင်းသည် စိတ်နှလုံးတုန်လှုပ်ခြင်းကို ပြုတတ်၏ လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကုလားပဲစိမ်းသည် နူးညံ့၏။ နှုတ်ကိုမြိန်စေတတ်၏။ သည်းခြေ၊ သုက်တို့ကို နည်းစေတတ်၏။ အေး၏။ ဖန်၏။ လေကိုပျက်စေတတ်၏။ ဝမ်းချုပ်၏။ သလိပ်သည်းခြေကို နိုင်၏။ ကြေလွယ်၏ စသဖြင့်လည်း ဆိုထားပါတယ်။

ယခုလို ကုန်စျေးနှုန်းကြီးမြင့်နေတဲ့ကာလမှာ ကြက်ဥနည်းတူ အာဟာရပြည့်ဝစေတဲ့ ကုလားပဲကို စျေးချိုချိုနဲ့ အလွယ်တကူဝယ်ယူပြီး အစားထိုးစားနိုင်ပါတယ်။

ကုလားပဲကို ပဲထမင်းချက်စားလို့ရသလို အသားဖြင့် ရောပြီးလည်း ဆိတ်ပဲ၊ ကြက်ပဲ ဟင်းချက်စားကြပြီး သက်သတ်လွတ်စားသူများအနေဖြင့်လည်း အသားဓာတ်ပြည့်ဝသော ကုလားပဲကို ကုလားပဲဆီပြန်ဟင်း၊ ကုလားပဲ အာလူးဆီပြန်နှပ်၊ ကုလားပဲဟင်းချို၊ ကုလားပဲခြမ်းကြော်၊ ဘယာကြော်၊ သီးစုံပဲကုလားဟင်း စသဖြင့် ပြုလုပ်စားလို့ ရပါတယ်။

သတိပြုရန်အနေဖြင့် အဆစ်အမြစ်ကိုက်၍ ဂေါက်(gout)ရောဂါရှိသူများ၊ အစာမကြေရောဂါနှင့် ကိုယ်ဖောကိုယ်ရောင် ရောဂါရှိသူများအနေဖြင့် အလွန်အကျွံ မစားသင့်ဘဲ သင့်တင့်မျှတရုံမျှသာ စားပေးသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]

ကုလားပဲႏွင့္ က်န္းမာေရး

ကုလားပဲမွာ အာဟာရဓာတ္ႂကြယ္ဝစြာပါ႐ွိၿပီး အထူးသျဖင့္ အသားဓာတ္ႏွင့္ ကစီဓာတ္တို႔ အဓိကပါဝင္ၾကပါတယ္။ ကုလားပဲကို ေစ်းႏႈန္းခ်ိဳသာစြာ အလြယ္တကူ ဝယ္ယူရ႐ွိႏိုင္သလို အမဲသားနဲ႔ ကုလားပဲမွာ တူညီတဲ့အာဟာရဓာတ္ ပါ႐ွိတာေၾကာင့္ ကုလားပဲကို ဆင္းရဲသား အမဲ(Poor Man’s Beef) လို႔ေတာင္ တင္စားေခၚရတယ္လို႔ ဆိုပါတယ္။ သက္သတ္လြတ္ အၿမဲစားသူေတြအေနနဲ႔ ကုလားပဲကို မျဖစ္မေန စားေပးသင့္ပါတယ္။

ကုလားပဲမွာ ခႏၶာကိုယ္ႀကီးထြားဖို႔အတြက္ မ႐ွိမျဖစ္ လိုအပ္တဲ့ အသားဓာတ္ ႂကြယ္ဝစြာပါဝင္ပါတယ္။ လူသားတို႔အသက္႐ွင္ေရးအတြက္ ဒုတိယေျမာက္ အေရးႀကီးဆုံးဓာတ္မွာ အသားဓာတ္ ျဖစ္ပါတယ္။ ခႏၶာကိုယ္ေတာင့္တင္းေရး၊ အသားတည္ေဆာက္မႈ အားေပးေရး၊ ေသြးသားဆူၿဖိဳးတိုးတက္ေစေရး၊ ဦးေႏွာက္၊ ႏွလုံးအသားမွ်င္မ်ား၊ ေက်ာက္ကပ္ႏွင့္ အေၾကာမ်ားမပ်က္စီးေစရန္နဲ႔ ေရာဂါအလြယ္တကူ မဝင္ေရာက္ေစရန္ ကာကြယ္ေရးလုပ္ငန္းမ်ားကို အသားဓာတ္က တာဝန္ယူ ေဆာင္႐ြက္ေပးပါတယ္။

ဒါ့အျပင္ ကုလားပဲမွာ ကစီဓာတ္(ေခၚ)ကာဗိုဟိုက္ၿဒိတ္လည္း ပါဝင္ၿပီး ထိုဓာတ္ကို ေကာ္ဓာတ္လို႔လည္း ေခၚၾကပါတယ္။ ကစီဓာတ္က ခႏၶာကိုယ္ႀကီးထြားေရးအတြက္ မျဖစ္မေန လိုအပ္သကဲ့သို႔ သြားလာလႈပ္႐ွားမႈႏွင့္ အသက္႐ွင္ေနထိုင္မႈတို႔အတြက္ အင္အားအမ်ားဆုံးေပးတဲ့ ဓာတ္လည္း ျဖစ္ပါတယ္။ ထိုမွ်သာမက ကုလားပဲက ပင္ပန္းႏြမ္းနယ္မႈကိုေျပေပ်ာက္ေစ၍ ခႏၶာကိုယ္ႀကီးထြားမႈ၊ ေသြးသားညီၫႊတ္မႈတို႔ကိုလည္း ကစီဓာတ္က စြမ္းေဆာင္ေပးပါတယ္။

ျမန္မာ့ေဆးက်မ္းတြင္ ကုလားပဲသည္ ေအး၏။ အဆီၾသဇာမ႐ွိ။ ေသြး၊ သည္းေျခ၊ သလိပ္တို႔ကို ႏိုင္၏။ ေၾကလြယ္၏။ စဥ္းငယ္ဖန္၏။ ဝမ္းခ်ဳပ္၏။ ေလကိုပ်က္ေစ၏။ အဖ်ားကိုႏိုင္၏။ လို႔ဆိုထားပါတယ္။ ကုလားပဲကို ေလွာ္သည္ျဖစ္ေစ၊ ေၾကာ္သည္ျဖစ္ေစ ဤအက်ိဳးကိုရ၏။ အစိမ္းအတိုင္းေလွာ္ေသာ ကုလားပဲသည္ အားကိုျပဳတတ္၏။ ႏႈတ္ကိုၿမိန္ေစတတ္၏။ အေျခာက္ကိုေလွာ္အပ္ေသာ ကုလားပဲသည္ အဆီၾသဇာမ႐ွိ။ ေလႏူနာတို႔ကို ပြားေစတတ္၏။ ျပဳတ္၊ေပါင္းအပ္ေသာ ကုလားပဲသည္ သလိပ္သည္းေျခကို ႏိုင္၏။ ကုလားပဲဟင္းသည္ စိတ္ႏွလုံးတုန္လႈပ္ျခင္းကို ျပဳတတ္၏ လို႔ ဆိုထားပါတယ္။

ဒါ့အျပင္ ကုလားပဲစိမ္းသည္ ႏူးညံ့၏။ ႏႈတ္ကိုၿမိန္ေစတတ္၏။ သည္းေျခ၊ သုက္တို႔ကို နည္းေစတတ္၏။ ေအး၏။ ဖန္၏။ ေလကိုပ်က္ေစတတ္၏။ ဝမ္းခ်ဳပ္၏။ သလိပ္သည္းေျခကို ႏိုင္၏။ ေၾကလြယ္၏ စသျဖင့္လည္း ဆိုထားပါတယ္။

ယခုလို ကုန္ေစ်းႏႈန္းႀကီးျမင့္ေနတဲ့ကာလမွာ ၾကက္ဥနည္းတူ အာဟာရျပည့္ဝေစတဲ့ ကုလားပဲကို ေစ်းခ်ိဳခ်ိဳနဲ႔ အလြယ္တကူဝယ္ယူၿပီး အစားထိုးစားႏိုင္ပါတယ္။

ကုလားပဲကို ပဲထမင္းခ်က္စားလို႔ရသလို အသားျဖင့္ ေရာၿပီးလည္း ဆိတ္ပဲ၊ ၾကက္ပဲ ဟင္းခ်က္စားၾကၿပီး သက္သတ္လြတ္စားသူမ်ားအေနျဖင့္လည္း အသားဓာတ္ျပည့္ဝေသာ ကုလားပဲကို ကုလားပဲဆီျပန္ဟင္း၊ ကုလားပဲ အာလူးဆီျပန္ႏွပ္၊ ကုလားပဲဟင္းခ်ိဳ၊ ကုလားပဲျခမ္းေၾကာ္၊ ဘယာေၾကာ္၊ သီးစုံပဲကုလားဟင္း စသျဖင့္ ျပဳလုပ္စားလို႔ ရပါတယ္။

သတိျပဳရန္အေနျဖင့္ အဆစ္အျမစ္ကိုက္၍ ေဂါက္(gout)ေရာဂါ႐ွိသူမ်ား၊ အစာမေၾကေရာဂါႏွင့္ ကိုယ္ေဖာကိုယ္ေရာင္ ေရာဂါ႐ွိသူမ်ားအေနျဖင့္ အလြန္အကြၽံ မစားသင့္ဘဲ သင့္တင့္မွ်တ႐ုံမွ်သာ စားေပးသင့္ပါေၾကာင္း ေလ့လာေရးသားလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service