သင့်အိမ်မှာ WALL PAINTING တွေကိုပိုမိုတာရှည်ခံချင်ပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
650 Views

သင့်အိမ်မှာ WALL PAINTING တွေကိုပိုမိုတာရှည်ခံချင်ပါသလား

Knowledge | Posted by Hnin Ei Khin

[Unicode]

အိမ်တစ်အိမ်ရဲ့ Interior အလှအပဟာ နံရံမှာရှိတဲ့ Wall Painting တွေအပေါ်မူတည်နေတယ်ဆိုလဲမမှားပါဘူး။ အခုဖော်ပြပေးသွားမှာကတော့ သင့်အိမ်ရဲ့ Wall Painting တွေကိုပိုမိုခံပြီး အလွယ်တကူ အရောင်မမှိန်မညစ်ပတ်ပဲ ထိန်းသိမ်းနိုင်ရန် နည်းလမ်းကောင်းလေးတွေဖော်ပြပေးသွားပါမယ်။

လူအများစုဟာ ကျွန်တော်တို့အပါအဝင် တစ်နှစ်တခါလောက်သာ အိမ်ကိုပြင်ဆင်ထိန်းသိမ်းတတ်ကြပါတယ်။အမှန်တကယ်မှာ တအိမ်လုံးရဲ့သန့်ရှင်းပြုပြင်ရေးကို တစ်နှစ်မှာ နှစ်ကြိမ်တော့ပြုလုပ်သင့်ပါတယ်။ဆေးသုတ်ထားတဲ့နံရံတွေကို မှိုစွဲခြင်း ဖားဥတက်ခြင်း ဖုန်အညစ်အကြေးတွေစွဲမထင်စေဖို့ တစ်နှစ်မှာ နှစ်ကြိမ်တော့သန့်ရှင်းပေးဖို့လိုပါတယ်။ဒါမှသာ သင့်ရဲ့နံရံတွေဟာ သန့်ရှင်းတောက်ပြောင်လှပနေမှာဖြစ်ပါတယ်။နံရံမှာရှိတဲ့ အစွန်းအထင်း နဲ့ ဖုန်တွေကိုတော့ ဆပ်ပြာရည် နဲ့ ဘရက်ရှ်အနုစားနဲ့ပွတ်တိုက်ဆေးကြောနိုင်ပြီးတော့ ဖားဥတွေမှိုတွေအတွက် ပိုးသတ်ဆေးအနည်းငယ်ပါရောပြီး ဆေးကြောသင့်ပါတယ်။

ဆေးနံရံတွေ အလွယ်တကူအရောင်မမှိန်စေဖို့အတွက်ကတော့ Quality ကောင်းတဲ့ အိမ်သုတ်ဆေးကိုအသုံးပြုပြီး စနစ်တကျတတ်ကျွမ်းသူတွေကို အသုံးပြုဖို့ကအဓိကအရေးကြီးပါတယ်။UV light နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကလဲ ဆေးရောင်တွေကိုအလွယ်တကူပဲ လွင့်ပျယ်စေနိုင်ပါတယ်။ဒါကြောင့်ပြတင်းတံခါးတွေမှာ နေအလင်းရောင်တိုက်ရိုက်မဝင်ပဲ လေဝင်လေထွက်လဲကောင်းစေမဲ့ လိုက်ကာစတာတွေအသုံးပြုပေးသင့်ပါတယ်။နေရောင်နဲ့တိုက်ရိုက်ထိလေ အရောင်မှိန်လွယ်လေဖြစ်တဲ့အတွက် သတိပြုသင့်ပါတယ်။

သင့်ရဲ့အိမ်မှာ ရေလုံခြင်း မလုံခြင်းဟာလည်း ဒီဆေးသုပ်ထားတဲ့နံရံတွေအတွက်အရေးကြီးပါတယ်။သင့်ရဲ့အိမ်ဟာ မိုးရေမလုံတာ ယိုစိမ့်တာတွေရှိခဲ့မယ်ဆို သင်ဘယ်လောက်အပင်ပန်းခံပြီးလှပအောင်သုပ်ထားတဲ့ဆေးနံရံကိုမဆို အဆိုပါရေတွေဟာဖျက်စီးပစ်မှာပါပဲ။အစကနေပြန်မလုပ်ရလေအောင် ဆေးမသုပ်ခင် ရေယိုစိမ့်မှုမရှိတာသေချာအောင်အရင်ပြုလုပ်သင့်ပါတယ်။

ဒီအချက်တွေဂရုပြုပေးခြင်းကသင့်အိမ်မှာ Wall Painting တွေကိုပိုမိုတာရှည်ခံဖို့ ကူညီပေးနိုင်မယ်ထင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: phoenix-emperor

 

[Zawgyi]

သင့္အိမ္မွာ WALL PAINTING ေတြကိုပိုမိုတာ႐ွည္ခံခ်င္ပါသလား

အိမ္တစ္အိမ္ရဲ႕ Interior အလွအပဟာ နံရံမွာ႐ွိတဲ့ Wall Painting ေတြအေပၚမူတည္ေနတယ္ဆိုလဲမမွားပါဘူး။ အခုေဖာ္ျပေပးသြားမွာကေတာ့ သင့္အိမ္ရဲ႕ Wall Painting ေတြကိုပိုမိုခံၿပီး အလြယ္တကူ အေရာင္မမွိန္မညစ္ပတ္ပဲ ထိန္းသိမ္းႏိုင္ရန္ နည္းလမ္းေကာင္းေလးေတြေဖာ္ျပေပးသြားပါမယ္။

လူအမ်ားစုဟာ ကြၽန္ေတာ္တို႔အပါအဝင္ တစ္ႏွစ္တခါေလာက္သာ အိမ္ကိုျပင္ဆင္ထိန္းသိမ္းတတ္ၾကပါတယ္။အမွန္တကယ္မွာ တအိမ္လုံးရဲ႕သန္႔႐ွင္းျပဳျပင္ေရးကို တစ္ႏွစ္မွာ ႏွစ္ႀကိမ္ေတာ့ျပဳလုပ္သင့္ပါတယ္။ေဆးသုတ္ထားတဲ့နံရံေတြကို မိႈစြဲျခင္း ဖားဥတက္ျခင္း ဖုန္အညစ္အေၾကးေတြစြဲမထင္ေစဖို႔ တစ္ႏွစ္မွာ ႏွစ္ႀကိမ္ေတာ့သန္႔႐ွင္းေပးဖို႔လိုပါတယ္။ဒါမွသာ သင့္ရဲ႕နံရံေတြဟာ သန္႔႐ွင္းေတာက္ေျပာင္လွပေနမွာျဖစ္ပါတယ္။နံရံမွာ႐ွိတဲ့ အစြန္းအထင္း နဲ႔ ဖုန္ေတြကိုေတာ့ ဆပ္ျပာရည္ နဲ႔ ဘရက္႐ွ္အႏုစားနဲ႔ပြတ္တိုက္ေဆးေၾကာႏိုင္ၿပီးေတာ့ ဖားဥေတြမိႈေတြအတြက္ ပိုးသတ္ေဆးအနည္းငယ္ပါေရာၿပီး ေဆးေၾကာသင့္ပါတယ္။

ေဆးနံရံေတြ အလြယ္တကူအေရာင္မမွိန္ေစဖို႔အတြက္ကေတာ့ Quality ေကာင္းတဲ့ အိမ္သုတ္ေဆးကိုအသုံးျပဳၿပီး စနစ္တက်တတ္ကြၽမ္းသူေတြကို အသုံးျပဳဖို႔ကအဓိကအေရးႀကီးပါတယ္။UV light ေနေရာင္ျခည္တိုက္႐ိုက္ထိေတြ႕မႈကလဲ ေဆးေရာင္ေတြကိုအလြယ္တကူပဲ လြင့္ပ်ယ္ေစႏိုင္ပါတယ္။ဒါေၾကာင့္ျပတင္းတံခါးေတြမွာ ေနအလင္းေရာင္တိုက္႐ိုက္မဝင္ပဲ ေလဝင္ေလထြက္လဲေကာင္းေစမဲ့ လိုက္ကာစတာေတြအသုံးျပဳေပးသင့္ပါတယ္။ေနေရာင္နဲ႔တိုက္႐ိုက္ထိေလ အေရာင္မွိန္လြယ္ေလျဖစ္တဲ့အတြက္ သတိျပဳသင့္ပါတယ္။

သင့္ရဲ႕အိမ္မွာ ေရလုံျခင္း မလုံျခင္းဟာလည္း ဒီေဆးသုပ္ထားတဲ့နံရံေတြအတြက္အေရးႀကီးပါတယ္။သင့္ရဲ႕အိမ္ဟာ မိုးေရမလုံတာ ယိုစိမ့္တာေတြ႐ွိခဲ့မယ္ဆို သင္ဘယ္ေလာက္အပင္ပန္းခံၿပီးလွပေအာင္သုပ္ထားတဲ့ေဆးနံရံကိုမဆို အဆိုပါေရေတြဟာဖ်က္စီးပစ္မွာပါပဲ။အစကေနျပန္မလုပ္ရေလေအာင္ ေဆးမသုပ္ခင္ ေရယိုစိမ့္မႈမ႐ွိတာေသခ်ာေအာင္အရင္ျပဳလုပ္သင့္ပါတယ္။

ဒီအခ်က္ေတြဂ႐ုျပဳေပးျခင္းကသင့္အိမ္မွာ Wall Painting ေတြကိုပိုမိုတာ႐ွည္ခံဖို႔ ကူညီေပးႏိုင္မယ္ထင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: phoenix-emperor

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service