မီးပြတ်စဉ်နှင့် မီးပြန်လာပြီးနောက် လုပ်ဆောင်ရန်များ - Property Knowledge in Myanmar from iMyanmarHouse.com
1245 Views

မီးပြတ်စဉ်နှင့် မီးပြန်လာပြီးနောက် လုပ်ဆောင်ရန်များ

Knowledge | Posted by Hnin Ei Khin

[Unicode]

“မီးပြတ်တောက်မှုအတွင်း သင့်ကိုယ်သင် ကာကွယ်ရန်နည်းလမ်း” နဲ့ “မီးပြန်လာပြီးနောက် လုပ်ဆောင်ရန်” သိမှတ်ဖွယ်ရာဗဟုသုတလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။

မီးပြတ်တောက်မှုအတွင်း သင့်ကိုယ်သင် ကာကွယ်ရန်နည်းလမ်း

သင်ရှိတဲ့အရပ်က ပူလွန်း (သို့မဟုတ်) အေးလွန်းနေလျှင် မီးလာတဲ့အရပ်သို့ သွားပါ။

(၁) မီးပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

သင်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားသုံးအရာဝတ္ထုတွေစာရင်းကို ချရေးပါ။ မီးပြတ်တဲ့အခါ သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီဖို့ power bank ကဲ့သို့သော ဓာတ်ခဲ၊ ဘက်ထရီအိုးတွေနဲ့ အခြားရွေးချယ်စရာစွမ်းအင်ရင်းမြစ်တွေ ပြင်ဆင်ပါ။ မိသားစုဝင်တိုင်းအတွက် ဓာတ်မီးတွေ ထားရှိပါ။ သင့်လက်ကိုင်ဖုန်း (သို့မဟုတ်) အိမ်ဖုန်းက မီးပြတ်တောက်မှုအတွင်း ဖုန်းလိုင်းမိ/မမိနဲ့ ဖုန်းဘက်ထရီ အချိန်ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ တွက်ချက်ပါ။

(၂) သင့်ဆေးဘက်ဆိုင်ရာလိုအပ်ချက်များအား သိပါစေ

လျှပ်စစ်ဓာတ်အားသုံး ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေနဲ့ ရေခဲရိုက်ရတဲ့ ဆေးတွေအတွက် သင်ပြင်ဆင်ထားတဲ့ မီးပြတ်တောက်မှုအစားထိုးအစီအစဉ်အကြောင်း သင့်ရဲ့ဆေးဘက်ဆိုင်ရာပံ့ပိုးပေးသူနဲ့ စကားပြောပါ။ ဆေးဝါးကို ပိုမိုမြင့်မားတဲ့အပူချိန်မှာ ဘယ်လောက်ကြာကြာ ထိန်းသိမ်းသိုလှောင်နိုင်မလဲဆိုတာ သိအောင်လုပ်ပြီး အသက်အတွက် အလွန်အရေးပါတဲ့ ဘယ်ဆေးဝါးမဆိုအတွက် သီးသန့်လမ်းညွှန်ချက် ရယူပါ။

(၃) အစားအစာသိုလှောင်မှု

မပျက်စီးလွယ်၊ မပုပ်သိုးလွယ်တဲ့ အစားအစာနဲ့ ရေ လုံလုံလောက်လောက် ထားရှိပါ။ ရေခဲခံသေတ္တာ (freezer) တွေနဲ့ ရေခဲသေတ္တာတွေကို (တံခါး) ပိတ်ထားပါ။ ရေခဲသေတ္တာဆို လျှပ်စစ်ဓာတ်အားမရတော့သည့်တိုင် အစားအစာတွေကို လေးနာရီလောက် ဆက်လက်အေးမြနေစေမှာပါ။ ရေခဲခံသေတ္တာ (freezer) ဆိုရင်တော့ အပူချိန်ကို ၄၈ နာရီလောက် ဆက်ထိန်းပေးထားနိုင်ပါသေးတယ်။ လိုအပ်ရင် ရေခဲတုံးတွေနဲ့ ဝန်းရံကာ အစားအစာတွေကို အေးမြစေပါ။ အပူချိန်တိုင်းကိရိယာသုံးပြီး အစားအစာတွေရဲ့ အပူချိန်တွေကို စောင့်ကြည့်ပါ။ အကယ်၍ အပူချိန်က ၄၀ ဒီဂရီ (°C) ရှိတယ် ဒါမှမဟုတ် အဲဒီထက်မြင့်မားတယ်ဆိုရင်တော့ အဲဒီအစားအစာကို လွှင့်ပစ်ပါ။

(၄) မီးပြတ်တောက်မှုအတွင်း အိမ်အသုံးအဆောင်များ အသုံးပြုခြင်း

မီးစက်၊ မီးသွေးမီးဖိုနဲ့ ဂတ်စ်မီးဖို (ဓာတ်ငွေ့မီးဖို) တွေကို အမြဲတစေ အဆောက်အအုံအပြင်ဘက်မှာပဲ အသုံးပြုသင့်ကာ ပြတင်းပေါက်တွေနဲ့ အနည်းဆုံး ပေ ၂၀ ကွာဝေးစေသင့်ပါတယ်။ သင့်အိမ်အပူချိန်က အရမ်းအေးတာကြောင့် အနွေးဓာတ်ပေးတဲ့အခါ ဂတ်စ်မီးဖို၊ မုန့်စသည် ဖုတ်ရန်ဖိုတွေကို ဘယ်တော့မှ အသုံးမပြုပါနဲ့။ အိမ်အသုံးအဆောင်၊ ပစ္စည်းကိရိယာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မီးကြိုးဖြုတ်ပါ သို့မဟုတ် စက်ပိတ်ပါ။ မီးပြန်လာတဲ့အခါ မီးအားမငြိမ်သေးခြင်း၊ မီးအားတစ်ရှိန်ထိုးတက်ခြင်းတို့ဖြစ်နိုင်တာကြောင့် အဆိုပါသင့်စက်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

မီးပြန်လာပြီးနောက် လုပ်ဆောင်ရန်

(၁) သံသယရှိရင် လွှင့်သာပစ်ပါ။ ၄၀ ဒီဂရီ (°C) နဲ့အထက်မြင့်မားတဲ့ အပူချိန်တွေဖြင့် နှစ်နာရီနဲ့အထက် ထိတွေ့ထားတဲ့ ဒါမှမဟုတ် အနံ့၊ အရောင်အဆင်း၊ ပုံသဏ္ဍာန်အနေအထား ပျက်ယွင်းနေတဲ့ အစားအစာမှန်သမျှ လွှင့်ပစ်ပါ။

(၂) တစ်ရက်ကျော်ကြာအောင် မီးပြတ်နေရင် ရေခဲရိုက်သင့်တဲ့ ဆေးမှန်သမျှကို (ဆေးအညွှန်းက မည်သို့ဆိုသည်ဖြစ်စေ) ဖျက်ဆီးပစ်ပါ။ ဆေးအသစ်ပေးဖို့အတွက် သင့်ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်ကို တိုင်ပင်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: power outages (ready.gov)

 

[Zawgyi]

မီးျပတ္စဥ္ႏွင့္ မီးျပန္လာၿပီးေနာက္ လုပ္ေဆာင္ရန္မ်ား

“မီးျပတ္ေတာက္မႈအတြင္း သင့္ကိုယ္သင္ ကာကြယ္ရန္နည္းလမ္း” နဲ႔ “မီးျပန္လာၿပီးေနာက္ လုပ္ေဆာင္ရန္” သိမွတ္ဖြယ္ရာဗဟုသုတေလးေတြကို ဒီေဆာင္းပါးမွာ ေဖာ္ျပေပးထားပါတယ္။

မီးျပတ္ေတာက္မႈအတြင္း သင့္ကိုယ္သင္ ကာကြယ္ရန္နည္းလမ္း

သင္႐ွိတဲ့အရပ္က ပူလြန္း (သို႔မဟုတ္) ေအးလြန္းေနလွ်င္ မီးလာတဲ့အရပ္သို႔ သြားပါ။

(၁) မီးျပတ္ေတာက္မႈအတြက္ ႀကိဳတင္ျပင္ဆင္ျခင္း

သင္လိုအပ္တဲ့ လွ်ပ္စစ္ဓာတ္အားသုံးအရာဝတၳဳေတြစာရင္းကို ခ်ေရးပါ။ မီးျပတ္တဲ့အခါ သင့္လိုအပ္ခ်က္ေတြနဲ႔ကိုက္ညီဖို႔ power bank ကဲ့သို႔ေသာ ဓာတ္ခဲ၊ ဘက္ထရီအိုးေတြနဲ႔ အျခားေ႐ြးခ်ယ္စရာစြမ္းအင္ရင္းျမစ္ေတြ ျပင္ဆင္ပါ။ မိသားစုဝင္တိုင္းအတြက္ ဓာတ္မီးေတြ ထား႐ွိပါ။ သင့္လက္ကိုင္ဖုန္း (သို႔မဟုတ္) အိမ္ဖုန္းက မီးျပတ္ေတာက္မႈအတြင္း ဖုန္းလိုင္းမိ/မမိနဲ႔ ဖုန္းဘက္ထရီ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ခံမလဲဆိုတာ တြက္ခ်က္ပါ။

(၂) သင့္ေဆးဘက္ဆိုင္ရာလိုအပ္ခ်က္မ်ားအား သိပါေစ

လွ်ပ္စစ္ဓာတ္အားသုံး ေဆးဘက္ဆိုင္ရာပစၥည္းကိရိယာေတြနဲ႔ ေရခဲ႐ိုက္ရတဲ့ ေဆးေတြအတြက္ သင္ျပင္ဆင္ထားတဲ့ မီးျပတ္ေတာက္မႈအစားထိုးအစီအစဥ္အေၾကာင္း သင့္ရဲ႕ေဆးဘက္ဆိုင္ရာပံ့ပိုးေပးသူနဲ႔ စကားေျပာပါ။ ေဆးဝါးကို ပိုမိုျမင့္မားတဲ့အပူခ်ိန္မွာ ဘယ္ေလာက္ၾကာၾကာ ထိန္းသိမ္းသိုေလွာင္ႏိုင္မလဲဆိုတာ သိေအာင္လုပ္ၿပီး အသက္အတြက္ အလြန္အေရးပါတဲ့ ဘယ္ေဆးဝါးမဆိုအတြက္ သီးသန္႔လမ္းၫႊန္ခ်က္ ရယူပါ။

(၃) အစားအစာသိုေလွာင္မႈ

မပ်က္စီးလြယ္၊ မပုပ္သိုးလြယ္တဲ့ အစားအစာနဲ႔ ေရ လုံလုံေလာက္ေလာက္ ထား႐ွိပါ။ ေရခဲခံေသတၱာ (freezer) ေတြနဲ႔ ေရခဲေသတၱာေတြကို (တံခါး) ပိတ္ထားပါ။ ေရခဲေသတၱာဆို လွ်ပ္စစ္ဓာတ္အားမရေတာ့သည့္တိုင္ အစားအစာေတြကို ေလးနာရီေလာက္ ဆက္လက္ေအးျမေနေစမွာပါ။ ေရခဲခံေသတၱာ (freezer) ဆိုရင္ေတာ့ အပူခ်ိန္ကို ၄၈ နာရီေလာက္ ဆက္ထိန္းေပးထားႏိုင္ပါေသးတယ္။ လိုအပ္ရင္ ေရခဲတုံးေတြနဲ႔ ဝန္းရံကာ အစားအစာေတြကို ေအးျမေစပါ။ အပူခ်ိန္တိုင္းကိရိယာသုံးၿပီး အစားအစာေတြရဲ႕ အပူခ်ိန္ေတြကို ေစာင့္ၾကည့္ပါ။ အကယ္၍ အပူခ်ိန္က ၄၀ ဒီဂရီ (°C) ႐ွိတယ္ ဒါမွမဟုတ္ အဲဒီထက္ျမင့္မားတယ္ဆိုရင္ေတာ့ အဲဒီအစားအစာကို လႊင့္ပစ္ပါ။

(၄) မီးျပတ္ေတာက္မႈအတြင္း အိမ္အသုံးအေဆာင္မ်ား အသုံးျပဳျခင္း

မီးစက္၊ မီးေသြးမီးဖိုနဲ႔ ဂတ္စ္မီးဖို (ဓာတ္ေငြ႕မီးဖို) ေတြကို အၿမဲတေစ အေဆာက္အအုံအျပင္ဘက္မွာပဲ အသုံးျပဳသင့္ကာ ျပတင္းေပါက္ေတြနဲ႔ အနည္းဆုံး ေပ ၂၀ ကြာေဝးေစသင့္ပါတယ္။ သင့္အိမ္အပူခ်ိန္က အရမ္းေအးတာေၾကာင့္ အေႏြးဓာတ္ေပးတဲ့အခါ ဂတ္စ္မီးဖို၊ မုန္႔စသည္ ဖုတ္ရန္ဖိုေတြကို ဘယ္ေတာ့မွ အသုံးမျပဳပါနဲ႔။ အိမ္အသုံးအေဆာင္၊ ပစၥည္းကိရိယာနဲ႔ အီလက္ထေရာနစ္ပစၥည္းေတြကို မီးႀကိဳးျဖဳတ္ပါ သို႔မဟုတ္ စက္ပိတ္ပါ။ မီးျပန္လာတဲ့အခါ မီးအားမၿငိမ္ေသးျခင္း၊ မီးအားတစ္႐ွိန္ထိုးတက္ျခင္းတို႔ျဖစ္ႏိုင္တာေၾကာင့္ အဆိုပါသင့္စက္ပစၥည္းေတြကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။

မီးျပန္လာၿပီးေနာက္ လုပ္ေဆာင္ရန္

(၁) သံသယ႐ွိရင္ လႊင့္သာပစ္ပါ။ ၄၀ ဒီဂရီ (°C) နဲ႔အထက္ျမင့္မားတဲ့ အပူခ်ိန္ေတြျဖင့္ ႏွစ္နာရီနဲ႔အထက္ ထိေတြ႕ထားတဲ့ ဒါမွမဟုတ္ အနံ႔၊ အေရာင္အဆင္း၊ ပုံသ႑ာန္အေနအထား ပ်က္ယြင္းေနတဲ့ အစားအစာမွန္သမွ် လႊင့္ပစ္ပါ။

(၂) တစ္ရက္ေက်ာ္ၾကာေအာင္ မီးျပတ္ေနရင္ ေရခဲ႐ိုက္သင့္တဲ့ ေဆးမွန္သမွ်ကို (ေဆးအၫႊန္းက မည္သို႔ဆိုသည္ျဖစ္ေစ) ဖ်က္ဆီးပစ္ပါ။ ေဆးအသစ္ေပးဖို႔အတြက္ သင့္ဆရာဝန္ (သို႔မဟုတ္) ေဆးဝါးပညာ႐ွင္ကို တိုင္ပင္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: power outages (ready.gov)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service