ကာလစည်းကမ်းသတ်ကျော်လွန်သွားသည့် ကြွေးမြီကို ဘယ်လိုတောင်းဆိုနိုင်သနည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
1243 Views

ကာလစည်းကမ်းသတ်ကျော်လွန်သွားသည့် ကြွေးမြီကို ဘယ်လိုတောင်းဆိုနိုင်သနည်း။

Knowledge | Posted by Zarni Kyaw

[Unicode]

ကာလစည်းကမ်းသတ်ကျော်လွန်သွားသည့်ကြွေးမြီသည် မည်သည့်အခါမှ တောင်းဆိုခွင့်မရှိတော့ဘဲ ဆုံးရှုံးသွားနိုင်သလားဆိုတာကို ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

ကြွေးမြီးများ ပြန်လည်ရရှိအောင် တောင်းဆိုရမည့်ကာလစည်းကမ်းသတ်ကာလသည် (၃)နှစ်ဖြစ်ပါသည်။ မြီးရှင်များ(ငွေရှင်)အနေဖြင့် ငွေပြန်လည်တောင်းဆိုရန် ကာလစည်းကမ်းသတ်ကျော်လွန်ပြီး ကြွေးမြီကို မည်သို့ တောင်းဆိုနိုင်မည်နည်းဆိုသည့် ပြသာနာသည် မကြာခဏကြုံတွေ့ရသည့်ပြသာနာတစ်ရပ် ဖြစ်ပါသည်။

ပဋိဉာဉ်အက်ဥပဒေပုဒ်မ-၂၅(၃)အရ မြီးစား(ငွေချေးသူ) က ၎င်းပေးရန်ရှိသည့် ကြွေးမြီကိုပေးအပ်မည် ဖြစ်ကြောင်းစာဖြင့် ရေးသားလက်မှတ်ထိုးဝန်ခံချက်ပြုလုပ်ထားပါက ကာလစည်းကမ်းသတ်ကာလကို ထပ်မံ ရေတွက်ခွင့်ရသဖြင့် တရားစွဲဆိုခွင့်ထပ်မံရရှိပါသည်။

ကာလစည်းကမ်းသတ်အက်ဥပဒေ ပုဒ်မ-၂၉(၁)တွင် ဤအက်ဥပဒေပါ မည်သည့်အချက်ကမျှ ပဋိဉာဉ် အက်ဥပဒေပုဒ်မ-၂၅ ကိုမထိခိုက်စေရ ဟု ပြဌာန်းထားသဖြင့် ကာလစည်းကမ်းသတ်အက်ဥပဒေသည် ပဋိဉာဉ် အက်ဥပဒေပုဒ်မ-၂၅ ကို ချွင်းချက်ပြုထားရာရောက်ပါသည်။

ထို့ကြောင့် ကြွေးမြီပြန်လည်တောင်းဆိုရာတွင် တရားစွဲဆိုရန် ကာလစည်းကမ်းသတ်ကာလသည် (၃)နှစ်ဖြစ်သော်လည်း မြီးစားထံမှ ဝန်ခံချက်ရရှိသည့်အချိန်မှ ပြန်လည်ရေတွက်ခွင့်ရသဖြင့် ကာလစည်းကမ်း သတ်ကျော်လွန်ခြင်းကြောင့် တရားစွဲဆိုမရခြင်းကို ကုစားနိုင်မှာဖြစ်ပါသည်။ သတိပြုရမည့် အချက်က ကာလ စည်းကမ်းသတ်မကျော်လွန်မီ ရေးထိုးထားသည့် ဝန်ခံချက်ဖြစ်ရန်လိုအပ်မည်ဖြစ်သည်။ ကာလစည်းကမ်းသတ် ကျော်လွန်ပြီးမှ ရေးထိုးထားသည့် ဝန်ခံချက်ကို ကာလစည်းကမ်းသတ်အသစ်အဖြစ် သတ်မှတ်နိုင်မည် မဟုတ်ပါ။

အကယ်၍ မြီးစားထံမှ ကြွေးမြီကိုပေးအပ်မည်ဖြစ်ကြောင်းစာဖြင့် ရေးသားလက်မှတ်ထိုးဝန်ခံချက် မရရှိလျှင် မူလကာလစည်းကမ်သတ်ကာလ(၃)နှစ်ကျော်လွန်သွားသည့် ကြွေးမြီးကို တောင်းဆို၍မရတော့ ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]




ပဋိဥာဉ်အက်ဥပဒေပုဒ်မ-၂၅(၃)အရ မြီးစား(ငွေချေးသူ) က ၄င်းပေးရန်ရှိသည့် ကြွေးမြီကိုပေးအပ်မည် ဖြစ်ကြောင်းစာဖြင့် ရေးသားလက်မှတ်ထိုးဝန်ခံချက်ပြုလုပ်ထားပါက ကာလစည်းကမ်းသတ်ကာလကို ထပ်မံ ရေတွက်ခွင့်ရသဖြင့် တရားစွဲဆိုခွင့်ထပ်မံရရှိပါသည်။

ကာလစည်းကမ်းသတ်အက်ဥပဒေ ပုဒ်မ-၂၉(၁)တွင် ဤအက်ဥပဒေပါ မည်သည့်အချက်ကမျှ ပဋိဥာဉ် အက်ဥပဒေပုဒ်မ-၂၅ ကိုမထိခိုက်စေရ ဟု ပြဌာန်းထားသဖြင့် ကာလစည်းကမ်းသတ်အက်ဥပဒေသည် ပဋိဥာဉ် အက်ဥပဒေပုဒ်မ-၂၅ ကို ချွင်းချက်ပြုထားရာရောက်ပါသည်။








 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

From 03 May To 04 May

Aung Theikdhi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service