ကြက်သွန်နီဥတွေမှာ အမည်းရောင်မှိုလေးတွေရှိနေပြီလား - Property Knowledge in Myanmar from iMyanmarHouse.com
1186 Views

ကြက်သွန်နီဥတွေမှာ အမည်းရောင်မှိုလေးတွေရှိနေပြီလား

Knowledge | Posted by Si Thu Aung

[Unicode]

ကြက်သွန်နီဥတွေပေါ်မှာ အမည်းရောင်မှိုတွေ တွယ်ကပ်နေတာကိုတော့ အတော်များများတွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ အများအားဖြင့် သိုလှောင်မှုပုံစံမမှန်ကန်တာကြောင့် အဖြစ်များပြီး ရိတ်သိမ်းချိန်မှာလည်း ကြက်သွန်ဥကို ဒဏ်ရာအပွန်းအပဲ့ရတာတွေကနေ ဒီလိုမှိုအမည်းတွေကို ဖြစ်စေတာပါ။

အမည်းရောင်ပမာဏ အနည်းအများ အဝိုင်း အရှည်ပေါ်မူတည်ပြီး ဒီလိုအမည်းတွေဖြစ်စေတဲ့မှိုက ဆင်တူ (၆) မျိုးလောက်ထိရှိပါတယ်တဲ့။ ဒီထဲကမှ ခုပြောပြချင်တာကတော့ Aspergillus niger ကြောင့်ဖြစ်တဲ့ အမည်းရောင်မှိုမျှင်အစုအဝေးအကြောင်းပါ။ ဒီမှိုက မြေကြီးထဲ၊ လေထဲ၊ ပင်ကြွင်းပင်ကျန်တွေ၊ အစေ့တွေ၊ အမှိုက်သရိုက်အဆွေးတွေနဲ့ နေရာအတော်များများမှာ ရှိနေတတ်ပြီး ကြိုက်နှစ်သက်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ မှိုအစက်အပြောက်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီမှိုရောဂါက ကြက်သွန်နီဥမှာရှိတဲ့ အပွန်းပဲ့ဒဏ်ရာတွေကနေ ဝင်ရောက်လာတတ်သလို စိုထိုင်းဆများခြင်းကလည်း အဓိကရောဂါဖြစ်စေတဲ့ကြောင်းရာတစ်ခု ဖြစ်ပါတယ်။

ကြက်သွန်ဥတွေမှာ မှိုအမည်းတွေရှိနေရင် စားသင့်လား.....မစားသင့်ဘူးလား?

တချို့က ဘာမှမဖြစ်ဘူး အမည်းရောင်မှိုအစုအဝေးတွေက အပေါ်ယံအလွှာတင်ရှိတာရေဆေးပြီး စားလို့ရတယ်လို့ ပြောကြသလို တချို့ကလည်း မစားနဲ့တော့ ရောဂါရတတ်တယ်လို့လည်းပြောကြပါတယ်။ နှစ်မျိုးလုံးမှန်တယ်လို့ပဲ ပြောရမှာပါ။ အမည်းရောင်မှိုမျှင်အစက်အပြောက် လေးတွေက အပေါ်ယံ အပြင်ပိုင်းအလွှာတွေလောက်မှာပဲ ရှိနေတာဆိုရင်တော့ အမည်းရောင်တွေရှိနေတဲ့အလွှာကိုခွာပြီး ရေနဲ့ သန့်စင်အောင်ဆေးကြောကာ စားသုံးနိုင်ပါသေးတယ်။ တချို့ဓာတ်မတည့်တဲ့သူတွေကတော့ အလက်ဂျစ်ဖြစ်တတ်တာမို့ မစားသင့်ပါဘူး။ ဒါ့အပြင် မှိုမျှင်အစက်အပြောက်တွေက ကြက်သွန်ဥအတွင်းသားထဲအထိ များများစားစားတွေ့ရရင်တော့ မစားသင့်တော့ပါဘူး။ ဒီ Aspergillus niger မှိုကြောင့် ခန္ဓာကိုယ်ခုခံစွမ်းအားနည်းစေပြီး ပန်းနာရင်ကြပ် ရောဂါတွေဖြစ်စေတတ်ပါတယ်။ မှိုတက်တဲ့ အစားအစာအများစုက ရောဂါဖြစ်စေတတ်တာမို့ ဖြစ်နိုင်မယ်ဆိုရင်တော့ မစားတာအကောင်းဆုံးပါပဲ။

ကြက်သွန်ဥတွေမှာ မှိုမျှင်အမည်းရောင်အစုအဝေးတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

- ကြက်သွန်စိုက်ပျိုးတဲ့သူတွေက ရေထုတ်စနစ်ကောင်းမွန်တဲ့မြေမှာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်

- စိုစွတ်တဲ့ရာသီဥတုအခြေနေအောက်မှာ မရိတ်သိမ်းပါနဲ့။

- ရိတ်သိမ်းတဲ့အခါမှာလည်း ကြက်သွန်ဥတွေကို အထိခိုက်အပွန်းပဲ့မဖြစ်အောင် ဂရုစိုက်ပါ။

- ရိတ်သိမ်းပြီးတာနဲ့ ချက်ချင်းသိုလှောင်ပေးသင့်ပါတယ်။

- အပူချိန်နည်းပြီး စိုထိုင်းဆနည်းတဲ့နေရာမှာ သိုလှောင်ထားပါ။

- နေထုတ်လှန်းပြီး လေပူပေးတာမျိုးမလုပ်ပါနဲ့။

- ဝယ်လာသောကြက်သွန်များထဲမှ အပွန်းပဲ့ အနာဆာပါသော ကြက်သွန်များကို အရင်စားသုံးပေးပါ။

- လှီထားပြီးသားကြက်သွန်ဥကို သိမ်းချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာလည်း စနစ်တကျသိုလှောင်နိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

ၾကက္သြန္နီဥေတြမွာ အမည္းေရာင္မိႈေလးေတြ႐ွိေနၿပီလား

ၾကက္သြန္နီဥေတြေပၚမွာ အမည္းေရာင္မိႈေတြ တြယ္ကပ္ေနတာကိုေတာ့ အေတာ္မ်ားမ်ားေတြ႕ဖူးၾကမယ္လို႔ ထင္ပါတယ္။ အမ်ားအားျဖင့္ သိုေလွာင္မႈပုံစံမမွန္ကန္တာေၾကာင့္ အျဖစ္မ်ားၿပီး ရိတ္သိမ္းခ်ိန္မွာလည္း ၾကက္သြန္ဥကို ဒဏ္ရာအပြန္းအပဲ့ရတာေတြကေန ဒီလိုမိႈအမည္းေတြကို ျဖစ္ေစတာပါ။

အမည္းေရာင္ပမာဏ အနည္းအမ်ား အဝိုင္း အ႐ွည္ေပၚမူတည္ၿပီး ဒီလိုအမည္းေတြျဖစ္ေစတဲ့မိႈက ဆင္တူ (၆) မ်ိဳးေလာက္ထိ႐ွိပါတယ္တဲ့။ ဒီထဲကမွ ခုေျပာျပခ်င္တာကေတာ့ Aspergillus niger ေၾကာင့္ျဖစ္တဲ့ အမည္းေရာင္မိႈမွ်င္အစုအေဝးအေၾကာင္းပါ။ ဒီမိႈက ေျမႀကီးထဲ၊ ေလထဲ၊ ပင္ႂကြင္းပင္က်န္ေတြ၊ အေစ့ေတြ၊ အမိႈက္သ႐ိုက္အေဆြးေတြနဲ႔ ေနရာအေတာ္မ်ားမ်ားမွာ ႐ွိေနတတ္ၿပီး ႀကိဳက္ႏွစ္သက္တဲ့ ပတ္ဝန္းက်င္အေျခအေနမွာ မိႈအစက္အေျပာက္ေတြ ေပၚေပါက္လာတတ္ပါတယ္။ ဒီမိႈေရာဂါက ၾကက္သြန္နီဥမွာ႐ွိတဲ့ အပြန္းပဲ့ဒဏ္ရာေတြကေန ဝင္ေရာက္လာတတ္သလို စိုထိုင္းဆမ်ားျခင္းကလည္း အဓိကေရာဂါျဖစ္ေစတဲ့ေၾကာင္းရာတစ္ခု ျဖစ္ပါတယ္။

ၾကက္သြန္ဥေတြမွာ မိႈအမည္းေတြ႐ွိေနရင္ စားသင့္လား.....မစားသင့္ဘူးလား?

တခ်ိဳ႕က ဘာမွမျဖစ္ဘူး အမည္းေရာင္မိႈအစုအေဝးေတြက အေပၚယံအလႊာတင္႐ွိတာေရေဆးၿပီး စားလို႔ရတယ္လို႔ ေျပာၾကသလို တခ်ိဳ႕ကလည္း မစားနဲ႔ေတာ့ ေရာဂါရတတ္တယ္လို႔လည္းေျပာၾကပါတယ္။ ႏွစ္မ်ိဳးလုံးမွန္တယ္လို႔ပဲ ေျပာရမွာပါ။ အမည္းေရာင္မိႈမွ်င္အစက္အေျပာက္ ေလးေတြက အေပၚယံ အျပင္ပိုင္းအလႊာေတြေလာက္မွာပဲ ႐ွိေနတာဆိုရင္ေတာ့ အမည္းေရာင္ေတြ႐ွိေနတဲ့အလႊာကိုခြာၿပီး ေရနဲ႔ သန္႔စင္ေအာင္ေဆးေၾကာကာ စားသုံးႏိုင္ပါေသးတယ္။ တခ်ိဳ႕ဓာတ္မတည့္တဲ့သူေတြကေတာ့ အလက္ဂ်စ္ျဖစ္တတ္တာမို႔ မစားသင့္ပါဘူး။ ဒါ့အျပင္ မိႈမွ်င္အစက္အေျပာက္ေတြက ၾကက္သြန္ဥအတြင္းသားထဲအထိ မ်ားမ်ားစားစားေတြ႕ရရင္ေတာ့ မစားသင့္ေတာ့ပါဘူး။ ဒီ Aspergillus niger မိႈေၾကာင့္ ခႏၶာကိုယ္ခုခံစြမ္းအားနည္းေစၿပီး ပန္းနာရင္ၾကပ္ ေရာဂါေတြျဖစ္ေစတတ္ပါတယ္။ မိႈတက္တဲ့ အစားအစာအမ်ားစုက ေရာဂါျဖစ္ေစတတ္တာမို႔ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ မစားတာအေကာင္းဆုံးပါပဲ။

ၾကက္သြန္ဥေတြမွာ မိႈမွ်င္အမည္းေရာင္အစုအေဝးေတြမျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?

- ၾကက္သြန္စိုက္ပ်ိဳးတဲ့သူေတြက ေရထုတ္စနစ္ေကာင္းမြန္တဲ့ေျမမွာ ေ႐ြးခ်ယ္စိုက္ပ်ိဳးသင့္ပါတယ္

- စိုစြတ္တဲ့ရာသီဥတုအေျခေနေအာက္မွာ မရိတ္သိမ္းပါနဲ႔။

- ရိတ္သိမ္းတဲ့အခါမွာလည္း ၾကက္သြန္ဥေတြကို အထိခိုက္အပြန္းပဲ့မျဖစ္ေအာင္ ဂ႐ုစိုက္ပါ။

- ရိတ္သိမ္းၿပီးတာနဲ႔ ခ်က္ခ်င္းသိုေလွာင္ေပးသင့္ပါတယ္။

- အပူခ်ိန္နည္းၿပီး စိုထိုင္းဆနည္းတဲ့ေနရာမွာ သိုေလွာင္ထားပါ။

- ေနထုတ္လွန္းၿပီး ေလပူေပးတာမ်ိဳးမလုပ္ပါနဲ႔။

- ဝယ္လာေသာၾကက္သြန္မ်ားထဲမွ အပြန္းပဲ့ အနာဆာပါေသာ ၾကက္သြန္မ်ားကို အရင္စားသုံးေပးပါ။

- လွီထားၿပီးသားၾကက္သြန္ဥကို သိမ္းခ်င္တယ္ဆိုရင္ေတာ့ ေရခဲေသတၱာထဲမွာလည္း စနစ္တက်သိုေလွာင္ႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service