2 May 2020 8:51 pm တွင်ကြော်ငြာတင်ခဲ့သည်
2 May 2020 8:51 pm တွင်ကြော်ငြာတင်ခဲ့သည်
3638 ကြိမ် ကြည့်ရှု့ပြီး | ကြော်ငြာနံပါတ် H-20716
3638 ကြိမ် ကြည့်ရှု့ပြီး | ကြော်ငြာနံပါတ် H-20716
လှိုင် | ရန်ကုန်တိုင်းဒေသကြီး
အမျိုးသမီး အဆောင်
၂ ယောက်အိပ်ခန်း
5 လပိုင်းအတွက် လှိုင် အမျိုးသမီးအဆောင်မှာ
သုံးယောက်စာလွတ်ပြီနော်..... ?
သုံးယောက်ခန်းမှာ နှစ်ယောက်ပဲထားပါတော့မယ်။
အဆောင်ကြေးကတော့ ပုံမှန်ပါပဲရှင့်။
⚡ ဈေးလေးနည်းနည်းနဲ့
⚡ မိသားစုဆန်ဆန် အဆောင်မှာ နေချင်တယ်ဆို
⚡ လှိုင်အမျိုးသမီး သီးသန့်အဆောင် ရှိတယ်နော်
? လှိုင်အမျိုးသမီးသီးသန့်အဆောင်ရဲ့
၀န်ဆောင်မှုလေးတွေနဲ့ ကောင်းကျိုးအချက်လေးတွေကို
အဆောင်နေဖို့ စုံစမ်းနေတဲ့ ညီမလေးတွေ မမတွေကို
ပြောပြပေးချင်ပါတယ်ရှင့်....
? အဆောင်နေမမ ညီမလေးတွေ
အဆင်ပြေအောင် 24 Hr Wifi Free
စီစဉ်ပေးထားပါတယ်။
အင်တာနက်ဘေ ချွေတာနိုင်တာပေါ့။ ?
? တွင်းရေနောက်နောက်တွေ
ချိုးစရာ(လုံးဝ) မလိုဘူးနော်။
ဂျိုးဖြူရေလိုင်း သွယ်ထားတာမို့
ရေသန့်သန့်ကိုပဲ အသုံးပြုရမှာနော်။
? ပထမထပ်မှာပဲ တည်ရှိတာမို့
အထပ်မြင့်တွေ တက်စရာမလိုပါဘူးနော်။
? ဝရံတာ ကျယ်ကျယ်၊ မီးဖိုချောင် ကျယ်ကျယ်နဲ့မို့
အ၀တ်လှမ်းဖို့အတွက်နဲ့ ဟင်းချက်စားချင်သူတွေအတွက်ပါ အဆင်ပြေတယ်နော်။
? ပန်းကန်စင်၊ အဝတ်လှမ်းစင်၊ ထမီလှမ်းစင်၊ ဖိနပ်စင်များဖြင့်
သန့်ရှင်းစွာနေနိုင်ရန် ထားရှိပေးထားပါတယ်။
? အိမ်သာ၊ရေချိုးခန်း (လုံးဝအသန့်) ကြွေပားကပ်ထားပေးပါတယ်။
? တစ်အိမ်လုံးအပြင် အိပ်ခန်းကြမ်းပြင်ပါ
ပါကေးခင်းထားပါတယ်။
? ၃ယောက်ခန်း နှစ်ခန်းသာငှားရမ်းတာမို့
လူဦးရေ အများကြီးနဲ့ မနေချင်တဲ့သူတွေ၊
လူသန့်သန့်နဲ့ပဲ နေချင်သူတွေအတွက်
အရမ်းအဆင်ပြေတယ်နော်။
? ဘူတာရုံလမ်းမှတ်တိုင် နောက်ကျောတင်မို့ ကားဂိတ်နဲ့နီးတယ်နော်။
ပြည်လမ်းကိုသွားချင်ရင်လည်း ၈မိနစ်လောက်လမ်းလျှောက်ရုံပဲနော်။
? လှည်းတန်း၊ အင်းယားကန်ဘောင်၊
ရန်ကုန်တက္ကသိုလ်၊ MICT Park ၊
သမိုင်းလမ်းဆုံ၊ လှိုင်ဈေး၊ ပြည်လမ်း၊ အင်းစိန်လမ်းတို့နဲ့ အနီးဆုံးနေရာမှာတည်ရှိလို့
သွားရလာရတာလည်း အဆင်ပြေတယ်နော်။
? အင်းစိန်လမ်းမနဲ့ အနီးဆုံးတည်ရှိလို့
ညဘက်ပြန်တဲ့အချိန်တွေ နောက်ကျခဲ့ရင်တောင်
စိတ်ပူစရာမလိုဘူးနော်။
? ညဘက်အိမ်ပြန်ချိန် သတ်မှတ်ထားတာမျိုးမရှိလို့ ညပိုင်းမှ ပြန်ရတဲ့ရုံးဝန်ထမ်းတွေလည်းအဆင်ပြေပါတယ်။
(ရုံးကိစ္စမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကြောင့် ည၁၀နာရီကျော်မယ်ဆို ဖုန်းလှမ်းဆက်အကြောင်းကြားပေးရင်အဆင်ပြေပါတယ်။
မိန်းကလေးဖြစ်တဲ့အတွက် စိတ်ပူလို့ပါ။)
? သန့်ရှင်းရေးအနေနဲ့တော့ ကိုယ်နေတဲ့နေရာလေးရယ် ကိုယ်သုံးခဲ့တဲ့ မီးဖိုချောင်ပစ္စည်းတွေရယ်ကို ရှင်းလင်းရင် ရပါပြီနော်။
? ပတ်ဝန်းကျင်မှာလည်း ဆူညံတာမျိုး၊ စရိုက်ကျကျ အော်ဟစ်နေတဲ့နေရာမျိုးတွေ မရှိတဲ့အတွက် သင်တန်းတက် စာလေ့လာတဲ့အချိန်တွေကိုလည်း အနှောင့်အယှက်မဖြစ်စေဘူးနော်။
? အဆောင်ကြေးကိုလည်း အခက်အခဲမရှိအောင် လချင်းပေးစနစ်ဖြင့် ငှါးရမ်းပေးပါတယ်။
(လချင်းပေးဖြစ်တဲ့အတွက် စပေါ်(စရံမဟုတ်) နှစ်သောင်းခွဲတော့ သွင်းပေးရပါတယ်။
မပြောင်းခင် တစ်လကြိုအကြောင်းကြားတယ်ဆို ပြောင်းတဲ့နေ့မှာ ပြန်ထုတ်ပေးပါတယ်)
အနည်းဆုံးတော့ သုံးလနေထိုင်ရပါမယ်။
(သုံးလမပြည့်ခင် အဆောင်ပြောင်းသူများ စပေါ်ကြေးပြန်မအမ်းပါဘူး)
လက်ရှိနေနေတဲ့ အဆောင်မှာ အဆင်မပြေတော့လို့ ပြောင်းချင်တာမျိုး၊
အခုမှစပြီး အဆောင်နေချင်လို့ စုံစမ်းနေတာမျိုးဆိုရင်တော့
မိသားစုဆန်ဆန် ကိုယ့်အိမ်လိုပဲ သဘောထားပြီးနေလို့ရနိုင်မဲ့
လှိုင်အမျိုးသမီးသီးသန့်အဆောင်ကို သတိရလိုက်ပါနော်.....
ရေရှည်နေလိုသော ရုံးဝန်ထမ်းများ၊ သင်တန်းသူ၊ ကျောင်းသူများကို ဦးစားပေးလက်ခံပေးနေပါတယ်ရှင့် ?
လိပ်စာ
ကန်လမ်း၊ လှိုင်မြင့်မိုရ်အိမ်ယာစခန်းဆိုင်းဘုတ်ရှေ့၊ ချယ်ရီမော်စတိုးဆိုင်အပေါ်ထပ်(ပထမထပ်)၊ လှိုင်မြို့နယ်။
ဖုန်းနံပါတ်....
09-969 684 597
09-250 119 840
09-795 572 447
သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
#အဆောင်
တည်နေရာပြ မြေပုံ
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) တွင် တွေ့သောကြော်ငြာဟု ပြောပါရန်