သင့်အဝတ်အထည်တွေကို အစွန်းချွတ်စရာမလိုဘဲ ဖြူဖွေးသွားစေမယ့် သဘာဝပစ္စည်း

သင့်အဝတ်အထည်တွေကို အစွန်းချွတ်စရာမလိုဘဲ ဖြူဖွေးသွားစေမယ့် သဘာဝပစ္စည်း - Property Knowledge in Myanmar from iMyanmarHouse.com
18 May 2021 3:26 pm တွင် တင်ခဲ့သည်
1176 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အစွန်းချွတ်ဆေး၊ အ‌ရောင်ချွတ်ဆေးရှိလျှင် လွှင့်ပစ်လိုက်ပါတော့။ အဝတ်အထည်တွေကို အစွန်းချွတ်ဖို့မလိုဘဲ ဖြူဖွေးသွားစေဖို့ လုပ်ဆောင်ပေးမယ့်အရာက သင့်ရဲ့ရေခဲသေတ္တာထဲမှာ ရှိနေနိုင်ပါတယ်။

လူတိုင်းက သူတို့အဝတ်အထည်တွေ ဖြူဖွေးတောက်ပြောင်နေတာကို နှစ်သက်ကြပါတယ်။ အဲဒီအတွက် အစွန်းချွတ်ဆေးသုံးတာက ယေဘုယျနည်းလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လို့ အစွန်းချွတ်တာက တစ်ခုတည်းသော ဒါမှမဟုတ် အကောင်းဆုံးသော နည်းလမ်းတော့ မဟုတ်ပါဘူး။ အစွန်းချွတ်ဆေးက သင့်ကျန်းမာရေးနဲ့ သင့်ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။

အစွန်းချွတ်ဆေးက ဘာလို့ နည်းလမ်းကောင်းတစ်ခု မဟုတ်တာလဲ?

အဖြေကတော့ အန္တရာယ်ရှိနိုင်လို့ပါ။ သိချင်စိတ်သိပ်များတဲ့၊ စူးစမ်းတဲ့ကလေးငယ်တွေရဲ့လက်ပေါ်ကို အစွန်းချွတ်ဆေးဖိတ်စင်သွားနိုင်သလို သောက်တောင်သောက်မိသွားနိုင်ပါတယ်။ အစွန်းချွတ်ဆေးကို ဗီနီဂါလိုမျိုး အခြားအရာတစ်မျိုးမျိုးနဲ့ ရောစပ်လိုက်လျှင် အဆိပ်ငွေ့တွေ ထွက်ပါတယ်။

ကိုယ်တိုင်မထိထားပေမဲ့လည်း အိမ်သားတစ်ဦးဦးကနေ တစ်ဆင့်ပြန်ထိတာတို့၊ အစွန်းချွတ်ဆေးထိထားတဲ့ သက်မဲ့အရာကနေ တစ်ဆင့်ပြန်ထိတာတို့ကလည်း ပြဿနာတစ်ခုပါပဲ။ ဥရောပသုတေသီတွေ လုပ်ဆောင်ခဲ့တဲ့ ၂၀၁၅ ခုနှစ် လေ့လာမှုတစ်ရပ်က ဘာကို တွေ့ခဲ့သလဲဆိုတော့ - နေအိမ်မှာ အစွန်းချွတ်ဆေးရှိတာဟာ ကလေးသူငယ်တွေမှာ အာသီးရောင်ရောဂါ၊ တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်းပြဿနာလိုမျိုး နာမကျန်းဖြစ်ပွားနှုန်း ပိုမြင့်လာစေပါတယ်တဲ့။ ပြီးတော့လည်း အစွန်းချွတ်ဆေးတွေဟာ ရေဆေးချပစ်လိုက်ပြီးတာတောင် စွဲကျန်နေတတ်ပါတယ်။

ဒါပေမဲ့ အစွန်းချွတ်ဆေးမသုံးဘဲ အဝတ်အထည်တွေဖြူဖွေးသွားစေဖို့ ဖြစ်နိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ဖြစ်နိုင်တယ်ဆိုတာပါပဲ၊ မျက်လှည့်ပြလိုက်သလို သန့်စင်ပေးမယ့်အရာကတော့ သံပယိုရည်၊ ရှောက်ရည်ပဲဖြစ်ပါတယ်။ သံပယိုရည်၊ ရှောက်ရည်ဆိုတာ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ပေးပြီး ပိုမိုဖြူဖွေးလာစေတဲ့ သဘာဝပစ္စည်းပဲဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ မသုံးဘဲ အိမ်ထောင်ပစ္စည်းများစွာကို သန့်စင်စေဖို့ သံပယိုရည်၊ ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ သားရေပရိဘောဂတွေက အစွန်းအထင်းတွေကို ဖယ်ရှားဖို့အတွက်တောင် အသုံးပြုနိုင်ပါတယ်။

သံပယိုရည်၊ ရှောက်ရည်က ဘယ်လိုနည်းနဲ့ ဖြူဖွေးတောက်ပြောင်သွားစေတာလဲ?

သံပယိုရည်၊ ရှောက်ရည်မှာ အချဉ်ဓာတ်အက်ဆစ် ခေါ် ဆီထရစ်အက်ဆစ် (citric acid) ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။ အဲဒီ citric acid က သင့်အဝတ်အထည်တွေပေါ်က အစွန်းအထင်းတွေနဲ့ဓာတ်ပြုပြီး သူတို့ကို အဝတ်အထည်တွေပေါ်ကနေ သဘာဝအတိုင်းဖယ်ရှားပေးကာ အထည်သားကို ဖြူစင်လှပသွားစေပါတယ်။ (ဒီဖြူသွားစေတဲ့အစွမ်းကတော့ အသားအရေ၊ ဆံပင်နဲ့ သွား စတဲ့ အခြားအရာတွေမှာလည်း အလားတူပဲ အစွမ်းရှိပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှုမရှိအောင်လို့တော့ သေချာဂရုစိုက်ဆင်ခြင်အသုံးပြုရမှာပါ။)

သံပယိုရည်၊ ရှောက်ရည်နဲ့ဖြူစင်သွားစေတဲ့နည်းလမ်းက အဖြူရောင်အဝတ်အထည်တွေအတွက် အကောင်းဆုံးပါ။ အခြားအရောင်နဲ့အဝတ်အထည်တွေကတော့ သံပယိုရည်၊ ရှောက်ရည်တို့နဲ့ထိရင် ခပ်မြန်မြန်ပဲ အ‌ရောင်မှိန်သွားနိုင်လို့ပါ။

လက်လျှော်

- သံပယိုရည်၊ ရှောက်ရည် နှစ်ခွက် နှင့် ဆားရည် တစ်ခွက် ကို ရောဖျော်ပါ

- အစွန်းချွတ်မယ့်အထည်ကို အဲဒီ‌ဖျော်စပ်ထားတဲ့အရည်ထဲ နှစ်စိမ်ထားလိုက်ပါ

- အစွန်းကျွတ်သွားချိန်ကျ ရေသေချာဆေး၊ ကျင်းပြီး နေရောင်မှာ အခြောက်လှန်းထားလိုက်ပါ

စက်လျှော်

- သံပယိုရည်၊ ရှောက်ရည် တစ်ခွက်ထဲ ဆပ်ပြာမှုန့်ထည့်ပါ၊ ပြီးလျှင် ခါတိုင်းအဝတ်လျှော်နေကျအဆင့်တွေအတိုင်း လျှော်ပါ

- နေရောင်ရတဲ့နေရာမှာ အခြောက်လှန်းပါ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

သင့္အဝတ္အထည္ေတြကို အစြန္းခြၽတ္စရာမလိုဘဲ ျဖဴေဖြးသြားေစမယ့္ သဘာဝပစၥည္း

အစြန္းခြၽတ္ေဆး၊ အ‌ေရာင္ခြၽတ္ေဆး႐ွိလွ်င္ လႊင့္ပစ္လိုက္ပါေတာ့။ အဝတ္အထည္ေတြကို အစြန္းခြၽတ္ဖို႔မလိုဘဲ ျဖဴေဖြးသြားေစဖို႔ လုပ္ေဆာင္ေပးမယ့္အရာက သင့္ရဲ႕ေရခဲေသတၱာထဲမွာ ႐ွိေနႏိုင္ပါတယ္။

လူတိုင္းက သူတို႔အဝတ္အထည္ေတြ ျဖဴေဖြးေတာက္ေျပာင္ေနတာကို ႏွစ္သက္ၾကပါတယ္။ အဲဒီအတြက္ အစြန္းခြၽတ္ေဆးသုံးတာက ေယဘုယ်နည္းလမ္းတစ္ရပ္ပဲျဖစ္ပါတယ္။ ဒါေပမဲ့လို႔ အစြန္းခြၽတ္တာက တစ္ခုတည္းေသာ ဒါမွမဟုတ္ အေကာင္းဆုံးေသာ နည္းလမ္းေတာ့ မဟုတ္ပါဘူး။ အစြန္းခြၽတ္ေဆးက သင့္က်န္းမာေရးနဲ႔ သင့္ပတ္ဝန္းက်င္အတြက္ အႏၲရာယ္႐ွိႏိုင္ပါတယ္။

အစြန္းခြၽတ္ေဆးက ဘာလို႔ နည္းလမ္းေကာင္းတစ္ခု မဟုတ္တာလဲ?

အေျဖကေတာ့ အႏၲရာယ္႐ွိႏိုင္လို႔ပါ။ သိခ်င္စိတ္သိပ္မ်ားတဲ့၊ စူးစမ္းတဲ့ကေလးငယ္ေတြရဲ႕လက္ေပၚကို အစြန္းခြၽတ္ေဆးဖိတ္စင္သြားႏိုင္သလို ေသာက္ေတာင္ေသာက္မိသြားႏိုင္ပါတယ္။ အစြန္းခြၽတ္ေဆးကို ဗီနီဂါလိုမ်ိဳး အျခားအရာတစ္မ်ိဳးမ်ိဳးနဲ႔ ေရာစပ္လိုက္လွ်င္ အဆိပ္ေငြ႕ေတြ ထြက္ပါတယ္။

ကိုယ္တိုင္မထိထားေပမဲ့လည္း အိမ္သားတစ္ဦးဦးကေန တစ္ဆင့္ျပန္ထိတာတို႔၊ အစြန္းခြၽတ္ေဆးထိထားတဲ့ သက္မဲ့အရာကေန တစ္ဆင့္ျပန္ထိတာတို႔ကလည္း ျပႆနာတစ္ခုပါပဲ။ ဥေရာပသုေတသီေတြ လုပ္ေဆာင္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေလ့လာမႈတစ္ရပ္က ဘာကို ေတြ႕ခဲ့သလဲဆိုေတာ့ - ေနအိမ္မွာ အစြန္းခြၽတ္ေဆး႐ွိတာဟာ ကေလးသူငယ္ေတြမွာ အာသီးေရာင္ေရာဂါ၊ တုပ္ေကြးနဲ႔ အသက္႐ွဴလမ္းေၾကာင္းျပႆနာလိုမ်ိဳး နာမက်န္းျဖစ္ပြားႏႈန္း ပိုျမင့္လာေစပါတယ္တဲ့။ ၿပီးေတာ့လည္း အစြန္းခြၽတ္ေဆးေတြဟာ ေရေဆးခ်ပစ္လိုက္ၿပီးတာေတာင္ စြဲက်န္ေနတတ္ပါတယ္။

ဒါေပမဲ့ အစြန္းခြၽတ္ေဆးမသုံးဘဲ အဝတ္အထည္ေတြျဖဴေဖြးသြားေစဖို႔ ျဖစ္ႏိုင္ပါ့မလားလို႔ ေမးစရာ႐ွိပါတယ္။ အေျဖကေတာ့ ျဖစ္ႏိုင္တယ္ဆိုတာပါပဲ၊ မ်က္လွည့္ျပလိုက္သလို သန္႔စင္ေပးမယ့္အရာကေတာ့ သံပယိုရည္၊ ေ႐ွာက္ရည္ပဲျဖစ္ပါတယ္။ သံပယိုရည္၊ ေ႐ွာက္ရည္ဆိုတာ ပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ေပးၿပီး ပိုမိုျဖဴေဖြးလာေစတဲ့ သဘာဝပစၥည္းပဲျဖစ္ပါတယ္။ အႏၲရာယ္႐ွိတဲ့ ဓာတုပစၥည္းေတြ မသုံးဘဲ အိမ္ေထာင္ပစၥည္းမ်ားစြာကို သန္႔စင္ေစဖို႔ သံပယိုရည္၊ ေ႐ွာက္ရည္ကို အသုံးျပဳႏိုင္ပါတယ္။ သားေရပရိေဘာဂေတြက အစြန္းအထင္းေတြကို ဖယ္႐ွားဖို႔အတြက္ေတာင္ အသုံးျပဳႏိုင္ပါတယ္။

သံပယိုရည္၊ ေ႐ွာက္ရည္က ဘယ္လိုနည္းနဲ႔ ျဖဴေဖြးေတာက္ေျပာင္သြားေစတာလဲ?

သံပယိုရည္၊ ေ႐ွာက္ရည္မွာ အခ်ဥ္ဓာတ္အက္ဆစ္ ေခၚ ဆီထရစ္အက္ဆစ္ (citric acid) ပမာဏျမင့္မားစြာ ပါဝင္ပါတယ္။ အဲဒီ citric acid က သင့္အဝတ္အထည္ေတြေပၚက အစြန္းအထင္းေတြနဲ႔ဓာတ္ျပဳၿပီး သူတို႔ကို အဝတ္အထည္ေတြေပၚကေန သဘာဝအတိုင္းဖယ္႐ွားေပးကာ အထည္သားကို ျဖဴစင္လွပသြားေစပါတယ္။ (ဒီျဖဴသြားေစတဲ့အစြမ္းကေတာ့ အသားအေရ၊ ဆံပင္နဲ႔ သြား စတဲ့ အျခားအရာေတြမွာလည္း အလားတူပဲ အစြမ္း႐ွိပါတယ္။ ဒါေပမဲ့ ထိခိုက္ပ်က္စီးမႈမ႐ွိေအာင္လို႔ေတာ့ ေသခ်ာဂ႐ုစိုက္ဆင္ျခင္အသုံးျပဳရမွာပါ။)

သံပယိုရည္၊ ေ႐ွာက္ရည္နဲ႔ျဖဴစင္သြားေစတဲ့နည္းလမ္းက အျဖဴေရာင္အဝတ္အထည္ေတြအတြက္ အေကာင္းဆုံးပါ။ အျခားအေရာင္နဲ႔အဝတ္အထည္ေတြကေတာ့ သံပယိုရည္၊ ေ႐ွာက္ရည္တို႔နဲ႔ထိရင္ ခပ္ျမန္ျမန္ပဲ အ‌ေရာင္မွိန္သြားႏိုင္လို႔ပါ။

လက္ေလွ်ာ္

- သံပယိုရည္၊ ေ႐ွာက္ရည္ ႏွစ္ခြက္ ႏွင့္ ဆားရည္ တစ္ခြက္ ကို ေရာေဖ်ာ္ပါ

- အစြန္းခြၽတ္မယ့္အထည္ကို အဲဒီ‌ေဖ်ာ္စပ္ထားတဲ့အရည္ထဲ ႏွစ္စိမ္ထားလိုက္ပါ

- အစြန္းကြၽတ္သြားခ်ိန္က် ေရေသခ်ာေဆး၊ က်င္းၿပီး ေနေရာင္မွာ အေျခာက္လွန္းထားလိုက္ပါ

စက္ေလွ်ာ္

- သံပယိုရည္၊ ေ႐ွာက္ရည္ တစ္ခြက္ထဲ ဆပ္ျပာမႈန္႔ထည့္ပါ၊ ၿပီးလွ်င္ ခါတိုင္းအဝတ္ေလွ်ာ္ေနက်အဆင့္ေတြအတိုင္း ေလွ်ာ္ပါ

- ေနေရာင္ရတဲ့ေနရာမွာ အေျခာက္လွန္းပါ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service