စားစရာတွေကို ရေသေချာဆေးလိုက်တာနဲ့တင် သန့်ရှင်းပြီလား။ အခြားပိုးမွှားတွေ ကပ်နိုင်တဲ့ နည်းတွေရှိတာရော သိရဲ့လား။
စားစရာတွေကို ရေသေချာဆေးလိုက်တာနဲ့တင် သန့်ရှင်းပြီလား။ အခြားပိုးမွှားတွေ ကပ်နိုင်တဲ့ နည်းတွေရှိတာရော သိရဲ့လား။ - Property Knowledge in Myanmar from iMyanmarHouse.com
14 May 2021 4:01 pm တွင် တင်ခဲ့သည်
880 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ဈေးကဝယ်လာတဲ့ အသီးအရွက်တွေ အသားငါးတွေကို ရေစင်အောင်ဆေးလိုက်မယ်၊ ဒိတ်ကုန်သွားတဲ့ နို့ဘူးတွေကို လွှင့်ပစ်လိုက်တာနဲ့တင် အစားအသောက်တွေ စိတ်ချရမှုကို သင်ကောင်းကောင်းနားလည်နေတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ရေဆေးရုံ မကောင်းတာကို လွှင့်ပစ်လိုက်ရုံနဲ့ အစားအသောက်တွေအားလုံး သန့်စင်သွားမယ်၊ စိတ်ချရမယ်လို့ မဆိုလိုပါဘူး။ ဒီတော့ ဘယ်နေရာမှာ မှားနေလဲ ဆိုတာကြည့်ရအောင်။ ။ ချက်တဲ့နေရာမှာလား သန့်စင်တဲ့နေရာမှာလား သိမ်းတဲ့နေရာမှာလား။
အသားစိမ်းတွေနဲ့ အခြား အသင့်စား အစားအစာတွေ ကို တစ်ပန်းကန်ထဲ ထားမိတဲ့အခါ။
ကိုယ်စားနေတဲ့အစားအသောက်တွေ မသန့်ရှင်းတာ၊ ပိုးဝင်တာတွေ အများဆုံးကို ဖြစ်နိုင်တာက အသားစိမ်းတွေနဲ့ ချက်ပြီးသား အသားတွေ တူတူသိမ်းထားမိတာမျိုးဖြစ်ပါတယ်။ ဒီလို တစ်ပန်းကန်ထဲ တူတူထားမိတဲ့အခါ အသားစိမ်းတွေမှာရှိတဲ့ ဘက်တီးရီးယားတွေ ချက်ပြီးသားအသားတွေထဲ အလွယ်တကူ ရောက်သွားနိုင်လို့ အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို တစ်ပန်းကန်ထဲ မဟုတ်ဘဲ ခွဲထားဖို့ လိုတာပါ။
ခဲနေတဲ့ အသားတွေကို အခန်းအပူချိန်မှာ အရည်ပျော်အောင် ဒီတိုင်းထားလိုက်တဲ့အခါ။ ။
Defrosting လို့ခေါ်တဲ့ အအေးခံထားတဲ့အသားတွေကို 4.44°C ကနေ 60°C အတွင်း အခန်းအပူချိန်မှာပြန်ပျော်အောင် ဒီတိုင်း မီးဖိုချောင်ထဲမှာ ထားလိုက်တဲအခါ မိနစ် ၂၀ အတွင်း ဘက်တီးရီးယားပေါက်ပွားမှု အဆ ၂၀ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အအေးခံထားတဲ့အသားတွေ ပြန်နွေးစေဖို့ အခန်းအပူချိန်မှာဒီတိုင်းရေထဲ နှစ်မထားဘဲ ရေခဲရေနဲ့ အသားကြားထဲက ရေခဲတုံးတွေ ပျော်အောင်လုပ်တာ၊ microwave ထဲ ထည့်ပြီး ခဲနေတာကို အရည်ပျော်အောင်လုပ်တာမျိုးတွေ လုပ်ပေးပါ။ ပျော်အောင်လုပ်ပြီးသား အသားတွေကို အေးခဲအောင်လုပ်ပြီး ပြန်မသိမ်းသင့်ပါဘူး။
ချက်ပြီးသား ပူနွေးနွေးဟင်းတွေကို ရေခဲသေတ္တာထဲ မသိမ်းခင် အပြင်မှာ အအေးအရင်ခံလိုက်တဲ့အခါ။
ချက်ပြီးသား ဟင်းတွေကို အခန်းအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နေရာမှာ ၂ နာရီထက်ကြာအောင် မထားသင့်ပါဘူး။ 4.44°C ကနေ 60°C အပူချိန်မှာဆို ဘက်တီးရ်ီးယားတွေ အလျင်အမြန်ပေါက်နိုင်တယ်မလား။ ဒါ့ကြောင့် ချက်ပြီးသားဟင်းတွေကို ရေခဲ့သေတ္တာထဲ မထည့်ခင် အပြင်မှာ နာရီဝက် တစ်နာရီလောက်ပဲ ထားသင့်ပါတယ်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။
မကျက်တကျက် အစားအစာတွေ ဟင်းထဲ ပါလာတဲ့အခါ ။။
မကျက်တကျက် ပြုတ်ထား၊ ကြော်ထားတဲ့ ဥတွေ အသားတွေမှာ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါလာတတ်ပြီး ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ သွေးဝမ်းသွားတာ၊ ချမ်းတုန်ပြီးဖျားတာ၊ ခေါင်းကိုက် ပျို့အန်ချင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် မကျက်တကျက်ချက်ထားတဲ့ အသားတွေမှာ E.coli လို့ခေါ်တဲ့ ဘက်တီးယားတွေ၊ သန်ကောင်ဖြစ်စေမယ့် ဥတွေ ပါလာတတ်တာကြောင့် အသားတွေ အားလုံးကို ကျက်အောင် ချက်ဖို့ အရေးကြီးပါတယ်။
နှပ်ပြီးသား အသားတွေကို ဒီတိုင်း ခုံပေါ်မှာ တင်ထားလိုက်တဲ့အခါ
နှပ်ပြီးသား အသားတွေကို အခန်းအပူချိန် မှာ ဒီတိုင်းထားလိုက်ရင် ရောဂါပိုးမွှားတွေ အလွယ်တကူပေါက်ပွားတာ၊ ကပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အသားတွေ နှပ်ထားပြီးတဲ့အခါတိုင်းရေခဲသေတ္တာထဲ လုံလုံခြုံခြုံဖုံးပြီး ခဏပြန်ထည့်ထားပါ
လက်ကို သေချာသန့်စင်အောင် မဆေးတဲ့အခါ။
ပန်းကန်တွေ၊ အသားတွေမှာပဲ ရောဂါပိုးမွှားတွေ ကပ်နေတယ်လို့ မထင်လိုက်ပါနဲ့။ သေချာသန့်စင်အောင် မဆေးထားတဲ့သင့်ရဲ့ လက်တွေမှာလည်း ရောဂါပိုးတွေ အများကြီး ကပ်တွယ်နေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အစားအစာတွေကို မကိုင်ခင် စက္ကန့် ၂၀ အလိုနဲ့ ကိုင်ပြီး စက္ကန့် ၂၀ နောက်ပိုင်းမှာ လက်ကိုသေချာဆေးပါ။ လက်ကိုဆပ်ပြာသုံးပြီးဆေးဖို့လည်း မမေ့ပါနဲ့။
ပန်ကန်ဆေးတဲ့အဖတ်တွေ ဖော့တွေကို မှန်မှန် မလဲတဲ့အခါ။
ဘယ်လောက်ပဲ သန့်ချင်လို့ ပန်းကန်တွေကို ဆေးနေပါစေ သူတို့ကို ဆေးတဲ့ ဖော့တို့ အဖတ်တို့က မသန့်တဲ့အခါ ရောဂါပိုးတွေ ပြန်ပြန်ကပ်နေတာနဲ့တင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပန်းကန်ဆေးပြီးတိုင်း အဖတ်တွေကို သေချာပြန်သန့်ရှင်းပါ။ ရေကို သေချာညှစ်ပြီး နေရောင်အောက်မှာ အခြောက်ခံပါ။ ၁ လတစ်ခါ မှန်မှန် လဲပေးပါ။
ဒါတွေကတော့ ဘယ်လောက်ပဲ ကိုယ်ကသန့်နေတယ်လို့ ထင်နေပါစေ။ မထင်ထားမိတဲ့နည်းတွေကနေ အစားအသောက်ထဲ ဘက်တီးရီးယားတွေ ရောက်နိုင်တာတွေ ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစားအစာတွေကို ရေဆေးရုံ၊ ဒိတ်ကုန်နေတဲ့ အစားအသောက်တွေကို လွှင့်ပစ်လိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဖန်တီးနိုင်တယ်လို့ မဆိုလိုပါဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Grand Aung Thar Yar
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service