ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
စားသုံးသူအခွင့်အရေး (၈) ချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁) စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့် ရရှိစေရန်၊(The Right to Safety)
(၂) ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေရန်၊(The Right to be informed)
(၃) ကုန်စည်နှင့်ဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိစေရန်၊(The Right to Choose)
(၄) ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်ရရှိစေရန်၊(The Right to be Heard)
(၅) ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေရန်၊(The Right to Satisfaction of basic needs)
(၆) ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိစေရန်၊ (The Right to Redress)
(၇) ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာများ၊ အခွင့်အရေးနှင့် သတင်းအချက်အလက်များကို သိရှိလေ့လာခွင့် ရရှိစေရန် (The Right to Consumer Education)
(၈) ကျန်းမာ၀ပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်ခွင့် ရရှိစေရန်၊ (The Right to a Healthy Environment)
စားသုံးသူ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊
(ခ) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊
(ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊
(ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းစသည့်တို့ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
စားသုံးသူ အခြင့္အေရး (၈) ခ်က္ႏွင့္ စားသံုးသူ၏ တာဝန္မ်ား
စားသံုးသူအခြင့္အေရး (၈) ခ်က္မွာေအာက္ပါအတုိင္းျဖစ္ပါသည္။
(၁) စားသုံးသူမ်ား ကုန္စည္ႏွင့္၀န္ေဆာင္မႈမ်ား ေဘးအႏၲရာယ္ကင္း႐ွင္းစြာ အသုံးျပဳခြင့္ ရ႐ွိေစရန္၊(The Right to Safety)
(၂) ကုန္စည္ႏွင့္၀န္ေဆာင္မႈမ်ား၏ မွန္ကန္ျပည့္စုံေသာ သတင္းအခ်က္အလက္မ်ား ရ႐ွိေစရန္၊(The Right to be informed)
(၃) ကုန္စည္ႏွင့္၀န္ေဆာင္မႈမ်ားအား စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ခြင့္ရ႐ွိေစရန္၊(The Right to Choose)
(၄) ကုန္စည္ႏွင့္၀န္ေဆာင္မႈမ်ားေၾကာင့္ နစ္နာဆုံး႐ႈံးမႈမ်ားႏွင့္စပ္လ်ဥ္း၍ ပါ၀င္ၾကားနာခြင့္ရ႐ွိေစရန္၊(The Right to be Heard)
(၅) ကုန္စည္ႏွင့္၀န္ေဆာင္မႈမ်ားႏွင့္စပ္လ်ဥ္း၍ စားသုံးသူ၏ အေျခခံလိုအပ္ခ်က္မ်ားေပၚတြင္ စိတ္ေက်နပ္မႈ ရ႐ွိေစရန္၊(The Right to Satisfaction of basic needs)
(၆) ကုန္စည္ႏွင့္၀န္ေဆာင္မႈမ်ားေၾကာင့္ ျဖစ္ေပၚေသာ ဆုံး႐ႈံးနစ္နာမႈမ်ားႏွင့္စပ္လ်ဥ္း၍ ကုစားခြင့္ရ႐ွိေစရန္၊ (The Right to Redress)
(၇) ကုန္စည္ႏွင့္၀န္ေဆာင္မႈမ်ားႏွင့္ပတ္သက္သည့္ အသိပညာမ်ား၊ အခြင့္အေရးႏွင့္ သတင္းအခ်က္အလက္မ်ားကို သိ႐ွိေလ့လာခြင့္ ရ႐ွိေစရန္ (The Right to Consumer Education)
(၈) က်န္းမာ၀ေျပာသည့္ ပတ္၀န္းက်င္ေကာင္းတြင္ ႐ွင္သန္ေနထိုင္ခြင့္ ရ႐ွိေစရန္၊ (The Right to a Healthy Environment)
စားသုံးသူ၏တာဝန္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္ -
(က) ကုန္စည္ (သို႔မဟုတ္) ဝန္ေဆာင္မႈႏွင့္စပ္လ်ဥ္းသည့္ သတင္းအခ်က္အလက္ႏွင့္ လမ္းၫႊန္ခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ျခင္း၊
(ခ) ကုန္စည္ (သို႔မဟုတ္) ဝန္ေဆာင္မႈကို ေ႐ြးခ်ယ္ဝယ္ယူရာတြင္ သေဘာတူညီထားသည့္ တန္ဖိုးႏွင့္အညီ ေပးေခ်ျခင္း၊
(ဂ) စီးပြားေရးလုပ္ငန္း႐ွင္အေပၚ ထိခိုက္နစ္နာေစရန္ ရည္႐ြယ္၍ မဟုတ္မမွန္ စြပ္စြဲေျပာဆိုမႈ၊ ျပဳလုပ္မႈတို႔ကို ေ႐ွာင္ၾကဥ္ျခင္း၊
(ဃ) အျငင္းပြားမႈကို ညႇိႏိႈင္းေျဖ႐ွင္းေနစဥ္ လူထုဆက္သြယ္ေရးနည္းလမ္းမ်ားျဖင့္ျဖစ္ေစ၊ အျခားနည္းလမ္းမ်ားျဖင့္ျဖစ္ေစ သက္ဆိုင္ရာစီးပြားေရးလုပ္ငန္း႐ွင္အေပၚ ထိခိုက္နစ္နာေစရန္ မဟုတ္မမွန္ေျပာဆိုျခင္း၊ေရးသားျခင္းႏွင့္ ျပဳမူျခင္းတို႔ကို ေ႐ွာင္ၾကဥ္ျခင္းစသည့္တုိ႔ျဖစ္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com