ရေခဲသေတ္တာတွင်းမသိမ်းထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံများ

ရေခဲသေတ္တာတွင်းမသိမ်းထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံများ - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2021 12:54 pm တွင် တင်ခဲ့သည်
1737 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

တောင်သူဦးကြီးများရှင့် ယနေ့ခေတ်မှာ ကျွန်မတို့တွေက ဈေးကနေဖြစ်ဖြစ် ကိုယ့်စိုက်ခင်းခြံထဲကနေထွက်တာပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို မချက်ပြုတ်ခင်မှာ ရေနဲ့ဆေးကြောပြီးရေခဲသေတ္တာထဲကို အလွယ်တကူ ထည့်သိမ်းလေ့ရှိကြပါတယ်။ အစားအစာတွေကို ကြာခံစေချင်တာရယ် လတ်လတ်ဆတ်ဆတ် စားချင်တာရယ်ကြောင့် ရေခဲသေတ္တာထဲထည့်သိမ်းကြတာမဟုတ်ပါလား။ ဒီလိုထည့်သိမ်းတဲ့အခါ ထည့်သင့်မထည့်သင့်တာ သေချာသိရှိထားဖို့ လိုမယ်ထင်ပါတယ်။ ရေခဲသေတ္တာထဲ မထည့်သင့်တာကို ထည့်မိတဲ့အခါ ဟင်းသီးဟင်းရွက်တွေ ပျက်စီးသွားနိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးမရှိစေမှု ဖြစ်စေတဲ့အတွက် သိရှိထားတဲ့အခါရှောင်ရှားရလွယ်ကူတာပေါ့။

(၁) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှည့်ကိုရေခဲသေတ္တာထဲထည့်သိမ်းမိတဲ့အခါ ခရမ်းချဉ်သီးကအရည်တွေထွက်လာပြီး မနှစ်မြို့စရာဖြစ်သွားပါတယ်။ ခရမ်းချဉ်သီးက တအားမှည့်ပြီးများနေရင်တော့ ဆော့စ်လုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။ ခရမ်းချဉ်သီးအစိမ်းကို ထည့်သိမ်းမိရင်တော့ ခရမ်းချဉ်သီးကမရင့်မှည့်တော့ဘဲ အနီရောင် အဖြစ်ပြောင်းလဲသွားခြင်းမရှိတော့ပါ။ ခရမ်းချဉ်သီးကိုရင့်မှည့်စေချင်ရင် အခန်းတွင်း အပူချိန်မှာဘဲ သိမ်းဆည်း ထားသင့်ပါတယ်။ ခရမ်းချဉ်သီးကို သိုလှောင်သိမ်းဆည်းချင်ရင် နေရောင်ခြည် အနည်းငယ်ရတဲ့နေရာမှာ သိုလှောင်သိမ်းဆည်းဖို့အကောင်းဆုံးပါ။

(၂) ဖရုံသီး

ဖရုံသီးကအေးပြီးခြောက်သွေ့တဲ့နေရာမှာ သိုလှောင်သိမ်းဆည်းသင့်တယ်ဆိုပေမဲ့ စိုစွတ်တဲ့နေရာဖြစ်လို့မရပါဘူး ဥပမာ(ရေခဲသေတ္တာ)ပေါ့။ အထူးသဖြင့် ဖရုံသီးကိုသိမ်းဆည်းမယ်ဆို ပူပြီးစိုစွတ်တဲ့နေရာကို ရှောင်ရှားသင့်ပါတယ်။ ဖရုံသီးပုပ်ခြင်းကို ကြိုတင်ကာကွယ်ရန် ဖရုံသီးသိမ်းဆည်းတဲ့အခါ သမံသလင်း၊ ကွန်ကရစ် မျက်နှာပြင်များပေါ်တွင် တိုက်ရိုက်ထားခြင်းထက် ကတ္ထူပြားပေါ်မှာထားသင့်ပါတယ်။

(၃) အာလူး

အာလူးကိုအေးခဲအောင်ထားတဲ့အခါ ကစီဓာတ်ကနေသကြားဓာတ်ကိုပြောင်းတဲ့အတွက်ကြောင့် အာလူးချိုစေချင်ရင်တော့ ရေခဲသေတ္တာထဲ ထည့်သင့်ပါတယ်။ အာလူးကိုအေးပြီးခြောက်သွေ့ကာ အလင်းရောင်မရနိုင်တဲ့နေရာမှာ အညှောင့်မထွက်လာစေရန်အတွက်ထားသင့်ပါတယ်။ အာလူးကို ကြက်သွန်နားမှာထားတဲ့အခါ ပုပ်ခြင်းကိုဖြစ်စေတဲ့အတွက် ဝေးဝေးမှာထားသင့်ပါတယ်။

(၄) ကြက်သွန်နီ၊ ကြက်သွန်ဖြူ

ကြက်သွန်ကိုရေခဲသေတ္တာထဲထည့်သိမ်းတဲ့အခါ ပျော့ဖတ်ပြီးတော့ မှိုစွဲနိုင်တဲ့အတွက် မထည့်သင့်ပါဘူး။ ကြက်သွန်ကို အာလူးနဲ့ဝေးတဲ့အေးပြီးခြောက်သွေ့တဲ့နေရာတွင်သာ သိုလှောင်သင့်ပါတယ်။

(၅) ကန်စွန်းဥ

ကန်စွန်းဥကို ရေခဲသေတ္တာထဲထည့်သိမ်းလျှင် အတွင်းသားမာလာပြီး အရသာမရှိတော့သည်ကိုဖြစ်စေပါတယ်။ ကန်စွန်းဥကို သိုလှောင်သိမ်းဆည်းမည်ဆိုလျှင် အေးပြီးခြောက်သွေ့ကာ လေဝင်လေထွက် ကောင်းမွန်သည့် နေရာတွင် သိမ်းဆည်းသင့်ပါတယ်။ ကန်စွန်ဥသည်လည်း ကြက်သွန်ဥအနီးအနားမှာထားတဲ့အခါ ပုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

(၆) သခွားသီး၊ ခရမ်းခေါင်းသီး၊ ငရုပ်သီး

အပူပိုင်းဒေသမှာပေါက်သည့်အသီးတွေက အေးသည့်အခြေအနေကို မနှစ်မြို့ခြင်းသည်သဘာဝပါ။ ထို့ကြောင့်ထိုအသီးတွေကို ရေခဲသေတ္တာထဲထည့်သိမ်းမိတဲ့အခါ အချို့နေရာများတွင် ပျော့ကာ အချိုင့်အခွက်များဖြစ်ပေါ်လာခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၇) စိမ်းစားဥ

စိမ်းစားဥကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ မဖုံးဘဲနဲ့ ၃ပတ်လောက်ထားနိုင်ပါတယ်။ စိမ်းစားဥကို အလွှာလိုက်လှီးပြီး ပလတ်စတစ်အိတ်နဲ့ ထုတ်ပိုးကာရေခဲသေတ္တာထဲ သိမ်းမည်ဆိုလျှင် ၂ပတ်ခန့် သိမ်းလို့တော့ရပါတယ်။ စိမ်းစားဥက ရေဖြင့်ထိမိလျှင် မှိုစွဲတတ်သည်ကိုတော့သတိထားရပါမယ်။

(၈) ပန်းသီး၊ သစ်တော်သီး

ပန်းသီး၊သစ်တော်သီးတို့ကို ရေခဲသေတ္တာထဲမှာ ကြာရှည်စွာ သိမ်းဆည်းသည့်အခါ အရသာနဲ့ ပါဝင်ဓာတ်ပစ္စည်းတွေဆုံးရှုံးနိုင်ပါတယ်။

(၉) ငှက်ပျောသီး

ငှက်ပျောသီးကို ရေခဲသေတ္တာထဲထည့်သိမ်းသိမ်းသည့်အခါ ငှက်ပျောခွံက အမဲရောင်အဖြစ်ပြောင်းသွားပြီး ငှက်ပျောအရသာ မချိုခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။

(၁၀) ဖရဲသီး

ဖရဲသီးကိုရေခဲသေတ္တာထဲထည့်သိမ်းလျှင်လည်း ဖရဲသီး၏အနံ့နှင့် လှပသည့်အနီရောင်သည် အရောင်ပြောင်းသွားနိုင်သည့်အတွက် ၃ရက်ထက်ပိုပြီးမသိမ်းပါဘူး။

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများသိမ်းဆည်းတဲ့အခါ အခန်းတွင်းအပူချိန်နှင့်နေရောင်ခြည် တိုက်ရိုက်မရနိုင်သည့်နေရာများတွင် သိမ်းဆည်းခြင်းသည် အကောင်းဆုံးပါ။ အစိုဓာတ်ကိုလျှော့ချရန်အတွက် ပလတ်စတစ်အိတ် (သို့)လေဝင်လေထွက် ကောင်းမွန်သည့်ဖလား၊ ခွက်ဖြင့် သိမ်းဆည်းခြင်း လည်းပြုလုပ်နိုင်ပါတယ်။ ပလတ်စတစ်အိတ်ကိုချည်ပိတ်ပြီးသိမ်းဆည်းခြင်းကိုတော့ မပြုလုပ်သင့်ပါ။အသီးများရင့်မှည့်မှုကိုနှေးကွေးစေပြီး လျှင်လျှင်မြန်မြန်ပျက်စီးနိုင်သည့်အတွက်ကြောင့်ပါ။

ဦးကြီးတို့၏သစ်သီးဝလံများ အမြန်ရင့်မှည့်စေလိုလျှင် ပန်းသီး၁လုံးအား ၅ခြမ်း ၆ခြမ်းစိတ်ကာ ထိုအသီးနားတွင်ထားခြင်းအားဖြင့် ပန်းသီးမှထုတ်လွှတ်လိုက်တဲ့ အီသိုင်းလင်းဓာတ်ကသစ်သီးဝလံများကို အမြန်မှည့်စေပါတယ်။

Credit : အစိမ်းရောင်လမ်း

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

[Zawgyi]

ေရခဲေသတၱာတြင္းမသိမ္းထားသင့္တဲ့ ဟင္းသီးဟင္း႐ြက္နဲ႔သစ္သီးဝလံမ်ား

ေတာင္သူဦးႀကီးမ်ားရွင့္ ယေန႔ေခတ္မွာ ကြၽန္မတို႔ေတြက ေဈးကေနျဖစ္ျဖစ္ ကိုယ့္စိုက္ခင္းၿခံထဲကေနထြက္တာပဲျဖစ္ျဖစ္ ဟင္းသီးဟင္း႐ြက္ေတြ သစ္သီးဝလံေတြကို မခ်က္ျပဳတ္ခင္မွာ ေရနဲ႔ေဆးေၾကာၿပီးေရခဲေသတၱာထဲကို အလြယ္တကူ ထည့္သိမ္းေလ့ရွိၾကပါတယ္။ အစားအစာေတြကို ၾကာခံေစခ်င္တာရယ္ လတ္လတ္ဆတ္ဆတ္ စားခ်င္တာရယ္ေၾကာင့္ ေရခဲေသတၱာထဲထည့္သိမ္းၾကတာမဟုတ္ပါလား။ ဒီလိုထည့္သိမ္းတဲ့အခါ ထည့္သင့္မထည့္သင့္တာ ေသခ်ာသိရွိထားဖို႔ လိုမယ္ထင္ပါတယ္။ ေရခဲေသတၱာထဲ မထည့္သင့္တာကို ထည့္မိတဲ့အခါ ဟင္းသီးဟင္း႐ြက္ေတြ ပ်က္စီးသြားႏိုင္ၿပီး ခႏၶာကိုယ္အတြက္ အက်ိဳးမရွိေစမႈ ျဖစ္ေစတဲ့အတြက္ သိရွိထားတဲ့အခါေရွာင္ရွားရလြယ္ကူတာေပါ့။

(၁) ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးမွည့္ကိုေရခဲေသတၱာထဲထည့္သိမ္းမိတဲ့အခါ ခရမ္းခ်ဥ္သီးကအရည္ေတြထြက္လာၿပီး မႏွစ္ၿမိဳ႕စရာျဖစ္သြားပါတယ္။ ခရမ္းခ်ဥ္သီးက တအားမွည့္ၿပီးမ်ားေနရင္ေတာ့ ေဆာ့စ္လုပ္ၿပီး သိမ္းဆည္းႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးအစိမ္းကို ထည့္သိမ္းမိရင္ေတာ့ ခရမ္းခ်ဥ္သီးကမရင့္မွည့္ေတာ့ဘဲ အနီေရာင္ အျဖစ္ေျပာင္းလဲသြားျခင္းမရွိေတာ့ပါ။ ခရမ္းခ်ဥ္သီးကိုရင့္မွည့္ေစခ်င္ရင္ အခန္းတြင္း အပူခ်ိန္မွာဘဲ သိမ္းဆည္း ထားသင့္ပါတယ္။ ခရမ္းခ်ဥ္သီးကို သိုေလွာင္သိမ္းဆည္းခ်င္ရင္ ေနေရာင္ျခည္ အနည္းငယ္ရတဲ့ေနရာမွာ သိုေလွာင္သိမ္းဆည္းဖို႔အေကာင္းဆုံးပါ။

(၂) ဖ႐ုံသီး

ဖ႐ုံသီးကေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ သိုေလွာင္သိမ္းဆည္းသင့္တယ္ဆိုေပမဲ့ စိုစြတ္တဲ့ေနရာျဖစ္လို႔မရပါဘူး ဥပမာ(ေရခဲေသတၱာ)ေပါ့။ အထူးသျဖင့္ ဖ႐ုံသီးကိုသိမ္းဆည္းမယ္ဆို ပူၿပီးစိုစြတ္တဲ့ေနရာကို ေရွာင္ရွားသင့္ပါတယ္။ ဖ႐ုံသီးပုပ္ျခင္းကို ႀကိဳတင္ကာကြယ္ရန္ ဖ႐ုံသီးသိမ္းဆည္းတဲ့အခါ သမံသလင္း၊ ကြန္ကရစ္ မ်က္ႏွာျပင္မ်ားေပၚတြင္ တိုက္႐ိုက္ထားျခင္းထက္ ကတၳဴျပားေပၚမွာထားသင့္ပါတယ္။

(၃) အာလူး

အာလူးကိုေအးခဲေအာင္ထားတဲ့အခါ ကစီဓာတ္ကေနသၾကားဓာတ္ကိုေျပာင္းတဲ့အတြက္ေၾကာင့္ အာလူးခ်ိဳေစခ်င္ရင္ေတာ့ ေရခဲေသတၱာထဲ ထည့္သင့္ပါတယ္။ အာလူးကိုေအးၿပီးေျခာက္ေသြ႕ကာ အလင္းေရာင္မရႏိုင္တဲ့ေနရာမွာ အေညႇာင့္မထြက္လာေစရန္အတြက္ထားသင့္ပါတယ္။ အာလူးကို ၾကက္သြန္နားမွာထားတဲ့အခါ ပုပ္ျခင္းကိုျဖစ္ေစတဲ့အတြက္ ေဝးေဝးမွာထားသင့္ပါတယ္။

(၄) ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ

ၾကက္သြန္ကိုေရခဲေသတၱာထဲထည့္သိမ္းတဲ့အခါ ေပ်ာ့ဖတ္ၿပီးေတာ့ မႈိစြဲႏိုင္တဲ့အတြက္ မထည့္သင့္ပါဘူး။ ၾကက္သြန္ကို အာလူးနဲ႔ေဝးတဲ့ေအးၿပီးေျခာက္ေသြ႕တဲ့ေနရာတြင္သာ သိုေလွာင္သင့္ပါတယ္။

(၅) ကန္စြန္းဥ

ကန္စြန္းဥကို ေရခဲေသတၱာထဲထည့္သိမ္းလွ်င္ အတြင္းသားမာလာၿပီး အရသာမရွိေတာ့သည္ကိုျဖစ္ေစပါတယ္။ ကန္စြန္းဥကို သိုေလွာင္သိမ္းဆည္းမည္ဆိုလွ်င္ ေအးၿပီးေျခာက္ေသြ႕ကာ ေလဝင္ေလထြက္ ေကာင္းမြန္သည့္ ေနရာတြင္ သိမ္းဆည္းသင့္ပါတယ္။ ကန္စြန္ဥသည္လည္း ၾကက္သြန္ဥအနီးအနားမွာထားတဲ့အခါ ပုပ္ျခင္းကိုျဖစ္ေစႏိုင္ပါတယ္။

(၆) သခြားသီး၊ ခရမ္းေခါင္းသီး၊ င႐ုပ္သီး

အပူပိုင္းေဒသမွာေပါက္သည့္အသီးေတြက ေအးသည့္အေျခအေနကို မႏွစ္ၿမိဳ႕ျခင္းသည္သဘာဝပါ။ ထို႔ေၾကာင့္ထိုအသီးေတြကို ေရခဲေသတၱာထဲထည့္သိမ္းမိတဲ့အခါ အခ်ိဳ႕ေနရာမ်ားတြင္ ေပ်ာ့ကာ အခ်ိဳင့္အခြက္မ်ားျဖစ္ေပၚလာျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

(၇) စိမ္းစားဥ

စိမ္းစားဥကို ေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ မဖုံးဘဲနဲ႔ ၃ပတ္ေလာက္ထားႏိုင္ပါတယ္။ စိမ္းစားဥကို အလႊာလိုက္လွီးၿပီး ပလတ္စတစ္အိတ္နဲ႔ ထုတ္ပိုးကာေရခဲေသတၱာထဲ သိမ္းမည္ဆိုလွ်င္ ၂ပတ္ခန႔္ သိမ္းလို႔ေတာ့ရပါတယ္။ စိမ္းစားဥက ေရျဖင့္ထိမိလွ်င္ မႈိစြဲတတ္သည္ကိုေတာ့သတိထားရပါမယ္။

(၈) ပန္းသီး၊ သစ္ေတာ္သီး

ပန္းသီး၊သစ္ေတာ္သီးတို႔ကို ေရခဲေသတၱာထဲမွာ ၾကာရွည္စြာ သိမ္းဆည္းသည့္အခါ အရသာနဲ႔ ပါဝင္ဓာတ္ပစၥည္းေတြဆုံးရႈံးႏိုင္ပါတယ္။

(၉) ငွက္ေပ်ာသီး

ငွက္ေပ်ာသီးကို ေရခဲေသတၱာထဲထည့္သိမ္းသိမ္းသည့္အခါ ငွက္ေပ်ာခြံက အမဲေရာင္အျဖစ္ေျပာင္းသြားၿပီး ငွက္ေပ်ာအရသာ မခ်ိဳျခင္းကိုလည္းျဖစ္ေစႏိုင္ပါတယ္။

(၁၀) ဖရဲသီး

ဖရဲသီးကိုေရခဲေသတၱာထဲထည့္သိမ္းလွ်င္လည္း ဖရဲသီး၏အနံ႔ႏွင့္ လွပသည့္အနီေရာင္သည္ အေရာင္ေျပာင္းသြားႏိုင္သည့္အတြက္ ၃ရက္ထက္ပိုၿပီးမသိမ္းပါဘူး။

ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံမ်ားသိမ္းဆည္းတဲ့အခါ အခန္းတြင္းအပူခ်ိန္ႏွင့္ေနေရာင္ျခည္ တိုက္႐ိုက္မရႏိုင္သည့္ေနရာမ်ားတြင္ သိမ္းဆည္းျခင္းသည္ အေကာင္းဆုံးပါ။ အစိုဓာတ္ကိုေလွ်ာ့ခ်ရန္အတြက္ ပလတ္စတစ္အိတ္ (သို႔)ေလဝင္ေလထြက္ ေကာင္းမြန္သည့္ဖလား၊ ခြက္ျဖင့္ သိမ္းဆည္းျခင္း လည္းျပဳလုပ္ႏိုင္ပါတယ္။ ပလတ္စတစ္အိတ္ကိုခ်ည္ပိတ္ၿပီးသိမ္းဆည္းျခင္းကိုေတာ့ မျပဳလုပ္သင့္ပါ။အသီးမ်ားရင့္မွည့္မႈကိုေႏွးေကြးေစၿပီး လွ်င္လွ်င္ျမန္ျမန္ပ်က္စီးႏိုင္သည့္အတြက္ေၾကာင့္ပါ။

ဦးႀကီးတို႔၏သစ္သီးဝလံမ်ား အျမန္ရင့္မွည့္ေစလိုလွ်င္ ပန္းသီး၁လုံးအား ၅ျခမ္း ၆ျခမ္းစိတ္ကာ ထိုအသီးနားတြင္ထားျခင္းအားျဖင့္ ပန္းသီးမွထုတ္လႊတ္လိုက္တဲ့ အီသိုင္းလင္းဓာတ္ကသစ္သီးဝလံမ်ားကို အျမန္မွည့္ေစပါတယ္။

Credit : အစိမ္းေရာင္လမ္း

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service