အိမ်ခြံမြေ အပိုင်ပေးချင်လျှင်

အိမ်ခြံမြေ အပိုင်ပေးချင်လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2021 12:26 pm တွင် တင်ခဲ့သည်
677 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အထူးသဖြင့် ကျွန်တော်သိချင်တာတစ်ခုက အခုလောလောဆယ်မှာ ကျွန်တော်အလုပ်လဲလုပ်နိုင်တယ်။ နေလဲကောင်းပါတယ်။ ဒါပေမဲ့ အသက်ကကြီးလာပြီလေဆရာရဲ့။ ဒီတော့ကျွန်တော်ပိုင်တဲ့ အိမ်ခြံမြေတွေပေါ့။

ဆရာပြောတဲ့ “မရွေ.ပြောင်းနိုင်တဲ့” အဲဒီပစ္စည်းတွေကိုမိဘတွေဖြစ်တဲ့ကျွန်တော်တို့ မရှိကြတဲ့အခါမှာ ဘယ်လိုယူကြပါ။ ရနိုင်ကြပါဆိုတာကို သေတမ်းစာ လိုမျိုး ခ်ိုင်ခိုင်မာမာစီစဉ်ခဲ့ချင်ပါတယ်။ ရနိုင်တယ်မဟုတ်လားဆရာ။ ရှေ.နေခေါ်ပါဆိုလဲခေါ်မယ်လေ။ ကျွန်တော်တို့ကလူကြီးနှစ်ယောက် မရှိတဲ့အခါ အစီအစဉ်ကိုပြောတာပါ။

ဟုတ်ပါပြီး။ ဦးသန်းအေး ကျွန်တော်အတွေ့အကြုံနဲ့ဖတ်ဖူးသမျှစာအုပ်တွေထဲမှာတော့ “မရွေ့ပြောင်းနိုင်သောပစ္စည်း” တွေအတွက်သေတမ်းစာသဘောမျိုးရေးလို့မရဘူးလို့လဲ ကျွန်တော် သိထားတယ်ဗျ။

ကဲဦးသန်းအေး ရယ် စိတ်ထိန်းပါ၊ လာပြန်ပြီကော “ကင်းဝန်မင်းကြီးဦးကောင်း” နောက်တစ်ယောက်လို့ပဲ ကျွန်တော်ကခင်ဗျာကို ပြောလိုက်တော့မယ်။

“အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ့သေးတမ်းစာကိစ္စ” ကို ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းတရားကြီးပါတော်မူသွားတဲ့ ၁၈၈၅ ရဲ.နောက် လေးနှစ်အကြာမှာ “အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ့ သေးတမ်းစာကိစ္စ” ကိုမြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းခြင်းကိုပြုလုပ်ခဲ့ ကြတယ်။

အဲဒီအချိန်အခါတုန်းက (လွန်ခဲ့တဲ့နှစ် ၁၀၀ ကျော်က) ကင်းဝန်မင်းကြီးဦးကောင်းကလဲ “သေတမ်းစာ” ခြောက်စောင်တင်ပြပြီး ဆိုခဲ့ကြပါသေးတယ်။ ဒါကြောင့် ကျွန်တော်က ဦးသန်းအေးကို ဒုတိယ “ဦးကောင်း” လို့ပြောချင်တာပါ။

အမျိုးမျိုးသုံးသပ်၊ စဉ်းစား၊ စုံးစမ်းကြပြီးတဲ့နောက်မှာတော့ ၁၈၈၀ခုနှစ်မှာ စီရင်ခဲ့တဲ့ “မဘွင့် နဲ့မရင်အမှု” အတိုင်းပဲ မြန်မာဗုဒ္ဓများသည် “သေတမ်းစာ” ဖြင့် အိမ်ခြံမြေပိုင်ဆိုင်မှုများကို စီစဉ်ပိုင်ခွင့်မရှိလို့အတည်ပြုချက်ထပ်မံပြီး ပေါ်လာခဲ့ပါတယ်၊ ဒီနေ့အထိမှာလည်း မြန်မာဗုဒ္ဓဘာသာဝင်များဟာ “သေတမ်းစာ” ရေးသားခွင့်မရှိလို့ဆိုသော ဥပဒေမှာ အတည် ဖြစ်လျက်ပါပဲ။

ကဲ…. ဦးသန်းအေး ကျွန်တော်တို့တစ်တွေနဲ့ “သေတမ်းစာ” ဘာကြောင့်မဆီလျော်ရသလဲဆိုတာ ကျွန်တော်လေ့လာ ထားတာတွေကို ပြောပြမယ်။

သေတမ်းစာဆိုတာက “တရားဝင်ကြေငြာစာတမ်း” တစ်ခုတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ “အမွေရှင်” သေဆုံးတဲ့အခါမှာ ဘယ်ပစ္စည်း၊ ဘယ်မြေကွက်တွေကို ဘယ်သူတွေယူကြပါလို့ အမွေရှင်တစ်ဦးတည်းရဲ့ဆန္ဒနဲ့ပြုလုပ်ခဲ့တာမျိုးပါ။

ဒီတော့ သေးတမ်းစာပြုလုပ်ခဲ့ခြင်းအားဖြင့် သားသမီးနဲ့အမွေဆိုင်တွေက “ဒီလိုခွဲဝေပေးခဲ့မူကို” ကျေနပ်နိုင် ကြမှာမဟုတ်လို့ အမွေရှင်သေလွန်တဲ့အခါမှာ အမွေအမှုအခင်းဖြစ်ဖို့သေချာတော့တာပေါ့။ “ငါသေပြီးရင် မင်းတို့မိသားစုရန်ဖြစ်ကြတော့” လို့ အမှာစာရေးခဲ့တာမျိုးဖြစ်နေတယ်လေဗျာ။

“ဒီလိုဆိုရင် ကျွန်တော်တို့ က ဘာလုပ်ရတော့မှာလဲဆရာ” လို့ ဦးသန်းအေးက ထပ်လဲဝင်ပြီးမေးရော…

“ကပ္ဗတိန် သင်တန်းသားဦးတိုး” က ကဲကိုသန်းအေး ဒီကိစ္စက ကျွန်တော်တို့သဘောင်္ထွက်ခါနီး “project” ရေးခဲ့သလိုကိစ္စမျိုးမဟုတ်ဘူးလေဗျာ။ နားဆက်ထောင်ကြရအောင်လို့လဲ ဝင်ပြီးနောက်လိုက်တာနဲ့ကျွန်တော်က ဟုတ်ပါတယ်၊ အိမ်ခြံမြေပိုင်ဆိုင်မှုတွေကို ခွဲတဲ့အခါမှာ သေးတမ်းစာထက်လဲပိုပြီးခိုင်မာတယ်။ ဥပဒေကလဲပိုပြီး ခိုင်မာတယ်။ ဥပဒေကလဲခွင့်ပြုတယ်။ ခွင့်ပြုရုံမဟုတ်ဘူးရှိစေချင် လုပ်စေချင်တာ တစ်ခုရှိတယ် အဲဒါက “မိသားစုစီမံမှု” တဲ့ဗျာ။“မိသားစုစီမံမှု” ဆိုတာက အခြားမဟုတ်ပါဘူး၊ အမွေရှင်(ပစ္စည်းရှင်)ကွယ်လွန်တဲ့အခါမှာ အမွေပစ္စည်းတွေ (အဓိကကတော့ မရွေ.မပြောင်းနိုင်တဲ့ပစ္စည်းတွေကို ဘယ်လိုခွဲဝေယူကြမယ်ဆိုတဲ့ မိသားစုတစ်စုလုံးသဘောတူပြီးလက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ စီမံမှုတစ်ခုပါပဲဗျာ။ စာချုပ်တစ်ခုလုပ်ကြရတယ်ပေါ့ဗျာ။ အဲဒီလိုစာချုပ်ကို “ကြေညာစာတမ်း” လို့ခေါ်ရင်လည်းရပါတယ်။

“မိသားစုစီမံမှု” က “သေတမ်းစာ” နဲ့ကွားခြားတာကတော့ နည်းနည်းလေးပါ။ ဒါပေမဲ့ အကျိုးသက်ရောက်မှုမှာတော့ အလွန်တစ်ရာကွာသွားပါတယ်။

“မိသာစုစီမံမှု” တစ်ခုကို ပြုလုပ်ရင် “အမွေရှင်” သေးဆုံးတဲ့အခါ ဘယ်ပစ္စည်း၊ ဘယ်မြေကွက်တွေကို ဘယ်သူယူကြဆိုတာ တော့ပါရတာပါပဲ၊ ဒါပေမဲ့ အမွေရှင်လည်းလက်မှတ်ရေးထိုးရသလို သားသမီးနဲ့အမွေစားအမွေခံအားလုံးလက်မှတ်ရေးထိုးရပါတယ်။

အဲဒီလို သားသမီးနဲ. အမွေဆိုင်တွေအားလုံးက ကိုယ်ရတာကိုပဲကျေနပ်တယ်။ ကျန်အမွေဆိုင်တွေကိုပေးတာကိုလည်း ကျေနပ်ပါတယ်ဆိုတဲ့အချက်ကတော့ အရေးကြီးပါဗျာ။ ဒါကလဲလွယ်လွယ်လေးပါ။

ကိုယ်ရေးနေတဲ့ “မိသားစုစီမံမှု”လို့ပြောတဲ့ “စာချုပ်” ထဲမှာ စာတစ်ကြောင်းထည့်ရေးလိုက်လျှင် ရပါတယ်။ တကယ့် အရေးကြီးတာက တကယ်သဘောတူကြဖို့ပါပဲ။ အကြောင်းမညီညွတ်လို့သားသမီးအကုန်မဆုံနိုင်ဘူးဆိုရင်လည်း အဝေးကနေသဘောတူကြောင်းဆန္ဒပြုပြီး ကိုယ်စားတစ်ဦးဦးက လက်မှတ်ရေးထိုးလို့ရပါတယ်။

ကဲဦးသန်းအေးခင်ဗျားနားရှုတ်သေးတယ်ဆိုရင်လည်း ပြောပါ။ လိုတဲ့အခါ ကျွန်တော်ကိုယ်တိုင် လာပြီးစီစဉ်ပေးပါ့မယ်ဗျာ။

ဦးတိုးတိုးက ဆရာအဲဒီလို “မိသာစုစီမံမှု”ပြုလုပ်ထားရင် ဘယ်လောက်အထိ ခိုင်မာပါသလဲဆရာ။

ခိုင်မာတာပေါ့ဦးတိုးတိုးရယ်။ ခိုင်မာလွန်းပါသည်လို့ ပြောရင်တောင်ရပါတယ်။ မိသာစုစီမံမှု ဆိုတာကတကယ်တော့အမွေကို ကြိုခွဲကြတာလေ။ မိသားစုအတွင်းမှာ (ဥပမာ) အငယ်ကောင်းက လောဘကြီးလို့ပိုတောင်းတယ်။ အကြီးနဲ့အလတ်ကောင်တွေက သဘောကောင်းပြီးလျော့ပေးတယ်။ ဒါကို သူတို့ကလဲသဘောကျတယ်။ အဲဒီလိုခွဲလိုက်ကြရင် ရမယ့်အမွေက ဘယ်မှာမျှတတော့မှာလဲဗျာ။

အဲဒီလိုမမျှမတနဲ့ ဥပဒေအရခွဲသလို အနည်းအများမညီးမညာဖြစ်နေမယ်ဆိုရင်လည်း မိသားစုစီမံမှုကပျက်ပြယ်မသွားဘူးဗျ။

မိသားစုတစ်စုဆိုတာ သဘာဝအရ တစ်ယောက်တစ်မျိုးတောင်းဆိုလေ့ရှိတယ်တဲ့။ အဲဒီလိုအခက်အခဲမျိုးကို အေးချမ်းစွာ သဘောတူ စီမံမှုပြုတယ်။ အားလုံး သဘောတူပြီးသားလည်းဖြစ်ကြတဲ့အတွက် “ခွဲဝေမှုမှာအတိအကျဖြစ်မနေလဲ” မပျက်ပြယ်ဘူးတဲ့ဗျာ။ (ဦးမြတ်ဖြူနှင့် ဒေါ်စောရှင်၊ ၁၉၄၉ မတစ၊ လွှတ်တော် ၄၉၂ ၊ စီရင်ထုံးတွင် အတိအလင်းဖော်ပြထားပါတယ်)

နောက်တစ်ချက်က အမွေပေးမယ့်(အမွေရှင်)မသေဆုံးခင်မှာ သားသမီးတစ်ယောက်ယောက်ကကြိုတင်တရားစွဲ တောင်းဆိုခွင့်လည်းမရှိပါဘူး။ ဖောက်ဖျက်ခွင့်လည်းမရှိပါဘူး။ ငြင်းဆိုခွင့်လည်းမရှိပါဘူးလို့(မပန်းစီနဲ့ မလှရင်၊ ၁၉၆၃၊ မတစ၊ ၈၀၀(၈၀၈)အမှုမှာ စီရင်ခဲ့ဖူးပါတယ်)

အဲဒီတော့ အမွေရှင်မိဘနှစ်ပါးဆုံးပါးသွားရင်းလည်း အမွေအမှုအခင်းမဖြစ်နိုင်တော့ဘူးပေါ့ဗျာ။ မိသာစုစီမံမှုတစ်ခုကို သေချာသာ စနစ်တကျလုပ်ထားရင် အမှားအယွင်းဖြစ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး။ ဒါပေမဲ့လည်း ဒါရဲ့အားသာမှုကို အဆိုးမြင်ပြီး အတုပြုလုပ်မယ်။ မမျှမတဖြစ်အောင် တမင်ပြုလုပ်မယ်၊ လိမ်လည် ပြီးပြုလုပ်မယ်၊ ခြိမ်းခြောက်ပြီး ပြုလုပ်ကြမယ်ဆိုရင်တော့ တရားရုံးတော်က လက်ခံမှာမဟုတ်ပါဘူးလို့လည်းသေချာရှင်းပြလိုက်တော့ကျွန်တော့်မိသားစုမှာ ဘယ်လိုစီမံရမယ်ဆိုတာ ကျွန်တော်သိသွားပါပြီ ဆရာလို့ ဦးသန်းအေးက ဖွင့်ပြောလာပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဦးကြည်စိုး (IC)

 

[Zawgyi]

အိမ္ၿခံေျမ အပိုုင္ေပးခ်င္လွ်င္

အထူးသျဖင့္ ကြ်န္ေတာ္သိခ်င္တာတစ္ခုုက အခုုေလာေလာဆယ္မွာ ကြ်န္ေတာ္အလုုပ္လဲလုုပ္ႏိုုင္တယ္။ ေနလဲေကာင္းပါတယ္။ ဒါေပမဲ့ အသက္ကႀကီးလာၿပီေလဆရာရဲ႕။ ဒီေတာ့ကြ်န္ေတာ္ပိုင္တဲ့ အိမ္ၿခံေျမေတြေပါ့။

ဆရာေျပာတဲ့ “မေ႐ြ.ေျပာင္းႏိုုင္တဲ့” အဲဒီပစၥည္းေတြကိုုမိဘေတြျဖစ္တဲ့ကြ်န္ေတာ္တို႕ မ႐ိွၾကတဲ့အခါမွာ ဘယ္လိုုယူၾကပါ။ ရႏိုုင္ၾကပါဆိုုတာကိုု ေသတမ္းစာ လိုုမ်ိဳး ခိုု္င္ခိုုင္မာမာစီစဥ္ခဲ့ခ်င္ပါတယ္။ ရႏိုုင္တယ္မဟုတ္လားဆရာ။ ေ႐ွ.ေနေခၚပါဆိုုလဲေခၚမယ္ေလ။ ကြ်န္ေတာ္တို႕ကလူႀကီးႏွစ္ေယာက္ မ႐ိွတဲ့အခါ အစီအစဥ္ကိုုေျပာတာပါ။

ဟုုတ္ပါၿပီး။ ဦးသန္းေအး ကြ်န္ေတာ္အေတြ႕အႀကံဳနဲ႕ဖတ္ဖူးသမွ်စာအုုပ္ေတြထဲမွာေတာ့ “မေ႐ြ႕ေျပာင္းႏိုုင္ေသာပစၥည္း” ေတြအတြက္ေသတမ္းစာသေဘာမ်ိဳးေရးလို႕မရဘူးလို႔လဲ ကြ်န္ေတာ္ သိထားတယ္ဗ်။

ကဲဦးသန္းေအး ရယ္ စိတ္ထိန္းပါ၊ လာျပန္ၿပီေကာ “ကင္းဝန္မင္းႀကီးဦးေကာင္း” ေနာက္တစ္ေယာက္လို႕ပဲ ကြ်န္ေတာ္ကခင္ဗ်ာကို ေျပာလိုက္ေတာ့မယ္။

“အိမ္ၿခံေျမပိုုင္ဆိုုင္မွုုေတြနဲ႕ေသးတမ္းစာကိစၥ” ကို ႀကီးႀကီးက်ယ္က်ယ္ေျပာရမယ္ဆိုရင္ ကြ်န္ေတာ္တို႔ ျမန္မာႏိုုင္ငံရဲ႕ ေနာက္ဆံုးမင္းဆက္ သီေပါမင္းတရားႀကီးပါေတာ္မူသြားတဲ့ ၁၈၈၅ ရဲ.ေနာက္ ေလးႏွစ္အၾကာမွာ “အိမ္ၿခံေျမပိုင္ဆိုင္မႈေတြနဲ႔ ေသးတမ္းစာကိစၥ” ကိုုျမန္မာႏိုုင္ငံမွာ က်ယ္က်ယ္ျပန္႕ျပန္႕ စံုုစမ္းျခင္းကိုုျပဳလုုပ္ခဲ့ ၾကတယ္။

အဲဒီအခ်ိန္အခါတုုန္းက (လြန္ခဲ့တဲ့ႏွစ္ ၁၀၀ ေက်ာ္က) ကင္းဝန္မင္းႀကီးဦးေကာင္းကလဲ “ေသတမ္းစာ” ေျခာက္ေစာင္တင္ျပၿပီး ဆိုခဲ့ၾကပါေသးတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္က ဦးသန္းေအးကို ဒုတိယ “ဦးေကာင္း” လို႕ေျပာခ်င္တာပါ။

အမ်ိဳးမ်ိဳးသံုုးသပ္၊ စဥ္းစား၊ စံုုးစမ္းၾကၿပီးတဲ့ေနာက္မွာေတာ့ ၁၈၈၀ခုုႏွစ္မွာ စီရင္ခဲ့တဲ့ “မဘြင့္ နဲ႕မရင္အမႈ” အတိုုင္းပဲ ျမန္မာဗုုဒၶမ်ားသည္ “ေသတမ္းစာ” ျဖင့္ အိမ္ၿခံေျမပိုင္ဆိုင္မႈမ်ားကို စီစဥ္ပိုင္ခြင့္မ႐ိွလို႕အတည္ျပဳခ်က္ထပ္မံၿပီး ေပၚလာခဲ့ပါတယ္၊ ဒီေန႕အထိမွာလည္း ျမန္မာဗုုဒၶဘာသာဝင္မ်ားဟာ “ေသတမ္းစာ” ေရးသားခြင့္မ႐ိွလို႕ဆိုေသာ ဥပေဒမွာ အတည္ ျဖစ္လ်က္ပါပဲ။

ကဲ…. ဦးသန္းေအး ကြ်န္ေတာ္တို႔တစ္ေတြနဲ႕ “ေသတမ္းစာ” ဘာေၾကာင့္မဆီေလ်ာ္ရသလဲဆိုတာ ကြ်န္ေတာ္ေလ့လာ ထားတာေတြကို ေျပာျပမယ္။

ေသတမ္းစာဆိုတာက “တရားဝင္ေၾကျငာစာတမ္း” တစ္ခုုေတာ့ ဟုတ္ပါတယ္၊ ဒါေပမဲ့ “အေမြ႐ွင္” ေသဆံုးတဲ့အခါမွာ ဘယ္ပစၥည္း၊ ဘယ္ေျမကြက္ေတြကို ဘယ္သူေတြယူၾကပါလို႔ အေမြ႐ွင္တစ္ဦးတည္းရဲ႕ဆႏၵနဲ႔ျပဳလုပ္ခ့ဲတာမ်ိဳးပါ။

ဒီေတာ့ ေသးတမ္းစာျပဳလုပ္ခဲ့ျခင္းအားျဖင့္ သားသမီးနဲ႔အေမြဆိုင္ေတြက “ဒီလိုခဲြေဝေပးခဲ့မူကို” ေက်နပ္ႏိုင္ ၾကမွာမဟုတ္လို႔ အေမြ႐ွင္ေသလြန္တဲ့အခါမွာ အေမြအမႈအခင္းျဖစ္ဖို႕ေသခ်ာေတာ့တာေပါ့။ “ငါေသၿပီးရင္ မင္းတို႕မိသားစုရန္ျဖစ္ၾကေတာ့” လို႕ အမွာစာေရးခဲ့တာမ်ိဳးျဖစ္ေနတယ္ေလဗ်ာ။

“ဒီလိုုဆိုုရင္ ကြ်န္ေတာ္တုိ႔ က ဘာလုပ္ရေတာ့မွာလဲဆရာ” လို႔ ဦးသန္းေအးက ထပ္လဲဝင္ၿပီးေမးေရာ…

“ကပၺတိန္ သင္တန္းသားဦးတိုး” က ကဲကိုုသန္းေအး ဒီကိစၥက ကြ်န္ေတာ္တို႕သေဘာၤထြက္ခါနီး “project” ေရးခဲ့သလိုကိစၥမ်ိဳးမဟုတ္ဘူးေလဗ်ာ။ နားဆက္ေထာင္ၾကရေအာင္လို႕လဲ ဝင္ၿပီးေနာက္လိုက္တာနဲ႕ကြ်န္ေတာ္က ဟုတ္ပါတယ္၊ အိမ္ၿခံေျမပုိင္ဆိုင္မႈေတြကို ခဲြတဲ့အခါမွာ ေသးတမ္းစာထက္လဲပိုၿပီးခိုင္မာတယ္။ ဥပေဒကလဲပိုုၿပီး ခုုိင္မာတယ္။ ဥပေဒကလဲခြင့္ျပဳတယ္။ ခြင့္ျပဳ႐ံုုမဟုတ္ဘူး႐ိွေစခ်င္ လုပ္ေစခ်င္တာ တစ္ခုု႐ိွတယ္ အဲဒါက “မိသားစုုစီမံမွုု” တဲ့ဗ်ာ။“မိသားစုုစီမံမွုု” ဆိုုတာက အျခားမဟုတ္ပါဘူး၊ အေမြ႐ွင္(ပစၥည္း႐ွင္)ကြယ္လြန္တဲ့အခါမွာ အေမြပစၥည္းေတြ (အဓိကကေတာ့ မေ႐ြ.မေျပာင္းႏိုုင္တဲ့ပစၥည္းေတြကို ဘယ္လိုုခဲြေဝယူၾကမယ္ဆိုုတဲ့ မိသားစုတစ္စုလံုုးသေဘာတူၿပီးလက္မွတ္ေရးထိုုး အတည္ျပဳခဲ့တဲ့ စီမံမႈတစ္ခုုပါပဲဗ်ာ။ စာခ်ဳပ္တစ္ခုလုပ္ၾကရတယ္ေပါ့ဗ်ာ။ အဲဒီလိုစာခ်ဳပ္ကိုု “ေၾကညာစာတမ္း” လုိ႕ေခၚရင္လည္းရပါတယ္။

“မိသားစုုစီမံမႈ” က “ေသတမ္းစာ” နဲ႕ကြားျခားတာကေတာ့ နည္းနည္းေလးပါ။ ဒါေပမဲ့ အက်ိဳးသက္ေရာက္မႈမွာေတာ့ အလြန္တစ္ရာကြာသြားပါတယ္။

“မိသာစုုစီမံမႈ” တစ္ခုုကိုု ျပဳလုုပ္ရင္ “အေမြ႐ွင္” ေသးဆံုုးတဲ့အခါ ဘယ္ပစၥည္း၊ ဘယ္ေျမကြက္ေတြကိုု ဘယ္သူယူၾကဆိုုတာ ေတာ့ပါရတာပါပဲ၊ ဒါေပမဲ့ အေမြ႐ွင္လည္းလက္မွတ္ေရးထိုုးရသလုုိ သားသမီးနဲ႕အေမြစားအေမြခံအားလံုးလက္မွတ္ေရးထိုးရပါတယ္။

အဲဒီလိုု သားသမီးနဲ. အေမြဆိုုင္ေတြအားလံုုးက ကိုုယ္ရတာကိုုပဲေက်နပ္တယ္။ က်န္အေမြဆိုုင္ေတြကိုေပးတာကိုုလည္း ေက်နပ္ပါတယ္ဆိုုတဲ့အခ်က္ကေတာ့ အေရးႀကီးပါဗ်ာ။ ဒါကလဲလြယ္လြယ္ေလးပါ။

ကိုုယ္ေရးေနတဲ့ “မိသားစုုစီမံမႈ”လို႕ေျပာတဲ့ “စာခ်ဳပ္” ထဲမွာ စာတစ္ေၾကာင္းထည့္ေရးလိုုက္လွ်င္ ရပါတယ္။ တကယ့္ အေရးႀကီးတာက တကယ္သေဘာတူၾကဖို႕ပါပဲ။ အေၾကာင္းမညီညြတ္လို႕သားသမီးအကုန္မဆံုုႏိုုင္ဘူးဆိုုရင္လည္း အေဝးကေနသေဘာတူေၾကာင္းဆႏၵျပဳၿပီး ကိုုယ္စားတစ္ဦးဦးက လက္မွတ္ေရးထိုုးလို႕ရပါတယ္။

ကဲဦးသန္းေအးခင္ဗ်ားနား႐ွုုတ္ေသးတယ္ဆိုုရင္လည္း ေျပာပါ။ လိုတဲ့အခါ ကြ်န္ေတာ္ကိုယ္တိုင္ လာၿပီးစီစဥ္ေပးပါ့မယ္ဗ်ာ။

ဦးတိုုးတိုုးက ဆရာအဲဒီလိုု “မိသာစုုစီမံမႈ”ျပဳလုုပ္ထားရင္ ဘယ္ေလာက္အထိ ခိုုင္မာပါသလဲဆရာ။

ခုုိင္မာတာေပါ့ဦးတိုုးတိုုးရယ္။ ခိုုင္မာလြန္းပါသည္လုိိ႕ ေျပာရင္ေတာင္ရပါတယ္။ မိသာစုုစီမံမႈ ဆိုုတာကတကယ္ေတာ့အေမြကိုု ႀကိဳခဲြၾကတာေလ။ မိသားစုုအတြင္းမွာ (ဥပမာ) အငယ္ေကာင္းက ေလာဘႀကီးလို႕ပိုေတာင္းတယ္။ အႀကီးနဲ႕အလတ္ေကာင္ေတြက သေဘာေကာင္းၿပီးေလ်ာ့ေပးတယ္။ ဒါကိုု သူတို႕ကလဲသေဘာက်တယ္။ အဲဒီလိုုခဲြလိုုက္ၾကရင္ ရမယ့္အေမြက ဘယ္မွာမ ွ်တေတာ့မွာလဲဗ်ာ။

အဲဒီလိုုမမွ်မတနဲ႕ ဥပေဒအရခဲြသလိုု အနည္းအမ်ားမညီးမညာျဖစ္ေနမယ္ဆိုုရင္လည္း မိသားစုုစီမံမႈကပ်က္ျပယ္မသြားဘူးဗ်။

မိသားစုတစ္စုဆိုုတာ သဘာဝအရ တစ္ေယာက္တစ္မ်ိဳးေတာင္းဆိုုေလ့႐ိွတယ္တဲ့။ အဲဒီလိုအခက္အခဲမ်ိဳးကိုု ေအးခ်မ္းစြာ သေဘာတူ စီမံမႈျပဳတယ္။ အားလံုး သေဘာတူၿပီးသားလည္းျဖစ္ၾကတဲ့အတြက္ “ခဲြေ၀မႈမွာအတိအက်ျဖစ္မေနလဲ” မပ်က္ျပယ္ဘူးတဲ့ဗ်ာ။ (ဦးျမတ္ျဖဴႏွင့္ ေဒၚေစာ႐ွင္၊ ၁၉၄၉ မတစ၊ လႊတ္ေတာ္ ၄၉၂ ၊ စီရင္ထံုးတြင္ အတိအလင္းေဖာ္ျပထားပါတယ္)

ေနာက္တစ္ခ်က္က အေမြေပးမယ့္(အေမြ႐ွင္)မေသဆံုးခင္မွာ သားသမီးတစ္ေယာက္ေယာက္ကႀကိဳတင္တရားစဲြ ေတာင္းဆိုခြင့္လည္းမ႐ိွပါဘူး။ ေဖာက္ဖ်က္ခြင့္လည္းမ႐ိွပါဘူး။ ျငင္းဆိုုခြင့္လည္းမ႐ိွပါဘူးလို႕(မပန္းစီနဲ႕ မလွရင္၊ ၁၉၆၃၊ မတစ၊ ၈၀၀(၈၀၈)အမႈမွာ စီရင္ခဲ့ဖူးပါတယ္)

အဲဒီေတာ့ အေမြ႐ွင္မိဘႏွစ္ပါးဆံုးပါးသြားရင္းလည္း အေမြအမႈအခင္းမျဖစ္ႏိုုင္ေတာ့ဘူးေပါ့ဗ်ာ။ မိသာစုုစီမံမႈတစ္ခုုကိုု ေသခ်ာသာ စနစ္တက်လုုပ္ထားရင္ အမွားအယြင္းျဖစ္ႏိုုင္စရာအေၾကာင္းလံုုးဝမ႐ိွပါဘူး။ ဒါေပမဲ့လည္း ဒါရဲ႕အားသာမႈကိုု အဆိုုးျမင္ၿပီး အတုျပဳလုုပ္မယ္။ မမွ်မတျဖစ္ေအာင္ တမင္ျပဳလုုပ္မယ္၊ လိမ္လည္ ၿပီးျပဳလုပ္မယ္၊ ၿခိမ္းေျခာက္ၿပီး ျပဳလုုပ္ၾကမယ္ဆိုုရင္ေတာ့ တရား႐ံုုးေတာ္က လက္ခံမွာမဟုုတ္ပါဘူးလို႕လည္းေသခ်ာ႐ွင္းျပလိုုက္ေတာ့ကြ်န္ေတာ့္မိသားစုမွာ ဘယ္လိုစီမံရမယ္ဆိုတာ ကြ်န္ေတာ္သိသြားပါၿပီ ဆရာလို႕ ဦးသန္းေအးက ဖြင့္ေျပာလာပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ဦးၾကည္စိုုး (IC)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service