ဟန်ဆောင် မွေးစားစာချုပ် ရှိပါသလား ?

ဟန်ဆောင် မွေးစားစာချုပ် ရှိပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2021 11:32 am တွင် တင်ခဲ့သည်
715 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

''ဟန်ဆောင်မွေးစား စာချုပ် ချုပ်ဆိုလို့ရပါသလား''ဆရာဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာရောက်မေးမြန်းဆွေးနွေးပါသည်။

''ဥပဒေမှာတော့ ဟန်ဆောင် မွေးစား စာချုပ်လို့ မရှိဘူး။ ဘယ်လို ကိစ္စဖြစ်လာလို့လဲ''

''ကိတ္တိမမွေးစား စာချုပ်နဲ့ ချုပ် ဆိုထားရင် တရားဝင်တယ် မဟုတ် လား''

''ကိတ္တိမမွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေအရ အမွေစား အမွေခံ သားသမီးအဖြစ် ရည်ရွယ်ပြီး မွေးစား ခြင်းဖြစ်ရပါမယ်။ စာချုပ်စာတမ်းရုံးမှာ မွေးစားစာချုပ်ကို မှတ်ပုံတင်ပြု လုပ် ချုပ်ဆိုရမှာဖြစ်တယ်။ မွေးစားခံရတဲ့ သားသမီးအနေနဲ့ အသက် ၁၈နှစ်ပြည့်ပြီး အရွယ်ရောက်သူ ဖြစ်လျှင် မွေးစားမိဘနှင့်အတူ စာချုပ်မှာ ကိုယ်တိုင်လက်မှတ်ရေးထိုးရပါတယ်။ တကယ်လို့ မွေးစားခံရတဲ့ သားသမီး ဟာ အရွယ်မရောက်သေးသူဖြစ်လျှင် ¤င်း၏ မိဘအရင်းရှိပါက မိဘအ ရင်း ကိုယ်တိုင်လက်မှတ်ရေးထိုးရ မယ်။ မိဘမရှိပါက မွေးစားရန်ပေး နိုင်သူက လက်မှတ်ရေးထိုး မှတ်ပုံ တင်ချုပ်ဆိုရမှာဖြစ်ပါတယ်''

''မိဘမရှိဘူးဆိုတာက ကွယ်လွန်သွားတာလား။ တစ်ခါတစ်ရံမှာ မိဘက မစောင့်ရှောက်ဘဲပစ်သွား တာမျိုးလား။ ဘာကိုဆိုလိုတာလဲ''

''မိတ်ဆွေကြီးပြောသလို မိဘအရင်းတွေက ကွယ်လွန်သွားတာ လည်း ဖြစ်နိုင်ပါတယ်။ အုပ်ထိန်းသူ တစ်ဦးဦးက တာဝန်ယူဆောင်ရွက် လက်မှတ်ရေးထိုးရမှာဖြစ်တယ်''

''အဘွားဖြစ်သူက မြေးတော်စပ် သူကို မွေးစားလို့ရပါသလား''

''မွေးစားလို့ရပါတယ်။ သွေးသား မတော်စပ်သူကိုပင် အမွေစား အမွေ ခံ သားသမီးအဖြစ်ရည်ရွယ်ပြီး ကိတ္တိမ မွေးစားစာချုပ် မှတ်ပုံတင်ချုပ်ဆိုပြု လုပ်နိုင်ပါတယ်''

''မှတ်ပုံတင်မချုပ်ဆိုရင် မွေးစား ခြင်း တရားမဝင်ဘူးလား''

''အရပ်စာချုပ်သဘောမျိုးချုပ် ဆိုထားရင်တော့ မွေးစားသူမှာ သား ရင်းသမီးရင်းရှိရင် အမွေဆက်ခံခွင့် မရဘူး။ မှတ်ပုံတင်စာချုပ်နဲ့ ချုပ်ဆို မွေးစားမှသာ မွေးစားမိဘရဲ့ သား ရင်းသမီးရင်းများနှင့်အတူ အမွေရပိုင် ခွင့်ရှိမှာဖြစ်တယ်''

''အခုကိစ္စမှာ မွေးစားစာချုပ် တော့ရှိတယ်။ ဆရာပြောသလို မှတ်ပုံ တင် မွေးစားစာချုပ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူက နှိပ်စက်မှာစိုးလို့ အ ဘွားက မွေးစားစာချုပ်နဲ့ ဟန်ဆောင် ချုပ်ခဲ့တာလို့ ပြောတယ်''

''မွေးစားမိဘနဲ့ မိတ်ဆွေကြီးက ဆွေမျိုးတော်စပ်လို့လား၊ ဘယ်လိုပတ် သက်မှုရှိနေလို့လဲ''

''အိမ်ရောင်းမယ်ဆိုလို့ ကျွန် တော်သွားကြည့်တယ် ဆရာ။ မြေက တော့ ဂရန်မြေကွက် နှစ်ထပ်တိုက်၊ ပေ ၂ဝ x ပေ ၆ဝ ရှိမယ်။ ရောင်း မယ်ဆိုတော့ အမွေဆိုင်အိမ်ဖြစ်နေ တယ်။ မြေကွက်အမည်ပေါက်က ကွယ်လွန်သွားတဲ့ ဖခင်အမည်ပေါက် ဖြစ်တယ်။ မိခင်ကြီးကလည်း ဆုံးပါး သွားပြီ။ ဒါကြောင့် မောင်နှမ သုံးဦး က အမွေခွဲဖို့ ရောင်းတာ ဆရာ''

''မောင်နှမသုံးဦးထဲမှာ ကိတ္တိမ မွေးစားသားသမီးပါလို့လား''

''မောင်နှမ သုံးဦးမှာ အစ်မကြီးက အပျိုကြီး ယခုလက်ရှိတူ၊ တူမတို့ နဲ့ အတူနေထိုင်တယ်။ အလတ်မောင် ဖြစ်သူနဲ့ ညီမအငယ်က သူတို့အိမ် ထောင်နဲ့သူ သီးခြားနေကြတယ်။ အခုကိစ္စက လက်ရှိအိမ်မှာနေတဲ့ တူ နဲ့ တူမက အဘွားဖြစ်သူက သူတို့ကို ကိတ္တိမမွေးစားစာချုပ်နဲ့ မွေးစားတာ ကြောင့် အမွေဝေစုရသင့်တယ်လို့ ကန့်ကွက်တာ ဆရာ''

''တူ၊ တူမအရင်းလား။ ဘယ်သူ ရဲ့ သားသမီးတွေလဲ''

''ညီမငယ်ရဲ့ သမီးနဲ့သားလို့ ပြောပါတယ်''

''ဥပဒေအရဆိုရင်တော့ တူ၊ တူမတွေနဲ့ မောင်နှမတော်စပ်တဲ့ သဘောဖြစ်သွားတယ်''

''ဒါဆိုရင် တူ၊ တူမတွေရဲ့ မိခင် ကလည်း ဝေစုပါမလား''

''ဥပဒေအရတော့ မအေနဲ့သား သမီးနှစ်ဦးက အမွေဆက်ခံခွင့်ရှိတဲ့ မောင်နှမတွေဖြစ်သွားတယ်''

''အမွေပုံက ငါးပုံဖြစ်သွားမှာ ပေါ့''

''ဟုတ်ပါတယ်''

''ဒါပေမယ့် ရောင်းမယ့်သမီးကြီး ဖြစ်သူက တူ၊ တူမတွေက မဆိုင်ဘူး။ သူ့အမေဝေစုပါနေလို့ အမေ့ဆီကပဲ ရခွင့်ရှိတယ်။ ကိတ္တိမစာချုပ်ကလည်း တရားမဝင်ဘူး။ သူတို့အဖေနဲ့ အမေ လင်မယားအဖြစ်မှ ကွဲကြပြီး အဖေ က နှောင့်ယှက်မှာစိုးလို့ သမီးနဲ့သား ကို အဘွားက ဟန်ဆောင်ကိတ္တိမ စာချုပ် ချုပ်ပေးခဲ့တာလို့ ပြောပါ တယ်''

''အခုကလေးတွေက အရွယ် ရောက်နေကြပြီပေါ့''

''ဟုတ်တယ် ဆရာ။ အလုပ်ဝင် နေကြပြီ။ ဘွဲ့ရပြီးသားလို့ သိရတယ်''

''ကလေးတွေက သူတို့အမေနဲ့ အတူမနေဘူးလား''

''ကလေးတွေအမေက နောက် အိမ်ထောင်ပြုသွားလို့ သီးခြားနေ တယ်။ ကလေးတွေ အဖေကတော့ ကွယ်လွန်သွားပြီဖြစ်တယ်''

''အပျိုကြီးက ခွဲမပေးချင်တဲ့ သဘော ဖြစ်နေတာပေါ့''

''အလတ်ဖြစ်တဲ့ ယောက်ျားလေးက ခွဲမပေးချင်တာဆရာ၊ သူက အဓိ ကပဲ၊ သူပြောတာက မွေးစားစာချုပ်မှာ ကလေးနှစ်ယောက်က အရွယ်မ ရောက်သေးတော့ မိခင်က ကိုယ်စား လက်မှတ်ထိုးတယ်။ ဖခင်ကလာ ရောက်လက်မှတ်မထိုးလို့ တရားမဝင် ဘူးလို့ ပြောတယ် ဆရာ။ အဲဒါ ဟုတ် ပါသလား''

''တစ်ခုတော့ ရှိတာပေါ့ဗျာ။ ဖခင်ဖြစ်သူနဲ့ မိခင်တို့နှစ်ဦးသဘော တူ ကွာရှင်းထားကြောင်း အထောက် အထားနဲ့အတူ မွေးစားစာချုပ်မှာ ဖော်ပြထားရင်တော့ ဥပဒေမှာပါတဲ့ အတိုင်း မွေးစားရန်ပေးနိုင်သူအဖြစ် လက်မှတ်ရေးထိုးတာဖြစ်လို့ တရား ဝင်မှာဖြစ်ပါတယ်''

''ဒါဆိုရင် အဲဒီအချက် မွေးစား စာချုပ်မှာပါ မပါ သေချာစိစစ်ဖို့လို တာပေါ့''

''မှန်ပါတယ်။ ဒီအချက်ပါရင်တော့ စာချုပ်ကပြီးပြည့်စုံပြီး မွေးစား ခံရသူများက အမွေဆက်ခံခွင့်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံဖော်ပြထားတာ မရှိရင်တော့ တရားရုံးမှာ အမွေမှု တရားစွဲတာတွေဖြစ်လာ နိုင်ပြီး အဲဒီအခါမှ သက်သေထွက်ဆိုပြသရမှာ ဖြစ်ပါတယ်''

''ဘာပဲဖြစ်ဖြစ် ဟန်ဆောင် ကိတ္တိမ စာချုပ်တော့ မဟုတ်ဘူးပေါ့''

''ရှင်းအောင် ပြောရရင် နိုင်ငံ တော် တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဦးမောင်မောင်လေးပါ (၂) နှင့် ဦးခင် မောင်တိုးပါ (၁၂) ၂ဝ၁၇ ခုနှစ် မြန် မာနိုင်ငံ တရားစီရင်ထုံး စာချုပ်နှာ-၁၅ဝ မှာ အရွယ်မရောက်သေးသည့် မြေးနှစ်ဦးကို အဘွားဖြစ်သူက ကိတ္တိ မမွေးစားခြင်း မှတ်ပုံတင်စာချုပ် ချုပ် ဆိုမွေးစားစဉ်က ဖခင်ရင်းနှင့် မိခင် ရင်းတို့မှာ နှစ်ဦးသဘောတူ လင်မ ယားကွာရှင်းပြီးဖြစ်သည်။ ကိတ္တိမ စာချုပ်တွင် ဖခင်ရင်းက လက်မှတ် မထိုးစေကာမူ မိခင်ရင်းက အရွယ်မ ရောက်သူ သမီးများအတွက် ကိတ္တိ မမွေးစား မှတ်ပုံတင်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းသည် ယင်း ဥပဒေပုဒ်မ-၅ (၁) အရ မွေးစားခြင်း ကို သဘောတူညီချက်ပေးရန် လိုအပ် သူအဖြစ် လက်မှတ်ရေးထိုးခြင်းဖြစ် ၍ တရားဝင်သည်လို့ ဆုံးဖြတ်ထား ပါတယ်''

''ဒါဆိုရင် အခုကိစ္စမှာလည်း ဆရာပြောသလို မိခင်ရင်းအပါအဝင် ဥပဒေအရ မောင်နှမငါးဦးအဖြစ် အမွေခွဲရမှာပေါ့''

''မှန်ပါတယ်။ ညှိနှိုင်းပြေလည် ရင်တော့ ဝယ်လိုက်ပါ''ဟု တိုက်တွန်း ပြောကြားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု(ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

ဟန္ေဆာင္ ေမြးစားစာခ်ဳပ္ ရွိပါသလား ?

''ဟန္ေဆာင္ေမြးစား စာခ်ဳပ္ ခ်ဳပ္ဆုိလုိ႔ရပါသလား''ဆရာဟု မိတ္ ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ေမးျမန္းေဆြးေႏြးပါသည္။

''ဥပေဒမွာေတာ့ ဟန္ေဆာင္ ေမြးစား စာခ်ဳပ္လုိ႔ မရွိဘူး။ ဘယ္လုိ ကိစၥျဖစ္လာလုိ႔လဲ''

''ကိတိၱမေမြးစား စာခ်ဳပ္နဲ႔ ခ်ဳပ္ ဆုိထားရင္ တရားဝင္တယ္ မဟုတ္ လား''

''ကိတိၱမေမြးစားျခင္း မွတ္ပုံတင္ အက္ဥပေဒအရ အေမြစား အေမြခံ သားသမီးအျဖစ္ ရည္ရြယ္ၿပီး ေမြးစား ျခင္းျဖစ္ရပါမယ္။ စာခ်ဳပ္စာတမ္း႐ုံးမွာ ေမြးစားစာခ်ဳပ္ကုိ မွတ္ပုံတင္ျပဳ လုပ္ ခ်ဳပ္ဆုိရမွာျဖစ္တယ္။ ေမြးစားခံရတဲ့ သားသမီးအေနနဲ႔ အသက္ ၁၈ႏွစ္ျပည့္ၿပီး အရြယ္ေရာက္သူ ျဖစ္လွ်င္ ေမြးစားမိဘႏွင့္အတူ စာခ်ဳပ္မွာ ကုိယ္တုိင္လက္မွတ္ေရးထုိးရပါတယ္။ တကယ္လုိ႔ ေမြးစားခံရတဲ့ သားသမီး ဟာ အရြယ္မေရာက္ေသးသူျဖစ္လွ်င္ ¤င္း၏ မိဘအရင္းရွိပါက မိဘအ ရင္း ကုိယ္တုိင္လက္မွတ္ေရးထုိးရ မယ္။ မိဘမရွိပါက ေမြးစားရန္ေပး ႏုိင္သူက လက္မွတ္ေရးထုိး မွတ္ပုံ တင္ခ်ဳပ္ဆုိရမွာျဖစ္ပါတယ္''

''မိဘမရွိဘူးဆုိတာက ကြယ္လြန္သြားတာလား။ တစ္ခါတစ္ရံမွာ မိဘက မေစာင့္ေရွာက္ဘဲပစ္သြား တာမ်ဳိးလား။ ဘာကိုဆုိလုိတာလဲ''

''မိတ္ေဆြႀကီးေျပာသလုိ မိဘအရင္းေတြက ကြယ္လြန္သြားတာ လည္း ျဖစ္ႏုိင္ပါတယ္။ အုပ္ထိန္းသူ တစ္ဦးဦးက တာဝန္ယူေဆာင္ရြက္ လက္မွတ္ေရးထုိးရမွာျဖစ္တယ္''

''အဘြားျဖစ္သူက ေျမးေတာ္စပ္ သူကို ေမြးစားလုိ႔ရပါသလား''

''ေမြးစားလုိ႔ရပါတယ္။ ေသြးသား မေတာ္စပ္သူကိုပင္ အေမြစား အေမြ ခံ သားသမီးအျဖစ္ရည္ရြယ္ၿပီး ကိတိၱမ ေမြးစားစာခ်ဳပ္ မွတ္ပုံတင္ခ်ဳပ္ဆုိျပဳ လုပ္ႏုိင္ပါတယ္''

''မွတ္ပုံတင္မခ်ဳပ္ဆုိရင္ ေမြးစား ျခင္း တရားမဝင္ဘူးလား''

''အရပ္စာခ်ဳပ္သေဘာမ်ဳိးခ်ဳပ္ ဆုိထားရင္ေတာ့ ေမြးစားသူမွာ သား ရင္းသမီးရင္းရွိရင္ အေမြဆက္ခံခြင့္ မရဘူး။ မွတ္ပုံတင္စာခ်ဳပ္နဲ႔ ခ်ဳပ္ဆုိ ေမြးစားမွသာ ေမြးစားမိဘရဲ႕ သား ရင္းသမီးရင္းမ်ားႏွင့္အတူ အေမြရပုိင္ ခြင့္ရွိမွာျဖစ္တယ္''

''အခုကိစၥမွာ ေမြးစားစာခ်ဳပ္ ေတာ့ရွိတယ္။ ဆရာေျပာသလုိ မွတ္ပုံ တင္ ေမြးစားစာခ်ဳပ္လုိ႔ဆုိပါတယ္။ ဖခင္ျဖစ္သူက ႏွိပ္စက္မွာစုိးလုိ႔ အ ဘြားက ေမြးစားစာခ်ဳပ္နဲ႔ ဟန္ေဆာင္ ခ်ဳပ္ခဲ့တာလုိ႔ ေျပာတယ္''

''ေမြးစားမိဘနဲ႔ မိတ္ေဆြႀကီးက ေဆြမ်ဳိးေတာ္စပ္လုိ႔လား၊ ဘယ္လုိပတ္ သက္မႈရွိေနလုိ႔လဲ''

''အိမ္ေရာင္းမယ္ဆုိလုိ႔ ကြၽန္ ေတာ္သြားၾကည့္တယ္ ဆရာ။ ေျမက ေတာ့ ဂရန္ေျမကြက္ ႏွစ္ထပ္တုိက္၊ ေပ ၂ဝ x ေပ ၆ဝ ရွိမယ္။ ေရာင္း မယ္ဆုိေတာ့ အေမြဆုိင္အိမ္ျဖစ္ေန တယ္။ ေျမကြက္အမည္ေပါက္က ကြယ္လြန္သြားတဲ့ ဖခင္အမည္ေပါက္ ျဖစ္တယ္။ မိခင္ႀကီးကလည္း ဆုံးပါး သြားၿပီ။ ဒါေၾကာင့္ ေမာင္ႏွမ သုံးဦး က အေမြခြဲဖုိ႔ ေရာင္းတာ ဆရာ''

''ေမာင္ႏွမသုံးဦးထဲမွာ ကိတိၱမ ေမြးစားသားသမီးပါလုိ႔လား''

''ေမာင္ႏွမ သုံးဦးမွာ အစ္မႀကီးက အပ်ဳိႀကီး ယခုလက္ရွိတူ၊ တူမတုိ႔ နဲ႔ အတူေနထုိင္တယ္။ အလတ္ေမာင္ ျဖစ္သူနဲ႔ ညီမအငယ္က သူတုိ႔အိမ္ ေထာင္နဲ႔သူ သီးျခားေနၾကတယ္။ အခုကိစၥက လက္ရွိအိမ္မွာေနတဲ့ တူ နဲ႔ တူမက အဘြားျဖစ္သူက သူတုိ႔ကို ကိတိၱမေမြးစားစာခ်ဳပ္နဲ႔ ေမြးစားတာ ေၾကာင့္ အေမြေဝစုရသင့္တယ္လုိ႔ ကန္႔ကြက္တာ ဆရာ''

''တူ၊ တူမအရင္းလား။ ဘယ္သူ ရဲ႕ သားသမီးေတြလဲ''

''ညီမငယ္ရဲ႕ သမီးနဲ႔သားလုိ႔ ေျပာပါတယ္''

''ဥပေဒအရဆုိရင္ေတာ့ တူ၊ တူမေတြနဲ႔ ေမာင္ႏွမေတာ္စပ္တဲ့ သေဘာျဖစ္သြားတယ္''

''ဒါဆုိရင္ တူ၊ တူမေတြရဲ႕ မိခင္ ကလည္း ေဝစုပါမလား''

''ဥပေဒအရေတာ့ မေအနဲ႔သား သမီးႏွစ္ဦးက အေမြဆက္ခံခြင့္ရွိတဲ့ ေမာင္ႏွမေတြျဖစ္သြားတယ္''

''အေမြပုံက ငါးပုံျဖစ္သြားမွာ ေပါ့''

''ဟုတ္ပါတယ္''

''ဒါေပမယ့္ ေရာင္းမယ့္သမီးႀကီး ျဖစ္သူက တူ၊ တူမေတြက မဆုိင္ဘူး။ သူ႔အေမေဝစုပါေနလုိ႔ အေမ့ဆီကပဲ ရခြင့္ရွိတယ္။ ကိတိၱမစာခ်ဳပ္ကလည္း တရားမဝင္ဘူး။ သူတုိ႔အေဖနဲ႔ အေမ လင္မယားအျဖစ္မွ ကြဲၾကၿပီး အေဖ က ေႏွာင့္ယွက္မွာစုိးလုိ႔ သမီးနဲ႔သား ကို အဘြားက ဟန္ေဆာင္ကိတိၱမ စာခ်ဳပ္ ခ်ဳပ္ေပးခဲ့တာလုိ႔ ေျပာပါ တယ္''

''အခုကေလးေတြက အရြယ္ ေရာက္ေနၾကၿပီေပါ့''

''ဟုတ္တယ္ ဆရာ။ အလုပ္ဝင္ ေနၾကၿပီ။ ဘြဲ႔ရၿပီးသားလုိ႔ သိရတယ္''

''ကေလးေတြက သူတုိ႔အေမနဲ႔ အတူမေနဘူးလား''

''ကေလးေတြအေမက ေနာက္ အိမ္ေထာင္ျပဳသြားလုိ႔ သီးျခားေန တယ္။ ကေလးေတြ အေဖကေတာ့ ကြယ္လြန္သြားၿပီျဖစ္တယ္''

''အပ်ဳိႀကီးက ခြဲမေပးခ်င္တဲ့ သေဘာ ျဖစ္ေနတာေပါ့''

''အလတ္ျဖစ္တဲ့ ေယာက်္ားေလးက ခဲြမေပးခ်င္တာဆရာ၊ သူက အဓိ ကပဲ၊ သူေျပာတာက ေမြးစားစာခ်ဳပ္မွာ ကေလးႏွစ္ေယာက္က အရြယ္မ ေရာက္ေသးေတာ့ မိခင္က ကုိယ္စား လက္မွတ္ထုိးတယ္။ ဖခင္ကလာ ေရာက္လက္မွတ္မထုိးလုိ႔ တရားမဝင္ ဘူးလုိ႔ ေျပာတယ္ ဆရာ။ အဲဒါ ဟုတ္ ပါသလား''

''တစ္ခုေတာ့ ရွိတာေပါ့ဗ်ာ။ ဖခင္ျဖစ္သူနဲ႔ မိခင္တုိ႔ႏွစ္ဦးသေဘာ တူ ကြာရွင္းထားေၾကာင္း အေထာက္ အထားနဲ႔အတူ ေမြးစားစာခ်ဳပ္မွာ ေဖာ္ျပထားရင္ေတာ့ ဥပေဒမွာပါတဲ့ အတုိင္း ေမြးစားရန္ေပးႏုိင္သူအျဖစ္ လက္မွတ္ေရးထုိးတာျဖစ္လုိ႔ တရား ဝင္မွာျဖစ္ပါတယ္''

''ဒါဆုိရင္ အဲဒီအခ်က္ ေမြးစား စာခ်ဳပ္မွာပါ မပါ ေသခ်ာစိစစ္ဖုိ႔လုိ တာေပါ့''

''မွန္ပါတယ္။ ဒီအခ်က္ပါရင္ေတာ့ စာခ်ဳပ္ကၿပီးျပည့္စုံၿပီး ေမြးစား ခံရသူမ်ားက အေမြဆက္ခံခြင့္ရမွာ ျဖစ္ပါတယ္။ အျပည့္အစုံေဖာ္ျပထားတာ မရွိရင္ေတာ့ တရား႐ုံးမွာ အေမြမႈ တရားစြဲတာေတြျဖစ္လာ ႏုိင္ၿပီး အဲဒီအခါမွ သက္ေသထြက္ဆုိျပသရမွာ ျဖစ္ပါတယ္''

''ဘာပဲျဖစ္ျဖစ္ ဟန္ေဆာင္ ကိတိၱမ စာခ်ဳပ္ေတာ့ မဟုတ္ဘူးေပါ့''

''ရွင္းေအာင္ ေျပာရရင္ ႏုိင္ငံ ေတာ္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္တဲ့ ဦးေမာင္ေမာင္ေလးပါ (၂) ႏွင့္ ဦးခင္ ေမာင္တုိးပါ (၁၂) ၂ဝ၁၇ ခုႏွစ္ ျမန္ မာႏုိင္ငံ တရားစီရင္ထုံး စာခ်ဳပ္ႏွာ-၁၅ဝ မွာ အရြယ္မေရာက္ေသးသည့္ ေျမးႏွစ္ဦးကို အဘြားျဖစ္သူက ကိတိၱ မေမြးစားျခင္း မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ ဆုိေမြးစားစဥ္က ဖခင္ရင္းႏွင့္ မိခင္ ရင္းတုိ႔မွာ ႏွစ္ဦးသေဘာတူ လင္မ ယားကြာရွင္းၿပီးျဖစ္သည္။ ကိတိၱမ စာခ်ဳပ္တြင္ ဖခင္ရင္းက လက္မွတ္ မထုိးေစကာမူ မိခင္ရင္းက အရြယ္မ ေရာက္သူ သမီးမ်ားအတြက္ ကိတိၱ မေမြးစား မွတ္ပုံတင္စာခ်ဳပ္တြင္ လက္မွတ္ေရးထုိးျခင္းသည္ ယင္း ဥပေဒပုဒ္မ-၅ (၁) အရ ေမြးစားျခင္း ကို သေဘာတူညီခ်က္ေပးရန္ လုိအပ္ သူအျဖစ္ လက္မွတ္ေရးထုိးျခင္းျဖစ္ ၍ တရားဝင္သည္လုိ႔ ဆုံးျဖတ္ထား ပါတယ္''

''ဒါဆုိရင္ အခုကိစၥမွာလည္း ဆရာေျပာသလုိ မိခင္ရင္းအပါအဝင္ ဥပေဒအရ ေမာင္ႏွမငါးဦးအျဖစ္ အေမြခြဲရမွာေပါ့''

''မွန္ပါတယ္။ ညိႇႏႈိင္းေျပလည္ ရင္ေတာ့ ဝယ္လုိက္ပါ''ဟု တုိက္တြန္း ေျပာၾကားလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု(ဥပေဒ အတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service