တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်

တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင် - Property News in Myanmar from iMyanmarHouse.com
28 Jan 2021 11:43 am တွင် တင်ခဲ့သည်
2499 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် Covid-19 ရောဂါကူးစက်ခံထားရနိုင်ချေ မြင့်မားသည်ဟု ယူဆရသူများကို စအိုမှ တို့ဖတ်နမူနာ ရယူစစ်ဆေးခြင်းများ စတင်ဆောင်ရွက်နေကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက သတင်းထုတ်ပြန်သည်။

ပေကျင်းမြို့တော်တွင် ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက Covid-19 အတည်ပြုလူနာရှိရာ ဒေသတွင် နေထိုင်သူများကို စအိုမှ တို့ဖတ်နမူနာရယူခြင်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ကွာရန်တင်းစင်တာများတွင် ရောက်ရှိနေသူများကိုလည်း အလားတူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော စီစီတီဗွီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဒေသတွင်း ကူးစက်မှုငယ်များ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ကြီးပေါင်းများစွာမှာ အခြားဒေသများနှင့် အဆက်အသွယ်ဖြတ်တောက်ခြင်းခံခဲ့ရပြီး ရောဂါစစ်ဆေးမှုများ အလုံးအရင်း ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခဲ့ရာတွင် လည်ချောင်းနှင့် နှာခေါင်းတို့ဖတ်စမ်းသပ်မှုများသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သော ရက်သတ္တပတ်ကမှ စတင်ကာ စအိုမှ စမ်းသပ်မှု ပြုလုပ်လာခြင်း ဖြစ်သည်။

စအိုမှ စမ်းသပ်သည့်နည်းလမ်းသည် ရောဂါကူးစက်ခံထားသူများကို ပိုမိုထောက်လှမ်းတွေ့ရှိနိုင်ချေ မြင့်မားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းတွင်ထက် စအိုတွင် ပိုမိုကြာရှည်စွာ နေထိုင်တတ်ခြင်းကြောင့်ဖြစ်ကြောင်း ပေကျင်းမြို့တော်ရှိ Youan ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သော လီတုန့်ချန် (Li Tongzeng) က စီစီတီဗွီသတင်းဌာနသို့ ပြောသည်။

တရုတ်ပြည်တွင် နှစ်သစ်ကူးပွဲတော် ကာလအတွင်း ရောဂါကူးစက်မှု အန္တရာယ် လျှော့ချနိုင်ရေးအတွက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းတင်းကြပ်မှုများ ပြုလုပ်လာရာ ကူးစက်မှုများ ဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်သူတို့ကို ပေကျင်းမြို့တော်သို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သည်။

တရုတ်ပြည်သို့ ပြည်ပမှ ရောက်ရှိလာသူများအနေဖြင့်လည်း ရောဂါမရှိကြောင်း နက်ဂတစ်ရလဒ်အဖြေ ရလဒ်များစွာ စစ်ဆေးတွေ့ရှိထားမှု ပြသရမည်ဖြစ်သည့်အပြင် သတ်မှတ်ထားသည့် ဟိုတယ်တစ်ခုတွင် အနည်းဆုံး ၁၄ ရက် ကွာရန်တင်းဝင်ရမည်ဟု ဆိုသည်။

မြို့ကြီးများစွာတွင် နေအိမ်၌ ထပ်မံ၍ စောင့်ကြည့်ကာလ နေထိုင်ရန်လည်း ပြဌာန်းထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China starts using anal swabs to test 'high-risk' people for Covid (the guardian)

 

[Zawgyi]

တရုတ္ျပည္တြင္ စအိုမွ တို႔ဖတ္နမူနာယူကာ Covid-19 စစ္ေဆးျခင္း စတင္လုပ္ေဆာင္

တရုတ္ျပည္တြင္ Covid-19 ေရာဂါကူးစက္ခံထားရႏိုင္ေခ် ျမင့္မားသည္ဟု ယူဆရသူမ်ားကို စအိုမွ တို႔ဖတ္နမူနာ ရယူစစ္ေဆးျခင္းမ်ား စတင္ေဆာင္ရြက္ေနေၾကာင္း ႏုိင္ငံပိုင္ ရုပ္ျမင္သံၾကားဌာနက သတင္းထုတ္ျပန္သည္။

ေပက်င္းျမိဳ႕ေတာ္တြင္ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက Covid-19 အတည္ျပဳလူနာရွိရာ ေဒသတြင္ ေနထိုင္သူမ်ားကို စအိုမွ တို႔ဖတ္နမူနာရယူျခင္းမ်ား စတင္လုပ္ေဆာင္ခ့ဲေၾကာင္း၊ ကြာရန္တင္းစင္တာမ်ားတြင္ ေရာက္ရွိေနသူမ်ားကိုလည္း အလားတူ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံပိုင္ ရုပ္ျမင္သံၾကားဌာနျဖစ္ေသာ စီစီတီဗြီသတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း ေဒသတြင္း ကူးစက္မႈငယ္မ်ား ျဖစ္ပြားခဲ့ျပီးေနာက္ပိုင္း တရုတ္ျပည္ေျမာက္ပိုင္းရွိ ျမိဳ႕ၾကီးေပါင္းမ်ားစြာမွာ အျခားေဒသမ်ားႏွင့္ အဆက္အသြယ္ျဖတ္ေတာက္ျခင္းခံခ့ဲရျပီး ေရာဂါစစ္ေဆးမႈမ်ား အလံုးအရင္း ျပဳလုပ္ခဲ့ၾကသည္။ ထိုသုိ႔ ျပဳလုပ္ခ့ဲရာတြင္ လည္ေခ်ာင္းႏွင့္ ႏွာေခါင္းတို႔ဖတ္စမ္းသပ္မႈမ်ားသာ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ျပီး ျပီးခဲ့ေသာ ရက္သတၱပတ္ကမွ စတင္ကာ စအုိမွ စမ္းသပ္မႈ ျပဳလုပ္လာျခင္း ျဖစ္သည္။

စအိုမွ စမ္းသပ္သည့္နည္းလမ္းသည္ ေရာဂါကူးစက္ခံထားသူမ်ားကို ပိုမိုေထာက္လွမ္းေတြ႔ရွိႏိုင္ေခ် ျမင့္မားေၾကာင္း၊ ကိုရိုနာဗိုင္းရပ္စ္သည္ အသက္ရွဴလမ္းေၾကာင္းတြင္ထက္ စအိုတြင္ ပိုမိုၾကာရွည္စြာ ေနထိုင္တတ္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ေပက်င္းျမိဳ႕ေတာ္ရွိ Youan ေဆးရံုမွ ဆရာဝန္တစ္ဦးျဖစ္ေသာ လီတုန္႔ခ်န္ (Li Tongzeng) က စီစီတီဗြီသတင္းဌာနသို႔ ေျပာသည္။

တရုတ္ျပည္တြင္ ႏွစ္သစ္ကူးပြဲေတာ္ ကာလအတြင္း ေရာဂါကူးစက္မႈ အႏၱရာယ္ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ကိုရိုနာဗိုင္းရပ္စ္ဆိုင္ရာ စည္းမ်ဥ္းတင္းၾကပ္မႈမ်ား ျပဳလုပ္လာရာ ကူးစက္မႈမ်ား ျဖစ္ပြားေနသည့္ ေဒသမ်ားတြင္ ေနထိုင္သူတို႔ကို ေပက်င္းျမိဳ႕ေတာ္သို႔ ဝင္ေရာက္ခြင့္ ပိတ္ပင္လိုက္သည္။

တရုတ္ျပည္သို႔ ျပည္ပမွ ေရာက္ရွိလာသူမ်ားအေနျဖင့္လည္း ေရာဂါမရွိေၾကာင္း နက္ဂတစ္ရလဒ္အေျဖ ရလဒ္မ်ားစြာ စစ္ေဆးေတြ႔ရွိထားမႈ ျပသရမည္ျဖစ္သည့္အျပင္ သတ္မွတ္ထားသည့္ ဟိုတယ္တစ္ခုတြင္ အနည္းဆံုး ၁၄ ရက္ ကြာရန္တင္းဝင္ရမည္ဟု ဆိုသည္။

ျမိဳ႕ၾကီးမ်ားစြာတြင္ ေနအိမ္၌ ထပ္မံ၍ ေစာင့္ၾကည့္ကာလ ေနထိုင္ရန္လည္း ျပဌာန္းထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China starts using anal swabs to test 'high-risk' people for Covid (the guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service