အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ် မြေ ဝယ်ယူခြင်း

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ် မြေ ဝယ်ယူခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
29 Jan 2021 11:14 am တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

''အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါဆိုပြီး ဖယ်ပေးဖို့ နို့တစ်ပို့့တယ်ဆရာ၊ အဲဒါ ဘာဖြစ် လာနိုင်ပါသလဲ''ဟု မိတ်ဆွေတစ်ဦး က စာရေးသူထံ လာရောက် တိုင်ပင် ဆွေးနွေးလာပါသည်။

''အကြောင်းကြားစာအရတော့ သူ့အမည်ပေါက် ပါမစ်မြေလို့ဆိုထား ပါလား''

''ဟုတ်တယ်ဆရာ''

''ခင်ဗျားတို့ ဝယ်စဉ်က စာရွက် စာတမ်းတွေ သေချာမစိစစ်ခဲ့ဘူးနဲ့ တူတယ်''

''တကယ်တော့ ကျွန်တော်တို့က လည်း တစ်ဆင့်ဝယ်တဲ့ အိမ်ဖြစ် တယ်''

''ကဲ-ဖြစ်စဉ်လေး ပြောပြပါဦး''

''ကျွန်တော်ဝယ်စဉ်က ခြံစည်း ရိုးက တစ်ခြမ်းပဲ ကာရံထားတယ်။ ဒါပေမယ့် အိမ်သေးသေးတစ်လုံးရှိ တယ်။ မီးရှိတယ်။ ရေကတော့ လက် တုန်ကင်လုပ်ပေးထားတယ်။ ဒါနဲ့ အဆင်ပြေတယ်ဆိုပြီး ဝယ်ဖြစ်သွား တာပဲ''

''ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ ရှိသလား''

''ညာဘက်ခြမ်းမှာတော့ အိမ်ရှိ တယ်။ လူတွေလည်းနေကြတယ်။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက် လပ်အနေနဲ့ရှိတယ်။ အခုတော့ အိမ် တွေနဲ့ စည်ကားနေပါပြီ''

''အခုမှလာပြီး သူ့မြေကွက်ပါ။ ဖယ်ပေးပါဆိုပြီး နို့တစ်ပေးတာမ ဟုတ်လား။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပဲ''

''အိမ်ဆောက်တုန်းကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီးသူ့မြေပါဆိုလို့ ဥပဒေကခွင့်ပြု ပါသလား''

''လောလောဆယ် စိတ်ကို တည် တည်ငြိမ်ငြိမ်ထားပြီး ကျွန်တော်မေး တာလေးဖြေပေးပါ''ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို အေးဆေးစွာပြော လိုက်ပါသည်။

''ရုတ်တရက် စာရောက်လာ တော့ စိတ်ထဲမှာ အတော်ရှုပ်သွား တယ်''

''မှန်ပါတယ်။ ကျွန်တော် ခံစား မိပါတယ်။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထားရှိပါသလဲ။ မြေဂရန် စာချုပ်ရှိသလား''

''ဂရန်တော့ မလျှောက်ရသေး ဘူးဗျာ။ သူတို့က ဒီမြေချပါမစ်ပြ တယ်။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်နှစ်ခုပေး တယ်''ဟုဆိုပြီး စာရေးသူအား အရပ် စာချုပ်နှစ်ခုကို ပြသပါသည်။

''ဒီအရပ်စာချုပ်တွေကတော့ အထောက်အထားတစ်ခုအဖြစ် တင် ပြနိုင်တာပေါ့လေ။ အဓိကအချက်က အဲဒီမြေကွက်ရဲ့ ပါမစ်စာချုပ်ပါတယ် မဟုတ်လား။ သူငယ်ချင်းပြတဲ့ အခု ဒီပါမစ်စာချုပ်က မိသားစုဓာတ်ပုံ လည်း မပါလာပါလား''

''ဟုတ်တယ်။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက်မဟုတ်တော့ သူပေးတာပဲ ယူထားလိုက်တာ''

''အင်း-လွယ်လွယ်ကူကူလုပ် တော့လည်း အမှားပါတတ်တယ် သူ ငယ်ချင်း။ ကိုယ့်အမြင်တော့ ဒီပါမစ် စာချုပ်က အတုဖြစ်မယ်ထင်တယ်။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူး လား''

''အခုသွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရ တယ်။ ဒါကြောင့် အတော်ထိတ်လန့် သွားတာ သူငယ်ချင်း''

''မိမိထံရောင်းသွားတဲ့ သူကို ဆက်သွယ်လို့ရသေးလား''

''၉ နှစ် ၁ဝ နှစ်လောက်ရှိပြီဆို တော့ လိပ်စာလည်း မသိတော့ဘူး။ ရောင်းစဉ်က အခုအိမ်လိပ်စာနဲ့ ရောင်းသွားတာဆိုတော့ ဘယ်ဆက် သွယ်ရမှန်း မသိတော့ဘူး''

''ဟုတ်ပြီလေ၊ ဥပဒေအရ ကျွန် တော်တို့ စဉ်းစားကြည့်တာပေါ့။ ပြီး တာတွေတော့ ပြီးခဲ့ပြီ။ အိမ်လည်း ဆောက်နေခဲ့ပြီ။ ဒီတော့ လက်ဝယ် ရှိနေပြီဆိုတဲ့အတွက် နည်းနည်းတော့ အခွင့်အရေးရှိပါသေးတယ်''

''အချို့ကပြောတော့ ကျွန်တော် တို့က မူလပိုင်ရှင်ရှိမှန်းမသိလို့ ဝယ် မိတာဆိုရင် ဆင်းပေးရန် တာဝန်မရှိ ဘူးဆိုတာ ဟုတ်ပါသလား''

''အိမ်ကတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ထားတဲ့အတွက် မိမိပိုင်အိမ် လို့ ပြောပိုင်ခွင့်ရှိပေမယ့် မြေက ပိုင် ရှင်အစစ်ထံက ဝယ်ယူခဲ့ခြင်းမဟုတ် လို့ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး''

''တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား''

''ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ခင်လှမူနှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံး စာမျက်နှာ -၁ဝ၅ အမှုမှာ ပိုင် ရှင်လက်ရှိ ဝင်ရောက်နေထိုင်ခြင်းမရှိ သေးမီ အခြားသူဝင်ရောက်၍ အိမ် ဆောက်နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်းဖြစ်သည်။ မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆို နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆို ပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ် ပါတယ်''

''အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုးရနိုင် ပါသလား''

''ဒါကတော့ တရားရုံးရဲ့ ဆုံး ဖြတ်ချက်ပေါ်မှာ မူတည်မှာဖြစ်ပါ တယ်။ အမှုဖြစ်စဉ်က မတူညီတဲ့အ တွက် တစ်ထစ်ချတော့ မပြောနိုင်ဘူး သူငယ်ချင်း၊ ဒါပေမယ့် သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူအပေါ်မှာတော့ လျော်ကြေးတောင်းပိုင်ခွင့်ရှိမှာဖြစ်ပါ တယ်''

''သူက လိပ်စာရှာမတွေ့ဖြစ်နေ တော့ အဆင်မပြေဘူး''

''ဒါကတော့ ကြိုးစားရှာရမယ်။ မဖြစ်ရင် တရားစွဲဆိုရမယ် သူငယ် ချင်း''

''မဖြစ်တော့ဘူးဆိုရင်တော့ ပွဲ စားလုပ်ပေးတဲ့ သူကတစ်ဆင့်ရှာရ မှာပဲ''

''သူငယ်ချင်းရဲ့ အရောင်းအ ဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြေလည် သည်အထိ ဆောင်ရွက်ပေးပါမည်။ ပြေလည်ခြင်းမရှိပါက ဝယ်သူကို နစ် နာမှုမရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့အတွက် တရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ်''

''အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘောမဟုတ်ဘူးလား''

''အရောင်းအဝယ်ထပ်တယ်ဆို တာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေ နဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချ လိုက်မယ်။ ဝယ်သူက ဝင်မနေဘဲ ကာလအကြာမှာ အိမ်မြေပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ်'' ''ပိုင်ရှင်တစ်ဦးတည်းက နှစ်ခါ ရောင်းတဲ့ သဘောပေါ့''

''ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ လည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင်နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ (၄)၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၁၈ အမှုမှာဆုံးဖြတ်ထားပါတယ်။ ဒါ ကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့်ရှိပါတယ်''

''ယုံလွယ်ရင် အမှားဖြစ်တတ် တယ်ဆိုတာ သဘောပေါက်သွားပြီ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာ ရွက်စာတမ်း မှန် မမှန်သေချာလေ့ လာရမှာ''

''မှန်ပါတယ်။ အိမ် ခြံ မြေဆို တာက အမျိုးမျိုးရှိတယ်။ ဥယျာဉ်ခြံ မြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ လယ်ယာ မြေ စသဖြင့် ရှုပ်ထွေးတယ်။ ဒီအ ပေါ်မှာ အခွင့်အရေးယူပြီး အမြတ် ထုတ်တဲ့ သူတွေလည်း ရှိကြတယ်။ ဒါကြောင့် ဘယ်သူမဆို အိမ်မြေဝယ် မယ်ဆိုရင် နားလည်တတ်ကျွမ်းသူ တွေနဲ့ သေချာလေ့လာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေး နွေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ၿခံေျမ၀ယ္ယူလိုသူမ်ား သတိျပဳစရာယံုလြယ္လွ်င္ အမွားျဖစ္တတ္သည့္ အိမ္ ေျမ ၀ယ္ယူျခင္း

''အိမ္ေဆာက္ေနလာတာ ၁ဝ ႏွစ္ခန္႔ရွိမွ သူ႔ေျမပါဆုိၿပီး ဖယ္ေပးဖုိ႔ ႏုိ႔တစ္ပု႔ိ႔တယ္ဆရာ၊ အဲဒါ ဘာျဖစ္ လာႏုိင္ပါသလဲ''ဟု မိတ္ေဆြတစ္ဦး က စာေရးသူထံ လာေရာက္ တုိင္ပင္ ေဆြးေႏြးလာပါသည္။

''အေၾကာင္းၾကားစာအရေတာ့ သူ႔အမည္ေပါက္ ပါမစ္ေျမလုိ႔ဆုိထား ပါလား''

''ဟုတ္တယ္ဆရာ''

''ခင္ဗ်ားတုိ႔ ဝယ္စဥ္က စာရြက္ စာတမ္းေတြ ေသခ်ာမစိစစ္ခဲ့ဘူးနဲ႔ တူတယ္''

''တကယ္ေတာ့ ကြၽန္ေတာ္တုိ႔က လည္း တစ္ဆင့္ဝယ္တဲ့ အိမ္ျဖစ္ တယ္''

''ကဲ-ျဖစ္စဥ္ေလး ေျပာျပပါဦး''

''ကြၽန္ေတာ္ဝယ္စဥ္က ၿခံစည္း ႐ုိးက တစ္ျခမ္းပဲ ကာရံထားတယ္။ ဒါေပမယ့္ အိမ္ေသးေသးတစ္လုံးရွိ တယ္။ မီးရွိတယ္။ ေရကေတာ့ လက္ တုန္ကင္လုပ္ေပးထားတယ္။ ဒါနဲ႔ အဆင္ေျပတယ္ဆိုၿပီး ဝယ္ျဖစ္သြား တာပဲ''

''ေဘးပတ္ဝန္းက်င္မွာ အိမ္ေတြ ရွိသလား''

''ညာဘက္ျခမ္းမွာေတာ့ အိမ္ရွိ တယ္။ လူေတြလည္းေနၾကတယ္။ ဘယ္ဘက္ျခမ္းမွာေတာ့ ေျမကြက္ လပ္အေနနဲ႔ရွိတယ္။ အခုေတာ့ အိမ္ ေတြနဲ႔ စည္ကားေနပါၿပီ''

''အခုမွလာၿပီး သူ႔ေျမကြက္ပါ။ ဖယ္ေပးပါဆုိၿပီး ႏုိ႔တစ္ေပးတာမ ဟုတ္လား။ ဒါကလည္း မၾကာမၾကာ ျဖစ္တတ္တဲ့ ျပႆနာတစ္ခုပဲ''

''အိမ္ေဆာက္တုန္းကလည္း ဘယ္သူမွ မကန္႔ကြက္ခဲ့ဘဲနဲ႔ အခုမွ လာၿပီးသူ႔ေျမပါဆုိလုိ႔ ဥပေဒကခြင့္ျပဳ ပါသလား''

''ေလာေလာဆယ္ စိတ္ကို တည္ တည္ၿငိမ္ၿငိမ္ထားၿပီး ကြၽန္ေတာ္ေမး တာေလးေျဖေပးပါ''ဟု စာေရးသူက မိတ္ေဆြျဖစ္သူကို ေအးေဆးစြာေျပာ လုိက္ပါသည္။

''႐ုတ္တရက္ စာေရာက္လာ ေတာ့ စိတ္ထဲမွာ အေတာ္႐ႈပ္သြား တယ္''

''မွန္ပါတယ္။ ကြၽန္ေတာ္ ခံစား မိပါတယ္။ အခုဝယ္ထားတဲ့ ေျမနဲ႔ ပတ္သက္ၿပီး ဘာစာရြက္စာတမ္း အေထာက္အထားရွိပါသလဲ။ ေျမဂရန္ စာခ်ဳပ္ရွိသလား''

''ဂရန္ေတာ့ မေလွ်ာက္ရေသး ဘူးဗ်ာ။ သူတုိ႔က ဒီေျမခ်ပါမစ္ျပ တယ္။ ၿပီးေတာ့ သူတုိ႔ အဆင့္ဆင့္ လက္လႊဲဝယ္ထားတဲ့ စာခ်ဳပ္ႏွစ္ခုေပး တယ္''ဟုဆုိၿပီး စာေရးသူအား အရပ္ စာခ်ဳပ္ႏွစ္ခုကို ျပသပါသည္။

''ဒီအရပ္စာခ်ဳပ္ေတြကေတာ့ အေထာက္အထားတစ္ခုအျဖစ္ တင္ ျပႏုိင္တာေပါ့ေလ။ အဓိကအခ်က္က အဲဒီေျမကြက္ရဲ႕ ပါမစ္စာခ်ဳပ္ပါတယ္ မဟုတ္လား။ သူငယ္ခ်င္းျပတဲ့ အခု ဒီပါမစ္စာခ်ဳပ္က မိသားစုဓာတ္ပုံ လည္း မပါလာပါလား''

''ဟုတ္တယ္။ ကုိယ္ဝယ္စဥ္က အမည္ေပါက္ တုိက္႐ုိက္မဟုတ္ေတာ့ သူေပးတာပဲ ယူထားလုိက္တာ''

''အင္း-လြယ္လြယ္ကူကူလုပ္ ေတာ့လည္း အမွားပါတတ္တယ္ သူ ငယ္ခ်င္း။ ကုိယ့္အျမင္ေတာ့ ဒီပါမစ္ စာခ်ဳပ္က အတုျဖစ္မယ္ထင္တယ္။ ေျမစာရင္းဌာနကုိ သြားမစုံစမ္းဘူး လား''

''အခုသြားစုံစမ္းေတာ့ ႏုိ႔တစ္ ေပးတဲ့ သူရဲ႕ အမည္ေပါက္လုိ႔ သိရ တယ္။ ဒါေၾကာင့္ အေတာ္ထိတ္လန္႔ သြားတာ သူငယ္ခ်င္း''

''မိမိထံေရာင္းသြားတဲ့ သူကို ဆက္သြယ္လုိ႔ရေသးလား''

''၉ ႏွစ္ ၁ဝ ႏွစ္ေလာက္ရွိၿပီဆုိ ေတာ့ လိပ္စာလည္း မသိေတာ့ဘူး။ ေရာင္းစဥ္က အခုအိမ္လိပ္စာနဲ႔ ေရာင္းသြားတာဆုိေတာ့ ဘယ္ဆက္ သြယ္ရမွန္း မသိေတာ့ဘူး''

''ဟုတ္ၿပီေလ၊ ဥပေဒအရ ကြၽန္ ေတာ္တုိ႔ စဥ္းစားၾကည့္တာေပါ့။ ၿပီး တာေတြေတာ့ ၿပီးခဲ့ၿပီ။ အိမ္လည္း ေဆာက္ေနခဲ့ၿပီ။ ဒီေတာ့ လက္ဝယ္ ရွိေနၿပီဆုိတဲ့အတြက္ နည္းနည္းေတာ့ အခြင့္အေရးရွိပါေသးတယ္''

''အခ်ဳိ႕ကေျပာေတာ့ ကြၽန္ေတာ္ တုိ႔က မူလပုိင္ရွင္ရွိမွန္းမသိလုိ႔ ဝယ္ မိတာဆုိရင္ ဆင္းေပးရန္ တာဝန္မရွိ ဘူးဆုိတာ ဟုတ္ပါသလား''

''အိမ္ကေတာ့ ကုိယ္ပုိင္ေငြနဲ႔ ေဆာက္ထားတဲ့အတြက္ မိမိပုိင္အိမ္ လုိ႔ ေျပာပုိင္ခြင့္ရွိေပမယ့္ ေျမက ပုိင္ ရွင္အစစ္ထံက ဝယ္ယူခဲ့ျခင္းမဟုတ္ လုိ႔ ပုိင္ဆုိင္ခြင့္ရမွာမဟုတ္ဘူး''

''တကယ္လုိ႔ တရားစြဲဆုိလာရင္ ဖယ္ေပးရမွာလား''

''ဒါနဲ႔ ပတ္သက္လုိ႔ ရွင္းေအာင္ ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ ထားတဲ့ ေဒၚခင္လွမူႏွင့္ ေဒၚစိန္စိန္ ၂ဝဝ၃ ခုႏွစ္၊ ျမန္မာႏုိင္ငံ တရားစီရင္ ထုံး စာမ်က္ႏွာ -၁ဝ၅ အမႈမွာ ပုိင္ ရွင္လက္ရွိ ဝင္ေရာက္ေနထုိင္ျခင္းမရွိ ေသးမီ အျခားသူဝင္ေရာက္၍ အိမ္ ေဆာက္ေနထုိင္ျခင္းသည္ က်ဴးေက်ာ္ ေနထုိင္ျခင္းျဖစ္သည္။ ေျမပုိင္ရွင္က ေျမကြက္ကို စြန္႔လႊတ္သည္ဟု မဆုိ ႏုိင္ေၾကာင္း ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ေျမကြက္ပုိင္ရွင္က အဆုိ ပါ ေျမကြက္ကို စြန္႔လႊတ္ထားေၾကာင္း အေထာက္အထားျပဖုိ႔ လုိအပ္မွာ ျဖစ္ ပါတယ္''

''အိမ္က ေဆာက္လုပ္ထားတဲ့ အတြက္ အမႈ႐ႈံးရင္ အိမ္တန္ဖုိးရႏုိင္ ပါသလား''

''ဒါကေတာ့ တရား႐ုံးရဲ႕ ဆုံး ျဖတ္ခ်က္ေပၚမွာ မူတည္မွာျဖစ္ပါ တယ္။ အမႈျဖစ္စဥ္က မတူညီတဲ့အ တြက္ တစ္ထစ္ခ်ေတာ့ မေျပာႏုိင္ဘူး သူငယ္ခ်င္း၊ ဒါေပမယ့္ သူငယ္ခ်င္း ကုိ ေရာင္းလုိက္တဲ့ သူအေပၚမွာေတာ့ ေလ်ာ္ေၾကးေတာင္းပုိင္ခြင့္ရွိမွာျဖစ္ပါ တယ္''

''သူက လိပ္စာရွာမေတြ႔ျဖစ္ေန ေတာ့ အဆင္မေျပဘူး''

''ဒါကေတာ့ ႀကိဳးစားရွာရမယ္။ မျဖစ္ရင္ တရားစြဲဆုိရမယ္ သူငယ္ ခ်င္း''

''မျဖစ္ေတာ့ဘူးဆုိရင္ေတာ့ ပြဲ စားလုပ္ေပးတဲ့ သူကတစ္ဆင့္ရွာရ မွာပဲ''

''သူငယ္ခ်င္းရဲ႕ အေရာင္းအ ဝယ္ ကတိစာခ်ဳပ္မွာ အ႐ႈပ္အရွင္း ျပႆနာတစ္စုံတစ္ခုရွိလွ်င္ ေျပလည္ သည္အထိ ေဆာင္ရြက္ေပးပါမည္။ ေျပလည္ျခင္းမရွိပါက ဝယ္သူကုိ နစ္ နာမႈမရွိေစရန္ ေပးေလ်ာ္မည္လုိ႔ ေဖာ္ျပထားတဲ့အတြက္ တရားစြဲဆုိ ေတာင္းပုိင္ခြင့္ရွိပါတယ္''

''အခုကိစၥက အေရာင္းအဝယ္ ထပ္တဲ့ သေဘာမဟုတ္ဘူးလား''

''အေရာင္းအဝယ္ထပ္တယ္ဆုိ တာက ပစၥည္းပုိင္ရွင္က ၄င္းပုိင္ေျမ နဲ႔ အိမ္တုိ႔ကုိ တစ္ဦးထံ ေရာင္းခ် လုိက္မယ္။ ဝယ္သူက ဝင္မေနဘဲ ကာလအၾကာမွာ အိမ္ေျမပုိင္ရွင္က အျခားတစ္ဦးကုိ ထပ္ေရာင္းတာမ်ဳိး ျဖစ္တယ္'' ''ပုိင္ရွင္တစ္ဦးတည္းက ႏွစ္ခါ ေရာင္းတဲ့ သေဘာေပါ့''

''ဟုတ္ပါတယ္။ ဒီလုိကိစၥမ်ဳိးမွာ လည္း လက္မဲ့ျဖစ္သူက ေရာင္းသူ အေပၚ ဝယ္ေစ်းအျပင္နစ္နာေၾကးပါ ရထုိက္တယ္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံး ျဖတ္ထားတဲ့ ဦးအဘူႏွင့္ ေဒၚကမာလ္ ဇံပါ (၄)၊ ၁၉၉၄ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၁၁၈ အမႈမွာဆုံးျဖတ္ထားပါတယ္။ ဒါ ေၾကာင့္ ဥပေဒနဲ႔အညီ နစ္နာေၾကး ရပုိင္ခြင့္ရွိပါတယ္''

''ယုံလြယ္ရင္ အမွားျဖစ္တတ္ တယ္ဆုိတာ သေဘာေပါက္သြားၿပီ။ အမွန္ေတာ့ ဝယ္စဥ္ကတည္းက စာ ရြက္စာတမ္း မွန္ မမွန္ေသခ်ာေလ့ လာရမွာ''

''မွန္ပါတယ္။ အိမ္ ၿခံ ေျမဆုိ တာက အမ်ဳိးမ်ဳိးရွိတယ္။ ဥယ်ာဥ္ၿခံ ေျမ၊ ပါမစ္ေျမ၊ ဂရန္ေျမ၊ လယ္ယာ ေျမ စသျဖင့္ ႐ႈပ္ေထြးတယ္။ ဒီအ ေပၚမွာ အခြင့္အေရးယူၿပီး အျမတ္ ထုတ္တဲ့ သူေတြလည္း ရွိၾကတယ္။ ဒါေၾကာင့္ ဘယ္သူမဆုိ အိမ္ေျမဝယ္ မယ္ဆုိရင္ နားလည္တတ္ကြၽမ္းသူ ေတြနဲ႔ ေသခ်ာေလ့လာစုံစမ္းၿပီးမွ ဝယ္သင့္တယ္ သူငယ္ခ်င္း''ဟု ေဆြး ေႏြးလုိက္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service