ကြက်သွန်နီက အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်

ကြက်သွန်နီက အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ် - Property Knowledge in Myanmar from iMyanmarHouse.com
29 Jan 2021 11:08 am တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တစ်ခုခုစားရင် ကြက်သွန်နီမထည့်နဲ့နော်။ ပါးစပ်နံမျာစိုးလို့ မကြိုက်ဘူးဆိုပြီး ပြောနေမိတာ ကိုယ်တိုင်တောင် အစစ်ပါပါတယ်။ ဒါပေမယ့် ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဂမုန်းလို့တောင်တင်စားကြတာပါ။ ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုတာပါ။ ဒီတော့ ကြက်သွန်နီကို မကြိုက်ပေမယ့်လည်း စားသင့်တဲ့အကြောင်းအရင်းလေးတွေကိုပြောပြပေးမယ်နော်။

ကြက်သွန်နီ

အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး။ အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။

ကြက်သွန်နီကပေးတဲ့ အာဟာရ

ကြက်သွန်နီမှာ

ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး

ဗီတာမင် B

ဗီတာမင် C

ပိုတက်ဆီယမ်

အမျှင်ဓါတ်

ပရိုတင်း

သကြားဓါတ်

မဂ္ဂနိ

သံဓါတ်

ကယ်လ်ဆီယမ်

ကာဗိုဟိုက်ဒရိတ်တို့ ကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေလည်းပါဝင်ပါတယ်။

ကြက်သွန်နီစားသင့်တဲ့ အကြောင်းအရင်း

Hello ဆရာဝန် ပရိသတ်ကြီးကို ကြက်သွန်နီစားပါလို့ပြောရတဲ့ အကြောင်းအရင်းကတော့

ကင်ဆာ ကာကွယ်ပေးတယ်

ကြက်သွန်နီမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ဗီတာမင် C လည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာတွေမဖြစ်အောင်အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာကျိတ်တွေကို ထပ်မပွားလာအောင်လည်း အထိရောက်ဆုံးဟန့်တားပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ သွေးတွင်းက အကျိုးမပြုကိုလက်စထရောပမာဏကိုကျဆင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးပေါင်ကျစေနိုင်ပြိး နှလုံးကို သွေးတိုးကြောင့် ထိခိုက်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်မှာပါ။ အဝလွန်နေသူတွေလည်း အထူးစားသုံးပေးသင့်ပါတယ်။ သွေးခဲပိတ်ဆို့မှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

အိပ်ပျော်စေနိုင်တယ်

ကြက်သွန်နီက စိတ်ဓါတ်ကျတာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး ဦးနှောက်ဆီကို လိုအပ်တဲ့ အာဟာရတွေနဲ့ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းစေတဲ့ ဟော်မုန်းတွေဖြစ်ကြတဲ့ ဒိုပါမင်၊ ဆီတိုနင်၊ အောက်ဆီတိုဆင် ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ပျော်ရွှင်စေနိုင်သလို အစားစားချင်စိတ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။

အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်

ဗီတာမင် C ကြွယ်ဝမှုကြောင့် ကော်လာဂျင်ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ဆံသားနဲ့ အရေပြားကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတယ်

ကြက်သွန်နီမှာ သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တဲ့ quercetin နဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အမျိုးအစား -၂ ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

အရိုးတွေသန်မာစေနိုင်တယ်

နို့နဲ့နို့ထွက်ပစ္စည်းတွေကပဲ အရိုးတွေကို သန်မာစေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ ကြက်သွန်နီကလည်း အရိုးတွေကိုသန်မာစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးသိပ်သည်းဆ လျော့ကျမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရိုးပွရာဂါ အရိုးပါးတာတွေကို ကာကွယ်လိုသူတိုင်း နေ့စဉ်ကြက်သွန်နီစားပေးသင့်ပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

အမျှင်ဓါတ်နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရတွေပါဝင်နေမှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အူလမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အစာခြေစနစ်ကျန်းမာမှုနဲ့အတူ ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓါကိုယ်ကို ရောဂါတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]



ကြက်သွန်နီ



ကြက်သွန်နီမှာ


ဗီတာမင် B

ဗီတာမင် C

ပိုတက်ဆီယမ်

အမျှင်ဓါတ်

ပရိုတင်း

သကြားဓါတ်

မဂ္ဂနိ

သံဓါတ်

ကယ်လ်ဆီယမ်




ကင်ဆာ ကာကွယ်ပေးတယ်




အိပ်ပျော်စေနိုင်တယ်













Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service