အိုမင်းမှုကို နှေးကွေးစေမည့် ကမ္ဘာ့ပထမဆုံး မျိုးဗီဇကုထုံး တရုတ်သိပ္ပံပညာရှင်များ ဖော်ထုတ်တွေ့ရှိ

အိုမင်းမှုကို နှေးကွေးစေမည့် ကမ္ဘာ့ပထမဆုံး မျိုးဗီဇကုထုံး တရုတ်သိပ္ပံပညာရှင်များ ဖော်ထုတ်တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
25 Jan 2021 10:52 am တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်၊ ပေကျင်းမြို့မှ သိပ္ပံပညာရှင်တို့သည် အိုမင်းခြင်း၏ သက်ရောက်မှု အချို့ကို ပြောင်းလဲပေးနိုင်သည့် မျိုးဗီဇကုထုံးသစ် တစ်မျိုးကို ကြွက်များဖြင့် စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့၏ သက်တမ်းကို တိုးမြင့်စေခဲ့သည်ဟု ဆိုသည်။

အဆိုပါကုထုံးသည် တစ်ချိန်တွင် လူသားများတွင်လည်း အသုံးပြုလာနိုင်ဖွယ်ရှိသည်။

ယင်းကုထုံးအကြောင်းကို ယခုလအစောပ်ိုင်းတွင် Science Translational Medicine ဂျာနယ်တွင် စာတမ်းတစ်ခုဖြင့် အသေးစိတ် ဖော်ပြထားသည် အဆိုပါကုထုံးမှာ kat7 ဟုခေါ်သော မျိုးဗီဇကို အသက်မဲ့အောင် ပြုလုပ်လိုက်ခြင်းနည်းလမ်းလည်း ပါဝင်သည်။

သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်အရ kat7 သည် ဆဲလ်များအိုမင်းရင့်ရော်မှုကို အဓိကဖြစ်စေသည့်အရာဖြစ်သည်ဟု ဆိုသည်။

ယခု ကုထုံးနှင့် စမ်းသပ်ချက်ရလဒ်များသည် ကမ္ဘာ့ပထမဆုံးဖြစ်ကြောင်း လေ့လာမှုကို ပူးတွဲဦးဆောင်ခဲ့သူ ပါမောက္ခ ကူးကျီန် (Qu Jing) က ပြောသည်။

အသက် ၄၀ အရွယ်ရှိ ပါမောက္ခ ကူးကျီန်သည် တရုတ်သိပ္ပံအကယ်ဒမီ (CAS) မှ အိုမင်းမှုနှင့် ပျက်စီးသွားသောတစ်သျှူးများ ပြန်လည်ဖွံ့ဖြိုးမှု ဆေးပညာဆိုင်ရာ ပါရဂူတစ်ဦးဖြစ်သည်။

ကုထုံးဖြင့် ၆ လမှ ၈ လအကြားစမ်းသပ်ပြီးချိန်တွင် ကြွက်များသည် အလုံးစုံ သွင်ပြင်အခြေအနေပြောင်းလဲမှုများရှိလာပြီး ခွန်အားလည်း ပိုကောင်းလာကာ အထူးသဖြင့် ၎င်းတို့၏ သက်တမ်းမှာ ၂၅ ရာခိုင်နှုန်းခန့် တိုးမြင့်သွားခဲ့ကြောင်း သူမက ဆက်လက်ပြောကြားသည်။

CAS ၏ အခြားသော ဌာနများမှ ဇီဝဗေဒပညာရှင်အဖွဲ့များက မျိုးဗီဇ ထောင်ပေါင်းများစွာကို CRISPR/Cas9 နည်းလမ်းအသုံးပြုကာ စမ်းသပ်ကြည့်ခြင်းများ ပြုလုပ်ခဲ့ပြီး ဆဲလ်များ အိုမင်းမှုဖြစ်စေသည့်အရာများကို ရှာဖွေခဲ့ကြသည်။

မျိုးဗီဇပေါင်း ၁၀၀၀၀ ခန့်မှ အိုမင်းမှုဖြစ်စေသည့်မျိုးဗီဇ ၁၀၀ ခန့် ဖော်ထုတ်တွေ့ရှိခဲ့ပြီး ယင်းအနက် ဆဲလ်များအိုမင်းမှုကို အများဆုံး ဖြစ်စေသည်မှာ kat7 ဖြစ်ကြောင်းတွေ့ရှိခဲ့ကြသည်ဟု ပါမောက္ခ ကူးကျီန်က ပြောသည်။

Kat7 သည် နို့တိုက်သတ္တဝါများတွင် တွေ့ရသည့် ထောင်ပေါင်းများစွာသော မျိုးဗီဇများအနက်မှ တစ်ခုဖြစ်သည်။

သုတေသီများက lentiviral vector ဟူသော နည်းလမ်းကို အသုံးပြုကာ ကြွက်များ၏ အသည်းများအတွင်းတွင် Kat7 မျိုးဗီဇကို အသက်မဲ့အောင် ပြုလုပ်လိုက်ကြခြင်း ဖြစ်သည်။

ယခုကုထုံးသည် လူသားများတွင် စမ်းသပ်နိုင်ရေးမှာမူ အလှမ်းဝေးသေးကြောင်း ပါမောက္ခ ကူးကျီန်က ပြောသည်။

“ဒီကုထုံးကို လူသားတွေအတွက် အသုံးမပြုမီ လူသားတွေရဲ့ ဆဲလ်တွေ၊ ကြွက်တွေရဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့ အခြားတိရ စ္ဆာန် တွေမှာ kat7 ရဲ့ လုပ်ဆောင်ပုံကို စမ်းသပ်ဖို့ လိုပါသေးတယ်”ဟု ပါမောက္ခ ကူးကျီန်က ဖြည့်စွက်ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese scientists develop gene therapy which could delay ageing (reuters)

[Zawgyi]

အိုမင္းမႈကို ေႏွးေကြးေစမည့္ ကမၻာ့ပထမဆံုး မ်ဳိးဗီဇကုထံုး တရုတ္သိပၸံပညာရွင္မ်ား ေဖာ္ထုတ္ေတြ႔ရွိ

တရုတ္ျပည္၊ ေပက်င္းျမိဳ႕မွ သိပၸံပညာရွင္တို႔သည္ အိုမင္းျခင္း၏ သက္ေရာက္မႈ အခ်ဳိ႕ကို ေျပာင္းလဲေပးႏိုင္သည့္ မ်ဳိးဗီဇကုထံုးသစ္ တစ္မ်ဳိးကို ၾကြက္မ်ားျဖင့္ စမ္းသပ္ေဖာ္ထုတ္ႏိုင္ခဲ့ျပီး ၎တို႔၏ သက္တမ္းကို တိုးျမင့္ေစခဲ့သည္ဟု ဆိုသည္။

အဆိုပါကုထံုးသည္ တစ္ခ်ိန္တြင္ လူသားမ်ားတြင္လည္း အသံုးျပဳလာႏိုင္ဖြယ္ရွိသည္။

ယင္းကုထံုးအေၾကာင္းကို ယခုလအေစာပို္င္းတြင္ Science Translational Medicine ဂ်ာနယ္တြင္ စာတမ္းတစ္ခုျဖင့္ အေသးစိတ္ ေဖာ္ျပထားသည္ အဆိုပါကုထံုးမွာ kat7 ဟုေခၚေသာ မ်ဳိးဗီဇကို အသက္မဲ့ေအာင္ ျပဳလုပ္လုိက္ျခင္းနည္းလမ္းလည္း ပါဝင္သည္။

သိပၸံပညာရွင္တို႔၏ ေတြ႔ရွိခ်က္အရ kat7 သည္ ဆဲလ္မ်ားအိုမင္းရင့္ေရာ္မႈကို အဓိကျဖစ္ေစသည့္အရာျဖစ္သည္ဟု ဆိုသည္။

ယခု ကုထံုးႏွင့္ စမ္းသပ္ခ်က္ရလဒ္မ်ားသည္ ကမၻာ့ပထမဆံုးျဖစ္ေၾကာင္း ေလ့လာမႈကို ပူးတြဲဦးေဆာင္ခဲ့သူ ပါေမာကၡ ကူးက်ီန္ (Qu Jing) က ေျပာသည္။

အသက္ ၄၀ အရြယ္ရွိ ပါေမာကၡ ကူးက်ီန္သည္ တရုတ္သိပၸံအကယ္ဒမီ (CAS) မွ အိုမင္းမႈႏွင့္ ပ်က္စီးသြားေသာတစ္သွ်ဴးမ်ား ျပန္လည္ဖြ႔ံျဖိဳးမႈ ေဆးပညာဆိုင္ရာ ပါရဂူတစ္ဦးျဖစ္သည္။

ကုထံုးျဖင့္ ၆ လမွ ၈ လအၾကားစမ္းသပ္ျပီးခ်ိန္တြင္ ၾကြက္မ်ားသည္ အလံုးစံု သြင္ျပင္အေျခအေနေျပာင္းလဲမႈမ်ားရွိလာျပီး ခြန္အားလည္း ပိုေကာင္းလာကာ အထူးသျဖင့္ ၎တို႔၏ သက္တမ္းမွာ ၂၅ ရာခိုင္ႏႈန္းခန္႔ တိုးျမင့္သြားခဲ့ေၾကာင္း သူမက ဆက္လက္ေျပာၾကားသည္။

CAS ၏ အျခားေသာ ဌာနမ်ားမွ ဇီဝေဗဒပညာရွင္အဖြဲ႔မ်ားက မ်ဳိးဗီဇ ေထာင္ေပါင္းမ်ားစြာကို CRISPR/Cas9 နည္းလမ္းအသံုးျပဳကာ စမ္းသပ္ၾကည့္ျခင္းမ်ား ျပဳလုပ္ခဲ့ျပီး ဆဲလ္မ်ား အိုမင္းမႈျဖစ္ေစသည့္အရာမ်ားကို ရွာေဖြခဲ့ၾကသည္။

မ်ဳိးဗီဇေပါင္း ၁၀၀၀၀ ခန္႔မွ အိုမင္းမႈျဖစ္ေစသည့္မ်ဳိးဗီဇ ၁၀၀ ခန္႔ ေဖာ္ထုတ္ေတြ႔ရွိခဲ့ျပီး ယင္းအနက္ ဆဲလ္မ်ားအိုမင္းမႈကို အမ်ားဆံုး ျဖစ္ေစသည္မွာ kat7 ျဖစ္ေၾကာင္းေတြ႔ရွိခဲ့ၾကသည္ဟု ပါေမာကၡ ကူးက်ီန္က ေျပာသည္။

Kat7 သည္ ႏို႔တိုက္သတၱဝါမ်ားတြင္ ေတြ႔ရသည့္ ေထာင္ေပါင္းမ်ားစြာေသာ မ်ဳိးဗီဇမ်ားအနက္မွ တစ္ခုျဖစ္သည္။

သုေတသီမ်ားက lentiviral vector ဟူေသာ နည္းလမ္းကို အသံုးျပဳကာ ၾကြက္မ်ား၏ အသည္းမ်ားအတြင္းတြင္ Kat7 မ်ဳိးဗီဇကို အသက္မဲ့ေအာင္ ျပဳလုပ္လိုက္ၾကျခင္း ျဖစ္သည္။

ယခုကုထံုးသည္ လူသားမ်ားတြင္ စမ္းသပ္ႏိုင္ေရးမွာမူ အလွမ္းေဝးေသးေၾကာင္း ပါေမာကၡ ကူးက်ီန္က ေျပာသည္။

“ဒီကုထံုးကို လူသားေတြအတြက္ အသံုးမျပဳမီ လူသားေတြရဲ႕ ဆဲလ္ေတြ၊ ၾကြက္ေတြရဲ႕ တျခားအဂၤါအစိတ္အပိုင္းေတြနဲ႔ အျခားတိရ စၦာန္ ေတြမွာ kat7 ရဲ႕ လုပ္ေဆာင္ပံုကို စမ္းသပ္ဖုိ႔ လိုပါေသးတယ္”ဟု ပါေမာကၡ ကူးက်ီန္က ျဖည့္စြက္ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese scientists develop gene therapy which could delay ageing (reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service