ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ

ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jan 2021 11:05 am တွင် တင်ခဲ့သည်
951 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[ Unicode]

ပစ္စည်းလွှဲပြောင်းခြင်းဆိုသည်မှာ အသက်ရှင်စဉ် တစ်ဦးတစ်ယောက်က အခြားသောတစ်ဦးတစ်ယောက်(သို့) အများသို့ဖြစ်စေ၊ ယခုအချိန်ပင်ဖြစ်စေ(သို့) နောက်အနာဂတ်ကာလတွင်ဖြစ်စေ လွှဲပြောင်းပေးခြင်း ကိုဆိုလိုပါသည်။ (ပုဒ်မ-၅)

ပဋိညာဉ်ပြုလုပ်ရန် အရည်အချင်းရှိပြီး လွှဲပြောင်းနိုင်သည့်ပစ္စည်းတစ်စုံတစ်ရာကို လွှဲပြောင်းနိုင်ခွင့်ရှိသူ(သို့) လွှဲပြောင်းနိုင်ရန် အခွင့်အာဏာ ပေးအပ်ထားခြင်းခံရသူတို့သည် တစ်စိတ်တစ်ဒေသဖြစ်စေ၊ အပြီးအပြတ်ဖြစ်စေ၊ ပစ္စည်းအားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်ထား၍ တည်ဆဲဥပဒေက ခွင့်ပြုသည့် စည်းကမ်းနည်းလမ်းအတိုင်း လွှဲပြောင်း ပေးနိုင်သည်။ (ပုဒ်မ-၇)

ပစ္စည်းလွှဲပြောင်းခြင်းကို စာဖြင့်ရေးသားပြီးလွှဲပြောင်းရမည်ဟု ဥပဒေအရ အတိအလင်းပြဌာန်းထားခြင်းမရှိလျှင် နှုတ် ဖြင့် လွှဲပြောင်းနိုင်သည်။ (ပုဒ်မ-၉)

မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်ကို နှစ်ဦးဖြစ်စေ၊ နှစ်ဦးထက်ပို၍ဖြစ်စေ ပိုင်ဆိုင်ကြရာတွင် မိမိပိုင်သည့် ဝေစုကို လွှဲပြောင်းပေးနိုင်သည်။ ထိုသို့လွှဲပြောင်းပေးရာတွင် လက်ခံသူသည် လွှဲပြောင်းပေးသူ ပိုင်ဆိုင်ခွင့်ရှိသလောက်သာ ရပိုင်ခွင့်ရှိသည်။

သို့ရာတွင် ထိုပစ္စည်းသည် လူနေအိမ်ဖြစ်၍ မိသားစုများ မခွဲဝေရသေးသည့် အမွေပစ္စည်းဖြစ်၍ ဝယ်ယူသူ သည် မိသားစုဝင်မဟုတ်ပဲ အခြားသူစိမ်းဖြစ်နေလျှင် လွှဲပြောင်းပေးရန် တောင်းဆိုခြင်းမပြုနိုင်။ (ပုဒ်မ-၄၄)

ပစ္စည်းလွှဲပြောင်းခြင်းမပြုနိုင်သည့် ပစ္စည်းများ

၁။ ပစ္စည်းများကို အမွေဆက်ခံခွင့်နှင့်အခြားရပိုင်ခွင့်များ။

၂။ စည်းကမ်းဖောက်ဖျက်သဖြင့် ပြန်လည်သိမ်းပိုက်ခွင့်သက်သက်ကို သက်ဆိုင်ရာပစ္စည်းရှင်သို့သာ လွှဲပြောင်းနိုင်ခြင်း။

၃။ အသုံးပြုနိုင်ခွင့် အခွင့်အရေးနှင့်ဆက်စပ်သည့် ပစ္စည်း။

၄။ ပစ္စည်းရှင်အတွက် သီးသန့်ခံစားခွင့်ပေးထားသော ပစ္စည်း၏ အကျိုးစီးပွားနှင့် ပိုင်ဆိုင်ခွင့်များ။

၅။ လူတစ်ဦးတစ်ယောက်၏ နောင်အနာဂတ်ကာလတွင် ခံစားခွင့်ရှိသည့်ထောက်ပံ့ကြေးများ။

၆။ တရားစွဲဆိုပိုင်ခွင့်များ။

၇။ အစိုးရဝန်ထမ်းလစာများ။

၈။ တပ်မတော်သားများနှင့် ပြည်သူ့ဝန်ထမ်းများ၏ စတိုင်ပင်များ၊ နိုင်ငံရေးပင်စင်များ၊ (ပုဒ်မ၆)

မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို တစ်ခုလုံး(သို့) တစ်စိတ်တဒေသကို လွှဲပြောင်းခြင်းခံရသူ၏ လက်ဝယ်သို့ လက်ရောက်ရပြီးဖြစ်လျှင် ပဋိညာဉ်စာချုပ်အရ ပြုလုပ်မှုရှိသည့် အချို့အချက်ကိုဆောင်ရွက်ပြီး ဖြစ်သည်။ လွှဲပြောင်းခံရသူက ပဋိညာဉ်ပါ ၎င်းဆောင်ရွက်ရမည့်အပိုင်းကိုဆောင်ရွက်ရန် စိတ်ဆန္ဒရှိရမည်။ ယင်း ပဋိညာဉ်ကို မှတ်ပုံတင်ရန်လိုအပ်သော်လည်း မှတ်ပုံမတင်ရသေးခြင်း(သို့) လွှဲပြောင်းခြင်းမှာ တည်ဆဲဥပဒေအရ ဆောင်ရွက်မှုမပြီးစီးသေးခြင်းအတွက် လွှဲပြောင်းသူ(သို့) ၎င်း၏ကိုယ်စားဖြစ်သူသည် ပဋိညာဉ်တွင် အတိအလင်း ဖော်ပြပါရှိသော အခွင့်အရေးမှတပါး လွှဲပြောင်းခြင်းခံရသူအား ယင်းပစ္စည်းကိုရယူထားခြင်းအတွက် ၎င်းအပေါ် တွင် အတင်းအကြပ်အရေးယူပိုင်ခွင့်မရှိစေရ။ သို့သော် ဤပုဒ်မအရ ပဋိညာဉ်(သို့)တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း ကို မသိသော အဖိုးစားနားအတွက် လွှဲပြောင်းခြင်းခံရသူ၏ အခွင့်အရေးများကို မထိခိုက်စေရ။ [ပုဒ်မ-၅၃ (က)]

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi Version]

ပစၥည္းလႊဲေျပာင္းျခင္းဆိုင္ရာ သိမွတ္ဖြယ္ရာမ်ား

ပစၥည္းလႊဲေျပာင္းျခင္းဆိုသည္မွာ အသက္ရွင္စဥ္ တစ္ဦးတစ္ေယာက္က အျခားေသာတစ္ဦးတစ္ေယာက္(သို႔) အမ်ားသို႕ျဖစ္ေစ၊ ယခုအခ်ိန္ပင္ျဖစ္ေစ(သို႔) ေနာက္အနာဂတ္ကာလတြင္ျဖစ္ေစ လႊဲေျပာင္းေပးျခင္း ကိုဆိုလိုပါသည္။ (ပုဒ္မ-၅)

ပဋိညာဥ္ျပဳလုပ္ရန္ အရည္အခ်င္းရွိၿပီး လႊဲေျပာင္းႏိုင္သည့္ပစၥည္းတစ္စုံတစ္ရာကို လႊဲေျပာင္းနိုင္ခြင့္ရွိသူ(သို႔) လႊဲေျပာင္းႏိုင္ရန္ အခြင့္အာဏာ ေပးအပ္ထားျခင္းခံရသူတို႔သည္ တစ္စိတ္တစ္ေဒသျဖစ္ေစ၊ အၿပီးအျပတ္ျဖစ္ေစ၊ ပစၥည္းအားလုံးကိုျဖစ္ေစ၊ စည္းကမ္းခ်က္ထား၍ တည္ဆဲဥပေဒက ခြင့္ျပဳသည့္ စည္းကမ္းနည္းလမ္းအတိုင္း လႊဲေျပာင္း ေပးႏိုင္သည္။ (ပုဒ္မ-၇)

ပစၥည္းလႊဲေျပာင္းျခင္းကို စာျဖင့္ေရးသားၿပီးလႊဲေျပာင္းရမည္ဟု ဥပေဒအရ အတိအလင္းျပဌာန္းထားျခင္းမရွိလွ်င္ ႏႈတ္ ျဖင့္ လႊဲေျပာင္းႏိုင္သည္။ (ပုဒ္မ-၉)

မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းတစ္ရပ္ရပ္ကို ႏွစ္ဦးျဖစ္ေစ၊ ႏွစ္ဦးထက္ပို၍ျဖစ္ေစ ပိုင္ဆိုင္ၾကရာတြင္ မိမိပိုင္သည့္ ေ၀စုကို လႊဲေျပာင္းေပးႏိုင္သည္။ ထိုသို႔လႊဲေျပာင္းေပးရာတြင္ လက္ခံသူသည္ လႊဲေျပာင္းေပးသူ ပိုင္ဆိုင္ခြင့္ရွိသေလာက္သာ ရပိုင္ခြင့္ရွိသည္။

သို႔ရာတြင္ ထိုပစၥည္းသည္ လူေနအိမ္ျဖစ္၍ မိသားစုမ်ား မခြဲေ၀ရေသးသည့္ အေမြပစၥည္းျဖစ္၍ ၀ယ္ယူသူ သည္ မိသားစု၀င္မဟုတ္ပဲ အျခားသူစိမ္းျဖစ္ေနလွ်င္ လႊဲေျပာင္းေပးရန္ ေတာင္းဆိုျခင္းမျပဳႏိုင္။ (ပုဒ္မ-၄၄)

ပစၥည္းလႊဲေျပာင္းျခင္းမျပဳႏိုင္သည့္ ပစၥည္းမ်ား

၁။ ပစၥည္းမ်ားကို အေမြဆက္ခံခြင့္ႏွင့္အျခားရပိုင္ခြင့္မ်ား။

၂။ စည္းကမ္းေဖာက္ဖ်က္သျဖင့္ ျပန္လည္သိမ္းပိုက္ခြင့္သက္သက္ကို သက္ဆိုင္ရာပစၥည္းရွင္သို႔သာ လႊဲေျပာင္းႏိုင္ျခင္း။

၃။ အသုံးျပဳႏိုင္ခြင့္ အခြင့္အေရးႏွင့္ဆက္စပ္သည့္ ပစၥည္း။

၄။ ပစၥည္းရွင္အတြက္ သီးသန္႔ခံစားခြင့္ေပးထားေသာ ပစၥည္း၏ အက်ိဳးစီးပြားႏွင့္ ပိုင္ဆိုင္ခြင့္မ်ား။

၅။ လူတစ္ဦးတစ္ေယာက္၏ ေနာင္အနာဂတ္ကာလတြင္ ခံစားခြင့္ရွိသည့္ေထာက္ပံ့ေၾကးမ်ား။

၆။ တရားစြဲဆိုပိုင္ခြင့္မ်ား။

၇။ အစိုးရ၀န္ထမ္းလစာမ်ား။

၈။ တပ္မေတာ္သားမ်ားႏွင့္ ျပည္သူ႔၀န္ထမ္းမ်ား၏ စတိုင္ပင္မ်ား၊ ႏိုင္ငံေရးပင္စင္မ်ား၊ (ပုဒ္မ၆)

မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းတစ္စုံတစ္ရာကို တစ္ခုလုံး(သို႔) တစ္စိတ္တေဒသကို လႊဲေျပာင္းျခင္းခံရသူ၏ လက္၀ယ္သို႔ လက္ေရာက္ရၿပီးျဖစ္လွ်င္ ပဋိညာဥ္စာခ်ဳပ္အရ ျပဳလုပ္မႈရွိသည့္ အခ်ိဳ႕အခ်က္ကိုေဆာင္ရြက္ၿပီး ျဖစ္သည္။ လႊဲေျပာင္းခံရသူက ပဋိညာဥ္ပါ ၄င္းေဆာင္ရြက္ရမည့္အပိုင္းကိုေဆာင္ရြက္ရန္ စိတ္ဆႏၵရွိရမည္။ ယင္း ပဋိညာဥ္ကို မွတ္ပံုတင္ရန္လိုအပ္ေသာ္လည္း မွတ္ပုံမတင္ရေသးျခင္း(သို႔) လႊဲေျပာင္းျခင္းမွာ တည္ဆဲဥပေဒအရ ေဆာင္ရြက္မႈမၿပီးစီးေသးျခင္းအတြက္ လႊဲေျပာင္းသူ(သို႔) ၄င္း၏ကိုယ္စားျဖစ္သူသည္ ပဋိညာဥ္တြင္ အတိအလင္း ေဖာ္ျပပါရွိေသာ အခြင့္အေရးမွတပါး လႊဲေျပာင္းျခင္းခံရသူအား ယင္းပစၥည္းကိုရယူထားျခင္းအတြက္ ၄င္းအေပၚ တြင္ အတင္းအၾကပ္အေရးယူပိုင္ခြင့္မရွိေစရ။ သို႔ေသာ္ ဤပုဒ္မအရ ပဋိညာဥ္(သို႔)တစ္ပိုင္းတစ္စ ေဆာင္ရြက္ျခင္း ကို မသိေသာ အဖိုးစားနားအတြက္ လႊဲေျပာင္းျခင္းခံရသူ၏ အခြင့္အေရးမ်ားကို မထိခိုက္ေစရ။ [ပုဒ္မ-၅၃ (က)]

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔မွအထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service