ဂေါ်ဖီထုပ်နှင့် ကျန်းမာရေးကောင်းကျိုးများ

ဂေါ်ဖီထုပ်နှင့် ကျန်းမာရေးကောင်းကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
23 Jan 2021 10:54 am တွင် တင်ခဲ့သည်
3246 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဂေါ်ဖီထုပ်ကို အင်္ဂလိပ်လို Cabbage ဟု‌ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Brassica oleracea ဟုခေါ်ပါသည်။ ဂေါ်ဖီကို အချို့သော‌‌ဒေသများတွင် မုန်လာထုပ် ဟုခေါ်ကြပါသည်။ မည်သည့်ဒေသတွင်မဆို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော ဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်ပါသည်။

ဂေါ်ဖီထုပ်သည် ဈေးနှုန်းသိပ်မကြီးသော်လည်း သကြားဓာတ် ၊ အမျှင်ဓာတ် ၊ ပရိုတင်း ၊ ဗီတာမင်စီ၊ ဖောလ်လစ်အက်စစ် ၊ ဗီတာမင်ဘီ ၊ ကယ်လ်ဆီယမ် ၊ ပိုတက်ဆီယမ် ၊ ဗီတာမင်အေ ၊ သံဓာတ် ၊ အန်တီ‌အောက်ဆီဒန့် စသော အာဟာရဓာတ်များပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါသည်။

ဂေါ်ဖီထုပ်ကို ဟင်းချိုချက်ခြင်း ၊ အသားတစ်မျိုးမျိုးနှင့် ရောကြော်ခြင်း ၊ အသုပ်ထဲထည့်ခြင်း၊ အစိမ်းကြော်ခြင်း ၊ ကော်ပြန့် ၊ စမူဆာ စသော သရေစာမုန့်များထဲတွင် အဆာပလာအနေဖြင့်ထည့်ခြင်း၊ ဂေါ်ဖီအချဉ်တည်ခြင်းနှင့် တို့စရာအဖြစ် ငါးပိရည်နှင့် တို့စားခြင်း စသဖြင့် အမျိုးမျိုးလုပ်စားကြပါသည်။

ဂေါ်ဖီထုပ်စားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ

၁။ ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း

ဂေါ်ဖီထုပ်ကို မကြာခဏစားသုံးပါက ဗီတာမင်ဓာတ်များစွာရရှိနိုင်သည့်အတွက် ကိုယ်ခံအားစနစ် ကောင်းလာပြီး အအေးမိလွယ်ခြင်း ၊ နှာစေးချောင်းဆိုလွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။

၂။ ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း

သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် Glucosinolates ဆိုသော ဓာတ်ပစ္စည်းများပါဝင်ပြီး ထိုဓာတ်ပစ္စည်းများသည် ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။

၃။ ဝမ်းမှန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။

၄။ သွေးအတွင်း မကောင်းသောအဆီဓာတ်များကို လျော့နည်းစေခြင်း၊

သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် ကြွယ်ဝစွာပါဝင်သော ပိုလီဖီနော (Polyphenols) သည် သွေးတွင်းမကောင်းသော ကိုလက်စထ‌ရောဓာတ်ကို လျော့နည်းစေပြီး သွေးဖိအား ပုံမှန်ဖြစ်စေရန် အထောက်အကူဖြစ်ကြောင်းသိရသည်။

၅။ ဓါတ်ရောင်ခြည်ကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများကို လျော့နည်းစေနိုင်ခြင်း

ဂေါ်ဖီထုပ်တွင်ပါဝင်သော 3,3-diindolyl methane ( DIM ) သည် ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည် ကုသမှု့ခံယူနေသူများတွင် ဓါတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်သော နုံးပြီးအားမရှိသလိုခံစားရပြီး အစားအသောက်ပျက်ခြင်း ၊ ရင်ပူခြင်း၊အရေပြားယားယံခြင်း ၊ ခြောက်သွေ့ခြင်း ၊ အရည်ကြည်ဖုဖြစ်ခြင်း စသော ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေကို လျော့နည်းစေသည်။

၆။ မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း

ဂေါ်ဖီထုပ်တွင် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့် မျက်လုံးအားကောင်းစေပြီး မျက်စိတွင်ရှိသော ဆဲလ်များကို ကျန်းမာစေပါသည်။ ဂေါ်ဖီထုပ်ကိုမကြာခဏစားခြင်းဖြင့် အသက်ကြီးလာသောအခါ ဖြစ်တတ်သော မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါသည်။

၇။ ဆံပင်ကျန်းမာရေအတွက်အထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်တွင်ပါဝင်သော ဆာလ်ဖာနှင့် ဆီလီကွန်ဓာတ်ဟာ ဆံပင်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဗီတာမင်အေဓာတ်ဟာ ဆံပင်များပေါက်ရန်၊ ဆံပင်အုံထူရန်အတွက် အထောက်အကူပြုသည်။

သတိပြုရန်မှာ . . . 

ဂေါ်ဖီထုပ်ကိုစားသောအခါ တစ်ခါစားလျှင် အနည်းဆုံး (၁၀၀) ဂရန်သာ စားသင့်ပါသည်။ အစိမ်းစားမည်ဆိုပါက ရေစင်အောင်သေချာဆေးပါ။

ဂေါ်ဖီထုပ်ကို ကြော်ခြင်း၊ ချက်ခြင်းကို မီးပြင်းပြင်းဖြင့် အချိန်ကြာကြာ ချက်ခြင်း၊ ကြော်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ မီးပြင်းပြင်းဖြင့် အချိန်အကြာကြီး ချက်ပါက ဂေါ်ဖီထုပ်တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြုသော အာဟာရဓာတ်များ ပျက်စီးပျောက်ဆုံးသွားနိုင်ပါသည်။

Credit: အစိမ်းရောင်လမ်း

 

[Zawgyi]

ေဂၚဖီထုပ္ႏွင့္ က်န္းမာေရးေကာင္းက်ိဳးမ်ား

ေဂၚဖီထုပ္ကို အဂၤလိပ္လို Cabbage ဟု‌ေခၚဆိုၿပီး ႐ုကၡေဗဒအမည္မွာ Brassica oleracea ဟုေခၚပါသည္။ ေဂၚဖီကို အခ်ိဳ႕ေသာ‌‌ေဒသမ်ားတြင္ မုန္လာထုပ္ ဟုေခၚၾကပါသည္။ မည္သည့္ေဒသတြင္မဆို အလြယ္တကူဝယ္ယူရ႐ွိႏိုင္ၿပီး ေဈးႏႈန္းခ်ိဳသာေသာ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးလည္း ျဖစ္ပါသည္။

ေဂၚဖီထုပ္သည္ ေဈးႏႈန္းသိပ္မႀကီးေသာ္လည္း သၾကားဓာတ္ ၊ အမွ်င္ဓာတ္ ၊ ပ႐ိုတင္း ၊ ဗီတာမင္စီ၊ ေဖာလ္လစ္အက္စစ္ ၊ ဗီတာမင္ဘီ ၊ ကယ္လ္ဆီယမ္ ၊ ပိုတက္ဆီယမ္ ၊ ဗီတာမင္ေအ ၊ သံဓာတ္ ၊ အန္တီ‌ေအာက္ဆီဒန္႔ စေသာ အာဟာရဓာတ္မ်ားပါဝင္သည့္အတြက္ က်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳႏိုင္ပါသည္။

ေဂၚဖီထုပ္ကို ဟင္းခ်ိဳခ်က္ျခင္း ၊ အသားတစ္မ်ိဳးမ်ိဳးႏွင့္ ေရာေၾကာ္ျခင္း ၊ အသုပ္ထဲထည့္ျခင္း၊ အစိမ္းေၾကာ္ျခင္း ၊ ေကာ္ျပန္႔ ၊ စမူဆာ စေသာ သေရစာမုန္႔မ်ားထဲတြင္ အဆာပလာအေနျဖင့္ထည့္ျခင္း၊ ေဂၚဖီအခ်ဥ္တည္ျခင္းႏွင့္ တို႔စရာအျဖစ္ ငါးပိရည္ႏွင့္ တို႔စားျခင္း စသျဖင့္ အမ်ိဳးမ်ိဳးလုပ္စားၾကပါသည္။

ေဂၚဖီထုပ္စားျခင္းျဖင့္ ရ႐ွိႏိုင္ေသာ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားမွာ

၁။ ကိုယ္ခံစြမ္းအားကို ေကာင္းေစျခင္း

ေဂၚဖီထုပ္ကို မၾကာခဏစားသုံးပါက ဗီတာမင္ဓာတ္မ်ားစြာရ႐ွိႏိုင္သည့္အတြက္ ကိုယ္ခံအားစနစ္ ေကာင္းလာၿပီး အေအးမိလြယ္ျခင္း ၊ ႏွာေစးေခ်ာင္းဆိုလြယ္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္သည္။

၂။ ကင္ဆာႏွင့္ ႏွလုံးေရာဂါျဖစ္ပြားႏိုင္ေျခကို ေလ်ာ့က်ေစျခင္း

သုေတသနစမ္းသပ္ခ်က္မ်ားအရ ေဂၚဖီထုပ္တြင္ Glucosinolates ဆိုေသာ ဓာတ္ပစၥည္းမ်ားပါဝင္ၿပီး ထိုဓာတ္ပစၥည္းမ်ားသည္ ကင္ဆာႏွင့္ ႏွလုံးေရာဂါျဖစ္ပြားျခင္းကို ကာကြယ္ေပးႏိုင္ေၾကာင္း သိရပါသည္။

၃။ ဝမ္းမွန္ေစၿပီး အစာအိမ္ႏွင့္ အူလမ္းေၾကာင္းကို အေထာက္အကူျပဳျခင္း

ေဂၚဖီထုပ္တြင္ အမွ်င္ဓာတ္မ်ားစြာပါဝင္ေသာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကင္းၿပီး ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာ ျဖစ္ပြားႏိုင္ေျခကို ေလ်ာ့နည္းေစပါသည္။

၄။ ေသြးအတြင္း မေကာင္းေသာအဆီဓာတ္မ်ားကို ေလ်ာ့နည္းေစျခင္း၊

သုေတသနစမ္းသပ္ခ်က္မ်ားအရ ေဂၚဖီထုပ္တြင္ ႂကြယ္ဝစြာပါဝင္ေသာ ပိုလီဖီေနာ (Polyphenols) သည္ ေသြးတြင္းမေကာင္းေသာ ကိုလက္စထ‌ေရာဓာတ္ကို ေလ်ာ့နည္းေစၿပီး ေသြးဖိအား ပုံမွန္ျဖစ္ေစရန္ အေထာက္အကူျဖစ္ေၾကာင္းသိရသည္။

၅။ ဓါတ္ေရာင္ျခည္ေၾကာင့္ ျဖစ္လာႏိုင္ေသာ ဆိုးက်ိဳးမ်ားကို ေလ်ာ့နည္းေစႏိုင္ျခင္း

ေဂၚဖီထုပ္တြင္ပါဝင္ေသာ 3,3-diindolyl methane ( DIM ) သည္ ကင္ဆာေရာဂါေၾကာင့္ ဓာတ္ေရာင္ျခည္ ကုသမႈ႕ခံယူေနသူမ်ားတြင္ ဓါတ္ေရာင္ျခည္ကုထုံးေၾကာင့္ျဖစ္ေသာ ႏုံးၿပီးအားမ႐ွိသလိုခံစားရၿပီး အစားအေသာက္ပ်က္ျခင္း ၊ ရင္ပူျခင္း၊အေရျပားယားယံျခင္း ၊ ေျခာက္ေသြ႕ျခင္း ၊ အရည္ၾကည္ဖုျဖစ္ျခင္း စေသာ ေဘးထြက္ဆိုးက်ိဳး ျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစသည္။

၆။ မ်က္စိတိမ္စြဲေရာဂါျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစျခင္း

ေဂၚဖီထုပ္တြင္ ဘီတာကယ္႐ိုတင္းဓာတ္ႂကြယ္ဝစြာ ပါ႐ွိျခင္းေၾကာင့္ မ်က္လုံးအားေကာင္းေစၿပီး မ်က္စိတြင္႐ွိေသာ ဆဲလ္မ်ားကို က်န္းမာေစပါသည္။ ေဂၚဖီထုပ္ကိုမၾကာခဏစားျခင္းျဖင့္ အသက္ႀကီးလာေသာအခါ ျဖစ္တတ္ေသာ မ်က္စိတိမ္စြဲေရာဂါျဖစ္ႏိုင္ေခ်ကို ေလ်ာ့နည္းေစပါသည္။

၇။ ဆံပင္က်န္းမာေရအတြက္အေထာက္အကူျပဳျခင္း

ေဂၚဖီထုပ္တြင္ပါဝင္ေသာ ဆာလ္ဖာႏွင့္ ဆီလီကြန္ဓာတ္ဟာ ဆံပင္ေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးၿပီး ဗီတာမင္ေအဓာတ္ဟာ ဆံပင္မ်ားေပါက္ရန္၊ ဆံပင္အုံထူရန္အတြက္ အေထာက္အကူျပဳသည္။

သတိျပဳရန္မွာ . . . 

ေဂၚဖီထုပ္ကိုစားေသာအခါ တစ္ခါစားလွ်င္ အနည္းဆုံး (၁၀၀) ဂရန္သာ စားသင့္ပါသည္။ အစိမ္းစားမည္ဆိုပါက ေရစင္ေအာင္ေသခ်ာေဆးပါ။

ေဂၚဖီထုပ္ကို ေၾကာ္ျခင္း၊ ခ်က္ျခင္းကို မီးျပင္းျပင္းျဖင့္ အခ်ိန္ၾကာၾကာ ခ်က္ျခင္း၊ ေၾကာ္ျခင္းကို ေ႐ွာင္ၾကဥ္သင့္ပါသည္။ မီးျပင္းျပင္းျဖင့္ အခ်ိန္အၾကာႀကီး ခ်က္ပါက ေဂၚဖီထုပ္တြင္ပါဝင္ေသာ က်န္းမာေရးအက်ိဳးျပဳေသာ အာဟာရဓာတ္မ်ား ပ်က္စီးေပ်ာက္ဆုံးသြားႏိုင္ပါသည္။

Credit: အစိမ္းေရာင္လမ္း

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service