လယ်ယာမြေပေါ်တွင် ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူခြင်း

လယ်ယာမြေပေါ်တွင် ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
22 Jan 2021 12:55 pm တွင် တင်ခဲ့သည်
1183 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူရန် လုပ်ငန်းလိုင်စင်ပေးခြင်းသည် လုပ်ငန်းလိုင်စင်ရသူအနေဖြင့် စိတ်ကြိုက်နေရာများတွင် ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူခွင့်ပေးခြင်း မဟုတ်ပါ။

ဆက်သွယ်ရေးဥပဒေပုဒ်မ-၄၁ အရ လုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ယက် အထောက်အကူပြု ပစ္စည်းများ တပ်ဆင်ခြင်း (သို့မဟုတ်) ချိတ်ဆက်အသုံးပြုခြင်း ပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံ ပိုင်ရှင် (သို့မဟုတ်) ယင်းမြေနှင့်အဆောက်အအုံကို စီမံခန့်ခွဲ့ခွင့်ရှိသူနှင့် ညှိနှိုင်း၍ ကာလ သတ်မှတ်ချက်ပါဝင်သော နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဆောင်ရွက်ခွင့်ရရှိသည့်နေရာတွင် ဆောင်ရွက် နိုင်သည်။

ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူမည့် မြေနှင့်စပ်လျှဉ်း၍ မြေပိုင်ဆိုင်သူနှင့် မြေကိုစီမံခန့်ခွဲခွင့်ရှိသူ တို့နှင့် ညှိနှိုင်းသဘောတူညီချက် ယူရမည်ဆိုသည်ကို သတိပြုရမည်ဖြစ်ပါသည်။ မြေနှင့်ပတ်သက်သည့် ပြဌာန်းချက်ဖြစ်သည့် အားလျော်စွာ၊ မြေကိုပိုင်သူဟူသည် မည်သူကိုဆိုသည်၊ မြေကိုစီမံခန့်ခွဲခွင့်ရှိသူဟူသည် မည်သည်သူကို ဆိုလိုသည်စသည်ဖြင့် မြေနှင့်စပ်လျှဉ်း၍ တည်ဆဲဖြစ်နေသည့်ဥပဒေများကိုလည်း လိုက်နာ ရမည်ဖြစ်ပါသည်။

ပုံစံ-၇ မရှိသည့် မြေအမျိုးအစားတွင် တာဝါတိုင်စိုက်ထူခွင့် မရှိပါ။ ပုံစံ-၇ ဟူသည်မှာ လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုသည့် လက်မှတ်ဖြစ်ပါသည်။ လယ်ယာမြေဟူသည့် စကားရပ်သည် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေတွင် လယ်ယာမြေဟု ဖွင့်ဆိုသတ်မှတ်ထားသည့် မြေများဖြစ်သည်။ လယ်ယာမြေဟု မသတ်မှတ်ပါက လုပ်ပိုင်ခွင့် ပုံစံ-၇ မရရှိနိုင်ပါ။ ထိုသို့ ပုံစံ-၇ မရရှိသေးသောမြေတွင် မည်သူမျှမပိုင်ဆိုင်သေးသောမြေဖြစ်သည်။

အဆိုပါမြေသည် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ စီမံခန့်ခွဲရေးကော်မတီများက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ (သို့မဟုတ်) သစ်တောဥပဒေအရ သစ်တောဦးစီးဌာနက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ အစရှိသည်ဖြင့် မည်သည့်ဥပဒေအရ မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်းက စီမံခန့်ခွဲနေသည့်မြေ ဟူသည်ကို သိရှိရန်လိုအပ်ပါသည်။

သို့ဖြစ်၍ လယ်ယာမြေ မဟုတ်သဖြင့် ပုံစံ-၇ မရှိသောမြေကို လူပုဂ္ဂိုလ်တစ်ဦးချင်းက ဆိုင်ရေးဆိုင်ခွင့် မရှိဘဲ၊ အစိုးရဌာန၊ အဖွဲ့အစည်း တစ်ရပ်ရပ်က မြေနှင့်ဆိုင်သည့်တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ စီမံခန့်ခွဲ နေသောမြေဖြစ်ပါမည်။

သို့ပါ၍ ဆက်သွယ်ရေးဥပဒေပုဒ်မ-၄၁ အရ မြေကိုစီမံခန့်ခွဲခွင့်ရှိသူတို့နှင့် ညှိနှိုင်း သဘောတူညီချက်မရှိဘဲ၊ တာဝါတိုင်စိုက်ထူခြင်းကို ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုမည်မဟုတ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမေပၚတြင္ ဆက္သြယ္ေရးတာဝါတိုင္စိုက္ထူျခင္း

ဆက္သြယ္ေရးဥပေဒအရ ဆက္သြယ္ေရးတာဝါတုိင္စိုက္ထူရန္ လုပ္ငန္းလိုင္စင္ေပးျခင္းသည္ လုပ္ငန္းလိုင္စင္ရသူအေနျဖင့္ စိတ္ႀကိဳက္ေနရာမ်ားတြင္ ဆက္သြယ္ေရးတာဝါတိုင္ စိုက္ထူခြင့္ေပးျခင္း မဟုတ္ပါ။

ဆက္သြယ္ေရးဥပေဒပုဒ္မ-၄၁ အရ လုပ္ငန္းလိုင္စင္ရရွိသူသည္ ကြန္ယက္ အေထာက္အကူျပဳ ပစၥည္းမ်ား တပ္ဆင္ျခင္း (သို႔မဟုတ္) ခ်ိတ္ဆက္အသံုးျပဳျခင္း ျပဳလုပ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာေျမႏွင့္ အေဆာက္အအံု ပိုင္ရွင္ (သို႔မဟုတ္) ယင္းေျမႏွင့္အေဆာက္အအံုကို စီမံခန္႔ခြဲ႕ခြင့္ရွိသူႏွင့္ ညွိႏိႈင္း၍ ကာလ သတ္မွတ္ခ်က္ပါဝင္ေသာ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီခ်က္ျဖင့္ ေဆာင္ရြက္ခြင့္ရရွိသည့္ေနရာတြင္ ေဆာင္ရြက္ ႏိုင္သည္။

ဆက္သြယ္ေရး တာဝါတိုင္ စိုက္ထူမည့္ ေျမႏွင့္စပ္လွ်ဥ္း၍ ေျမပိုင္ဆိုင္သူႏွင့္ ေျမကိုစီမံခန္႔ခြဲခြင့္ရွိသူ တို႔ႏွင့္ ညွိႏိႈင္းသေဘာတူညီခ်က္ ယူရမည္ဆိုသည္ကို သတိျပဳရမည္ျဖစ္ပါသည္။ ေျမႏွင့္ပတ္သက္သည့္ ျပဌာန္းခ်က္ျဖစ္သည့္ အားေလ်ာ္စြာ၊ ေျမကိုပိုင္သူဟူသည္ မည္သူကိုဆိုသည္၊ ေျမကိုစီမံခန္႔ခြဲခြင့္ရွိသူဟူသည္ မည္သည္သူကို ဆိုလိုသည္စသည္ျဖင့္ ေျမႏွင့္စပ္လွ်ဥ္း၍ တည္ဆဲျဖစ္ေနသည့္ဥပေဒမ်ားကိုလည္း လိုက္နာ ရမည္ျဖစ္ပါသည္။

ပံုစံ-၇ မရွိသည့္ ေျမအမ်ိဳးအစားတြင္ တာဝါတိုင္စိုက္ထူခြင့္ မရွိပါ။ ပံုစံ-၇ ဟူသည္မွာ လယ္ယာေျမကို လုပ္ပိုင္ခြင့္ျပဳသည့္ လက္မွတ္ျဖစ္ပါသည္။ လယ္ယာေျမဟူသည့္ စကားရပ္သည္ ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမ ဥပေဒတြင္ လယ္ယာေျမဟု ဖြင့္ဆိုသတ္မွတ္ထားသည့္ ေျမမ်ားျဖစ္သည္။ လယ္ယာေျမဟု မသတ္မွတ္ပါက လုပ္ပိုင္ခြင့္ ပံုစံ-၇ မရရွိႏိုင္ပါ။ ထိုသို႔ ပံုစံ-၇ မရရွိေသးေသာေျမတြင္ မည္သူမွ်မပိုင္ဆိုင္ေသးေသာေျမျဖစ္သည္။

အဆိုပါေျမသည္ ေျမလြတ္ေျမလပ္ႏွင့္ေျမရိုင္းမ်ားစီမံခန္႔ခြဲေရးဥပေဒအရ စီမံခန္႔ခြဲေရးေကာ္မတီမ်ားက စီမံခန္႔ခြဲပိုင္ခြင့္ရွိသည့္ေျမ (သို႔မဟုတ္) သစ္ေတာဥပေဒအရ သစ္ေတာဦးစီးဌာနက စီမံခန္႔ခြဲပိုင္ခြင့္ရွိေသာေျမ အစရွိသည္ျဖင့္ မည္သည့္ဥပေဒအရ မည္သည့္အစိုးရဌာန၊ အဖြဲ႕အစည္းက စီမံခန္႔ခြဲေနသည့္ေျမ ဟူသည္ကို သိရွိရန္လိုအပ္ပါသည္။

သို႔ျဖစ္၍ လယ္ယာေျမ မဟုတ္သျဖင့္ ပံုစံ-၇ မရွိေသာေျမကို လူပုဂၢိဳလ္တစ္ဦးခ်င္းက ဆိုင္ေရးဆိုင္ခြင့္ မရွိဘဲ၊ အစိုးရဌာန၊ အဖြဲ႕အစည္း တစ္ရပ္ရပ္က ေျမႏွင့္ဆိုင္သည့္တည္ဆဲဥပေဒ တစ္ရပ္ရပ္အရ စီမံခန္႔ခြဲ ေနေသာေျမျဖစ္ပါမည္။

သို႔ပါ၍ ဆက္သြယ္ေရးဥပေဒပုဒ္မ-၄၁ အရ ေျမကိုစီမံခန္႔ခြဲခြင့္ရွိသူတို႔ႏွင့္ ညွိႏိႈင္း သေဘာတူညီခ်က္မရွိဘဲ၊ တာဝါတိုင္စိုက္ထူျခင္းကို ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ခြင့္ျပဳမည္မဟုတ္ပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service