လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
20 Jan 2021 3:11 pm တွင် တင်ခဲ့သည်
1709 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ်မျိုးပေါ့။

ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဘက်ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ကိုလည်း အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။

နောက်ပြီး သခွားသီးမှာ ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်တွေ ပါဝင်နေပြီးတော့ ကယ်လိုရီနဲ့ အဆီဓါတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓါတ်ပမာဏက ၉၆ ရာခိုင်နှုန်းမို့ ရေဓါတ်ဖြည့်ပေးနိုင်စွမ်း အလွန်မြင့်မားတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါရဲ့။

ဒီလိုနေရာတကာ အသုံးတည့်လှတဲ့ သခွားသီးမှာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေပါတယ်။ လူသိနည်းလှတဲ့ ဘေးထွက်ဆိုးကျိုးလေတွေဆိုပေမယ့် သိထားရင်ဖြင့် အကျိုးရှိစေမှာမို့ ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။

၁။ အဆိပ်သင့်နိုင်တယ် – သခွားသီးမှာပါဝင်တဲ့ cucurbitacins နဲ့ tetracyclic triterpenoids တွေက အဆိပ်အတောက်တွေဖြစ်ပါတယ်။ သခွားသီးခါးနေရင် မြွေကျော်ထားတာမို့ မစားနဲ့လို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။ တကယ်တော့ သခွားသီးကို ခါးစေတာဟာ ဒီဓာတ် ၂ မျိုးပါ။ ဒီအဆိပ်အတောက်တွေဟာ ပြင်းထန်လွန်းရင် ဒါမှမဟုတ် အခန့်မသင့်ရင် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

၂။ ဆီးသွားရခက်စေတယ် – သခွားသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် သူ့ရဲ့ အစေ့မှာပါရှိနေတဲ့ cucurbitin ဆိုတဲ့ ပါဝင်ပစ္စည်းကတော့ အနုစားဆီးလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ ဆီးမမှန်တာမျိုးပေါ့။

၃။ ဗီတာမင် C လွန်ကဲစေတယ် – ဗီတာမင် C ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုပေမယ့် လွန်ကဲလာရင် ပြဿနာရှိနိုင်ပါတယ်။ သခွားသီးဟာ ဗီတာမင် C ကြွယ်ဝတာမို့ ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ မချဖျက်နိုင်ရင် ဗီတာမင် C လွန်ကဲမှုဖြစ်တတ်ပါတယ်။

၄။ ကျောက်ကပ်ထိခိုက်စေတယ် – Hyperkalemia က အန္တရာယ်ရှိတဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ပိုတက်ဆီယံ ကြွယ်ဝတဲ့ သခွားသီးကြောင့် ပိုတက်ဆီယံလွန်ကဲပြီး Hyperkalemia ဖြစ်စေနိုင်တာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

၅။ နှလုံးကျန်းမာရေးကို အန္တရာယ်ပေးနိုင်တယ် – သခွားသီးက ရေဓာတ် ၉၆% အထိပါဝင်နေတာမို့ ရေအလွန်အမင်းသောက်တတ်သူတွေမှာ ရေဓာတ်လွန်ကဲတာမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သွေးထဲမှာ ရေဓာတ်ပိုလျှံနေတာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးထဲမှာ ရေဓာတ်ရှိသင့်တာထက်ပိုနေမယ်ဆိုရင် နှလံုံးကိုပါ ထိခိုက်တတ်ပါတယ်။

၆။ နို့နဲ့ ဓာတ်မတည့်တာဖြစ်စေနိုင်တယ် – ဘာမှမဆိုင်သလို ထင်ရပေမယ့် အမှန်တရားဖြစ်ပါတယ်။ နို့နဲ့ ဓာတ်မတည့်သူတွေဟာ တခါတရံမှာ သခွားသီးနဲ့ပါ ဓာတ်မတည့်ဖြစ်တတ်တာက ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

၇။ အော့အန်စေနိုင်တယ် – သခွားသီးမှာပါဝင်တဲ့ အဆိပ်အတောက်တစ်မျိုးဖြစ်တဲ့ cucurbitacin က အစာမကျေဖြစ်စေနိုင်ပြီး ယင်းကြောင့် အော့အန်တာမျိုးဖြစ်စေနိုင်ပါတယ်။

၈။ ခံတွင်းနဲ့ အရေပြား ဓာတ်မတည့်ဖြစ်နိုင်တယ် – American Academy of Allergy Asthma and Immunology ရဲ့ လေ့လာချက်အရဆိုရင် သခွားသီးဟာ တချို့လူတွေမှာ ဓာတ်မတည့်မှုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ သခွားသီးတင်မက ငှက်ပျောသီး၊ နေကြာစေ့နဲ့ သခွားမွှေးတွေလည်း ဒီအတိုင်းပါပဲ။ ဓာတ်မတည့်တဲ့အခါ အရေပြားနဲ့ ခံတွင်းမှာ ဝေဒနာအဓိက ခံစားရတတ်ပါတယ်။

၉။ တခါတရံ နှာခေါင်းပိတ်စေတယ် – သခွားသီးဟာ အအေးစာလို့ မြန်မာအယူအဆရှိပါတယ်။ အမှန်ပါပဲ။ ဒါကြောင့် အသက်ရှူလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ အထူးသဖြင့်တော့ နှာခေါင်းပိတ်တာနဲ့ သာမန် အအေးမိတာမျိုးလောက်ပါပဲ။

၁၀။ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်ဘူး – သခွားသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့အစားအစာလို့ လေ့လာချက်တွေက ဆိုပါတယ်။ သခွားသီးကို အလွန်အမင်းစားမိရင် ကိုယ်ဝန်ဆောင်မိခင် မအီမသာနဲ့ နေထိုင်မကောင်းဖြစ်စေပါတယ်။ ဒါ့အပြင် သခွားသီးဟာ ဆီးသွားတာနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ၊ နာကျင်ကိုက်ခဲတာမျိုးတွေ၊ နေထိုင်မကောင်းဖြစ်တာတွေလည်း ဖြစ်စေနိုင်တာမို့ ချင့်ချိန် မှီဝဲစားသောက်ဖို့ တိုက်တွန်းပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

လူသိသိပ္မမ်ားလွတဲ့ သခြားသီးရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား

သခြားသီး ခ်ိဳခ်ိဳေအးေအးေလးကို လူတိုင္းနီးပါး ႏွစ္သက္သေဘာက်ၾကပါတယ္။ ျမန္မာထမင္းဝိုင္းေတြမွာဆို အတို႔အျမႇဳပ္အေနနဲ႔ေရာ တခါတရံမွာ ဟင္းခ်ိဳလို၊ အသုပ္လို ဟင္းအမည္အေနနဲ႔ပါ ပါဝင္ေနတတ္တဲ့ အစားအစာတစ္မ်ိဳးေပါ့။

ဒါတင္ပဲလားဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ သခြားသီးက ေဆးဘက္ဝင္လွသလို အလွအပႀကိဳက္တတ္တဲ့ ပ်ိဳေမေတြအတြက္လည္း အသုံးတည့္လွတဲ့ ေဆးဝါးဓာတ္စာတစ္မ်ိဳးပါ။ အသားအေရကို ေအးျမေစၿပီး ဘက္တီးရီးယားပိုးမႊားေတြကို ေသေစလို႔ အေရျပားအလွအပ ထိန္းသိမ္းတဲ့ေနရာမွာလည္း သခြားသီးကို အသုံးမ်ားလာၾကပါတယ္။ ဝက္ျခံနဲ႔ အဖုအပိမ့္ေတြ၊ ေခြၽးေပါက္က်ယ္တာကို သက္သာေစၿပီး ေနေလာင္ဒဏ္ေၾကာင့္ အသားအေရမပ်က္စီးေစဖို႔ကိုလည္း အစိုဓါတ္ထိန္းၿပီး ကာကြယ္ေပးႏိုင္ပါေသးတယ္။

ေနာက္ၿပီး သခြားသီးမွာ ကစီဓါတ္၊ အသားဓါတ္၊ အမွ်င္ဓါတ္၊ ဗီတာမင္ စီ၊ ဗီတာမင္ ေက၊ မဂၢနီဆီယမ္ဓါတ္၊ ပိုတက္စီယမ္ဓါတ္ေတြ ပါဝင္ေနၿပီးေတာ့ ကယ္လိုရီနဲ႔ အဆီဓါတ္အလြန္နည္းလို႔ ကိုယ္အေလးခ်ိန္ကို မတက္ေစသလို ဝိတ္ခ်ခ်င္သူေတြအတြက္လည္း အဆင္ေျပေစပါတယ္။ ေရဓါတ္ပမာဏက ၉၆ ရာခိုင္ႏႈန္းမို႔ ေရဓါတ္ျဖည့္ေပးႏိုင္စြမ္း အလြန္ျမင့္မားတဲ့ အစားအစာတစ္ခုလည္းျဖစ္ပါရဲ႕။

ဒီလိုေနရာတကာ အသုံးတည့္လွတဲ့ သခြားသီးမွာလည္း ေဘးထြက္ဆိုးက်ိဳးေလးေတြ ႐ွိေနပါတယ္။ လူသိနည္းလွတဲ့ ေဘးထြက္ဆိုးက်ိဳးေလေတြဆိုေပမယ့္ သိထားရင္ျဖင့္ အက်ိဳး႐ွိေစမွာမို႔ ဗဟုသုတအေနနဲ႔ ေျပာျပေပးလိုက္ပါတယ္။

၁။ အဆိပ္သင့္ႏိုင္တယ္ – သခြားသီးမွာပါဝင္တဲ့ cucurbitacins နဲ႔ tetracyclic triterpenoids ေတြက အဆိပ္အေတာက္ေတြျဖစ္ပါတယ္။ သခြားသီးခါးေနရင္ ေႁမြေက်ာ္ထားတာမို႔ မစားနဲ႔လို႔ လူႀကီးေတြေျပာတာၾကားဖူးၾကမွာပါ။ တကယ္ေတာ့ သခြားသီးကို ခါးေစတာဟာ ဒီဓာတ္ ၂ မ်ိဳးပါ။ ဒီအဆိပ္အေတာက္ေတြဟာ ျပင္းထန္လြန္းရင္ ဒါမွမဟုတ္ အခန္႔မသင့္ရင္ အသက္အႏၲရာယ္႐ွိတဲ့အထိ ဒုကၡေပးႏိုင္ပါတယ္။

၂။ ဆီးသြားရခက္ေစတယ္ – သခြားသီးဟာ ေရဓာတ္ႂကြယ္ဝတဲ့ အစားအစာတစ္မ်ိဳးပါ။ ဒါေပမယ့္ သူ႕ရဲ႕ အေစ့မွာပါ႐ွိေနတဲ့ cucurbitin ဆိုတဲ့ ပါဝင္ပစၥည္းကေတာ့ အႏုစားဆီးလမ္းေၾကာင္းျပႆနာေတြ ၾကဳံရေစႏိုင္ပါတယ္။ ဆီးမမွန္တာမ်ိဳးေပါ့။

၃။ ဗီတာမင္ C လြန္ကဲေစတယ္ – ဗီတာမင္ C ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္ဆိုေပမယ့္ လြန္ကဲလာရင္ ျပႆနာ႐ွိႏိုင္ပါတယ္။ သခြားသီးဟာ ဗီတာမင္ C ႂကြယ္ဝတာမို႔ ခႏၶာကိုယ္က ျပည့္ျပည့္ဝဝ မခ်ဖ်က္ႏိုင္ရင္ ဗီတာမင္ C လြန္ကဲမႈျဖစ္တတ္ပါတယ္။

၄။ ေက်ာက္ကပ္ထိခိုက္ေစတယ္ – Hyperkalemia က အႏၲရာယ္႐ွိတဲ့ က်န္းမာေရး အေျခအေနတစ္ရပ္ပါ။ ပိုတက္ဆီယံ ႂကြယ္ဝတဲ့ သခြားသီးေၾကာင့္ ပိုတက္ဆီယံလြန္ကဲၿပီး Hyperkalemia ျဖစ္ေစႏိုင္တာကိုလည္း သတိထားဖို႔ လိုအပ္ပါတယ္။

၅။ ႏွလုံးက်န္းမာေရးကို အႏၲရာယ္ေပးႏိုင္တယ္ – သခြားသီးက ေရဓာတ္ ၉၆% အထိပါဝင္ေနတာမို႔ ေရအလြန္အမင္းေသာက္တတ္သူေတြမွာ ေရဓာတ္လြန္ကဲတာမ်ိဳး ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ ေသြးထဲမွာ ေရဓာတ္ပိုလွ်ံေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ေသြးထဲမွာ ေရဓာတ္႐ွိသင့္တာထက္ပိုေနမယ္ဆိုရင္ ႏွလံဳံးကိုပါ ထိခိုက္တတ္ပါတယ္။

၆။ ႏို႔နဲ႔ ဓာတ္မတည့္တာျဖစ္ေစႏိုင္တယ္ – ဘာမွမဆိုင္သလို ထင္ရေပမယ့္ အမွန္တရားျဖစ္ပါတယ္။ ႏို႔နဲ႔ ဓာတ္မတည့္သူေတြဟာ တခါတရံမွာ သခြားသီးနဲ႔ပါ ဓာတ္မတည့္ျဖစ္တတ္တာက ထူးျခားခ်က္တစ္ခုျဖစ္ပါတယ္။

၇။ ေအာ့အန္ေစႏိုင္တယ္ – သခြားသီးမွာပါဝင္တဲ့ အဆိပ္အေတာက္တစ္မ်ိဳးျဖစ္တဲ့ cucurbitacin က အစာမေက်ျဖစ္ေစႏိုင္ၿပီး ယင္းေၾကာင့္ ေအာ့အန္တာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။

၈။ ခံတြင္းနဲ႔ အေရျပား ဓာတ္မတည့္ျဖစ္ႏိုင္တယ္ – American Academy of Allergy Asthma and Immunology ရဲ႕ ေလ့လာခ်က္အရဆိုရင္ သခြားသီးဟာ တခ်ိဳ႕လူေတြမွာ ဓာတ္မတည့္မႈျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။ သခြားသီးတင္မက ငွက္ေပ်ာသီး၊ ေနၾကာေစ့နဲ႔ သခြားေမႊးေတြလည္း ဒီအတိုင္းပါပဲ။ ဓာတ္မတည့္တဲ့အခါ အေရျပားနဲ႔ ခံတြင္းမွာ ေဝဒနာအဓိက ခံစားရတတ္ပါတယ္။

၉။ တခါတရံ ႏွာေခါင္းပိတ္ေစတယ္ – သခြားသီးဟာ အေအးစာလို႔ ျမန္မာအယူအဆ႐ွိပါတယ္။ အမွန္ပါပဲ။ ဒါေၾကာင့္ အသက္႐ွဴလမ္းေၾကာင္းျပႆနာေတြ ၾကဳံရေစႏိုင္ပါတယ္။ အထူးသျဖင့္ေတာ့ ႏွာေခါင္းပိတ္တာနဲ႔ သာမန္ အေအးမိတာမ်ိဳးေလာက္ပါပဲ။

၁၀။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မစားသင့္ဘူး – သခြားသီးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မစားသင့္တဲ့အစားအစာလို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။ သခြားသီးကို အလြန္အမင္းစားမိရင္ ကိုယ္ဝန္ေဆာင္မိခင္ မအီမသာနဲ႔ ေနထိုင္မေကာင္းျဖစ္ေစပါတယ္။ ဒါ့အျပင္ သခြားသီးဟာ ဆီးသြားတာနဲ႔ ပတ္သက္တဲ့ ေဝဒနာေတြ၊ နာက်င္ကိုက္ခဲတာမ်ိဳးေတြ၊ ေနထိုင္မေကာင္းျဖစ္တာေတြလည္း ျဖစ္ေစႏိုင္တာမို႔ ခ်င့္ခ်ိန္ မွီဝဲစားေသာက္ဖို႔ တိုက္တြန္းပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service