မြန်မာအပါအဝင် ၆ နိုင်ငံသို့ ဇန်နဝါရီ ၂၀ မှ စတင်ပြီး အိန္ဒိယက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ လက်ဆောင်အဖြစ် ပို့ပေးတော့မည်

မြန်မာအပါအဝင် ၆ နိုင်ငံသို့ ဇန်နဝါရီ ၂၀ မှ စတင်ပြီး အိန္ဒိယက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ လက်ဆောင်အဖြစ် ပို့ပေးတော့မည် - Property News in Myanmar from iMyanmarHouse.com
20 Jan 2021 1:59 pm တွင် တင်ခဲ့သည်
1351 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း ၆ နိုင်ငံသို့ ကာကွယ်ဆေး ပထမအသုတ်ကို လက်ဆောင်အဖြစ် ဇန်နဝါရီလ ၂၀ ရက်တွင် စတင်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ကာကွယ်ဆေး တင်ပို့ပေးမည့်နိုင်ငံများမှာ မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဆေးရှဲလ် (Seychelles) အမည်ရှိ အိန္ဒိယသမုဒ္ဒရာအလယ်မှ ကျွန်းနိုင်ငံကလေးတို့ ဖြစ်ကြသည်။

ဘူတန်နိုင်ငံသို့ ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး ဆေးလုံးရေ ၁၅၀,၀၀၀ ဖြစ်ကာ မော်လ်ဒိုက်သို့ နေ့လယ် ၂ နာရီ ဝန်းကျင်တွင် ဆေးလုံးရေ ၁၀၀,၀၀၀ ရောက်ရှိမည် ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် အဓိက မိတ်ဖက်နိုင်ငံများထံမှ အိန္ဒိယထုတ် ကာကွယ်ဆေး တောင်းဆိုလာမှု များစွာလက်ခံရရှိထားကြောင်း ထုတ်ပြန်သည်။

“ယင်းသို့ တောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့်လည်းကောင်း၊ ကိုဗစ်ကပ်ရောဂါဘေး တိုက်ဖျက်ရာတွင် လူသားအားလုံးကို အိန္ဒိယ၏ ကာကွယ်ဆေးထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု စွမ်းပကားများဖြင့် ကူညီသွားမည်ဟူသော ကတိကဝတ်ကို လိုက်နာသောအားဖြင့် လည်းကောင်း မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဆေးရှဲလ်နိုင်ငံများသို့ ဇန်နဝါရီ ၂၀ ရက်မှ စတင်ပြီး ကာကွယ်ဆေးများ အကူအညီပေးအပ်သွားမည် ဖြစ်ပါသည်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်သည်။

သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နှင့် မော်ရစ်ရှပ်စ် (Mauritius) နိုင်ငံများအတွက်မူ လိုအပ်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ အတည်ပြုချက်များ စောင့်ဆိုင်းနေကြောင်းလည်း MEA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ အလုံးအရင်း ထိုးနှံပေးမှု စတင်နေခဲ့ပြီဖြစ်ပြီး Covishield နှင့် Covaxin ဟူသော ကာကွယ်ဆေး ၂ မျိုးကို အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးနေခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India to gift COVID vaccines to 6 neighbouring countries in first tranche (indiatvnews, wionews)

[Zawgyi]

ျမန္မာအပါအဝင္ ၆ ႏိုင္ငံသို႔ ဇန္နဝါရီ ၂၀ မွ စတင္ျပီး အိႏိၵယက ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား လက္ေဆာင္အျဖစ္ ပို႔ေပးေတာ့မည္

အိႏိၵယႏိုင္ငံသည္ အိမ္နီးခ်င္း ၆ ႏိုင္ငံသုိ႔ ကာကြယ္ေဆး ပထမအသုတ္ကို လက္ေဆာင္အျဖစ္ ဇန္နဝါရီလ ၂၀ ရက္တြင္ စတင္ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။

ကာကြယ္ေဆး တင္ပို႔ေပးမည့္ႏိုင္ငံမ်ားမွာ ျမန္မာ၊ ဘူတန္၊ ေမာ္လ္ဒိုက္၊ ဘဂၤလားေဒ့ရွ္၊ နီေပါႏွင့္ ေဆးရွဲလ္ (Seychelles) အမည္ရွိ အိႏိၵယသမုဒၵရာအလယ္မွ ကၽြန္းႏိုင္ငံကေလးတို႔ ျဖစ္ၾကသည္။

ဘူတန္ႏိုင္ငံသို႔ ဇန္နဝါရီ ၂၀ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁ နာရီခန္႔တြင္ ေရာက္ရွိမည္ျဖစ္ျပီး ေဆးလံုးေရ ၁၅၀,၀၀၀ ျဖစ္ကာ ေမာ္လ္ဒိုက္သို႔ ေန႔လယ္ ၂ နာရီ ဝန္းက်င္တြင္ ေဆးလံုးေရ ၁၀၀,၀၀၀ ေရာက္ရွိမည္ ျဖစ္သည္။

အိႏိၵယ ႏိုင္ငံျခားေရးဝန္ၾကီးဌာနက ထုတ္ျပန္ရာတြင္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ အဓိက မိတ္ဖက္ႏိုင္ငံမ်ားထံမွ အိႏိၵယထုတ္ ကာကြယ္ေဆး ေတာင္းဆိုလာမႈ မ်ားစြာလက္ခံရရွိထားေၾကာင္း ထုတ္ျပန္သည္။

“ယင္းသို႔ ေတာင္းဆိုမႈမ်ားကို တံု႔ျပန္သည့္အေနျဖင့္လည္းေကာင္း၊ ကိုဗစ္ကပ္ေရာဂါေဘး တိုက္ဖ်က္ရာတြင္ လူသားအားလံုးကို အိႏိၵယ၏ ကာကြယ္ေဆးထုတ္လုပ္မႈ၊ ျဖန္႔ျဖဴးမႈ စြမ္းပကားမ်ားျဖင့္ ကူညီသြားမည္ဟူေသာ ကတိကဝတ္ကို လိုက္နာေသာအားျဖင့္ လည္းေကာင္း ျမန္မာ၊ ဘူတန္၊ ေမာ္လ္ဒိုက္၊ ဘဂၤလားေဒ့ရွ္၊ နီေပါႏွင့္ ေဆးရွဲလ္ႏိုင္ငံမ်ားသို႔ ဇန္နဝါရီ ၂၀ ရက္မွ စတင္ျပီး ကာကြယ္ေဆးမ်ား အကူအညီေပးအပ္သြားမည္ ျဖစ္ပါသည္” ဟု အိႏိၵယ ႏိုင္ငံျခားေရးဝန္ၾကီးဌာန (MEA) က ထုတ္ျပန္သည္။

သီရိလကၤာ၊ အာဖဂန္နစၥတန္ႏွင့္ ေမာ္ရစ္ရွပ္စ္ (Mauritius) ႏိုင္ငံမ်ားအတြက္မူ လိုအပ္ေသာ လုပ္ထံုးလုပ္နည္းဆိုင္ရာ အတည္ျပဳခ်က္မ်ား ေစာင့္ဆိုင္းေနေၾကာင္းလည္း MEA ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အိႏိၵယႏိုင္ငံတြင္လည္း ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ား အလံုးအရင္း ထိုးႏွံေပးမႈ စတင္ေနခဲ့ျပီျဖစ္ျပီး Covishield ႏွင့္ Covaxin ဟူေသာ ကာကြယ္ေဆး ၂ မ်ဳိးကို အိႏိၵယႏိုင္ငံတစ္ဝန္းရွိ က်န္းမာေရးဝန္ထမ္းမ်ားအား ထိုးႏွံေပးေနခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India to gift COVID vaccines to 6 neighbouring countries in first tranche (indiatvnews, wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service