ဟင်းခတ်ငရုတ်ကောင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

ဟင်းခတ်ငရုတ်ကောင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု - Property Knowledge in Myanmar from iMyanmarHouse.com
19 Jan 2021 3:18 pm တွင် တင်ခဲ့သည်
606 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ဆို ဟင်းခါးလေးဖြစ်ဖြစ်၊ မုန့်ဟင်းခါးလေးဖြစ်ဖြစ် အတော်ခံတွင်းမြိန်ကြတယ်မလား။ အရှေ့တိုင်းထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သလို အနောက်တိုင်းအစားအစာ၊ ဥရောပအစားအစာတွေမှာလည်း ငရုတ်ကောင်းလေးဖြူးထားတာ တွေ့ရများပါတယ်။

သည်လို အစားတလိုင်းတွေရဲ့မိတ်ဆွေကြီး ငရုတ်ကောင်းက ခံတွင်းမြိန်စေတယ်၊ အခိုးပွင့်စေတယ်ဆိုတာအပြင် အသားအရေအတွက်အပါအဝင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေသေးတယ်ဆိုတာကို သင်သိပါသလား။ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် –

(၁) စိတ်ကျခြင်းကို သက်သာစေခြင်း

ငရုတ်ကောင်းမှာ ပါတဲ့ piperine ဆိုတဲ့ဒြပ်ပေါင်းက စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေအတွက် အရမ်းကိုအကျိုးပြုပါတယ်တဲ့။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်လည်းကောင်းစေပါတယ်။

သုတေသနတွေအရ ငရုတ်ကောင်းနည်းနည်းကို ပုံမှန်စားပေးရင် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာတိုးတက်စေတယ်လို့ဆိုပါတယ်။

(၂) အစာခြေစနစ်ကိုကောင်းစေခြင်း

အစာခြေတဲ့စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ hydrochloric acid ဆိုတဲ့အက်စစ်ဓာတ်ကို ခန္ဓာကိုယ်ကထုတ်ပေးပါတယ်။ ငရုတ်ကောင်းက အဲဒီအက်စစ်ဓာတ်ထွက်ရှိမှုကိုအားပေးပြီး အစာချေဖျက်မှုပိုကောင်းစေပါတယ်။ လေလည်စေပြီး ချွေးထွက်ခြင်းနဲ့ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေပါတယ်။

(၃) အာဟာရစုပ်ယူမှုအားကောင်းစေခြင်း

ငရုတ်ကောင်းလေးထည့်စားရင် တခြားအစားအစာတွေထဲကနေ အာဟာရဓာတ်စုပ်ယူနိုင်စွမ်းပိုကောင်းစေပါတယ်တဲ့။

(၄) ဝိတ်ကျစေခြင်း

ကိုယ်အလေးချိန်ကျဖို့ဆိုရင် အဆီဆဲလ်တွေကိုဖြိုခွင်းနိုင်ဖို့လိုပါတယ်။ငရုတ်ကောင်းက အဆီဆဲလ်တွေပြိုကွဲမှုကို မြန်ဆန်စေပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို နှုန်းပိုမြန်စေပါတယ်။

(၅) ချောင်းဆိုးနဲ့ လည်ချောင်းနာပျောက်ကင်းစေခြင်း

ချောင်းဆိုးခြင်းနဲ့တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေတဲ့ အာနိသင်တွေ ငရုတ်ကောင်းမှာ ရှိပါတယ်။ ဥပမာ – ချောင်းအရမ်းဆိုးနေတဲ့အချိန် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံခန့်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး စားပေးနိုင်ပါတယ်။

(၆) နှလုံးကျန်းမာစေခြင်း

နှလုံးသွေးကြောနံရံတွေမှာ သွေးတွင်းအဆီတွေကပ်တွယ်နေတာကိုလည်း ငရုတ်ကောင်းကဖယ်ရှားပေးနိုင်လို့ atherosclerosisလို့ခေါ်တဲ့ ရောဂါကို ကာကွယ်နိုင်ပါတယ်။ atherosclerosis ဟာ နှလုံးရုတ်တရက်ရပ်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။

(၇) သွားကိုက်သက်သာစေခြင်း

ငရုတ်ကောင်းက သွားကိုက်ခြင်းနဲ့ သွားဖုံးရောဂါတွေကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားတွေကိုသေစေတဲ့အာနိသင်ကြောင့် ခံတွင်းမှာ ဘက်တီးရီးယားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) ဆံပင်ဖြူခြင်းကိုကာကွယ်ခြင်း

ဆံပင်ဖြူခြင်းဟာ အသက်ကြီးသူတွေတင်မက လူငယ်လေးတွေမှာပါရင်ဆိုင်လာရတဲ့ပြဿနာ ဖြစ်ပါတယ်။ အရွယ်မတိုင်ခင်ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့ သို့မဟုတ် ဆံပင်ဖြူနောက်ကျစေဖို့ နည်းရှိပါတယ်။ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံကို ဒိန်ချဉ်ခွက်တစ်ဝက်ထဲမှာ ထည့်မွှေပါ။ ဦးရေပြားမှာ နှိပ်လိမ်းပေးပြီး နာရီဝက်လောက်ထားပါ။ ညင်သာစွာရေဆေးချပါ။ မကြာခဏ ပုံမှန်လုပ်ပေးရင် ဆံပင်ဖြူခြင်းကို ဟန့်တားနိုင်ပါလိမ့်မယ်

(၉) အဆစ်နာဝေဒနာသည်တွေအတွက် သက်သာစေခြင်း

ငရုတ်ကောင်းကို အရေပြားမှာလိမ်းလိုက်တဲ့အခါ ပူနွေးနွေးခံစားမှုလေး သတိထားမိမှာပါ။ အဲဒါက သွေးလည်ပတ်မှုကောင်းစေပါတယ်။ အဆစ်နာဝေဒနာရှင်တွေကို နာကျင်မှုဝေဒနာသက်သာစေတဲ့အပြင် ယူရစ်အက်စစ်ကိုလည်း လျော့ပါးစေပါတယ်။

(၁၀) ငရုတ်ကောင်းနဲ့ အသားအရေ

ငရုတ်ကောင်းဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်သလို သူ့ကို ဟင်းခတ်ပဲဖြစ်ဖြစ် ပုံမှန်စားပေးရင် ဝင်းလက်ပြီး ကြည်လင်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ ပျားရည် သို့မဟုတ် ဒိန်ချဉ်တို့နဲ့ ရောစပ်ပြီး exfoliator အဖြစ် ဆဲလ်သေဖယ်ရှားရာမှာသုံးနိုင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ဟင္းခတ္င႐ုတ္ေကာင္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူး (၁၀) ခု

င႐ုတ္ေကာင္းနံ႔ေမႊးေမႊးေလးနဲ႔ဆို ဟင္းခါးေလးျဖစ္ျဖစ္၊ မုန္႔ဟင္းခါးေလးျဖစ္ျဖစ္ အေတာ္ခံတြင္းၿမိန္ၾကတယ္မလား။ အေ႐ွ႕တိုင္းထမင္းဝိုင္းမွာ ပါေလ့႐ွိတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ျဖစ္သလို အေနာက္တိုင္းအစားအစာ၊ ဥေရာပအစားအစာေတြမွာလည္း င႐ုတ္ေကာင္းေလးျဖဴးထားတာ ေတြ႕ရမ်ားပါတယ္။

သည္လို အစားတလိုင္းေတြရဲ႕မိတ္ေဆြႀကီး င႐ုတ္ေကာင္းက ခံတြင္းၿမိန္ေစတယ္၊ အခိုးပြင့္ေစတယ္ဆိုတာအျပင္ အသားအေရအတြက္အပါအဝင္ တျခားက်န္းမာေရး အက်ိဳးေက်းဇူးေတြ႐ွိေနေသးတယ္ဆိုတာကို သင္သိပါသလား။ဘာေတြျဖစ္မလဲ ၾကည့္လိုက္ရေအာင္ –

(၁) စိတ္က်ျခင္းကို သက္သာေစျခင္း

င႐ုတ္ေကာင္းမွာ ပါတဲ့ piperine ဆိုတဲ့ျဒပ္ေပါင္းက စိတ္က်ေဝဒနာခံစားေနရတဲ့သူေတြအတြက္ အရမ္းကိုအက်ိဳးျပဳပါတယ္တဲ့။ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ေတြကိုေကာင္းမြန္ေစၿပီး မွတ္ဉာဏ္လည္းေကာင္းေစပါတယ္။

သုေတသနေတြအရ င႐ုတ္ေကာင္းနည္းနည္းကို ပုံမွန္စားေပးရင္ စိတ္က်ေရာဂါသက္သာေစၿပီး ဦးေႏွာက္စြမ္းရည္ကို သိသိသာသာတိုးတက္ေစတယ္လို႔ဆိုပါတယ္။

(၂) အစာေျခစနစ္ကိုေကာင္းေစျခင္း

အစာေျခတဲ့စနစ္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ hydrochloric acid ဆိုတဲ့အက္စစ္ဓာတ္ကို ခႏၶာကိုယ္ကထုတ္ေပးပါတယ္။ င႐ုတ္ေကာင္းက အဲဒီအက္စစ္ဓာတ္ထြက္႐ွိမႈကိုအားေပးၿပီး အစာေခ်ဖ်က္မႈပိုေကာင္းေစပါတယ္။ ေလလည္ေစၿပီး ေခြၽးထြက္ျခင္းနဲ႔ဆီးသြားျခင္းကို ႏိႈးဆြေပးႏိုင္စြမ္း႐ွိလို႔ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုကင္းစင္ေစပါတယ္။

(၃) အာဟာရစုပ္ယူမႈအားေကာင္းေစျခင္း

င႐ုတ္ေကာင္းေလးထည့္စားရင္ တျခားအစားအစာေတြထဲကေန အာဟာရဓာတ္စုပ္ယူႏိုင္စြမ္းပိုေကာင္းေစပါတယ္တဲ့။

(၄) ဝိတ္က်ေစျခင္း

ကိုယ္အေလးခ်ိန္က်ဖို႔ဆိုရင္ အဆီဆဲလ္ေတြကိုၿဖိဳခြင္းႏိုင္ဖို႔လိုပါတယ္။င႐ုတ္ေကာင္းက အဆီဆဲလ္ေတြၿပိဳကြဲမႈကို ျမန္ဆန္ေစၿပီး ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ကို ႏႈန္းပိုျမန္ေစပါတယ္။

(၅) ေခ်ာင္းဆိုးနဲ႔ လည္ေခ်ာင္းနာေပ်ာက္ကင္းေစျခင္း

ေခ်ာင္းဆိုးျခင္းနဲ႔တျခားအသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါလကၡဏာေတြကို ေလ်ာ့ပါးသက္သာေစတဲ့ အာနိသင္ေတြ င႐ုတ္ေကာင္းမွာ ႐ွိပါတယ္။ ဥပမာ – ေခ်ာင္းအရမ္းဆိုးေနတဲ့အခ်ိန္ င႐ုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္းေလးပုံတစ္ပုံခန္႔ကို ပ်ားရည္တစ္ဇြန္းနဲ႔ေရာၿပီး စားေပးႏိုင္ပါတယ္။

(၆) ႏွလုံးက်န္းမာေစျခင္း

ႏွလုံးေသြးေၾကာနံရံေတြမွာ ေသြးတြင္းအဆီေတြကပ္တြယ္ေနတာကိုလည္း င႐ုတ္ေကာင္းကဖယ္႐ွားေပးႏိုင္လို႔ atherosclerosisလို႔ေခၚတဲ့ ေရာဂါကို ကာကြယ္ႏိုင္ပါတယ္။ atherosclerosis ဟာ ႏွလုံး႐ုတ္တရက္ရပ္ျခင္းကိုျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းလည္းျဖစ္ပါတယ္။

(၇) သြားကိုက္သက္သာေစျခင္း

င႐ုတ္ေကာင္းက သြားကိုက္ျခင္းနဲ႔ သြားဖုံးေရာဂါေတြကို သက္သာေစတဲ့အာနိသင္႐ွိပါတယ္။ ပိုးမႊားေတြကိုေသေစတဲ့အာနိသင္ေၾကာင့္ ခံတြင္းမွာ ဘက္တီးရီးယားပ်ံ႕ႏွံ႔မႈကို ကာကြယ္ေပးႏိုင္ပါတယ္။

(၈) ဆံပင္ျဖဴျခင္းကိုကာကြယ္ျခင္း

ဆံပင္ျဖဴျခင္းဟာ အသက္ႀကီးသူေတြတင္မက လူငယ္ေလးေတြမွာပါရင္ဆိုင္လာရတဲ့ျပႆနာ ျဖစ္ပါတယ္။ အ႐ြယ္မတိုင္ခင္ဆံပင္ျဖဴျခင္းကို ကာကြယ္ဖို႔ သို႔မဟုတ္ ဆံပင္ျဖဴေနာက္က်ေစဖို႔ နည္း႐ွိပါတယ္။ င႐ုတ္ေကာင္းမႈန္႔လက္ဖက္ရည္ဇြန္းေလးပုံတစ္ပုံကို ဒိန္ခ်ဥ္ခြက္တစ္ဝက္ထဲမွာ ထည့္ေမႊပါ။ ဦးေရျပားမွာ ႏွိပ္လိမ္းေပးၿပီး နာရီဝက္ေလာက္ထားပါ။ ညင္သာစြာေရေဆးခ်ပါ။ မၾကာခဏ ပုံမွန္လုပ္ေပးရင္ ဆံပင္ျဖဴျခင္းကို ဟန္႔တားႏိုင္ပါလိမ့္မယ္

(၉) အဆစ္နာေဝဒနာသည္ေတြအတြက္ သက္သာေစျခင္း

င႐ုတ္ေကာင္းကို အေရျပားမွာလိမ္းလိုက္တဲ့အခါ ပူေႏြးေႏြးခံစားမႈေလး သတိထားမိမွာပါ။ အဲဒါက ေသြးလည္ပတ္မႈေကာင္းေစပါတယ္။ အဆစ္နာေဝဒနာ႐ွင္ေတြကို နာက်င္မႈေဝဒနာသက္သာေစတဲ့အျပင္ ယူရစ္အက္စစ္ကိုလည္း ေလ်ာ့ပါးေစပါတယ္။

(၁၀) င႐ုတ္ေကာင္းနဲ႔ အသားအေရ

င႐ုတ္ေကာင္းဟာ ခႏၶာကိုယ္အတြက္ အာဟာရဓာတ္ေတြေပးစြမ္းႏိုင္သလို သူ႕ကို ဟင္းခတ္ပဲျဖစ္ျဖစ္ ပုံမွန္စားေပးရင္ ဝင္းလက္ၿပီး ၾကည္လင္တဲ့အသားအေရကို ရ႐ွိေစႏိုင္ပါတယ္။ ပ်ားရည္ သို႔မဟုတ္ ဒိန္ခ်ဥ္တို႔နဲ႔ ေရာစပ္ၿပီး exfoliator အျဖစ္ ဆဲလ္ေသဖယ္႐ွားရာမွာသုံးႏိုင္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service