စရန်ငွေပေးရုံဖြင့် ထပ်မံလွှဲပြောင်း ရောင်းချခွင့် ရှိ၊ မရှိ

စရန်ငွေပေးရုံဖြင့် ထပ်မံလွှဲပြောင်း ရောင်းချခွင့် ရှိ၊ မရှိ - Property Knowledge in Myanmar from iMyanmarHouse.com
19 Jan 2021 2:56 pm တွင် တင်ခဲ့သည်
648 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

''အိမ် မြေ တိုက်ခန်းတွေကို ဝယ်ဖို့စရန်ပေးပြီးရင် ထပ်မံ ပြန်ရောင်းလို့ ရပြီလား''ဟု မိတ်ဆွေတစ်ဦးက မေးခွန်းထုတ်လာပါ သည်။

အေး-အခု ဒီပြဿနာတွေ အများကြီးဖြစ်နေတယ်။ အထူးသ ဖြင့် ဝယ်ရောင်းသမားတွေက ငွေလှည့်တဲ့ အနေနဲ့ လုပ်နေကြတယ်။ စရန်ပေးတယ်ဆိုတာ အာမခံထားတဲ့ သဘောပဲ။ ပစ္စည်းရောင်းတဲ့ သူက အဲဒီပစ္စည်းကို နောက်တစ်ယောက်ထံ ထပ်မံမရောင်းဖို့ ပစ္စည်းဝယ်သူကလည်း ကတိမပျက်ငွေချေဖို့ဆိုတဲ့ အာမခံ သဘောတင်ထားတာပဲဖြစ်တယ်။

ဒါနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမြမောင်နှင့် ဦးဝမ်စွိပါ ခုနစ်ဦး၊ ဦးတင်ဦးပါ ရှစ်ဦး၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၁၅ အမှုမှာ-

အိမ်နှင့် မြေအ ရောင်းအဝယ် ကတိစာချုပ်တွင် ဝယ်သူမှ စရန်ငွေပေးချပြီးနောက်တွင် ရောင်းသူများ၏ ပျက်ကွက်မှုကြောင့် အရောင်းအဝယ်အထမ မြောက်ပါကလည်းကောင်း၊ တခြားတစ်ဦးဦးအားလွှဲပြောင်းရောင်းချလျှင်သော်လည်းကောင်း၊ ရောင်းသူများက ဝယ်သူ၏ နစ်နာကုန်ကျစရိတ်များနှင့် ဝယ်သူထံမှ ကြိုတင်ရယူထားသော စရန်ငွေ၏ နှစ်ဆကိုဝယ်သူသို့ ရောင်းသူက ပေးလျော်ရန်နှစ်ဦးနှစ်ဖက်သဘောတူ ကြောင်း စည်းကမ်းချက် တစ်ရပ်ပါ ရှိသည်။

ယင်းစည်းကမ်းချက်မှာ ရောင်းသူက အရောင်းအဝယ်ပဋိညာဉ်ကို ပျက်ကွက်မှုမရှိစေရန် အတွက်အာမခံချက်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။

အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆို ခြင်းမှာ ဝယ်သူက အရောင်းအဝယ်ပြုလုပ်လိုသည့် ပစ္စည်းကို ရယူလိုသဖြင့် အဖိုးစားနားပေးကာ ဝယ်ယူခြင်းဖြစ်သည်။

ရောင်းသူကလည်း အရောင်းအဝယ်ပြုသည့် ပစ္စည်းကို အဖိုးစားနားဖြင့် ဝယ်သူအား လွှဲပြောင်းရောင်းချရန် ဖြစ်သည်။

ဝယ်သူက ရောင်းသူထံ လျော်ကြေးတောင်းရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခြင်းမဟုတ်ကြောင်း ဖော်ပြထားပါသည်။

''ဒါကြောင့် စရန်ငွေကြေးဟာ ပစ္စည်းကို ပိုင်ဆိုင်ခွင့်မရရှိသေးဘဲ တစ်ပါးသူအားမရောင်းရန် ဦးစွာဝယ်ထားသူအဖြစ် အာမခံထားတဲ့ သဘောပဲဖြစ်တယ် သူငယ်ချင်း''ဟု စာရေးသူက မိတ်ဆွေ နားလည်အောင်ရှင်းပြမိပါသည်။

''အခုကိစ္စက ငါ့တူတစ်ယောက်မှာ ပေ ၂ဝx ပေ ၆ဝ မြေ တစ်ကွက်ကိုဝယ်ပြီး အိမ်ဆောက် လိုက်တယ်။ မူလကတော့ ပေ ၄ဝx ပေ ၆ဝ မြေကွက်ပေါ့။ မြေ ရောင်းတဲ့သူက ရှေ့ဘက်က ပေ ၂ဝx ပေ ၆ဝ မှာ အိမ်ဆောက် ထားပြီးနေတယ်။ မြေရောင်းတဲ့သူ အပြောကတော့ မြေပိုင်ရှင်ကို စရန်ငွေပေးပြီးသား ကျန်ငွေကို အခု ငါ့တူကိုရောင်းလို့ရတဲ့ငွေနဲ့ အပြီးချေမယ်ပြောတော့ ယုံပြီး ဝယ်လိုက်တာပေါ့။ မကြာဘူး။ မြေပိုင်ရှင်ဆိုတဲ့ သူကရောက်လာပြီး၊ ငါ့တူကို ကျူးကျော်အိမ်ဆောက် လုပ်နေထိုင်တယ်လို့ စွပ်စွဲပြောဆို တော့တာပဲ။ အခုတော့ ရောင်းတဲ့ သူနဲ့ငါ့တူပါ တရားစွဲခံနေရတယ်''

''မြေကွက်ကို လက်ညှိုးထိုး ရောင်းသွားတဲ့ သူက ကျန်တဲ့ငွေမချေလို့ ဖြစ်မှာပေါ့'' စာရေးသူက အတွေးဖြင့် ပြောလိုက်မိသည်။

''အဲဒီလိုပဲဖြစ်မှာပေါ့။ အခုတော့ ငါ့တူက ဆုံးရှုံးခံရတော့မယ်ဖြစ်နေတယ်။ ဥပဒေအရ ဘယ်လိုကုစားလို့ရနိုင်မလဲ''

စရန်ငွေပေးထားရုံနဲ့ ဝယ်လိုက်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ခွင့် မရသေးဘူး။ လွှဲပြောင်း ရောင်းပိုင် ခွင့်မရှိဘူး။ အဲဒီလို စီမံခန့်ခွဲလုပ်ပိုင်ခွင့် မရှိဘဲ တစ်ပါးသူကို ယုံ ကြည်အောင်ပြောဆိုပြီး ပစ္စည်းကို လွှဲပြောင်းရောင်းချခြင်းဟာ လိမ်လည်လှည့်ဖြားတဲ့ သဘောဖြစ်လို့ ချုပ်ဆိုထားတဲ့ အိမ် မြေအရောင်း အဝယ်ကတိစာချုပ်ကလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။

သူငယ်ချင်းရဲ့ တူဖြစ်သူက ရောင်းတဲ့သူထံ ရောင်းဖိုးငွေနဲ့ နစ်နာကြေး တောင်းပိုင်ခွင့်ရှိတယ်။ ဒါကြောင့် မြေ အိမ် တိုက်ခန်းစတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ဝယ်မယ်ဆိုရင် ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ်ကို သေချာစုံစမ်းပြီးမှ ဝယ်ယူသင့်တယ် သူငယ်ချင်း''

''တချို့ G.P တို့ S.P တို့ ရထားတယ်ဆိုတဲ့ ကိစ္စရပ်က...''

"အေး အဲဒါကလည်း ပြဿနာဖြစ်တတ်တဲ့ ကိစ္စရပ်တစ်ခုထဲမှာပါတယ်။ တစ်ခါတစ်ရံမှာ အိမ် ခြံ မြေရောင်းချသူတွေဟာ ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြစ်ပေမယ့် အဲဒီရိုးသားမှုအပေါ် အ ခွင့်ကောင်းယူသွားတတ်တဲ့ ဝယ်လက်တွေလည်းရှိတတ်တယ်။

''အခုလိုပဲ လှည့်ပတ် ရောင်းချတဲ့ သဘောလား''

''အဲဒီလို မဟုတ်ဘူး။ ဝယ်သူက ရောင်းဖိုးငွေစရန်ပေးပြီးတာ နဲ့ ကျွန်တော် ကျွန်မတို့ကို မြေရှင်၊ အိမ်ရှင်က အထူးကိုယ်စားလှယ်လွှဲစာ S.P ပဲ ဖြစ်ဖြစ်၊ အထွေထွေ ကိုယ်စားလှယ် လွှဲစား G.P ပဲ ဖြစ်ဖြစ်လွှဲပေးထားပါဆိုပြီး တောင်းဆို တတ်တယ်။ ရန်ကုန် မြို့တော် စည် ပင်သာယာရေး ကော်မတီ (မြေ ယာ) ဌာနမှာ အရောင်းမြေပုံ ထုတ်ရန်အတွက် မြေရှင်က မိမိ ကိုကိုယ်စားလှယ် စာလွှဲပေးထားပါ၊လာရန် မလိုအပ်ပါဘူးဆိုတဲ့ အပြောဆိုမျိုးတွေနဲ့ မြေအိမ်တိုက်ခန်း ပိုင်ရှင်တို့ထံမှ ကိုယ်စားလှယ်လွှဲစာရအောင် တောင်းယူတာတွေတော့ ရှိတယ်''

''ကိုယ်စားလှယ်လွှဲစာရ သွားပြီဆိုတော့ သူ့ကိုယ်စား လုပ်ပိုင်ခွင့်ရသွားပြီပေါ့''

''မှန်တယ် သူငယ်ချင်း စရန်ပေးပြီး ကိုယ်စားလှယ်လွှဲစာ ရအောင်ယူထားလိုက်တဲ့အတွက် မြေပိုင်ရှင် အိမ်ပိုင်ရှင်ကိုယ်စား စရန်ပေး ဝယ်ထားတဲ့ ပစ္စည်းကို လွှဲ ပြောင်းရောင်းချပိုင်ခွင့်ရသွားမှာပဲ ဖြစ်တယ်။ ဒါကြောင့် ငွေအကြေရ ပြီးမှသာ ကိုယ်စားလှယ်လွှဲစာကို လွှဲအပ်ပေးသင့်ကြောင်း အထူး သတိပြုဖို့လိုအပ်ပါတယ်''

''ရောင်းပိုင်ခွင့်မရှိတဲ့သူဆီက ဝယ်ရင် ဒီမြေနဲ့ အိမ်က ပိုင် ဆိုင်ခွင့်မရနိုင်တော့ဘူးပေါ့နော်''

"ဒါပေါ့။ အခုတူတော်သူ ဝယ်လိုက်တဲ့ မြေနဲ့ အိမ်ဟာ ရောင်းပိုင်ခွင့်မရှိတဲ့ သူဆီက ဝယ်လိုက်တဲ့ သဘောဖြစ်နေတာပေါ့။ စရန်ငွေပေးရုံနဲ့မဟုတ်ဘူး။ ငွေအကြေပေးချေပြီး တရားဝင် မှတ်ပုံတင်အရောင်းအဝယ်မလုပ်တဲ့အ တွက် လက်လွတ်ဆုံးရှုံးရတဲ့ ကိစ္စတွေလည်း မနည်းဘူးရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် တရားရုံးချုပ် ဆုံးဖြတ်ထားတဲ့ ...

ဦးစစ်အေးပါ သုံးဦးနှင့် ဦးကျင်ရွှေ ၁၉၈၉ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၄ အမှုမှာ

- ဦးကျင်ရွှေက မိမိပိုင်သည့် အချင်းဖြစ်မြေနှင့် အိမ်ကို ယောက်ဖဖြစ်သူ ဦးအောင်အား အခမဲ့ နေထိုင်ခွင့်ပေးခဲ့သည်။ - ထို့ နောက် ဦးအောင်နှင့်အတူ လာ ရောက်နေ ထိုင်သူ ဦးစစ်အေးအား လည်း အခမဲ့နေထိုင်ခွင့်ပြုခဲ့သည်။ - ဦးအောင်ပြောင်းရွှေ့သွားသဖြင့် ဦးအောင်နှင့် ဆက်နွယ်နေထိုင်သူ ဦးစစ်အေးအပေါ် မြေနှင့် အိမ်မှ ဖယ်ရှားပေးရန် စွဲဆိုခဲ့ရာ

- တိုင်းတရားရုံးတော်က အနိုင်ဒီကရီချ မှတ်ပေးခဲ့သဖြင့် ဦးစစ်အေးမှ တရားရုံးချုပ်သို့ အယူခံဝင်လာ သော အမှုဖြစ်သည်။

ဦးစစ်အေးတို့က ထုချေသည်မှာ အချင်းဖြစ်မြေနှင့်အိမ်ကို ဦးကျင်ရွှေထံမှ ဦးအောင်နှင့်အတူ ဝယ်ထားသော အိမ်ဖြစ်ကြောင်း အရောင်းအဝယ် ကတိစာချုပ်ကို တင်ပြ၍ ထုချေသည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ

- ဦးကျင်ရွှေသည်အချင်းဖြစ်မြေနှင့် အိမ်ကို ဦးအောင်နှင့် ဦးစစ်အေးအား ရောင်းခဲ့သည်ဆိုသော်လည်း - တင်ပြသည့် အရောင်းအဝယ် ကတိစာချုပ်မှာ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသည့်အပြင် - မှတ်ပုံတင်စာချုပ် စာတမ်းမဟုတ်ကြောင်းတွေ့ရသည်။ - မှတ်ပုံတင်ထားခြင်းမရှိသည့် စာချုပ်အရ ဝယ်ယူခဲ့ခြင်းဖြစ်၍ အချင်းဖြစ်မြေနှင့် အိမ်၏ ပိုင်ရှင် မဟုတ်ချေ''ဟု ဆုံးဖြတ်ခဲ့ပါသည်။

ထိုသို့ စာရေးသူက မိတ်ဆွေဖြစ်သူအား ဖတ်ပြရှင်းပြလိုက်ပါသည်။

''ဒီတော့လည်း အိမ် မြေ ဝယ်ရင် သေချာလေ့လာပြီးမှ ဝယ်သင့်တာပေါ့''

''မှန်တာပေါ့ သူငယ်ချင်း၊ မြေနဲ့ အိမ်ဆိုတာ တိုက်ခန်းထက် ပိုပြီး ရှုပ်ထွေးတယ်။ ဒါကြောင့် စရန်ပေးထားရုံနဲ့ ပိုင်ရှင်မဟုတ်သေး တာဖြစ်လို့ ငွေကြေပြီးမပြီး သေချာ စိစစ်ပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း”ဟု အကြံပြုပြောကြားလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

စရန္ေငြေပးရံုျဖင့္ ထပ္မံလႊဲေျပာင္း ေရာင္းခ်ခြင့္ ရွိ၊ မရွိ

''အိမ္ ေျမ တုိက္ခန္းေတြကုိ ဝယ္ဖုိ႔စရန္ေပးၿပီးရင္ ထပ္မံ ျပန္ေရာင္းလုိ႔ ရျပီလား''ဟု မိတ္ေဆြတစ္ဦးက ေမးခြန္းထုတ္လာပါ သည္။

ေအး-အခု ဒီျပႆနာေတြ အမ်ားႀကီးျဖစ္ေနတယ္။ အထူးသ ျဖင့္ ဝယ္ေရာင္းသမားေတြက ေငြလွည့္တဲ့ အေနနဲ႔ လုပ္ေနၾကတယ္။ စရန္ေပးတယ္ဆုိတာ အာမခံထားတဲ့ သေဘာပဲ။ ပစၥည္းေရာင္းတဲ့ သူက အဲဒီပစၥည္းကို ေနာက္တစ္ေယာက္ထံ ထပ္မံမေရာင္းဖုိ႔ ပစၥည္းဝယ္သူကလည္း ကတိမပ်က္ေငြေခ်ဖုိ႔ဆုိတဲ့ အာမခံ သေဘာတင္ထားတာပဲျဖစ္တယ္။

ဒါနဲ႔ပတ္သက္ၿပီး အဓိပၸာယ္ဖြင့္ဆုိခ်က္ရွိတယ္။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးျမေမာင္ႏွင့္ ဦးဝမ္စြိပါ ခုနစ္ဦး၊ ဦးတင္ဦးပါ ရွစ္ဦး၊ ၁၉၉၅ ခုႏွစ္ ျမန္မာႏိုင္ငံတရားစီရင္ထုံး စာမ်က္ႏွာ ၁၁၅ အမႈမွာ-

အိမ္ႏွင့္ ေျမအ ေရာင္းအဝယ္ ကတိစာခ်ဳပ္တြင္ ဝယ္သူမွ စရန္ေငြေပးခ်ၿပီးေနာက္တြင္ ေရာင္းသူမ်ား၏ ပ်က္ကြက္မႈေၾကာင့္ အေရာင္းအဝယ္အထမ ေျမာက္ပါကလည္းေကာင္း၊ တျခားတစ္ဦးဦးအားလႊဲေျပာင္းေရာင္းခ်လွ်င္ေသာ္လည္းေကာင္း၊ ေရာင္းသူမ်ားက ဝယ္သူ၏ နစ္နာကုန္က်စရိတ္မ်ားႏွင့္ ဝယ္သူထံမွ ႀကိဳတင္ရယူထားေသာ စရန္ေငြ၏ ႏွစ္ဆကိုုဝယ္သူသို႔ ေရာင္းသူက ေပးေလ်ာ္ရန္ႏွစ္ဦးႏွစ္ဖက္သေဘာတူ ေၾကာင္း စည္းကမ္းခ်က္ တစ္ရပ္ပါ ရွိသည္။

ယင္းစည္းကမ္းခ်က္မွာ ေရာင္းသူက အေရာင္းအဝယ္ပဋိညာဥ္ကုိ ပ်က္ကြက္မႈမရွိေစရန္ အတြက္အာမခံခ်က္တစ္ရပ္အျဖစ္ ထည့္သြင္းထားျခင္းျဖစ္သည္။

အေရာင္းအဝယ္ ကတိစာခ်ဳပ္ခ်ဳပ္ဆုိ ျခင္းမွာ ဝယ္သူက အေရာင္းအဝယ္ျပဳလုပ္လုိသည့္ ပစၥည္းကုိ ရယူလုိသျဖင့္ အဖုိးစားနားေပးကာ ဝယ္ယူျခင္းျဖစ္သည္။

ေရာင္းသူကလည္း အေရာင္းအဝယ္ျပဳသည့္ ပစၥည္းကုိ အဖုိးစားနားျဖင့္ ဝယ္သူအား လႊဲေျပာင္းေရာင္းခ်ရန္ ျဖစ္သည္။

ဝယ္သူက ေရာင္းသူထံ ေလ်ာ္ေၾကးေတာင္းရန္ ရည္ရြယ္ခ်က္ျဖင့္ ခ်ဳပ္ဆုိျခင္းမဟုတ္ေၾကာင္း ေဖာ္ျပထားပါသည္။

''ဒါေၾကာင့္ စရန္ေငြေၾကးဟာ ပစၥည္းကုိ ပိုင္ဆုိင္ခြင့္မရရွိေသးဘဲ တစ္ပါးသူအားမေရာင္းရန္ ဦးစြာဝယ္ထားသူအျဖစ္ အာမခံထားတဲ့ သေဘာပဲျဖစ္တယ္ သူငယ္ခ်င္း''ဟု စာေရးသူက မိတ္ေဆြ နားလည္ေအာင္ရွင္းျပမိပါသည္။

''အခုကိစၥက ငါ့တူတစ္ေယာက္မွာ ေပ ၂ဝx ေပ ၆ဝ ေျမ တစ္ကြက္ကိုဝယ္ၿပီး အိမ္ေဆာက္ လုိက္တယ္။ မူလကေတာ့ ေပ ၄ဝx ေပ ၆ဝ ေျမကြက္ေပါ့။ ေျမ ေရာင္းတဲ့သူက ေရွ႕ဘက္က ေပ ၂ဝx ေပ ၆ဝ မွာ အိမ္ေဆာက္ ထားၿပီးေနတယ္။ ေျမေရာင္းတဲ့သူ အေျပာကေတာ့ ေျမပုိင္ရွင္ကို စရန္ေငြေပးၿပီးသား က်န္ေငြကို အခု ငါ့တူကုိေရာင္းလုိ႔ရတဲ့ေငြနဲ႔ အၿပီးေခ်မယ္ေျပာေတာ့ ယုံၿပီး ဝယ္လုိက္တာေပါ့။ မၾကာဘူး။ ေျမပိုင္ရွင္ဆုိတဲ့ သူကေရာက္လာၿပီး၊ ငါ့တူကုိ က်ဴးေက်ာ္အိမ္ေဆာက္ လုပ္ေနထုိင္တယ္လုိ႔ စြပ္စြဲေျပာဆုိ ေတာ့တာပဲ။ အခုေတာ့ ေရာင္းတဲ့ သူနဲ႔ငါ့တူပါ တရားစြဲခံေနရတယ္''

''ေျမကြက္ကို လက္ၫႈိးထုိး ေရာင္းသြားတဲ့ သူက က်န္တဲ့ေငြမေခ်လို႔ ျဖစ္မွာေပါ့'' စာေရးသူက အေတြးျဖင့္ ေျပာလုိက္မိသည္။

''အဲဒီလုိပဲျဖစ္မွာေပါ့။ အခုေတာ့ ငါ့တူက ဆုံး႐ႈံးခံရေတာ့မယ္ျဖစ္ေနတယ္။ ဥပေဒအရ ဘယ္လုိကုစားလုိ႔ရႏုိင္မလဲ''

စရန္ေငြေပးထား႐ုံနဲ႔ ဝယ္လုိက္တဲ့ ပစၥည္းကုိ ပုိင္ဆုိင္ခြင့္ မရေသးဘူး။ လႊဲေျပာင္း ေရာင္းပုိင္ ခြင့္မရွိဘူး။ အဲဒီလုိ စီမံခန္႔ခြဲလုပ္ပိုင္ခြင့္ မရွိဘဲ တစ္ပါးသူကုိ ယုံ ၾကည္ေအာင္ေျပာဆုိၿပီး ပစၥည္းကို လႊဲေျပာင္းေရာင္းခ်ျခင္းဟာ လိမ္လည္လွည့္ျဖားတဲ့ သေဘာျဖစ္လုိ႔ ခ်ဳပ္ဆုိထားတဲ့ အိမ္ ေျမအေရာင္း အဝယ္ကတိစာခ်ဳပ္ကလည္း ပ်က္ျပယ္သြားၿပီျဖစ္တယ္။

သူငယ္ခ်င္းရဲ႕ တူျဖစ္သူက ေရာင္းတဲ့သူထံ ေရာင္းဖုိးေငြနဲ႔ နစ္နာေၾကး ေတာင္းပုိင္ခြင့္ရွိတယ္။ ဒါေၾကာင့္ ေျမ အိမ္ တုိက္ခန္းစတဲ့ မေရႊ႕မေျပာင္းႏုိင္တဲ့ ပစၥည္းေတြကို ဝယ္မယ္ဆုိရင္ ပိုင္ရွင္အစစ္အမွန္ ဟုတ္မဟုတ္ကုိ ေသခ်ာစုံစမ္းၿပီးမွ ဝယ္ယူသင့္တယ္ သူငယ္ခ်င္း''

''တခ်ဳိ႕ G.P တုိ႔ S.P တို႔ ရထားတယ္ဆုိတဲ့ ကိစၥရပ္က...''

"ေအး အဲဒါကလည္း ျပႆနာျဖစ္တတ္တဲ့ ကိစၥရပ္တစ္ခုထဲမွာပါတယ္။ တစ္ခါတစ္ရံမွာ အိမ္ ၿခံ ေျမေရာင္းခ်သူေတြဟာ ႐ုိး႐ုိးသားသား မွန္မွန္ကန္ကန္ျဖစ္ေပမယ့္ အဲဒီ႐ုိးသားမႈအေပၚ အ ခြင့္ေကာင္းယူသြားတတ္တဲ့ ဝယ္လက္ေတြလည္းရွိတတ္တယ္။

''အခုလုိပဲ လွည့္ပတ္ ေရာင္းခ်တဲ့ သေဘာလား''

''အဲဒီလုိ မဟုတ္ဘူး။ ဝယ္သူက ေရာင္းဖုိးေငြစရန္ေပးၿပီးတာ နဲ႔ ကြၽန္ေတာ္ ကြၽန္မတုိ႔ကို ေျမရွင္၊ အိမ္ရွင္က အထူးကိုယ္စားလွယ္လႊဲစာ S.P ပဲ ျဖစ္ျဖစ္၊ အေထြေထြ ကိုယ္စားလွယ္ လႊဲစား G.P ပဲ ျဖစ္ျဖစ္လႊဲေပးထားပါဆုိၿပီး ေတာင္းဆုိ တတ္တယ္။ ရန္ကုန္ ၿမိဳ႕ေတာ္ စည္ ပင္သာယာေရး ေကာ္မတီ (ေျမ ယာ) ဌာနမွာ အေရာင္းေျမပုံ ထုတ္ရန္အတြက္ ေျမရွင္က မိမိ ကိုကုိယ္စားလွယ္ စာလႊဲေပးထားပါ၊လာရန္ မလုိအပ္ပါဘူးဆုိတဲ့ အေျပာဆုိမ်ဳိးေတြနဲ႔ ေျမအိမ္တုိက္ခန္း ပုိင္ရွင္တုိ႔ထံမွ ကိုယ္စားလွယ္လႊဲစာရေအာင္ ေတာင္းယူတာေတြေတာ့ ရွိတယ္''

''ကုိယ္စားလွယ္လႊဲစာရ သြားၿပီဆုိေတာ့ သူ႔ကုိယ္စား လုပ္ပိုင္ခြင့္ရသြားၿပီေပါ့''

''မွန္တယ္ သူငယ္ခ်င္း စရန္ေပးၿပီး ကိုယ္စားလွယ္လႊဲစာ ရေအာင္ယူထားလုိက္တဲ့အတြက္ ေျမပုိင္ရွင္ အိမ္ပုိင္ရွင္ကိုယ္စား စရန္ေပး ဝယ္ထားတဲ့ ပစၥည္းကို လႊဲ ေျပာင္းေရာင္းခ်ပိုင္ခြင့္ရသြားမွာပဲ ျဖစ္တယ္။ ဒါေၾကာင့္ ေငြအေၾကရ ၿပီးမွသာ ကုိယ္စားလွယ္လႊဲစာကုိ လႊဲအပ္ေပးသင့္ေၾကာင္း အထူး သတိျပဳဖုိ႔လုိအပ္ပါတယ္''

''ေရာင္းပိုင္ခြင့္မရွိတဲ့သူဆီက ဝယ္ရင္ ဒီေျမနဲ႔ အိမ္က ပုိင္ ဆုိင္ခြင့္မရႏုိင္ေတာ့ဘူးေပါ့ေနာ္''

"ဒါေပါ့။ အခုတူေတာ္သူ ဝယ္လုိက္တဲ့ ေျမနဲ႔ အိမ္ဟာ ေရာင္းပုိင္ခြင့္မရွိတဲ့ သူဆီက ဝယ္လုိက္တဲ့ သေဘာျဖစ္ေနတာေပါ့။ စရန္ေငြေပး႐ုံနဲ႔မဟုတ္ဘူး။ ေငြအေၾကေပးေခ်ၿပီး တရားဝင္ မွတ္ပုံတင္အေရာင္းအဝယ္မလုပ္တဲ့အ တြက္ လက္လြတ္ဆုံး႐ႈံးရတဲ့ ကိစၥေတြလည္း မနည္းဘူးရွိတယ္။ ဒါနဲ႔ ပတ္သက္လုိ႔ ဗဟုသုတအျဖစ္ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ထားတဲ့ ...

ဦးစစ္ေအးပါ သုံးဦးႏွင့္ ဦးက်င္ေရႊ ၁၉၈၉ ခုႏွစ္ ျမန္မာ ႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၂၄ အမႈမွာ

- ဦးက်င္ေရႊက မိမိပိုင္သည့္ အခ်င္းျဖစ္ေျမႏွင့္ အိမ္ကုိ ေယာက္ဖျဖစ္သူ ဦးေအာင္အား အခမဲ့ ေနထုိင္ခြင့္ေပးခဲ့သည္။ - ထုိ႔ ေနာက္ ဦးေအာင္ႏွင့္အတူ လာ ေရာက္ေန ထုိင္သူ ဦးစစ္ေအးအား လည္း အခမဲ့ေနထုိင္ခြင့္ျပဳခဲ့သည္။ - ဦးေအာင္ေျပာင္းေရႊ႕သြားသျဖင့္ ဦးေအာင္ႏွင့္ ဆက္ႏြယ္ေနထုိင္သူ ဦးစစ္ေအးအေပၚ ေျမႏွင့္ အိမ္မွ ဖယ္ရွားေပးရန္ စဲြဆုိခဲ့ရာ - တုိင္းတရား႐ုံးေတာ္က အႏုိင္ဒီကရီခ် မွတ္ေပးခဲ့သျဖင့္ ဦးစစ္ေအးမွ တရား႐ုံးခ်ဳပ္သုိ႔ အယူခံဝင္လာ ေသာ အမႈျဖစ္သည္။

ဦးစစ္ေအးတုိ႔က ထုေခ်သည္မွာ အခ်င္းျဖစ္ေျမႏွင့္အိမ္ကုိ ဦးက်င္ေရႊထံမွ ဦးေအာင္ႏွင့္အတူ ဝယ္ထားေသာ အိမ္ျဖစ္ေၾကာင္း အေရာင္းအဝယ္ ကတိစာခ်ဳပ္ကို တင္ျပ၍ ထုေခ်သည္။

တရား႐ုံးခ်ဳပ္က ဆုံးျဖတ္သည္မွာ

- ဦးက်င္ေရႊသည္အခ်င္းျဖစ္ေျမႏွင့္ အိမ္ကို ဦးေအာင္ႏွင့္ ဦးစစ္ေအးအား ေရာင္းခဲ့သည္ဆုိေသာ္လည္း - တင္ျပသည့္ အေရာင္းအဝယ္ ကတိစာခ်ဳပ္မွာ တံဆိပ္ ေခါင္းခြန္ထမ္းေဆာင္ထားျခင္းမရွိသည့္အျပင္ - မွတ္ပုံတင္စာခ်ဳပ္ စာတမ္းမဟုတ္ေၾကာင္းေတြ႔ရသည္။ - မွတ္ပုံတင္ထားျခင္းမရွိသည့္ စာခ်ဳပ္အရ ဝယ္ယူခဲ့ျခင္းျဖစ္၍ အခ်င္းျဖစ္ေျမႏွင့္ အိမ္၏ ပိုင္ရွင္ မဟုတ္ေခ်''ဟု ဆုံးျဖတ္ခဲ့ပါသည္။

ထုိသုိ႔ စာေရးသူက မိတ္ေဆြျဖစ္သူအား ဖတ္ျပရွင္းျပလုိက္ပါသည္။

''ဒီေတာ့လည္း အိမ္ ေျမ ဝယ္ရင္ ေသခ်ာေလ့လာၿပီးမွ ဝယ္သင့္တာေပါ့''

''မွန္တာေပါ့ သူငယ္ခ်င္း၊ ေျမနဲ႔ အိမ္ဆုိတာ တုိက္ခန္းထက္ ပိုၿပီး ႐ႈပ္ေထြးတယ္။ ဒါေၾကာင့္ စရန္ေပးထား႐ုံနဲ႔ ပိုင္ရွင္မဟုတ္ေသး တာျဖစ္လုိ႔ ေငြေၾကၿပီးမၿပီး ေသခ်ာ စိစစ္ၿပီးမွ ဝယ္သင့္တယ္ သူငယ္ခ်င္း”ဟု အႀကံျပဳေျပာၾကားလုိက္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : ထီယု (ဥပေဒ အတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service